ဆေးလုံးများရဲ့ ဒိုင်ယာရီ

ဆေးလုံးများရဲ့ ဒိုင်ယာရီ

แชร์

မြေပြင်ရောက် တော်လှန်ဆေးဝါးပညာရှင်များ

28/04/2026

အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း ၅)

ဒီကြားထဲ အလုပ်ကိစ္စတွေရှုပ်နေတော့ မတင်ဖြစ်လိုက်တာ အချိန် အနည်းငယ် ကြာမြင့်သွားလေသည်။
အပိုင်းဆက်ရလျှင်ဖြင့်.....
အသိ အကိုတစ်ယောက်အိမ်မှာ ကြားထဲ သွားခိုဖြစ်လိုက်သေးသည်။
အမေကတော့ ညဖက်တွေဆို ကားတစ်စီး အိမ်နား ပတ်ပတ်နေတယ်တဲ့...
တခြားကားဆိုလည်း အိမ်ကို ရောက်လာမှာကို စိုးထိ‌တ်နေလေသည်။ သိတဲ့အတိုင်းပဲလေ ဒီကောင်တွေက လူကို လူလိုမှ မဆက်ဆံ တတ်ကြတာ။
ဒီလို‌နဲ့ပဲ ပြည်တွင်းထဲ ခိုဖို့ နေရာများကို စတင်ချိတ်ဆက်လေသည်။
တလရ အလုပ်တွေ ကူပေးဖူးသော ဒေသများဖြစ်ရာ ချင်း၊ ကရင်နီ၊ အညာ ဒေသ ထိုနေရာများရှိ ဆေးရုံ၊ ဆေးခန်းများကို စတင်ချိတ်ဆက်လိုက်သည်။ ချိတ်ဆက်သမျှ အကုန် ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။
အဲ့မှာတော့ ကိုယ့်အတွက် ပြန်စဉ်းစားရွေးချယ်ရပြန်တယ်။
သွားလာရလွယ်ကူမယ်။
အချိတ်အဆက်အားကောင်းမယ်။
လုပ်နိုင်စွမ်းအား ပိုကောင်းမယ့် နေရာမျိုးကို စစဉ်းစားရပြီ။
ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ဂျူနီယာ လည်းရှိ၊ ကျန်းမာရေး စနစ်ကို အခြားသော ဒေသများထက် ပိုမို လည်ပတ်နိုင်ပြီး ဆေးဝါးပညာရှင် အမှန်အကန်လိုအပ်နေတဲ့ ကရင်နီ ကို ပထမ ဦးစားပေးရွေးချယ်လိုက်လေသည်။
ဒီလိုနဲ့ပဲ ကိုယ်က မြောက်ဥက္ကလာကို ကျင်လည်ခဲ့သူဖြစ်နေတော့ မြောက်ဥက္ကလာတွင်းက ဆေး၂ က ဆရာသမားအများစု စုဝေးရာ ဆေးရုံကိုပဲ ရွေးချယ်ဖြစ်တယ်။
သက်ဆိုင်ရာ တာဝန်ခံ ဆရာတွေနဲ့ အင်တာဗျူးစတော့လည်း ကိုယ်နဲ့ သိပြီးသား ၂ ယောက်လောက်ပါနေတော့ ပေါ့ပေါ့ပါးပါးပဲ ပြီးသွားတယ်။
ဒီလိုနဲ့ပဲ တောတွင်းသို့ ပထမဆုံးလားရာ ပေါ့။
မဲဆွယ်ကာလ တွေထဲက ဘီယာဆိုင်မှာ အာ ခဲ့ဖူးသေးကို... "ငါတော့ အာဏာသိမ်းတာမျိုးတွေဖြစ်ရင် တောခိုမှာ" လို့ ။
အခုတော့ နဖူးတွေ့ ဒူးတွေ့ ခိုပြီဟေ့....။
အာဏာသိမ်းကာလ အစောပိုင်းတွေမှာတော့ ဆန္ဒပြ၊ ဆန္ဒပြ ပြည်သူတွေ ထိခိုက်လာရင် ကုသပေးမယ့် ရွေ့လျား ဆေးပေးခန်းလေးလုပ်၊ အဲ့တုန်းက အရှိန်အဟုန် ကောင်းတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အစိုးရ ဝန်ထမ်းတွေကို ထောက်ပံ့ရေး အစီအစဉ်တွေလုပ်၊ အဲ့ကတဆင့် မတရားစစ်အာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်အုပ်စုက အကြမ်းဖက်နှိမ်နှင်းလာတဲ့အခါ လက်နက်ကိုင် ‌တလရ ကို ဦးတည်သွားကြပြန်တယ်။ အဲ့အတွက် ထောက်ပို့ တစ်ဖြစ်လဲ လုပ်ရပြန်လေကော။
အဲ့အချိန်ကာလ တွေတည်းက ငါနဲ့ တန်းတူရွယ်တူတွေ၊ ငါ့ ထက် အသက်ငယ်တဲ့ လူငယ်တွေ တောခိုတယ်။ ပင်ပန်းကြတယ်။ ခက်ခဲ ကြမ်းတမ်းကြတယ်။ ငါ မြို့ပေါ်မှာ ပျော်နေလို့ မဖြစ်ဘူး။ တလရ ကိုမေ့လို့မဖြစ်ဘူး။ အဲ့အတွေးတွေက နေ့တိုင်းရှိတယ်။ ကလစ်တယ်။ ‌လကုန်ပြီဆို ရသမျှ ဝင်ငွေ မှာ ၃ ပုံ ပုံရင် ၂ ပုံက တလရပဲ စီးဆင်းစေခဲ့တယ်။
မတရားမှုမှာ နေသာသလို မနေဖြစ်အောင် ကိုယ့်ကိုကိုယ် နေ့စဉ်သတိပေးခဲ့သလို အိပ်ရင်တောင် ကြမ်းပေါ်မှာ အခင်း မခင်းပဲ စအိပ်တယ်။ မနက် ကျောတွေ ကိုယ်လက်တွေနာရင် ငါ မလွတ်မြောက်သေးဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ပြန်ချည်နှောင်ထားတာ ယနေ့ထိတိုင်ပါပဲ။ အဲ့အတွက် တောထဲရောက်တဲ့အခါလည်း ကိုယ်ကြုံတွေ့ရမယ့် ခက်ခဲပင်ပန်းမှုတွေကို လွယ်လွယ် အသားကျမယ်ဆိုပြီး တွေးခဲ့တယ်။
အိမ်နဲ့ အချိန်ကြာကြာ တစ်ခါမှ မခွဲဖူးပေမဲ့ ဒီတစ်ခါတော့ ခရီးကြမ်းကို စလျှောက်ဖို့ ပြင်လေပြီ။.....
အိမ်ဆိုတာ တချိန် အောင်မြင်မှုတွေနဲ့ ပြန်လည် လှမ်းချီရမယ့် နေရာပေသကား။..

တောတွင်းခရီးကြမ်း အစကို မကြာခင် ပြန်ဆက်ပါဦးမယ်။

15/04/2026

အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း ၄)

ဒီအပိုင်းဆက်လေးမှာတော့ ကြားထဲက ဖြစ်ရပ်တွေ ခဏ ကျော်လိုက်ပါဦးမယ်နော်။
သင်္ကြန် အခါသမယ ဖြစ်နေတော့ သင်္ကြန် episode ပေါ့ဗျာ။
မှန်သောစကား ဆိုရလျှင်ဖြင့် မိမိ အသက်ရှင်နေထိုင် ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ ကျော်အတွင်း တစ်ခါမှ သင်္ကြန်ကို ကားနဲ့ လည်သည်ဆိုမှာ မရှိခဲ့ပေ။ မိမိ၏ မိဘ ၂ ပါးရဲ့ အစိုးရိမ်လွန်မှုကြောင့် ပါပေသည်။ သင်္ကြန်တွင်းဆို ကားပေါ်တွေက ပြုတ်ကျကြ။ လူငယ်တွေဆို စရယ်၊ နောက်ရယ်၊ အပျော်ကနေ အပျက် ဖြစ်ကြတဲ့ ဖြစ်စဉ်အချို့ အနည်းငယ်ကြောင့် သင်္ကြန်ဆိုလျှင် အိမ်နားမှာတင် အုန်းလက်လေးထိုး ရေလေးပတ်နှင့်ပင် ဖြတ်သန်းလာခဲ့ရတယ်။
မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ မဟာသင်္ကြန် အကြတ်နေ့မှာဆိုရင် မိမိ ဘဝ ရဲ့ ပထမဦးဆုံး သင်္ကြန်ကားနဲ့ လည်ခဲ့ရပါတယ်။
ရောက်ရှိနေတဲ့ နယ်မြေအနေအထား အရ အကြမ်းဖက်စစ်တပ်ရဲ့ ဝေဟင်ခြိမ်းခြောက်မှုကတော့ အချိန်ပြည့်ဂရုစိုက်ရပါတယ်။
ရှေ့တန်းမှာလည်း တချို့သော မြို့တွေမှာ စစ်ဆိုင်ထားတဲ့ အနေအထားတွေရှိနေပါတယ်။
အဲ့အတွက် အပျော်ကို အသိ၊သတိနဲ့ ထိန်းကာ နေနေကြရပါတယ်။
နောက်တန်းရောက် ရဲဘော်တွေ၊ စစ်ရှောင်တွေ၊ ဒေသခံတွေရဲ့ ပျော်ရွှင်မှုတွေ၊ အပြုံးမျက်နှာ‌တွေ မြင်ရပြီး အလွန်ပင်ပီတိဖြစ်ရပါတယ်။ ဒီလူတွေအချိန်တိုင်း စိတ်မလုံခြုံမှုအပြည့်နဲ့ အသက်ဆက်နေကြရပေမဲ့ အခုလိုလေး ကိုယ့်ရိုးရာ ယဉ်ကျေးမှုမှာ ပျော်ရွှင်စွာ ဖြတ်သန်းနေကြရတာလေးကိုက မင်္ဂလာ တစ်ပါးပေ။
ဒီ့ထက်ပျော်ရွှင်မှုတွေကို ခံစားရဖို့ ထိုက်တန်တဲ့လူများဖြစ်ပေတယ်။
ဒီမြင်ကွင်းတွေကြည့်ပြီး ခံစားမှုအနေနဲ့ကတော့ ဝမ်းနည်း ဝမ်းသာ ပေါ့။
အိမ်ထမင်းဝိုင်း လူမစုံလင်တော့လို့ တဲအိမ်လေးတွေထဲမှာ မှိုင်တွေစွာ ထိုင်ငေးနေသူတွေ၊ မတရားမှုကို တိုက်ထုတ်ရင်း မြင့်မြတ်စွာ ကျဆုံးသွားကြတဲ့ ကြယ်လေးတွေရဲ့ မိသားစုဝင်တွေ၊ ပိုင်ဆိုင်မှုအကုန်ဖျက်စီး ခံလိုက်ရလို့ ရရာလေးနဲ့ အဆင်ပြေတဲ့နေရာလေးမှာ တဲထိုးနေနေရတဲ့ အမေအိုတွေရဲ့ မျက်ဝန်းတွေ၊ ဒါတွေကို မြင်ရပြန်တော့လည်း မခံစားနိုင်လို့ ရင်ထဲ ကြိတ်ငိုရပြန်တယ်။
အဓိက လိပ်ပြာမလုံဖြစ်ရပြန်တယ်။ ငါ ပျော်နေတာ မှားမြန်းနေလား။
အဲ့လိုအတွေးတွေ ဝင်လာပြီး ရုတ်တရက် မှိုင်တွေသွားပြန်တယ်။
အပြင်ပန်း ကြမ်းတမ်းနေပေမဲ့ တလရ မှာတော့ အသည်းနုတဲ့ထဲ ပါပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်မှာဖြစ်ဖြစ်၊ ဆေးရုံ၊ ဆေးခန်းကိုဖြစ်ဖြစ် ရဲဘော်တွေရောက်လာရင် ရင်ထဲ အလိုလို ဆို့တက်မြဲပါ။ မဆုံးရှုံးချင်ဘူး။ ဒီလူငယ်တွေကို အရမ်းအားနာတယ်။
အာဇာနည်ကုန်းလိုမျိုး နေရာမှာ သေနတ်ဖောက်သံကြားရင် သိမ့်ခနဲ သိမ့်ခနဲပဲ။
အဲ့လိုပေးဆပ်မှုတွေကို အားနာလွန်းတဲ့စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တယ်။ ငါ အရမ်းပျော်လို့မဖြစ်ဘူး။ ငါ လိပ်ပြာမလုံဘူး။ ယနေ့ ဘဝရဲ့ ပထမဆုံး အတွေ့အကြုံကို ခဏတာ ပျော်ရွှင်စွာ ခံစားပြီးပြီဆိုပေမဲ့ ရင်ထဲ ကိုယ့်ကိုကိုယ် အပြစ်တင်မှုများစွာဖြင့်.....
စိတ်ကူးပေါက်ရာကို စာအဖြစ်ချရေးရင်းဖြင့်....

လူတိုင်း လွတ်လပ်သောပျော်ရွှင်မှုနှင့်ထိုက်တန်တယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးလည်း သင်္ကြန်အခါသမယ မှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။❤️

အရေးတော်ပုံ မုချအောင်ရပါမယ်။ 💪

11/04/2026

ဒီနှစ်၊ ဒီသင်္ကြန်လည်း အိမ်နဲ့ဝေးနေရတုန်းပါပဲလား.....😔

မြေပြင်ရောက် ဆေးဝါးပညာရှင်များနှင့် တလရ တွင် အားသွန်ခွန်စိုက်ပါဝင်နေကြသော ဆေးဝါးပညာရှင်များ ဘေးဘရာကင်းကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံနိုင်ကြပါစေ 🙏🏻

09/04/2026

အကျွန်ုပ် နှင့် တောတွင်း
အပိုင်း (၃)

ရှေ့အပိုင်းများအရ ဆက်ရလျှင်ဖြင့်....
အိမ်ကိုပြန်ရောက်လေပြီ။ စိုးရိမ်စိတ်ပြင်းလျက်နှင့် ဘုရားစင်ရှေ့ မပြည့်နိုင်သော ဆုတောင်းများကိုထွေးပွေ့ စောင့်ဆိုင်းနေသော အမေ.....
" အခြေအနေ မကောင်းဘူး အမေ ရေ။
၂ လအချိန်ပေးထားတယ် ဒီကြားထဲတော့ လုပ်စရာရှိတာ လုပ်မှရမယ် "
အာဏာ သိမ်းစအချိန်တည်းက နိုင်ငံခြားသို့ သွားရန် တောက်လျောက်ပြောနေသော အမေ.... "အထုပ်ပြင် နောက်ရက် လေယာဉ်လက်မှတ်ဖြတ်ပြီး ထိုင်း သွားပေတော့" အမေ့ရဲ့ ရာဇသံ။
ခဏလေး သား စဉ်းစား ဆုံးဖြတ်ပါဦးမယ် လို့သာ ပြောပြီး လှည့်ထွက်လာခဲ့တယ်
အိမ်အပေါ်ထပ် အခန်းကနေ အရေးပေါ် အထုပ်ပြင်လေပြီ။
"ငါ....ဘယ်သွားရမှာလဲ ? ဘာလုပ်ရမလဲ ? "
ဒီရက်ပိုင်းတော့ အိမ်ကို ခွေးတွေ ထပ်လာကောင်း လာနိုင်တယ်။ ရှောင်မှတော့ရမယ်။
တွေးလိုက်သော အတွေး .... ရန်သူနှင့် အနီးစပ်ဆုံးနေရာ က အလုံခြုံဆုံးပေတည်း။
ရှုပ်လို့.... မြို့နယ်ရုံးက အဘ ကို ဖုန်းဆက်... " "ကျွန်တော် ဒီရက်ပိုင်း အဘ တို့စီ လာနေမယ်ဗျာ "
ဘိုးတော်ကတော့ "လာလေ ညီလေး မင်း လာနေကျပဲကို ရိက္ခာတော့ ယူခဲ့ကွာ ကိုကြီး တို့စီ ရိက္ခာက မစိုပြေဘူး ဒီရက်ပိုင်း "
အိုကေပြီလေ ..... အဓိက အမြည်းနဲ့ ပုလင်း ၂ ရက်စာလောက်ယူပြီး သွားနှပ်လေပြီ 🤣
‌အိပ်လိုက် .... စားလိုက် .... ညဖက်သောက်လိုက်... အသံသွားစမ်းလိုက် .... ဂဏန်းပေါင်းလိုက်နဲ့ အဘအဆင့် နဲ့သာမက အခြားအဆင့်များနှင့်ပါ ၂ ရက်လောက် တန်းတူပျော်ပါးလိုက်လေသည်။ ဆိုးတော့ မဆိုးပေ အဲ့ ၂ ရက်အတွင်းလည်း ရသင့် ရထိုက်တဲ့ information တော်တော်များများလည်း ရလိုက်သေးသည်။
နောက်ရက်တွေတော့ ရိုးအီသွားလို့ အသိအကိုအိမ်စီသာ သွားတည်းပါတော့တယ်။ ဒီကြားထဲတော့ အဓိက အကြောင်းအရာ ဖြစ်တဲ့ တောတွင်းသို့ လှမ်းချီရန် ချိတ်ဆက်နေလေသည်။
အမေ့ကိုတော့ မပြောရသေးပေ။
ဖုန်းဆက်တိုင်းတော့ ည အချိန်မတော် အိမ်ဘေးက ကားသံဖြတ်သွားတိုင်း လန့်လန့်နိုးပြီး စိတ္တဇ ည များကဲ့သို့ ကျော်ဖြတ်နေရကြောင်းတော့ ပြောလျက်ရှိသည်။

၂၀၂၁ စစ်အာဏာ မသိမ်းခင် မဲဆွယ်ကာလများဆီသို့ ခေတ္တအလည်သွားကြည့်ပါဦးမည်။
ဘီယာဆိုင် တစ်ဆိုင်ဝယ်.... ကျွန်တော်၊ ကျော်ကြီး၊ ဟိန်းကြီး နဲ့ ရဲကြီး တို့ ဆုံခဲ့ကြသေးသည်။
တိုက်ဂါး အေးအေးလေး တစ်ခွက်ကောက်မော့ရင်း... မဲပေးမယ်ဆို ဘယ် ပါတီပေးမလဲတို့...အကယ်၍မြန်း ဒီတစ်ချီ နိုင်ရင်တော့ ငါတို့နိုင်ငံ ဘယ်လိုတိုးတက်ပြီ ဘာညာ... နိုင်ငံ့အရေးမှာ ဘာတစ်ခုမှ တိုးတက်အောင်စွမ်းဆောင် နိုင်ခြင်းမရှိသော လူငယ် ၄ ယောက် ယမကာလေး မှီဝဲရင်း ဝေဖန် လေကန်ကြလေပြီ။
အကယ်၍မြန်း စစ်တပ်က စောက်မြင်ကပ်လို့ အနိုင်မပေးပဲ ၈၈ လို အာဏာထသိမ်းရင် ဘယ်လိုလုပ်မလဲလို့ အကျွန်ုပ်၏ အနှုတ်လက္ခဏာဆောင်သော အတွေးအမြင်တို့အား စတင်ချပြပြီး ဆရာကြီးများသဖွယ် သုံးသပ်ကြလေပြီ 🤣
အဲ့အချိန်တည်းက နှုတ်ထွက်စကားကတော့ " ကါတော့ အဲ့လိုဖြစ်လာရင် တောခိုမယ် ဟေ့ "
တစ်ကယ်တော့ ရောက်တတ်ရာရာ ပြောလိုက်ပေမဲ့ နောင်တချိန် တစ်ကယ်ဖြစ်လာမယ် မတွေးခဲ့မိ....
"စကား နောက် တရားပါ ခဲ့လေပြီ"
ထိုအချိန်တွင် ကျော်ကြီးမှ "ကျွန်တော်လည်း တမေ့နေ့ တချိန်ချိန် တော့ အဲ့လိုဖြစ်လာရင် တောခိုကောင်း ခိုနိုင်တယ်" လို့ ဝင်ပြောလေသည်။ (နောင်တချိန် အကျွန်ုပ်၏ ဇာတ်လမ်းတွင် ဝင်ကမယ့် မင်းသားတစ်လတ်ဖြစ်လာပေမည်။)
ကျန် ၂ ယောက်ကတော့ အခြေအနေအရ နေမည်ဖြစ်သောကြောင့် သုံးသပ်ချက် ထွေထွေထူးထူး မပေးခဲ့ချေ။ ဖြစ်မှမဖြစ်သေးတာက တကြောင်း။ အဓိပ္ပာယ် မရှိတဲ့ topic ဖြစ်နေသည်က တကြောင်း အရေးတယူမဖြစ်ခဲ့ကြပဲ ဆက်၍သာ ဟီလာထရင်း သောက်ကြ၊ စားကြလေသည်။
အော်... အလုပ်အကိုင်လေးတွေ အဆင်ပြေ လက်ဖျား ငွေသီးကြပေတော့ တက္ကသိုလ်ကာလ များတုန်းကလို တစ်ယောက် ၃၀၀၀၊ ၅၀၀၀ စုပြီး ကျောင်းနားက ဆိုင်‌လေး များထိုင်ရာကနေ မြင့်မားလာလိုက်ကြတာ. ဆိုင်ကြီးကနားကြီးနဲ့ဗျာ့... ဘဝ မမေ့ဖို့တော့ လိုတာပေါ့နော် 🤣

ဤတွင် ရောက်တတ်ရာရာဖြင့် တစ်ခန်းရပ်ပြန်လေပြီ.....

04/04/2026

အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း ၂)

မနက်ခင်း ၈ နာရီထိုးလေပြီ....
အတွေးများစွာ တွေးပြီး မတတ်နိုင်ဘူး မေးတာတော့ မေးရမှာပဲ....
မောနင်းပါ အဘ..မနက်က ဒီလို ဒီလိုပဲ အဘ ရေ...
ဟေ ဟုတ်လား မင်းဟာ ထူးထူးဆန်းဆန်းပါလား G1 စီ ဆက်ထား အဲ့ဖက်နေ့လည်လောက်ရောက်မယ်။ မင်း တစ်ခုခု စီစဉ်ပြီး လာခဲ့ပေါ့ကွာ...
မြို့နယ်ရုံးရောက်သော် မနက်က ကိစ္စအား ၎င်းးတို့အား အကြောင်းမကြားထားပေ။
ထို့အတွက် မေးပြီလေ...."ငါ့ညီ မင်းဘာတွေလုပ်ထားသေးလဲ ညီကိုချင်းတွေ ပွင့်ပွင့်လင်းလင်းပြောလို့ ရကြောင်း" စကားစဆွဲထုတ်လေပြီ...
ကိုယ်ကတော့ မသိကြောင်း ဘူး ခံသာ ငြင်းပေတော့သည်။
ထိုစဉ် အဘ မှ ဆက်စပ်မိရာ စရဖ က သူ့ ညီငယ်အား ဖုန်းဆက်ပြီး ညနေ ကျ ဆုံကြမည်ဖြစ်ကြောင်း လှမ်းပြောလေပြီ။
ထပ်မံ၍ ညနေ အတွက် တစ်ခုခု ထပ်စီစဉ်ခိုင်းလေပြီ 😅
ကိုယ်လည်း အကျိုးလိုတော့ ညောင်ရေသွန်းရပြန်ပြီလေ....ပြတ်တုန်း လပ်တုန်း ၂၃ မှကွာ 🥴
ညနေစောင်းလေသော်...အလာပါ့ သလာပါ့ တွေပြောရင်း မိတ်ဆက်ကြရင်း ကိုယ့် အဘ မှ စကားစပြောရင်း စုံစမ်းခိုင်းလေပြီ....၎င်းတို့၏ အချိတ်အဆက် က မြန်လေစွ ချက်ချင်းပဲ ဖုန်းဆက်မေးပေးတဲ့ အဘ လေး မျက်နှာပျက်သွားလေပြီ။
ငါ့ ညီ အဘမျက်နှာရှိနေလို့နော်...အချိန် ၂ လ ပေးမယ် မင်းရတဲ့နည်းနဲ့ အဆင်ပြေသလိုသာရှောင်ပါ။
"ဟင်....အဘလေး ဘာ ကေ့စ် ငြိလို့လဲ ဟင်..."
ခေါင်းသာ ခါပြတယ် ခေတ္တ ခဏအတွင်း ပုံစံပြောင်းသွားလေပြီ။....ထိုစကားဝိုင်းတွင် အရင်လို ပြောကြ ဆိုကြမရှိတော့ပဲ အနည်းငယ် သူစိမ်းဆန်သွားကြ‌တာတော့ အမှန်ပင်။
စိတ်ထဲမှာတော့ ဗလောင်ဆူနေပြီ။ "ငါတော့ သေပြီ.... ပေါ်ကုန်ပြီ ထင်ပါတယ်ကွာ"လို့ တွေးရင်း အတွေးများစွာဖြင့်....🤔
ပြန်ရင်တောင် လမ်းမှာ စောင့်ဖမ်းမှာကိုပင် စိုးရိမ်ရလေပြီ။
သို့သော် ယခုလိုရှောင်ခိုင်းတာသည် ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ်ကြီး တစ်ခုပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင်ဖြင့် အဲ့နေရာမှာပင် ကိုယ့်ကို ထ ထိုးကြိတ်ပြီး ဗြင်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
တစ်ခါက ကြုံဖူးတဲ့ ဖြစ်ရပ်တစ်ခုဆိုလျှင် ကိုယ်ပါ မြို့နယ်ရုံးရောက်ပြီး သောက်ရင်းစားရင်း သတင်းနှိုက်ရင်း လူငယ်တစ်ယောက်ကို ကားပေါ်ကဆွဲချလာလေသည်။ သွေးအလိမ်းလိမ်းဖြင့် ရုပ်တောင်မပေါ်တော့ချေ။
အဲ့ဒါကို ဒူးထောက်ခိုင်းထားပြီး စိတ်မထင်ရင် မထင်သလို သောက်လိုက် ပြေးကန်လိုက်နဲ့ တစ်ညလုံးပင်...ဖြစ်စဉ်ကိုမေးတော့ ဈေးထဲမှာ ဆန္ဒပြလို့တဲ့ ....ကိုယ့်မှာ မနေနိုင်တော့ ထားပါတော့ အဘ ရယ် သေသွားမှဖြင့် အမှုတွဲတင်မရပဲ ဖြစ်နေပါဦးမယ်ဆိုကာမှ ထိုလူငယ် ခဏတာ အနားရပေတယ်။
အပြင်ပန်းမှာတော့ "ဒီလူငယ်တွေကြောင့် နိုင်ငံက ဒုက္ခတွင်းထဲရောက်‌နေရတာ ကျွန်တော်တို့ စစ်တပ်ရှိနေလို့သာပေါ့ မဟုတ်ရင် နိုင်ငံအရမ်းနာမှာ...ဘာညာပေါ့" စိတ်ထဲမှာတော့ ဒေါသအလိပ်လိုက်နဲ့ ဒေါသစိတ်ကြောင့် တစ်ဆက်ဆက်တုန်နေတဲ့ အမူအရာကို မသိသာအောင် ကွယ်ဝှက်ရင်း တစ်ခွက်ပြီး တစ်ခွက် ကောက်မော့ကာ ချုပ်ထိန်းရင်းဖြင့်...မိသွား‌သော ထိုလူငယ်အတွက်တော့ တစ်ကယ်ကိုစိတ်မကောင်းပေ သူနဲ့မသက်ဆိုင်သော အမှုတွဲများစွာအား ဆွဲကပ်ပြီး ပုဒ်မ များစွာဖြင့်... "အော်...အပြင်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်နေတဲ့ လူငယ်တွေရှိသလို...အခုလို မြို့ပြမှာ အသက်ခန္ဓာနဲ့ရင်းပြီး အန္တရာယ်ကြီးကြီးမားမားတွေ ရှောင်ရင်းကွယ်ရင်း အလှုပ်တွေများစွာလုပ်နေကြသော အဖိုးတန်လူငယ်တွေလည်း ရှိပါသေးတယ်။ လူငယ်ချင်း တူကြပေမဲ့ တန်ဖိုးရှိပုံချင်း ကွာခြားလှပေးသကား".....။

ဤတွင် ခဏတာ ရပ်နား...

02/04/2026

အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း -၁)

ဒေါက်...ဒေါက်...ဒေါက်
အိမ်တံခါးကို ခေါက်လေပြီ။
အချိန်ကား မနက်ဝေလီဝေလင်း ၄ နာရီခွဲပေ။
ပြတင်းပေါက်ကို ကျော်လွန်ကြည့်လေသော အခါ လူစိမ်း ၄ ယောက်။
ပြန်လည် ပြောကြားရန် အချိန်အနည်းငယ် တုံ့ဆိုင်းသွားတော့ ခြံတံခါးကို ကန်ကြောက်၊ လှုပ်ခါပြီး အော်ခေါ်လေပြီ။
ခပ်တည်တည်ပင် ဆင်း၍ ဘယ်သူလဲ၊ ဘာကိစ္စလဲ မေးလိုက်တဲ့အခါ ၎င်းတို့က နာမည်ခေါ်ပြီး ဟုတ်လား၊ မဟုတ်လား မေးတယ်။
ဟုတ်တယ်လည်းဆိုကော လာရင်းအကြောင်းရင်းက စစ်သင်တန်းတက်ရမယ်တဲ့။

ဟ....မင်းတို့က မဟုတ်သေးဘူးကွ ငါ ဘယ်သူဆိုတာကော သိရဲ့လား။ မင်းတို့က ဘယ်ကလဲ ကိုယ်က ပြန်မေးခွန်းထုတ်တော့ မြို့နယ်ရုံးကတဲ့။
အဲ့မှာလွဲနေပြီ။ စာရေးသူသည် ခေသူတော့မဟုတ် တလရ အလုပ်တွေကို မြို့တွင်းမှာ ခပ်စိပ်စိပ်လုပ်ရင်း ရန်သူနှင့် အနီးကပ်နေနေသူဖြစ်သောကြောင့် လုပ်ငန်းဆောင်တာ အဆင့်ဆင့်နားလည်သူဖြစ်လေသည်။
မင်းတို့ မြို့နယ်ရုံးကဆို ငါ မနက်မှ G1 ကြီးစီလာခဲ့မယ် အခုပြန်လိုက်တော့ဟု ရာဇသံပြန်ပေးလိုက်လေသည်။
ထိုအခါ သကောင့်သားတွေက အထွန့်တက်သေးသည်။ မရကြောင်း တစ်ခါတည်းအပါခေါ်ရန် မှာလိုက်ကြောင်း ပြန်ပြောလေသည်။
အေး...အဲ့ဒါဆို ငါ ကိုယ်တိုင်အခု G1 ကြီးရဲ့ အဘ ကို ဖုန်းဆက်ပြီး ပြောလိုက်ရမလားဆိုကာမှ ပြဿနာအကျယ်အကျယ် ဖြစ်ချင်ပုံမရ၊ အောင့်သက်သက် နှင့်ပြန်သွားလေသည်။
ပုံမှန် စစ်မှုထမ်း ဆင့်ခေါ်မည်ဆိုလျှင် ရပ်ကွက်က တဆင့်အကြောင်းကြားပြီး အနည်းဆုံးရာအိမ်မှူးပါရမည်။
အခုက မဟုတ်သေး။ ငါ ဒီကောင်တွေကို မြို့နယ်ရုံးမှာ မတွေ့ဖူးပေ။
တစ်ခုခုတော့မှားနေပြီဟု အတွေးများစွာဖြင့်....🤔

ဤ တွင်ကား တစ်ခန်းရပ်လျက်..

03/01/2026

2026 💪

Welcome New Year 2026 🎉

မင်္ဂလာရှိတဲ့နှစ်သစ်အခါသမယမှာ
မြန်မာပြည်သားအားလုံး ဘေးရန်ကင်းကွာ၍ လွတ်လပ်ခြင်း၊တရားမျှတခြင်းတို့နှင့်ပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့အမြန်ဆုံးရောက်ရှိနိုင်ဖို့ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

✊🏻ဦးစွာပထမ နိုင်ငံတော် ပုန်ကန်မှုကျူးလွန်ထားသောအကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲရလဒ်ကို ကျွန်ုပ်တို့တော်လှန်ပြည်သူအပေါင်းတို့က လုံးဝအသိအမှတ်မပြုပါကြောင်း အတည်ပြုကြေငြာလိုက်ပါသည်။

✊🏻ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်မည့်အောင်ပွဲရသည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည် ဟု
ကျွန်ုပ်တို့ ဆေးဝါးပညာရှင်များ နွေဦးတော်လှန်ရေးအင်အားစု (UOP-SRF) အနေဖြင့် ခိုင်မာသောနှစ်သစ်သန္နိဌာန်
ပြုပါသည်။
အားလုံးမင်္ဂလာရှိသောတော်လှန်နှစ်သစ်ပါ။

27/11/2025

ရှေ့ဆက် ရမယ့် ခရီးလမ်းအတွက်အားတင်းထားပါ ငါ့ညီ.... အန်တီ့အတွက်လည်း အပူတွေထပ်ငြိမ်းပါစေလို့ ဆုတောင်းပေးပါတယ်။
အထဲရောက်တည်းက နေ့စဉ်နေ့တိုင်း မမေ့ခဲ့ပါဘူး။ မလွတ်လပ်သေးပဲ မတရား ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဆေးဝါးပညာရှင် စီနီယာ၊ ဂျူနီယာ အပေါင်းလည်း ကျန်းမာ ဘေးကင်းကြပါစေ
အမြန်ဆုံးထပ်မံလွတ်မြောက်ကြပါစေ🙏🏻

18/10/2025

https://www.facebook.com/share/15y4e9wvNS/

📢 ANNOUNCEMENT LETTER FOR SECOND INTAKE

Subject: Announcement of UOP IUC (Final year) Second Intake Admission

Dear Students,

We are pleased to announce that the Second Intake for the "Final year" is now open for applications. This is a great opportunity for those who missed the first intake to join IUC and begin their journey toward academic growth.

We encourage all interested candidates to apply early to secure their place in this intake. For further information or assistance, please contact us at direct message or via email ([email protected]).

Thank you for your interest and continued support. We look forward to welcoming new participants in our upcoming intake.

Warm regards,
UOP IUC Admin Team

Photos from University Of Pharmacy Spring Revolution Force - UOP SRF's post 02/04/2025
29/03/2025

🙏

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok