Burmese Sports News

Burmese Sports News မြန်မာဘောလုံးသတင်းအကြောင်းအရာများကို အမြဲတမ်းတင်ဆက်ပေးနေပါတယ် ခင်မျာ

အမြန်ပြန်လာနိုင်ပါစေ🇲🇲🇲🇲🇲🇲
06/10/2026

အမြန်ပြန်လာနိုင်ပါစေ🇲🇲🇲🇲🇲🇲

မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းနဲ့ လွင်မိုးအောင်တို့ရဲ့ ဒဏ်ရာအခြေအနေကို MFF ထုတ်ပြန်

===================

မြန်မာ့လက်ရွေးစင်အသင်း ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်နေခဲ့တဲ့ အဓိကကစားသမား ၃ ဦးရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF က နောက်ဆုံးရ ဆေးစစ်ချက်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းနဲ့ လွင်မိုးအောင်တို့ဟာ ဒူးဒဏ်ရာတွေကြောင့် အရေးကြီးတဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကွင်းလယ်ကစားသမား မောင်မောင်လွင်ရဲ့အခြေအနေကို ပြောရမယ်ဆိုရင် မောင်မောင်လွင်ဟာ ဟံသာဝတီအသင်းနဲ့ ခြေစမ်းပွဲကစားစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သွားရောက်စစ်ဆေးခဲ့ပြီး အစောပိုင်းသတင်းတွေအရ ခြောက်ပတ်ခန့် အနားယူရနိုင်တယ်လို့ သိရပါတယ်။

အလားတူ နောက်ခံကစားသမား ဟိန်းဖြိုးဝင်းကလည်း ဒဏ်ရာရရှိခဲ့တာကြောင့် မောင်မောင်လွင်နဲ့အတူ ဘန်ကောက်မှာ ဆေးစစ်ဆေးမှုနဲ့ ကုသမှုတွေ ခံယူခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အဓိကကစားသမားနှစ်ဦးစလုံးဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် အရေးကြီးတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံး MFF ရဲ့ ထုတ်ပြန်ချက်အရတော့ သတင်းကောင်းတစ်ခု ရရှိလာပါတယ်။ MRI စစ်ဆေးမှုတွေအရ ဟိန်းဖြိုးဝင်းအနေနဲ့ လက်ရှိအချိန်မှာ ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်တော့ဘဲ MFF Medical Team ရဲ့ ကြီးကြပ်မှုနဲ့ လေ့ကျင့်ရေးတွေကို ဆက်လက်ပြုလုပ်သွားရမယ်လို့ သိရပါတယ်။

မောင်မောင်လွင်အနေနဲ့လည်း ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ မလိုအပ်တော့ဘဲ အပေါ့စားလေ့ကျင့်ခန်းတွေကို ပြန်လည်ပြုလုပ်နေပြီဖြစ်တယ်လို့ MFF က အသိပေးထားပါတယ်။

ဒီအခြေအနေဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် သတင်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ် ဒါပေမယ့် ကွင်းလယ်ကစားသမား လွင်မိုးအောင်ရဲ့ အခြေအနေကတော့ အနည်းငယ်ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။

လွင်မိုးအောင်ဟာ မြန်မာအသင်းနဲ့ တီမောအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် အရေးကြီးတဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။MFF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရတော့ လွင်မိုးအောင်ဟာ လာမယ့်သောကြာနေ့မှာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ် ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာတော့ အချိန်လုံလောက်စွာ အနားယူပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် လွင်မိုးအောင်အနေနဲ့ ဘယ်အချိန်မှာ ပြန်လည်ကစားနိုင်မလဲဆိုတာကတော့ ခွဲစိတ်ကုသမှုနဲ့ ပြန်လည်ထူထောင်ရေးအခြေအနေတွေပေါ် မူတည်သွားမှာ ဖြစ်ပါတယ်။ အဓိကကစားသမားတွေ ဒဏ်ရာရရှိခဲ့တာကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အရေးကြီးတဲ့ပွဲတွေမှာ အင်အားပြည့်မကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ MFF ဘက်က မြန်မာ့လက်ရွေးစင်အသင်းအတွက် နောက်ထပ်အစီအစဉ်တစ်ခုကိုလည်း ထုတ်ပြန်ထားပါတယ်။ အဲဒါကတော့ လာမယ့် နိုဝင်ဘာလအတွင်း FIFA International Friendly ပွဲစဉ်တွေ ကစားနိုင်ဖို့ နိုင်ငံတကာအသင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရွေးစင်အသင်းအတွက် အရေးကြီးတဲ့ ပြင်ဆင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာမယ့် မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ကို ပြန်လည်အသုံးချနိုင်မယ်ဆိုရင် မြန်မာအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ ပိုပြီး အင်အား‌ေတာင့်တင်းလာနိုင်ပါတယ်။ တစ်ဖက်မှာလည်း လွင်မိုးအောင်ရဲ့ ပြန်လည်ထူထောင်ရေးအခြေအနေကတော့ ပရိသတ်တွေအနေနဲ့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အခုလို ဒဏ်ရာပြဿနာတွေကို ကျော်ဖြတ်ပြီး နိုဝင်ဘာလ FIFA International Friendly ပွဲစဉ်တွေမှာ အသင်းအင်အားပြည့်နီးပါးနဲ့ ပြန်လည်တည်ဆောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ အမြန်ဆုံးပြန်လည်သက်သာလာပြီး မြန်မာ့လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ကြပါစေ၊ လွင်မိုးအောင်လည်း ခွဲစိတ်ကုသမှု အောင်မြင်ပြီး အမြန်ဆုံး ဘောလုံးကွင်းထဲ ပြန်ဝင်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ နိုဝင်ဘာလ FIFA International Friendly ပွဲစဉ်တွေနဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေ နောက်ဆုံးရသတင်းတွေကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်အားပေးပေးကြပါဦး။


#မြန်မာဘောလုံးသတင်း

ဟုတ်လဲဟုတ်နေတာပဲ 🇹🇭💪💪💪
06/10/2026

ဟုတ်လဲဟုတ်နေတာပဲ 🇹🇭💪💪💪

ဟော😁ပွဲထွက်(၁၁)ယောက်မှာ အင်ဒိုစစ်စစ်တစ်ယောက်မှမပါဘူး ဒါကိုတောင် တစ်ယောက်လျော့အနေအထားနဲ့ချေပဂိုးသွင်းယူနိုင်သလို ဦးဆောင်ဂိုးပါပြန်သွင်းပြပြီး ပက်နယ်တီအထိ သွားနိုင်တဲ့ ထိုင်းရဲ့ခြေစွမ်းကို တကယ်ချီးကြူးရမယ်

👍👍👍
05/10/2026

👍👍👍

ဖီဖာအာဆီယံဖလားဗိုလ်စွဲသွားတဲ့ အိမ်ရှင်အင်ဒိုနီးရှား
========================
၂၀၂၆ ဖီဖာအာဆီယံဖလား ဗိုလ်လုပွဲအဖြစ် ညနေ့ည (၇)နာရီခွဲမှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ် ပွဲကစားချိန် မိနစ်(၈၀)အထိ သရေကျနေခဲ့ပါတယ် ပွဲချိန်(၈၁)မိနစ်မှာ ထိုင်းနောက်ခံလူ အနီကဒ်နဲ့ထုတ်ပယ်ခံရပြီး မကြာခင် (၈၄)မိနစ်မှာ အင်ဒိုနီးရှားက ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ တစ်ယောက်လျော့ထိုင်းအသင်းက (၈၇)မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့တာကြောင့် သရေကျခဲ့ပါတယ်
ဒါကြောင့် အချိန်ပို မိနစ်(၃၀)ထပ်မံကစားခဲ့ပြီး တစ်ယောင်လျော့ထိုင်းက (၁၁၀)မိနစ်မှာ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ အင်ဒိုအသင်းကလည်း (၁၁၆)မိနစ်မှာ ချေပဂိုးပြန်သွင်းယူသွားခဲ့ပြီး အချိန်ပိုမှာလည်း သရေဆက်ကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်
ပင်နယ်တီကိုတော့ အိမ်ရှင် အင်ဒိုက စကန်ခဲ့ပြီး (၄)ဂိုးစလုံးဝင်ခဲ့ပေမဲ့ ထိုင်းအသင်းက (၃)ကြိမ်မြောက်နဲ့(၄)ကြိမ်မြောက် ပင်နယ်တီနှစ်ကြိမ်ဆက်လွဲတာကြောင့် အိမ်ရှင်အင်ဒိုနီးရှားအသင်းက (၄-၂)ဂိုးနဲ့အနိုင်ယူပြီး ဒေါ်လာတစ်သန်းတန် ချန်ပီယံဆုကြီးကို သိမ်းပိုက်သွားခဲ့ပါတယ်


#မြန်မာဘောလုံးသတင်းများ

(၉)ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မြန်မာ 🇲🇲🇲🇲🇲🇲
05/10/2026

(၉)ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မြန်မာ 🇲🇲🇲🇲🇲🇲

ဂိုးပြတ်အနိုင်ရလာဒ်နဲ့ မြန်မာပရိတ်သပ်တွေကိုနှစ်သိမ့်ပေးလိုက်တဲ့ မြန်မာယူ-၁၇အမျိုးသမီးအသင်း
===================
မြန်မာယူ-၁၇အမျိုးသမီးအသင်းကတော့ ဂူအမ်အသင်းကို (၉)ဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့ပြီဖြစ်ပါတယ် သွင်းဂိုးတွေကိုဆော့ ဝင်းရူပါတစ်ယောက်ထဲက (၄)ဂိုးသွင်းယူခဲ့ပြီး နန်းခမ်းဟွမ်၊ သန်နီဖူးဝေ၊ဆောင်းသဇင်ဦး၊ရှင်းသန့်ဖြူစင်ပြုံး၊နေမျိုးသူသူအောင်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်


#မြန်မာဘောလုံးသတင်းများ

🇲🇲🇲🇲🇲🇲
04/10/2026

🇲🇲🇲🇲🇲🇲

မြန်မာယူ-၁၇အမျိုးသမီးပွဲနေ့
======================
၂၀၂၇ ယူ-၁၇ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းဂာ ဂူအမ်အသင်းနဲ့ ယနေ့ညနေ (၄)နာရီ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် မြန်မာအသင်းဟာ အုပ်စု(G)မှာ ဟောင်ကောင်၊ဂူအမ်တို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး အုပ်စုပထမရတဲ့အသင်းကသာ ခြေစစ်ပွဲအောင်မြင်မှာဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ ပွဲစဉ်တိုင်းကို အလေးနတ်ထား ယှဉ်ပြိုင်ကစားဖို့ လိုအပ်ပါတယ်
မြန်မာယူ-၁၇အမျိုးသမီးအသင်းအစုအဖွဲ့ဟာ အချိန်အတော်ကြာလေ့ကျင့်ပြင်ဆင်ထားတဲ့အသင်းဖြစ်တာကြောင့် ရလာဒ်ကောင်းရရှိနိုင်မယ်လို့ ယုံကြည်ပါတယ် နည်းပြချုပ်တက်ဆူရို ယူကီ မြန်မာယူ-၁၇အမျိုးသမီးအသင်းကို ဘယ်အဆင့်ထိ တွန်းတင်ပေးသွားနိုင်မလဲ ?


#မြန်မာဘောလုံးသတင်းဇုန်

အားရစရာပုံစံတော့မဟုတ်သေးပါ
04/10/2026

အားရစရာပုံစံတော့မဟုတ်သေးပါ

မြန်မာယူ-၁၇အသင်းရဲ့ ပထမဆံုးခြေစမ်းပွဲမှာတော့ သရေရလာဒ်သာရရှိခဲ့ပါတယ် ပွဲကစားချိန် ၄၂မိနစ်မှာ အောင်မြတ်သာရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပေမဲ့ အိန္ဒိယအသင်းက ၇၂မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့်ချေပဂိုးသွင်းယူသွားခဲ့ပါတယ် မြန်မာယူ-၁၇အသင်းအနေနဲ့ မရှုံးခဲ့ပေမဲ့ အားရစရာခြေစွမ်းမျိုးတော့ မတွေ့ရသေးပါဘူး

မြန်မာမျိုးဆက်သစ်တစ်သင်းကို မြက်တွေ့ရမယ့်နေ့ 🇲🇲🇲🇲🇲🇲
04/10/2026

မြန်မာမျိုးဆက်သစ်တစ်သင်းကို မြက်တွေ့ရမယ့်နေ့ 🇲🇲🇲🇲🇲🇲

မြန်မာယူ-၁၇အသင်းသစ်ကို စောင့်ကြည့်ရမယ့်နေ့ပါ တနည်းအားဖြင့် မြန်မာဘောလုံးမျိုးဆက်သစ်တစ်သင်းကို မြင်တွေ့ရတော့မှာပါ ယနေ့မှာတော့ မြန်မာယူ-၁၇အသင်းနဲ့ အိန္ဒိယယူ-၁၇အသင်းတို့ရဲ့ခြေစမ်းပွဲရှိပါတယ် ယခုမြန်မာယူ-၁၇အသင်းဟာ မြန်မာမျိုးဆက်သစ်အသင်းတစ်သင်းပါ ဒီအသင်းဘယ်လောက်အထိပြင်ဆင်ထားသလဲ စောင့်ကြည့်ရမယ့်ပြိုင်ပွဲပါ
ဒီပွဲစဉ်ကိုတော့ စတားစီးတီးကွင်းမှာ ကစားသွားမယ်လို့ သိရပါတယ်


#မြန်မာဘောလုံးသတင်းများ

03/10/2026

🇲🇲🇲🇲🇲🇲

တော်သေးတယ်ဟေ
03/10/2026

တော်သေးတယ်ဟေ

ဟောင်ကောင် 2-0 ကမ္ဘောဒီးယား
တော်သေးတယ်ဟေ ဟောင်ကောင်ကဦးဆောင်ထားလို့ ၈၁ မိနစ်မှာ (၂-၀)ပါ

🇲🇲🇲🇲🇲🇲
03/10/2026

🇲🇲🇲🇲🇲🇲

၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘောလုံးပြိုင်ပွဲ ၃ ခု
====================================
၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်းမှာတော့ မြန်မာ့ဘောလုံးလောကအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတကာဘောလုံးပြိုင်ပွဲ(၃)ခုကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲသုံးခုမှာ မြန်မာအသင်းတွေရဲ့ စွမ်းဆောင်ရည်က ဘယ်လိုရှိလာမလဲ၊ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မြန်မာယူ-၁၇ အမျိုးသားအသင်းရဲ့ အိန္ဒိယယူ-၁၇ အသင်းနဲ့ ခြေစမ်းပွဲစဉ်တွေအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မြန်မာယူ-၁၇ အမျိုးသားအသင်းဟာ လာမယ့် နိုဝင်ဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် ယူ-၁၇ အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိန္ဒိယယူ-၁၇ အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ပထမခြေစမ်းပွဲကို အောက်တိုဘာလ ၄ ရက်နေ့ ညနေ(၄)နာရီမှာ ကစားသွားမှာဖြစ်ပြီး ဒုတိယခြေစမ်းပွဲကိုတော့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၇ အသင်းကိုတော့ မြန်မာယူ-၂၀ လိဂ်ပြိုင်ပွဲမှာ Galaxy အသင်းအမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၆ အသင်းကို အခြေခံပြီး ဖွဲ့စည်းထားတာလို့ သိရပါတယ်။

အဲဒီအသင်းဟာ မြန်မာယူ-၂၀ လိဂ်မှာ ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၉ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုလို လူစာရင်းအသစ်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာယူ-၁၇ အသင်းအနေနဲ့ အိန္ဒိယနဲ့ ခြေစမ်းပွဲတွေမှာ ဘယ်လိုကစားပုံမျိုးကို ပြသသွားမလဲ၊ နိုဝင်ဘာလမှာ ယှဉ်ပြိုင်ရမယ့် အာရှဖလားခြေစစ်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒုတိယမြောက်ပြိုင်ပွဲကတော့ မြန်မာယူ-၁၇ အမျိုးသမီးအသင်းရဲ့ ၂၀၂၇ ယူ-၁၇ အမျိုးသမီးအာရှဖလား ခြေစစ်ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ မြန်မာယူ-၁၇ အမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအုပ်စု G မှာ ဟောင်ကောင်နဲ့ ဂူအမ်အသင်းတို့နဲ့အတူ ကျရောက်နေတာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီမှာ ဂူအမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီမှာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အားလုံးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီခြေစစ်ပွဲမှာတော့ အုပ်စုပထမရရှိတဲ့ အသင်းတစ်သင်းတည်းသာ ၂၀၂၇ ယူ-၁၇ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တာကြောင့် မြန်မာအမျိုးသမီးအသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တွေ ဖြစ်လာမှာပါ။
မြန်မာယူ-၁၇ အမျိုးသမီးအသင်းကိုတော့ မြန်မာအမျိုးသမီးလိဂ်မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Young lionesses အသင်းမှ ကစားသမားတွေကို အခြေခံကာ ရွေးချယ်ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း ယူကီက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပါတယ်။

အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနိုင်မယ့် မြန်မာအသင်းအနေနဲ့ ဂူအမ်နဲ့ ဟောင်ကောင်တို့ကို ရင်ဆိုင်ရာမှာ ဘယ်လိုစွမ်းဆောင်ရည်မျိုး ပြသနိုင်မလဲ၊ အုပ်စုပထမနေရာရရှိပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

တတိယမြောက်ပြိုင်ပွဲကတော့ မြန်မာ့လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းရဲ့ ၂၀၂၆-၂၀၂၇ ရာသီ အေအက်ဖ်စီ ချဲလန့်လိဂ် အုပ်စုပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

၂၀၂၆-၂၀၂၇ အေအက်ဖ်စီချဲလန့်လိဂ်ပြိုင်ပွဲမှာဆော့ မြန်မာလိင်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စု E မှာ ဖိလစ်ပိုင်ကလပ် Manila Digger၊ တရုတ်တိုင်ပေကလပ် Hang Yuan နဲ့ ဘရူနိုင်းကလပ် Kasuka အသင်းတို့နဲ့အတူ ကျရောက်နေတာ ဖြစ်ပါတယ်။

အုပ်စုပွဲစဉ်တွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာ Hang Yuan အသင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ Kasuka အသင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီမှာ Manila Digger အသင်းတို့နဲ့ အသီးသီး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့ အသင်းနှစ်သင်းက နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိထားတဲ့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း အလားတူစွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ လိုအပ်နေပါတယ်။
အထူးသဖြင့် အာဆီယံဒေသတွင်း ကလပ်အသင်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာတဲ့အချိန်မှာ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အရေးကြီးလာပါတယ်။ အုပ်စုတွင်းပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်သုံးပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်မလား၊ နောက်တစ်ဆင့်ကို တက်ရောက်ပြီးမြန်မာကလပ်အသင်းတွေရဲ့ အာရှအဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်
ဒါဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမှာ ကျင်းပသွားမယ့် နိုင်ငံတကာဘောလုံးပွဲစဉ်သုံးခုကို တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၁၇ အမျိုးသားအသင်းရဲ့ အိန္ဒိယနဲ့ ခြေစမ်းပွဲ၊ မြန်မာယူ-၁၇ အမျိုးသမီးအသင်းရဲ့ အာရှဖလားခြေစစ်ပွဲနဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ အေအက်ဖ်စီ ချဲလန့်လိဂ် အုပ်စုပွဲစဉ်တွေမှာ မြန်မာအသင်းတွေ ဘယ်လိုရလဒ်တွေ ရယူနိုင်မလဲဆိုတာကတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဒီပြိုင်ပွဲတွေမှာ မြန်မာအသင်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကို ဆက်လက်စောင့်ကြည့်ရင်း အားပေးကြဖို့ တိုက်တွန်းရင်း ဒီအ‌ေကြာင်းအရာကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ခင်ဗျာ


#မြန်မာဘောလုံးသတင်းများ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Burmese Sports News โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์