Burmese Sports News

Burmese Sports News

แชร์

မြန်မာဘောလုံးသတင်းအကြောင်းအရာများကို အမြဲတမ်းတင်ဆက်ပေးနေပါတယ် ခင်မျာ

15/05/2026

ဧရာဝတီအမျိုးသမီးအသင်းကိုအတုယူရမည့် မြန်မာကလပ်များ


#မြန်မာဘောလုံးသတင်းများ

15/05/2026

ပထမဆုံးမြန်မာအမျိုးသမီးအကယ်ဒမီဖွင့်လှစ်တော့မည်


#မြန်မာဘောလုံးသတင်းများ
#မြန်မာအမျိုးသမီးအကယ်ဒမီ

15/05/2026

ဧရာဝတီအမျိုးသမီးအသင်းကိုအတုယူသင့်တဲ့မြန်မာနေရှင်နယ်လိဂ်ကလပ်များ
====================================
လက်ရှိ မြန်မာအမျိုးသမီးလိဂ်ချန်ပီယံအသင်းဖြစ်တဲ့ ဧရာဝတီအမျိုးသမီးအသင်းဟာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နာမည်ကြီးကစားသမား Ritu Porna Chakma ကို ခေါ်ယူနိုင်ခဲ့ပါတယ် ဒီခေါ်ယူမှုဟာ သာမန်နိုင်ငံခြားကစားသမားခေါ်ယူမှုတစ်ခုထက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ် ဘာကြောင့်လဲဆိုတော့ Ritu ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကျော်ကြားဆုံး အမျိုးသမီးဘောလုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူမရဲ့ပရိတ်သတ်အင်အားလည်း အလွန်ကြီးမားပါတယ်။
ဒါကြောင့် သူမ မြန်မာလိဂ်မှာလာကစားတဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘောလုံးပရိတ်သတ်တွေဟာ ဧရာဝတီအသင်းကို စတင်စောင့်ကြည့်လာမယ်…
မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်တွေကိုလည်း စိတ်ဝင်စားလာမယ်…
Social Media မှာလည်း မြန်မာလိဂ်အကြောင်း ပိုပြီးပြောဆိုလာကြမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးဟာ မြန်မာဘောလုံးအတွက် အရမ်းကောင်းတဲ့အရာပါ ဘာလို့လဲဆိုတော့ လိဂ်တစ်ခုတိုးတက်ဖို့ဆိုတာ ကစားပုံကောင်းရုံနဲ့မလုံလောက်ပါဘူး ပရိတ်သတ်စိတ်ဝင်စားမှု၊ ပြည်ပအာရုံစိုက်မှု၊ Marketing value၊ Social Media မှာကျော်ကြားမှု ဒီအရာတွေအားလုံးလည်း အရေးကြီးပါတယ်။
ဥပမာပြောရရင်…မြန်မာအမျိုးသမီးကစားသမားတွေဖြစ်တဲ့ စန်းသော်သော်နဲ့ ဖြူဖွေးတို့ ဖီလစ်ပိုင်က Stellarion အသင်းမှာ သွားရောက်ကစားတုန်းက မြန်မာပရိတ်သတ်တွေက စတယ်လီယွန်အသင်းပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
ပုံမှန်ဆို မသိတဲ့ အသင်းတစ်သင်းကို မြန်မာပရိတ်သတ်တွေ ဘာကြောင့် စောင့်ကြည့်ခဲ့တာလဲ?
အကြောင်းရင်းက ရိုးရှင်းပါတယ်။
“ကိုယ့်နိုင်ငံက နာမည်ကြီးကစားသမားတွေ ပါနေလို့” ပါပဲ။
အခုလည်း အဲ့လိုပဲ…
Ritu Porna Chakma ကြောင့် ဘင်္ဂလားဒေ့ရှ်ပရိတ်သတ်တွေက မြန်မာလိဂ်ကို စတင်စိတ်ဝင်စားလာနိုင်မှာဖြစ်ပါတယ် ဒါဟာမြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေ သင်ယူသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖီလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်တို့က နာမည်ကြီးလက်ရွေးစင်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်ဆိုတာပါပဲ တချို့အသင်းတွေက နိုင်ငံခြားကစားသမားခေါ်ရင် အာဖရိကကစားသမားတွေ၊ တောင်အမေရိကကစားသမားတွေ ဥရောပကစားသမားတွေကိုပဲ ဦးစားပေးတတ်ကြပါတယ် ဒီလိုခေါ်ယူရာမှာလည်း အရည်အသွေးရှိတဲ့ကစားသမားတွေကိုသာ ခေါ်ယူသင့်ပါတယ်

ဒါပေမဲ့ Marketing နဲ့ ပရိတ်သတ်အာရုံစိုက်မှုဘက်က ကြည့်မယ်ဆိုရင် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံက နာမည်ကြီးကစားသမားတွေကို ခေါ်ယူတာက ပိုပြီး အကျိုးရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့နဲ့အတူ သူတို့နိုင်ငံက ပရိတ်သတ်တွေပါ ပါလာတာဖြစ်လို့ပါပဲ။
ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာလိဂ်ဟာ ဒေသတွင်းမှာ ပိုပြီးလူသိများလာနိုင်မယ် Online ကကြည့်ရှု့သူ တွေတိုးလာနိုင်တယ်…
Sponsor တွေလည်း ပိုစိတ်ဝင်စားလာနိုင်တယ်…
နောက်ပြီး ကစားသမားအပြောင်းအရွှေ့ဈေးကွက်လည်း ပိုအသက်ဝင်လာနိုင်ပါတယ် ၂၀၂၅-၂၀၂၆ရာသီမှာ ရာမညအသင်းဟာ ဘူတန်လက်ရွေးစင်ကစားသမား Pema Zangpo ကို ခေါ်ယူခဲ့ပါတယ် Pema Zangpo ဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် အတော်အသင့်ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။
ဒီလိုခေါ်ယူမှုတွေက မြန်မာလိဂ်အတွက် အကျိုးရှိပါတယ်။
အခုခေတ်ဘောလုံးလောကမှာ ကွင်းထဲကအောင်မြင်မှုတင်မဟုတ်တော့ပါဘူး။
ကွင်းပြင်ပ Marketing…
ပရိတ်သပ်စိတ်ဝင်စားမှု
Social Media လွှမ်းမိုးမှု
ဒီအရာတွေကလည်း အရေးပါလာပါတယ်။
ဒါကြောင့် ဧရာဝတီအမျိုးသမီးအသင်းရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာကလပ်အသင်းတွေ အတုယူသင့်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ် မြန်မာဘောလုံးတိုးတက်ဖို့ဆိုရင် ကစားသမားမွေးထုတ်ရေးတင်မဟုတ်ဘဲ…လိဂ်ကို ဘယ်လိုလူစိတ်ဝင်စားလာအောင်လုပ်မလဲဆိုတဲ့ အတွေးအခေါ်သစ်တွေလည်း လိုအပ်ပါတယ်
မြန်မာဘောလုံးပရိတ်သပ်တွေကရော ဒီအကြောင်းအရာကို ဘယ်လိုမြင်ပါသလဲ
မြန်မာကလပ်အသင်းတွေက အိမ်နီးချင်းနိုင်ငံက နာမည်ကြီးကစားသမားတွေကို ပိုပြီးခေါ်ယူသင့်တယ်လို့ ထင်ပါသလား?
Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးခမျာ


#မြန်မာဘောလုံးသတင်းများ

15/05/2026

ပထမဆုံးမြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီဖွင့်လှစ်မည်
==================================

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ အတွက် ရန်ကုန်ဇုန် အပြီးသတ်လူရွေးချယ်ပွဲ၏ လက်တွေ့ကွင်းအတွင်း စွမ်းရည်စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်

ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့နယ် များမှ ပဏာမရွေးချယ်ခံထားရသည့် အမျိုးသမီးကစားသမားများသည် မေလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် နံနက် ၇:၀၀နာရီမှ စတင်ကာ ကွင်းအတွင်း လက်တွေ့ကစားနိုင်မှုစွမ်းရည်များကို တာဝန်ရှိသူများရှေ့မှောက်တွင် အစွမ်းကုန် ထုတ်ဖော်ပြသခဲ့ကြပြီးဘောလုံးအခြေခံကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် မြန်နှုန်း၊အသင်းအဖွဲ့နှင့် ပူးပေါင်းကစားနိုင်မှုစသည့် ကဏ္ဍ ရပ်များကို အဓိကထား စိစစ်ခဲ့ကြကြောင်းသိရပါတယ်

ပြီးခဲ့သည့် မေလ (၉) ရက်နေ့မှစတင်ကာ ကစားသမားများ၏ အသက်အရွယ်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ စိစစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ဆေးစစ်မှုများကိုလည်း စနစ်တကျ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်

ရန်ကုန်ဇုန်အတွက် ရွေးချယ်မှုများ ပြီးမြောက်ခဲ့ပြီဖြစ်သဖြင့် ဆက်လက်၍ မန္တလေးဇုန် (မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကလော) အတွက် အပြီးသတ်လူရွေးချယ်ပွဲကို မေလ (၁၇) ရက်မှ (၁၉) ရက်အထိ မန္တလေးမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်

ရန်ကုန်ဇုန်နှင့် မန္တလေးဇုန် နှစ်ခုစလုံးမှ အကယ်ဒမီ တက်ရောက်ခွင့်ရရှိမည့် အပြီးသတ်ရွေးချယ်ခံရသူစာရင်း ကို မေလ ၂၂ ရက် တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ တရားဝင် page မှတစ်ဆင့် တပြိုင်တည်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်

မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီဖွင့်တော့မည့်သတင်းဟာ မြန်မာနိုင်ငံဘောလုံးလောကအတွက် သမိုင်းဝင်ခြေလှမ်းတစ်ခုကို မကြာမီမြင်တွေ့ရတော့မှာ ဖြစ်ပါတယ် အရင်က မြန်မာနိုင်ငံမှာ ဘောလုံးအကယ်ဒမီတွေရှိခဲ့ပေမယ့် အများစုက အမျိုးသားကစားသမားတွေကို အဓိကထားလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ အခုလို အမျိုးသမီးဘောလုံးသမားတွေအတွက် သီးသန့်အကယ်ဒမီဖွင့်လှစ်လာတာက မြန်မာအမျိုးသမီးဘောလုံးအတွက် ခေတ်သစ်တစ်ခု စတင်လာခြင်းလို့တောင် ပြောလို့ရပါတယ်။
လက်ရှိမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာဆီယံဒေသအတွင်း အောင်မြင်မှုအချို့ရရှိထားသလို အာရှအဆင့်ပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်နိုင်တဲ့အသင်းတစ်သင်းအဖြစ် ရပ်တည်နေတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် ရေရှည်တိုးတက်ဖို့အတွက် အခြေခံကစားသမားမွေးထုတ်ရေးစနစ်က အလွန်အရေးကြီးပါတယ်။ အခုဖွင့်လှစ်မယ့် အမျိုးသမီးဘောလုံးအကယ်ဒမီကတော့ အဲဒီလို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီအကယ်ဒမီမှာ လူငယ်အမျိုးသမီးကစားသမားတွေကို ဘောလုံးအခြေခံနည်းစနစ်တွေ၊ ကိုယ်ခံအားလေ့ကျင့်မှုတွေ၊ အသင်းလိုက်ကစားပုံတွေကို စနစ်တကျ လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပြကောင်းတွေ၊ လေ့ကျင့်ရေးစနစ်ကောင်းတွေ၊ ခေတ်မီဘောလုံးကွင်းနဲ့ Facilities တွေပါ ပါဝင်လာမယ်ဆိုရင် မြန်မာအမျိုးသမီးဘောလုံးအတွက် အင်အားကြီးအခြေခံတစ်ခု ဖြစ်လာနိုင်ပါတယ်။
အခုလို အကယ်ဒမီဖွင့်လှစ်လာတာဟာ မိန်းကလေးငယ်တွေကိုလည်း အားပေးမှုကြီးတစ်ခု ဖြစ်စေပါတယ်။ အရင်က “ဘောလုံးက ယောက်ျားလေးတွေရဲ့အားကစား” ဆိုတဲ့ အမြင်တွေရှိခဲ့ပေမယ့် အခုခေတ်မှာတော့ အမျိုးသမီးဘောလုံးဟာ ကမ္ဘာတစ်ဝှမ်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း မိန်းကလေးတွေ ဘောလုံးကစားခွင့်၊ အိပ်မက်အကောင်အထည်ဖော်ခွင့် ပိုမိုရရှိလာတော့မှာ ဖြစ်ပါတယ်။
အထူးသဖြင့် နယ်မြို့တွေက ဘောလုံးဝါသနာရှင်မိန်းကလေးတွေအတွက် ဒီအကယ်ဒမီက အခွင့်အရေးကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ Talent ရှိပေမယ့် အခွင့်အရေးမရခဲ့တဲ့ လူငယ်တွေဟာ အခုလို Academy စနစ်ကနေတဆင့် မြန်မာလက်ရွေးစင်အသင်းအထိ တက်လှမ်းနိုင်တဲ့ လမ်းကြောင်းတစ်ခု ရရှိလာတော့မှာပါ။
ဘောလုံးလောကမှာ အောင်မြင်မှုရဖို့ဆိုတာ တစ်နေ့တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အခြေခံကောင်းတစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဂျပန်၊ ကိုရီးယား၊ တရုတ်တို့လို အာရှအင်အားကြီးနိုင်ငံတွေဟာလည်း Academy စနစ်ကနေ စတင်တည်ဆောက်ခဲ့ကြတာပါ။ အခု မြန်မာနိုင်ငံမှာလည်း အမျိုးသမီးဘောလုံးအတွက် အဲဒီလိုစနစ်တကျတည်ဆောက်လာတာက အနာဂတ်အတွက် မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီအကယ်ဒမီကနေ အနာဂတ်မြန်မာ့အမျိုးသမီးဘောလုံးကြယ်ပွင့်တွေ ပေါ်ထွက်လာမလား၊ အာရှအဆင့်မှာ ပြန်လည်အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလို မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီ ဖွင့်လှစ်တော့မယ့်အခြေအနေကတော့ မြန်မာဘောလုံးသမိုင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုဆိုတာ သေချာပါတယ်


#မြန်မာဘောလုံးသတင်းများ

15/05/2026

မြန်မာဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံစာတင်ထားတဲ့ မောင်မောင်လွင်
====================================
မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင်မောင်မောင်လွင်ဟာ ဆိုးသွမ်းပရိတ်သပ်တစ်ဦးကို ကိုယ်ထိလက်ရောက်ပြုမူခဲ့မှုအတွက် ဒဏ်ကြေးငွေသိန်း(၃၀)နှင့် (၆)လပွဲပယ်ပြစ်ဒဏ်ကျခံထားရတာဖြစ်ပြီး ပရိတ်သပ်အများအပြားရဲ့ ဝေဖန်ပြစ်တင်မှုကိုလည်း ခံခဲ့ရပါတယ် ယခုလမ်ဖွမ်ဝါရီယာအသင်းနဲ့လမ်းခွဲခဲ့ရတဲ့အခြေနေအထိ ရောက်ခဲ့ပါတယ်

အဲ့ဒီနောက်မောင်မောင်လွင်က လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ဖေ့ဘွတ်စာမျက်နာကတစ်ဆင့် အသိပေးကြေငြာခဲ့ပါတယ် ပြသနာတွေဖြစ်နေဆဲအချိန်မှာ စိတ်ခံစားချက်အရ ပြောဆိုမိတာဖြစ်ကြောင်း မောင်မောင်လွင်က ပြောကြားခဲ့ပါတယ် မောင်မောင်လွင်ရဲ့မေတ္တာရပ်ခံစာမှာတော့
" ကျွန်တော့်ရဲ့ယခင်ဆုံးဖြတ်ချက်ဟာ ခဏတာစိတ်ခံစားချက်ပေါ့လျော့မှုကြောင့် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချခဲ့တာဖြသ်ပေမဲ့ မြန်မာအမျိုးသားအသင်းကို ကိုယ်စားပြုရတဲ့ဂုဏ်နဲ့ ဘာမှမယှဉ်နိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ဒီဂုဏ်ယူမှုနဲ့ခံစားချက်ဟာ အစားထိုးလို့မရပါဘူး။ကျွန်တော့်ရဲ့အယူခံကို MFFကို တရားဝင်တင်သွင်းထားပြီး အယူခံကော်မတီအနေနဲ့ ကျွန်တော့်ရဲ့အခြေနေကို ပြန်လည်သုံးသပ်ပေးဖို့ စိတ်ရင်းနဲ့တောင်းဆိုပါတယ်" ဟု ရေးသားထားတာတွေ့ရပါတယ်

မောင်မောင်လွင်အနေနဲ့ အကောင်းဆုံးစိတ်ဓာတ်ခံယူချက်တွေနဲ့ မြက်ခင်းစိမ်းပေါ်ပြန်လာနိုင်ပါစေ ဆုတောင်းပေးပါတယ်


#မြန်မာဘောလုံးသတင်းများ
#မောင်မောင်လွင်

15/05/2026

၂၀၂၆ ယူ-၁၇ အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ်များဖြစ်ပါတယ် အာဆီယံကိုယ်စားပြု ဗီယက်နမ်ကတော့ အာဆီယံယူ-၁၇ပြိုင်ပွဲဗိုလ်လုပွဲမှာ အနိုင်ယူနိုင်ခဲ့တဲ့ ဩ‌စတြေးလျအသင်းနဲ့ပြန်လည်တွေ့ဆုံနေတာဖြစ်ပါတယ် ဗီယက်နမ်အသင်း ဆီမီးဖိုင်နယ်အထိ တက်လှန်းသွားနိုင်မလား

15/05/2026

၂၀၂၆ ယူ-၁၇အမျိုးသားအာရှဖလား ဝင်ခွင့်ရ အာရှအသင်းများဖြစ်ပါတယ် အာဆီယံကိုယ်စားပြု ဗီယက်နမ်အသင်း တစ်သင်းထဲသာ ပါဝင်လာပါတယ်။ ဗီယက်နမ်ယူ-၁၇အသင်းဟာ အာရှထိပ်သီး တောင်ကိုးရီးယားပါဝင်တဲ့အုပ်စုဖြစ်ပေမဲ့ အုပ်စုပထမနှင့် ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တာဖြစ်ပါတယ် ကိုယ်တွေမြန်မာအသင်းတွေကတော့ အားကျနေရုံပါပဲ

15/05/2026

အေအက်ဖ်စီချဲလန့်လိဂ်ပြိုင်ပွဲဒုတိယဆုရခဲ့တဲ့ ကမ္ဘာဒီးယားလိဂ်ကလပ် Svay Riengအသင်း
===================================
အာရှတတိယအမြင့်ဆုံးကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ အေအက်ဖ်စီချဲလန့်လိဂ်ဖလားမှာတော့ ကမ္ဘောဒီးယားလိဂ်ကလပ် Svay Riengအသင်းက ဒုတိယဆုရခဲ့ပါတယ် ဒါဟာ Svay Rieng အသင်းရဲ့ ၂နှစ်ဆက်ဒုတိယဆုရတာဖြစ်ပါတယ် ၂၀၂၅-၂၀၂၆ အေအက်ဖ်စီချဲလန့်လိဂ်ဗိုလ်လုပွဲမှာ Svayအသင်းကကူဝိတ်ကလပ်ကူဝိတ်အက်စ်စီအသင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် Svay အသင်းက ပွဲကစားချိန် ၃မိနစ်နှင့်၉မိနစ်မှာ ဦးဆောင်ဂိုးနှစ်ဂိုးအထိရခဲ့ပေမဲ့ ကူဝိတ်အက်စ်စီအသင်းက ၄၈မိနစ်နှင့်၅၆မိနစ်တို့မှာ ချေပဂိုးနှစ်ဂိုးပြန်သွင်းသွားခဲ့ပြီး သာမန်ပွဲကစားချိန်ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်ကြတာကြောင့် အချိန်ပို မိနစ်၃၀ဆက်ကစားတဲ့ကခါမှာလည်း Svayအသင်းက ၉၆မိနစ်မှာ ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမဲ့ ကူဝိတ်အသင်းက ၉၉မိနစ်မှာချေပဂိုး ၁၁၀မိနစ်မှာ အနိုင်ဂိုးထပ်သွင်းသွားခဲ့တာကြောင့် (၄-၃)ဂိုးနဲ့ Svayအသင်းက ရှုံးနိမ့်ခဲ့ပါတယ်

ဒီအရှုံးကြောင့် Svay အသင်းက ဗိုလ်လုပွဲမှာ ၂နှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုတွေနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ် ဘာပဲဖြစ်ဖြစ်ကမ္ဘောဒီးယားကလပ်တွေဟာ ဒီအဆင့်ထိ တက်လှန်းနိုင်နေတာဖြစ်ပါတယ် နောက်ထပ်ကမ္ဘောဒီးယားကလပ် Phnom penh အသင်းကလည်း ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်

ကျွန်တော်တို့မြန်မာကလပ်တွေကတော့ ပုပ်စုအဆင့်ကိုတောင်မကျော်နိုင်ခဲ့ပါဘူး

14/05/2026

လမ်ဖွမ်နဲ့လမ်းခွဲလိုက်တဲ့ မောင်မောင်လွင်


#မြန်မာဘောလုံးသတင်းများ
#မောင်မောင်လွင်

14/05/2026

လမ်ဖွမ်ဝါရီယာအသင်းနဲ့လမ်းခွဲလိုက်တဲ့ မောင်မောင်လွင်
====================================

ထိုင်းလိဂ်ကလပ်လမ်ဖွမ်ဝါရီယာအသင်းဟာမြန်မာကစားသမားမောင်မောင်လွင်နဲ့လမ်းခွဲလိုက်ပြီဖြစ်‌ေကြောင်း အတည်ပြုကြေငြာလိုက်ပါတယ် မောင်မောင်လွင်ဟာ လမ်ဖွမ်အသင်းနဲ့ငါးနှစ်စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး စာချုက်သက်တမ်း၂နှစ်ကျန်နေသေးတာဖြစ်ပါတယ် မိသားစုကိစ္စကြောင့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းမှာ ၆လအငှားပြန်လာကစားခဲ့တဲ့မောင်မောင်လွင်ဟာ ဆိုးသွမ်းပရိတ်သပ်တစ်ဦးနဲ့ပြသနာဖြစ်ခဲ့တာကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်နှင့်မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူတွေက မောင်မောင်လွင်ကို ဘောလုံးလောကနဲ့ ပတ်သတ်ခွင့် ၆ လပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်

မောင်မောင်လွင်ဟာ မြန်မာ့လက်ရွေးစင်အသင်းရဲ့အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်သလို ခြေစွမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ ခဏတာစိတ်ကိုမထိန်းချုပ်နိုင်ခဲ့တာကြောင့် မဖြစ်သင့်တဲ့အမှားတစ်ခုကျူးလွန်မိတာကြောင့် ကစားသမားဘဝများစွာထိခိုက်သွားတဲ့ မောင်မောင်လွင်တစ်ယောက် ပွဲပယ်ပြစ်ဒဏ်ပြီးတဲ့အခါ အကောင်းဆုံးခြေစွမ်းတွေနဲ့ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်


#မြန်မာဘောလုံးသတင်းများ
#မောင်မောင်လွင်

13/05/2026

အနိုင်မရပေမဲ့ခြေစွမ်းကောင်းပြခဲ့တဲ့ မြန်မာယူ-၁၇

#

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok