29/05/2026
🚨 လာမယ့်ရာသီမှာ ဘာစီလိုနာရဲ့ တခေတ်တခါက ကျော်ကြားခဲ့တဲ့ M.S.N ထက် ပိုကြမ်းဖို့ရှိနေတဲ့ G.A.Y. တိုက်စစ်အတွဲအဖက်ကို မြင်ရတော့မယ်! 🤩🔥
G.A.Y. ရဲ့ တိုက်စစ်စွမ်းအားကို ခံနိုင်ရည်ရှိဖို့ ဥရောပတခွင်က အသင်းတွေ ပြင်ဆင်ထားကြပေဦးတော့! 💪😭
🏴 Gordon 🤝 🇦🇷 Alvarez 🤝 🇪🇸 Yamal
#ဘောလုံးသတင် #ဘာစီလိုနာ #ယာမယ်
26/05/2026
ပရီးမီးယားလိဂ်မှာ ၄ ရာသီပဲ ရှိသေးတယ်၊ အာလင်း ဟာလန်းက ဆာလာနဲ့ အွန်နရီတို့ရဲ့ စံချိန်ကို လိုက်မီဖို့ နောက်ထပ် ရွှေဖိနပ်တရံ ပဲ လိုပါတော့တယ်ခင်ဗျာ။ 🇳🇴🤖
#ဘောလုံးသတင်
#မန်စီးတီး #ဟာလန်း
25/05/2026
ဥရောပရဲ့ ထိပ်သီးလိဂ်ကြီး (၅) ခုရဲ့ ၂၀၂၅/၂၆ ရာသီကတော့ အောင်မြင်စွာနဲ့ ဇာတ်သိမ်းသွားခဲ့ပါပြီ။ 🎬🏆🤩✨
🏴 Premier League: အာဆင်နယ်
🇪🇸 LaLiga: ဘာစီလိုနာ
🇮🇹 Serie A: အင်တာမီလန်
🇫🇷 Ligue 1: ပီအက်စ်ဂျီ
🇩🇪 Bundesliga: ဘိုင်ယန်မြူးနစ်
#ဘောလုံးသတင်း
24/05/2026
ဘရူနို ဖာနန်ဒတ်ဟာ
အွန်နရီနဲ့ဒီဘရိုင်းတို့ရဲ့စံချိန်ကို ကျော်လွန်ပြီး
ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုစံချိန်သစ် တင်နိုင်ခဲ့ပါပြီ။
#ဘောလုံးသတင်း #မန်ယူ
23/05/2026
ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ 2026 FIFA World Cup ပြင်သစ်အသင်း (Les Bleus) ရဲ့ ဂျာစီကျောနံပါတ်စာရင်း (Official Squad Numbers) ကို ကဏ္ဍအလိုက် အောက်မှာ ဇယားနဲ့ အသေးစိတ် စုစည်းပေးထားပါတယ်ဗျာ။
ဒီတစ်ခေါက်မှာ အသစ်ပါဝင်လာတဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ရာယန် ချာကီ (Rayan Cherki) က နံပါတ် ၂၄၊ ကီလီယန် အမ်ဘာပေ (Kylian Mbappé) က နံပါတ် ၁၀ စသည်ဖြင့် ဂန္ထဝင်မြောက် နံပါတ်တွေကို ဆက်လက်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ဂိုးသမားများ
ကျောနံပါတ် /ကစားသမား /ကလပ်အသင်း
၁ /ဘရိုက်စ် ဆမ်ဘာ (Brice Samba) Rennes
၁၆ /မိုက် မိုင်ဂနန် (Mike Maignan) AC Milan
၂၃ /ရိုဘင် ရစ်ဆာ (Robin Risser) Lens
နောက်တန်း
ကျောနံပါတ် /ကလပ်အသင်း
၂ မာလို ဂူစတို (Malo Gusto) Chelsea
၃ လူကပ်စ် ဒစ်ဂ်ညီ (Lucas Digne) Aston Villa
၄ ဒါယို အူပါမီကာနို (Dayot Upamecano) Bayern Munich
၅ ဝီလျံ ဆာလီဘာ (William Saliba) Arsenal
၁၅ အီဘရာဟီမာ ကိုနတေး (Ibrahima Konaté) Liverpool
၁၇ မက်ဆန့်စ် လာခရွား (Maxence Lacroix) Crystal Palace
၁၉ သီယို ဟာနန်ဒက်စ် (Théo Hernandez) Al Hilal
၂၁ လူကပ်စ် ဟာနန်ဒက်စ် (Lucas Hernandez) PSG
၂၆ ဂျူးလ်စ် ကွန်ဒဲ (Jules Koundé) Barcelona
ကွင်းလယ်
၆ အော်ရီလီယန် ချူအာမေနီ (Aurélien Tchouaméni) Real Madrid
၈ မာဂ်နက်စ် အာကလီယော့ရှ် (Maghnes Akliouche) Monaco
၁၃ အန်ဂိုလို ကန်တေး (N'Golo Kanté) Fenerbahçe
၁၄ အာဒရီယန် ရာဘီယော့ (Adrien Rabiot) AC Milan
၁၈ မာနူး ကိုနေး (Manu Koné) Roma
၂၀ ဝါရန် ဇိုင်ရီ-အမ်မရီ (Warren Zaïre-Emery) PSG
၂၄ ရာယန် ချာကီ (Rayan Cherki) Manchester City
ရှေ့တန်း
၇ အူစမန် ဒီမ်ဘီလီ (Ousmane Dembélé) PSG
၉ မားကပ်စ် သူရမ် (Marcus Thuram) Inter Milan
၁၀ ကီလီယန် အမ်ဘာပေ (Kylian Mbappé) [C] Real Madrid
၁၁ မိုက်ကယ် အိုလစ်ဆေး (Michael Olise) Bayern Munich
၁၂ ဒီဆိုင်းရီ ဒူအေး (Désiré Doué) PSG
၂၂ ဂျင်း-ဖိလစ် မာတေတာ (Jean-Philippe Mateta) Crystal Palace
၂၅ ဘရက်ဒ်လေ ဘာကိုလာ (Bradley Barcola) PSG
#ဘောလုံးသတင်း #ကမ္ဘာ့ဖလား
23/05/2026
အသက် ၄၀ ကျော်ရင် ကစားသမားဘဝ နိဂုံးချုပ်ပြီလို့ ထင်နေကြတဲ့ ရိုးရာသမိုင်းကြောင်း တွေကို ရိုက်ချိုးပစ်ခဲ့တဲ့သူတွေ... 🏆❤️✨
🇵🇹 ခရစ်စတီယာနို ရိုနယ်ဒို
🇸🇪 ဇလာတန် အီဘရာဟီမိုဗစ်ခ်
🇧🇷 သီယာဂို ဆေးလ်ဗား
🇮🇹 ဂျန်လုအီဂျီ ဘတ်ဖွန်
အသက်အရွယ်ဆိုတာ သူတို့အတွက်တော့ ကိန်းဂဏန်းတစ်ခုထက် မပိုခဲ့ဘူး။ "ဂန္ထဝင်" ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ သမိုင်းအသစ်တွေကို အမြဲတမ်း ရေးထိုးနေမယ့် ဘောလုံး လောကရဲ့ ဘုရင်တွေ။ 👑🤩
#ရိုနယ်ဒို
#ဘောလုံးသတင်း
21/05/2026
ဆော်ဒီပရိုလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ဆုဖလား ရရှိသွားတဲ့ စီရော်နယ်လ်ဒို
အယ်လ်နာဆာအသင်းဆီ စတင်ပြောင်းရွှေ့လာကတည်းက အဓိကဆုဖလားကြီးတစ်ခုခု ရယူနိုင်ဖို့ နှစ်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် နောက်ဆုံးမှာတော့ အသင်းနဲ့အတူ ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပြီး အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ အယ်လ်နာဆာအသင်းဟာ ဒါမက်အသင်းကို ၄ ဂိုး - ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖလားကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပါ။ အသင်းအတွက် အရေးပါလှတဲ့ ဒီပွဲစဉ်မှာ ဝါရင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုက သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ပေးခဲ့ပြီး ကျန်ရှိတဲ့ဂိုးတွေကိုတော့ မာနေးနဲ့ ကိုးမန်းတို့က တစ်ဂိုးစီ ခွဲဝေသွင်းယူပေးခဲ့ကြပါတယ်။
ဒီနိုင်ပွဲကြောင့်ပဲ အယ်လ်နာဆာအသင်းဟာ အနီးကပ်ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းကို ၂ မှတ်အသာနဲ့ ဖြတ်ကျော်ကာ ၂၀၂၅-၂၆ ရာသီရဲ့ ဆော်ဒီပရိုလိဂ်ဘုရင်အဖြစ် သရဖူဆောင်းနိုင်ခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ၂၈ ဂိုးအထိ သွင်းယူပေးခဲ့တဲ့အပြင် ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံဖြစ်အောင် အဓိကပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။
#ဘောလုံးသတင်း #ရိုနယ်ဒို #အယ်လ်နာဆာ
21/05/2026
2025/26 ဆော်ဒီပရိုလိဂ် အမှတ်ပေးချန်ပီယံဆုကို
အယ်လ်နာဆာ အသင်းက ရရှိသွားခဲ့ပါပြီ။
#ဘောလုံးသတင်း #ရိုနယ်ဒို
21/05/2026
ဂျေဒန် ဆန်ချိုရဲ့ လွန်ခဲ့တဲ့ ၃ ရာသီက ဥရောပဘောလုံး စစ်မြေပြင်အောင်မြင်မှု မှတ်တမ်းစုံ 📈✨
👀 2023/24 - ချန်ပီယံလိဂ် ဒုတိယ (ဒေါ့မွန်နဲ့အတူ)
🏆 2024/25 - ကွန်းဖရန့်လိဂ် ချန်ပီယံ (ချယ်လ်ဆီးနဲ့အတူ)
🏆 2025/26 - ယူရိုပါလိဂ် ချန်ပီယံ (အက်စတွန်ဗီလာနဲ့အတူ)
ယူနိုက်တက်ကနေ အငှားထွက်ပြီးနောက်ပိုင်း ဥရောပဖလားပြိုင်ပွဲ သုံးခုလုံးရဲ့ ဗိုလ်လုပွဲကို (၃) နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့သလို ဖလားတွေကိုလည်း တစ်နှစ်တစ်လုံး အောင်အောင်မြင်မြင် ဆွတ်ခူးနေခဲ့တာ ဖြစ်ပါတယ်။
မနှစ်က ချယ်လ်ဆီးနဲ့ ကွန်းဖရန့်လိဂ် ရခဲ့သလို၊ အခုနှစ်မှာလည်း အက်စတွန်ဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြန်ပါပြီ။ ဆန်ချိုတစ်ယောက် ဥရောပစစ်မြေပြင်မှာတော့ ကံဇာတာ တက်နေတယ်လို့ ပြောရမှာပါ။
#ဘောလုံးသတင်း #ပရီးမီးယားလိဒ် #ဆန်ချို #မန်ယူ
21/05/2026
မန်ယူကစားသမားဟောင်း ဗစ်တာ လင်ဒီလော့ဖ် ကတော့ နောက်ဆုံးမှာ ယူရိုပါလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ! 🏆✨
❌ Man United (2021) - ဒုတိယနဲ့ လွဲချော်
❌ Man United (2025) - ဒုတိယနဲ့ ထပ်လွဲ
✅ Aston Villa (2026) - နောက်ဆုံးတော့ ချန်ပီယံ ဖြစ်ခဲ့ပြီ!
"Third time's a charm..." ဆိုတဲ့အတိုင်း သုံးကြိမ်မြောက်မှာတော့ ကံကြမ္မာက သူ့ဘက်မှာ ရှိခဲ့ပါတယ်။ မန်ယူမှာ နှစ်ခါအထိ ဗိုလ်လုပွဲမှာ ဒဏ်ရာတွေ၊ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အက်စတွန်ဗီလာနဲ့အတူ အောင်မြင်မှု အသစ်ကို အရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဗစ်တာ လင်ဒီလော့ဖ် တစ်ယောက် ဗီလာနဲ့အတူ ဒီဖလားကို ဆွတ်ခူးသွားနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်တွေရော၊ ဘောလုံးဝါသနာရှင်တွေပါ ဘာပြောချင်ကြလဲဗျာ? 💬👇
#ဘောလုံးသတင်း #ပရီးမီးယားလိဒ် #မန်ယူ #ဗီလာ #
21/05/2026
" အာဆင်နယ် လူငယ်လေး မက်စ်ဒေါင်းမန်း ဟာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သွားခဲ့ပါပြီ''။
#ဘောလုံးသတင်း #ပရီးမီးယားလိဒ် #အာဆင်နယ်