Football world class Myanmar

Football world class Myanmar

แชร์

ဘောလုံးသတင်း/အားကစားနဲ့အခြားစိတ်ဝင်စားစရာအကြောင်းအရာများကို‌ ဒီPageကနေ
နေ့စဉ်တင်ဆက်ပေးသွားမှာပါ (follow) လုပ်ပေးဖို့လဲ တောင်းဆိုပါတယ်❤️

18/04/2026

ပရီးမီးယားလိဂ်မှာ ပြန်မြင်ရမဲ့ ဖရန့်လမ်းပါတ်!!!

2001ခုမှစ်တည်းကတန်းဆင်းသွားတဲ့ ကိုဗင်ထရီအသင်းဟာ အနိမ့်မြင့်အတက်ကျတွေများသွားခဲ့ပြီး ပရီးမီးယားလိဂ်ကိုပြန်တက်ဖို့အခွင့်ရေး မရရှိတော့ပဲ ဖရန့်လမ်းပတ် ကိုင်တွယ်နေတဲ့ 2026မှာတော့ အမြင့်ပျံခြေစွမ်းနဲ့အတူ Championship ဖလားကြီးပါ ကိုင်မြောက်ပြီး ပရီးမီးယားလိဂ်ကို
တန်းတက်လာနိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့ လတ်စတာစီးတီးအသင်းကတော့ Championship မှာပါ ထပ်ပြတန်းဆင်းရဖို့များနေပြီး ပရီးမီးယားလိဂ်မှာပြန်မြင်ရဖို့ မလွယ်တော့ပါဘူး။

Photos from Football world class Myanmar's post 18/04/2026

သောကြာနေ့မနက်ပွဲပြီးရလဒ်များ

Photos from Football world class Myanmar's post 17/04/2026

အားကစားနဲ့မဆိုင်ပေမယ့်!!!

အားကစားနဲ့မဆိုင်ပေမယ့်ပြည်သူတိုင်းနဲ့ဆိုင်တဲ့သတင်းမို့ တင်လိုက်ပါရစေ

17/04/2026

အဆုတ်နှစ်ခုလူသားလေးသို့ တမ်းချင်း!!!

လွန်ခဲ့တဲ့(9)နှစ် (2017)ခုနှစ်က မိုနာကိုကနေ မန်စီးတီးအသင်းကိုရောက်လာတဲ့ကောင်လေးဟာ "ကျွန်တော်ဒီကိုရောက်လာတာ ဘဝမှာအောင်မြင်ချင်တယ် ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် အိမ်မက်နောက်ကိုလိုက်ခဲ့တာပါ"ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ ဒီ(9)နှစ်တာ ကာလအတွင်း ပွဲပေါင်း (451)ပွဲကစားပေးခဲ့ပြီး ရမှတ် (100 )စံချိန်တင် ပရီးမီးယားလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဖလား (4)လုံးအောင်မြင်မှု ဖလား(3)လုံးအောင်မြင်မှု/ လေးနှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုတွေ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ဖလားကြီး စတာ‌တွေကို မန်စီးတီးအတွက်ယူပေးခဲ့ပြီး ဒါဟာသူလိုချင်တဲ့ အိမ်မက်တွေ အမှန်တစ်ကယ်ပြည့်ဝခဲ့ပါပြီ။

ခုတော့ ဒီကစားသမားလေးဟာ အသက်31နှစ်ရှိခဲ့ပြီး အသင်းမှာလဲ captainရာထူးကိုပါရရှိခဲ့ကာ
အားလုံးချစ်ရတဲ့ အသင်းသားတွေ အမြဲဝိုင်းစတာခံရတဲ့ ဘာနာဒိုဟာ ရာသီကုန်မှာတော့ အသင်းနဲ့ လမ်းခွဲတော့မယ်လို့အသိပေးလာခဲ့ပါပြီ။

ဒီနှစ်တွေက မန်စီးတီးရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက်ပြီးတစ်ယောက်ထွက်ခဲ့ကြလို့ စီးတီးပရိတ်သတ်တွေအနေနဲ့ မျက်ရည်တွေလဲခမ်းကုန်ပြီထင်ပါရဲ့🥹။

#ဘာနာဒိုဆေးလ်ဗား
#မန်စီးတီး

17/04/2026

အိုနာနာ့အကို🤣 (ရယ်ရုံပဲ ဘာမတတ်နိုင်တော့ဘူး)။

Photos from Football world class Myanmar's post 17/04/2026

ပွဲပြီးရလဒ်များ!!

16/04/2026

ချန်ပီယံလိဂ်ဖလား ယူဦးမလားအာဆင်နယ်!!!

အာဆင်နယ် 0-0 စပို့တင်း (နှစ်ကျော့ပေါင်း 1-0မဲ့အာဆင်နယ်နောက်တစ်ဆင့်တက်)

အာဆင်နယ်အနေနဲ့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ထားပြီး စပို့တင်းကို သရေကျအောင်ကစားပြီး ၂ကျော့ပေါင်း ရလဒ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။

#အာဆင်နယ်

16/04/2026

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် FT ရလဒ်

Bayern 4-3 Real (နှစ်ကျော့ပေါင်း 6-4နဲ့ ဘိုင်ယန်နောက်တစ်ဆင့်တက်)
⚽️Olise 90+4’ ⚽️Pavlovic 6'⚽️Kane 38'⚽️Diaz 89

⚽️⚽️Guler 1',29' ⚽️Mbappe 43'
🟥Camavinga 86’

ရီရဲလ်အနေနဲ့ နောက်တစ်ဆင့်တက်တော့မယ်လို့ထင်ခဲ့ပေမယ့် ဘိုင်ယန်ရဲ့ခြေစွမ်းကြီးကကြောက်စရာပါပဲ ဒီနှစ် အာဆင်နယ်ကို တားမဲ့သူဆိုလို့ဘိုင်ယန်မြူးနစ်တစ်သင်းပဲရှိပါတော့တယ် အိမ်ကွင်းမှာ
ရီရဲလ်တို့ 1-2နဲ့ရှုံးထားလို့ အဝေးကွင်းမှာတော့ 3ဂိုးအထိသွင်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်တို့ 4ဂိုးထိ ပြန်သွင်းခဲ့လို့ ကွာတားမှာပဲ ကျန်ရစ်ခဲ့ပါတော့တယ်။

#ဘိုင်ယန်မြူးနစ်
#ရီရဲလ်မက်ဒရစ်

15/04/2026

ရော့ထန် ဘယ်သွားမလဲ!!!

ခုဖြစ်ပျက်နေတဲ့ One Championship နဲ့ ရော့ထန်ကိစ္စက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လာတဲ့အဖြစ်ပါ မြန်မာစကားပုံ အနေနဲ့ပြောရရင်တစ်နည်းအားဖြင့် Oneက ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တာခံနေရတာမျိုးပါ။

ရော့ထန်အနေနဲ့ သူနာမည်ရလာတော့ ထိုးကြေးတွေအများကြီးလိုချင်လာတာကနေ ပြဿနာကစလာတာ‌လို့ပြောရင်မမှားပါဘူး သူခနခနလိုင်းပေါ်တင်လာတာက ပိုက်ဆံသာ ပိုပေးရင် ၂ယောက်တစ်ယောက်လဲ ထိုးမယ်ဘာညာနဲ့ ပရိတ်သတ်တွေလဲသိကြမှာပါ ဒါပေမယ့် တစ်ခုပြောစရာက ရော့ထန်အနေနဲ့ထိုးကြေးက ကြောက်ခမန်းလိလိရတာပါ ဘတ်ငွေ သန်းဆယ်ချီရခဲ့တာတွေလည်းရှိပါတယ် promotionအနေနဲ့လည်း
ရော့ထန် စူပါလတ် စတန့်တို့လိုကစားသမားတွေကို Super Star ဖြစ်အောင် မြေတောင်မြှောက်ပေးလာရင်း ဖြစ်လာတာလို့ ပြောရင်မမှားပါဘူး ရော့ထန်ဆိုရင် သူထိုးတဲ့ ကစားသမားတွေက ကြမ်းပါတယ်ဆိုတာတွေတောင်မပါပါဘူး တစ်ချို့ကစားသမားတွေဆို ကိုယ်တွေတောင်မသိပါဘူး အဲ့လိုနဲ့ ခါးပါတ်တွေရပြီးနာမည်တော်တော်ကြီးလာပြီး Instagram Followerတွေတောင် သန်းချီရှိလာတာပါ သူအခုထိုးမယ့် 🇯🇵တာကဲရုကို 🇲🇲ကျော်စွာဝင်းထိုးရင်တောင် သုံးချီမပြည့်လောက်ဖူးလို့ ခံစားမိပါတယ် ဒါဟာရော့ထန်ကို အရည်ချင်းမရှိဘူးလို့ပြောတာမဟုတ်ပါဘူး
ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တဲ့ ကစားသမားတစ်ယောက်ပါပဲ။

One Championship က ရော့ထန်ကို စင်္ကာပူ ထိုင်း ဂျပန်တို့မှာ တရားစွဲဆိုထားတဲ့အချက်ကြောင့် လာမယ့်ဂျပန်မှာထိုးမယ့် တာကဲရုနဲ့ပွဲဟာ ထိုးဖြစ်မလားဆိုတာ မသေချာသေးပါဘူး One Championship အနေနဲ့လဲ အဲ့ပွဲအကြောင်းဘာမှမပြောသေးပါဘူး
ရော့ထန်နေရာမှာ လူစားဝင်ထိုးရမယ့်သူကိုရွေးပါဆိုရင် ပရိတ်သတ်ကြီးတို့ ဘယ်သူ့ကိုရွေးချယ်စေချင်လဲ...


#ရော့ထန်

14/04/2026

တီကိုကြောင့် ဖလား2လုံးလက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာ!!!

အသလက်တီကို 1-2 ဘာစီလိုနာ (နှစ်ကျော့ပေါင်း 3-2နဲ့ တီကိုနောက်တစ်ဆင့်တက်)

ဘာစီလိုနာတို့ အစမကောင်းခဲ့လို့အနှောင်းလဲမသေချာခဲ့ပါဘူး ဖလား၂လုံးတောင် တီကိုကြောင့်ထွက်ခဲ့တာ ပုံစံတူတွေချည်းပါပဲ ပထမအကျော့တွေမှာ ဂိုးပြတ်တွေရှုံးပြီး ဒုတိယအကျော့တွေမှာတော့ နိုင်သာနိုင်တာ ပထမအကျော့တွေဂိုးပြတ်ထားလို့ ပြိုင်ပွဲတွေကနေ တီကိုကြောင့် ထွက်ခဲ့ရပါတယ်။

#ဘာစီလိုနာ
#အသလက်တီကို

14/04/2026

အိုး Ekitike ရေ🥹🥹🥹

14/04/2026

ပရီးမီးယားလိဂ်ပွဲစဉ် FT ရလဒ်

မန်ယူ 1-2 လိဒ်

ပထမပိုင်းတော်တော်ချာခဲ့တဲ့ခြေစွမ်းကြောင့်
မန်ယူတို့ လိဒ်ရဲ့တန်ပြိုင်တိုက်စစ်တွေကိုမထိန်းချုပ်နိုင်ခဲ့ပဲ၂ဂိုးထိပေးခဲ့ရပါတယ် ဒုတိယပိုင်း56မိနစ်မှာတော့ မာတီးနက်ဇ်ဟာ လိဒ်ကစားသမားရဲ့ဆံပင်ကိုဆွဲခဲ့တယ်ဆိုပြီး ဒိုင်ကအနီကဒ်ပြသခဲ့ပါတယ် ဒါကြောင့်လက်ကျန်မိနစ်တွေမှာ ပိုမိုရုန်းကန်ခဲ့ရပြီး အားစိုက်ကစားလာခဲ့ကာ တစ်ဂိုးတော့ပြန်သွင်းနိုင်ခဲ့ပါတယ်။

#မန်ယူ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok