Favorite my self

Favorite my self

แชร์

������

22/06/2025

ဝါတွင်း (၃)လ ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ်

စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပေးထားပါတယ်ရှင်

ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့ မှ သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်ရှင်

သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်

စိပ်ရမယ့် နေ့ရက်များ

၀၉.၇.၂၀၂၅ မှ ၁၇.၇.၂၀၂၅ အထိ
(၉)ပါး စလုံးကိုနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
__________________________

အရဟံ သိဒ္ဓိ (၉)ပတ်
( ၁၈.၇.၂၀၂၅ ) မှ ( ၂၆.၇.၂၀၂၅ ) အထိ
__________________________

သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
( ၂၇.၇.၂၀၂၅ ) မှ ( ၀၄.၈.၂၀၂၅ ) အထိ
________________________

ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
( ၅.၈.၂၀၂၅ ) မှ ( ၁၃.၈.၂၀၂၅ ) အထိ
________________________

သုဂတော သိဒ္ဓိ (၉)ပတ်
( ၁၄.၈.၂၀၂၅ ) မှ ( ၂၂.၈.၂၀၂၅ ) အထိ
__________________________

လောကဝိဒူ သိဒ္ဓိ (၉)ပတ်
( ၂၃.၈.၂၀၂၅ ) မှ ( ၃၁.၈.၂၀၂၅ ) အထိ
__________________________

အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
( ၁.၉.၂၀၂၅ ) မှ ( ၉.၉.၂၀၂၅ ) အထိ
__________________________

သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
( ၁၀.၉.၂၀၂၅ ) မှ ( ၁၈.၉.၂၀၂၅ ) အထိ
__________________________

ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
( ၁၉.၉.၂၀၂၅ ) မှ ( ၂၇.၉.၂၀၂၅ ) အထိ
_________________________

ဘဂဝါ သိဒ္ဓိ ((၉)ပတ်
( ၂၈.၉.၂၀၂၅ ) မှ ( ၆.၁၀.၂၀၂၅ ) အထိ
_________________________

🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

16/11/2024

🏜️ မင်္ဂလာနံနက်ခင်း လေးပါ 🏜️

🌸🌿 သုံးဆယ့်တစ်ဘုံမှီတင်းနေထိုင်ကြကုန်သော
...ရဟန်းရှင်လူနတ်ဗြဟ္မာ သတ္တာဝါ အားလုံး 🙏🙏🙏

🌸🌿 အိပ်ယာက နိုးထသည့်အချိန်မှစ၍
ကျက်သရေမဂ်လာအဖြာဖြာနှင့်ပြည့်စုံကြပါစေ🙏🙏🙏

🌸🌿အသက်ရှည် ကျမ်းမာ စိတ်ချမ်းသာလို့
လိုအင်ဆန္ဒ ပြည့်ဝကြပါစေ🙏🙏🙏

🌸🌿 ဘေးဘယာ ဝေးကွာကြလို့
အပူတွေကင်းပြီး ဘေးရှင်းကြပါစေ🙏🙏

လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Card/မူရင်း

10/06/2024

မကြာခင်မှာ ဝါဝင်တော့မှာဆိုတော့
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
📿📿📿📿📿📿📿📿📿📿📿
စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပြီးပါပြီ
ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့မှ
သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်။
သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်
စိပ်ရမဲ့ နေ့ရက်များ
__________________________
(၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
1.. 8 . 2023 မှ
9. 8 . 2023 အထိ
__________________________
အရဟံ သိဒ္ဓိ (၉)ပတ်
10.8 .2023 မှ
18 . 8 . 2023 အထိ
__________________________
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
19 . 8 . 2023 မှ
27 . 8 . 2023 အထိ
________________________
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
28. 8 . 2023 မှ
5 . 9 . 2023 နေ့အထိ
________________________
သုဂတော သိဒ္ဓိ (၉)ပတ်
6. 9. 2023 မှ
14 . 9 . 2023 နေ့အထိ
__________________________
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
15 . 9. 2023 မှ
23. 9 . 2023 နေ့အထိ
__________________________
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
24. 9 . 2023 မှ
2. 10 . 2023 နေ့အထိ
__________________________
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
3. 10 . 2023 မှ
11. 10 . 2023 အထိ
__________________________
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
12 . 10 . 2023 မှ
20. 10 . 2023 အထိ
_________________________
ဘဂဝါ သိဒ္ဓိ (၉)ပတ်
21. 10 . 2023 မှ
29. 10 . 2023 အထိ
__________________________
🙏🙏🙏🙏🙏

08/06/2024

စိတ်ဓာတ်ကျပြီး အနာဂတ်မရှိတော့သလိုခံစားရရင်
"ဗုဒ္ဓနုဿတိ" ဂုဏ်တော်ပွား

ဂြိုလ်စီးဂြိုလ်နင်းညံ့တဲ့အခါ ကံဇာတာညံ့တဲ့အခါ အဆင်မပြေတဲ့အခါ အတိတ်နမိတ်မကောင်းတဲ့အခါ
"ပုပဏှသုတ်" ကိုရွတ်

ကျန်းမာရေးညံ့ရင်
"ဗောဇ္စျင်သုတ်"နဲ့"ရတနာ့သုတ်"ကိုရွတ်

အချစ်မခံရရင် မျက်နှာအကြည်ဓာတ်ပျက်နေရင် လူမုန်းများနေရင် သောကရောက်နေရင်
"မေတ္တာသုတ်"ကို ၁၁၁ ခေါက် (၁) လအဓိဌာန်ဝင် အချိန်ခွဲပူဇော်လို့ရပါတယ်

ငွေကြေးအကြပ်အတည်းဖြစ်နေရင်
"ဦးခန္တီ ပုတီး " စိတ်

စီးပွားရေး အဆင်မပြေရင်
"ဒိဝါတပတိ" နိုင်သလောက်စိတ်

ဆုတောင်းတွေပြည့်ချင်ရင်
"မဟာသမယသုတ်"ကိုလူခြေတိတ်ချိန် သေချာရွတ် မနက် ၂နာရီ ထရွတ်နိုင်ရင်အကောင်းဆုံး

လူယုတ်မာတွေနဲ့ဝေးချင်ပြီး အောင်မြင်ချင်ရင်
"ပဌာန်း" အကျယ် အဓိဌာန် ၁လဝင်

အန္တရာယ်ကင်းချင်ရင်
"သဗုဒ္ဓေ ဂါတာတော်နဲ့ ပရိတ်ကြီး ၁၁ သုတ်" ကိုရွတ်

စစ်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာတွေကြုံတဲ့အခါ
"ဓဇဂ္ဂသုတ်"ကိုသေချာရွတ်

ယုံကြည်စွာနဲ့ အားကိုးရလောက်တဲ့ကုသိုလ်ဖြစ်အောင် မပျက်မကွက်နဲ့ထုံနေအောင်သာပူဇော်ကြည့်
ဘယ်ကနေရောက်လာမှန်းမသိတဲ့အကူညီတွေ ရောက်လာလိမ့်မယ်
နတ်တွေကိုမေတ္တာအပြည့်ထားပြီးအမျှဝေ ကိုယ်စောင့်နတ်ကိုမေတ္တာပို့ နတ်ချစ်ရင် လူချစ်တယ်

ဒီလောက်စိတ်အဆင်မပြေတာ ဘာတွေရွတ်ခိုင်းနေတာလဲထင်ချင်ထင်မယ်
ပါချုပ်ဆရာတော်ကြီးမိန့်သလိုပဲ
"အကုသိုလ်က ကုသိုလ်ထက်အားကြီးနေရင် ကုသိုလ်က အကုသိုလ်ထက်အားပိုကြီးအောင်လုပ်ရမယ် တစ်ခုအဆင်မပြေရင် ဘာသာရေးတစ်ခုပိုလုပ် အများကြီးအဆင်မပြေရင် ဘာသာရေးအများကြီးပိုလုပ်" သိသိသာသာ အဆင်ပြေလာလိမ့်မယ်

အားတဲ့ချိန်တိုင်း အလကားအတင်းတုတ်နေသီချင်းဆိုနေမဲ့အစား ဂုဏ်တော်တစ်ခုကောက်ရွတ်နေလိုက်
တနေ့ကို ၁၅မိနစ်လောက်အချိန်ယူပြီး ဝိပ္ပဿနာ ထိုင်ဖို့ကြိုးစားကြည့်
တရားစခန်းတွေဝင်ဖို့က နောက်ဆံတင်းနေရတော့ ၂၄နာရီ မှာ ၁၅မိနစ်လောက် သံယောဇဥ်ဖြတ်နိုင်ဖို့ကြိုးစား

အူမတောင့်တောင့် မတောင့်တောင့်သီလဆိုတာ ဆောက်တည်ရမဲ့အရာ တနေ့ကို ဒါန သီလ ဘာဝနာ ညီမျှအောင်လုပ်ဖို့လိုတယ်

ကပ်ကဆိုက်နေပြီ ဘုရား တရား သံဃာမှတစ်ပါး အားကိုးရာမရှိဘူး ။

ကပ်ဘေးကလွတ်တဲ့အခါ လမ်းကြုံရင်ကျမကိုကျေးဇူးတင်လာလိမ့်မယ် ။

-nora

#ပုတီးစိပ်

Fitness Coach By Myat Min - Venom

Myat Min

07/06/2024

🙏ဆုတောင်းလေး ကောင်းလိုက်တာ

#အကယ်၍
အသက်ရှည်ရှည်နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့

#အိုမင်းမစွမ်းနဲ့
ဘယ်သူကမှကူမထမ်းချင်တဲ့
အရွယ်အနေအထားအထိ
အသက်ခန္ဓာကို မရှည်လိုပါဘူး .....

#သြကာသ ကန်တော့ချိုးနဲ့
ငါးပါးသီလကို ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရွတ်ဆိုရှိခိုးနိုင်တဲ့ အရွယ်အစားထိပဲ
နေသွားချင်တယ် .....

#ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ဆွမ်းတော် ပန်းတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

#ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရေတော် မီးတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ခူးခပ်စားနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
အိပ်ရာပြင်အိပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေအိမ်တက်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေခပ်ချိုးနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#အိုမင်းမစွမ်းဖြစ်သွားလို့ဆိုပြီး
တစ်ဦးတစ်ယောက်ရဲ့
ပမာမခန့်ပြုတာမျိုးကို မခံချင်သလို
တစ်ဦးတစ်ယောက်ရဲ့
ငြိုငြင်ပြစ်တင်တာမျိုးကိုလည်း မခံချင်ဘူး။

#ကိုယ့်ကြောင့်
ဘယ်ကလေးသူငယ်တွေကိုမှ
အပြစ်မဖြစ်စေချင်သလို
ဘယ်ကလေးသူငယ်ကြောင့်မှလည်း
ကိုယ်ဟာ အပြစ်အဖြစ်မခံနိုင်ဘူး။

#ကိုယ့်ချေးဝတ် သေးဝတ်တွေကို
ဘယ်သူ့ကိုမှ မလျှော်ဖွပ်စေချင်လို့
ချေးလွတ်သေးလွတ်နဲ့ သတိမလွတ်သေးတဲ့
အရွယ်အစားလောက်ထိပဲ နေသွားချင်တယ် .....

#အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့....

#ရတနာသုံးပါးကို ရတနာသုံးပါးလို့
အသိအမှတ်ပြုနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ်.....

#အသိသတိလွတ်ပြီး
ရင်ထဲမှာ ဘုရားတရားမရှိ
ကိုယ်ခန္ဓာမှာ ဘာအဝတ်အစားမှ
မရှိတဲ့အထိတော့ နေမသွားချင်ဘူး .....

#ကိုယ်မှီခိုရမယ့်
ပတ်ဝန်းကျင်ကို အားနာတယ်
ကိုယ့်ကြောင့် သူတို့
မနိုင်မနင်းဖြစ်ရှာမှာစိုးတယ် ...။

ူရင်းရေးသားသူကိုပေးပါသည်

#မေတ္တာဖြင့်
#သန်းလှိုင်ဉီး

28/05/2024

👤☸️လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊
အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊
အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

👤☸️သင်ဘယ်လောက်ပဲ...
ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား...လူတိုင်းကို ကျေနပ်အောင်တော့..သင်မစွမ်းဆောင်နိုင်ပါဘူး...

ဒါကြောင့်မို့လို့၊
👤☸️သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ..သင်အစစ်အမှန် မဟုတ်ပါဘူး...

👤☸️လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း၊
အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊
ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊
ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနှောက်ချင်းတူသော်ငြားလည်း၊
အယူအဆချင်းမတူနိုင်ပါဘူး၊
လူချင်းတူသော်ငြားလည်း၊
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး...

ဒီအတွက်ကြောင့်….
👤💢သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊
ကျေးဇူးတရားကိုနားလည်တဲ့သူနဲ့ တိုးဦးမှ
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊
သံသယ နည်း တဲ့လူနဲ့ ဆုံဦးမှ
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ...

နောက်ဆုံးတော့…
👤☸️သိတာလည်း အားလုံးမပြောနဲ့…
မြင်တာလည်း အားလုံးမယုံနဲ့….
သင်ဘယ်သူ့ကို ဘယ်လောက်
ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက်အသက်ရှင်ဖို့လည်းမမေ့ပါနဲ့……….။

#ပါမောက္ခချုပ်ဆရာတော်ကြီး_ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


#အရှင်ဥက္ကဋ္ဌ_မနောမြေ

02/05/2024

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်

၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။
( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

©® ♥ မူရင်းရေးသာ

10/10/2023

ဘုရားရှိခိုးတတ်ရဲ့လား-?
********************

ဒကာ…
ဘုရား…
ဘုရားရှိခိုးတာ
အချက်( ၅ )ချက် ပြည့်အောင်
ကန်တော့ရဲ့လား-?
မှန်ပါ
တပည့်တော်လည်း ဘုရားရှိခိုးတာပဲ
ဘုရား။
ဒါပေမဲ့…
အချက်( ၅ )ချက် ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့
တပည့်တော် မသိပါဘုရား…

အေး…
ဒကာ သိအောင် ပြောပြမယ်။

( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊
မိဘ ၊ ဆရာ တို့ကို
အရင် ရှိခိုးဦးချ ကန်တော့ပါ။

( ၂ ) အပါယ် ဖျက်ရတယ်။
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ။
ဘယ်လို ဖျက်ရမလဲ ဆိုတော့
(ယခုဘဝ)
ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကျသော
မိဘ ဘိုးဘွားများ
ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော်
ရှိခိုး ဝန်ချ တောင်းပန်ပါ၏။
ဒီလို တောင်းပန်ရင်…
လောလောဆယ်
ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေ
ပွင့်မယ်။
ပြီးတော့…
ကားတိုက်လို့ပဲ ဖြစ်ဖြစ်
ရေနစ်လို့ပဲ ဖြစ်ဖြစ်
အစိမ်း မသေတော့ဘူး။
တောင်းပန်ရင်
ဘာကြောင့် ကျေလဲ ဆိုတော့
ဒီအကြောင်းကို
ဒကာတို့ နာလည်အောင် ပြောရရင်
ကျော်ဟိန်းတောင်
ရုပ်ရှင် ရိုက်ထားတဲ့
ဒေါင်းယောင်ဆောင်သော ကျီး
ဇာတ်ကားမှာလိုပေါ့…
ရဟန္တာကို ပြစ်မှားလို့
ယောက်ျားက မိန်းမ ဖြစ်တာလေ။
မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ
ရဟန္တာကို တောင်းပန်လိုက်တော့
ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာက…
အဲဒီယောက်ျား ပြစ်မှားတာကို
ရဟန္တာတောင် မသိလိုက်ဘူး။
မနောကံနဲ့ ပြစ်မှားမိတာပါ။
ဒါကြောင့်…
ကိုယ်က သိလို့ပဲ ဖြစ်ဖြစ်
မသိလို့ပဲ ဖြစ်ဖြစ်
ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့
ပြစ်မှားမိတာကို
တောင်းပန်ရပါမယ်။

( ၃ ) မိမိကိုယ်ကိုယ် မေတ္တာပို့ပါ။
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ
ဘုရားအလုပ် လုပ်နိုင်မယ်။
တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။

( ၄ ) ဒကာတို့ လုပ်နေကျအတိုင်း
ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွားပေါ့…

( ၅ ) သစ္စာဆို အမျှဝေပါ။
ဒီအချက်က
ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။
ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ်
သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဥပမာ…
ဘုရားပန်း လှူတာ ဖြစ်ဖြစ်
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဘယ်လို သစ္စာဆို အမျှဝေရမှာလဲဆိုတော့…
ဥပမာ…
ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ
မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ။
ဤ သစ္စာစကား မှန်ကန်ပါကရတယ်။

ဘုရားပန်းတင်လှူသော ကုသိုလ်ကို
အထက်ဘဝဂ်
အောက်အဝီစိအထိ
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ
အပေါင်းတို့အား
အမျှပေးဝေပါတယ် လို့ အမျှပေးလိုက်ပါ။

ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ
အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ်။

ဒကာတို့ ပို့တဲ့ မေတ္တာက
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက် ( ၁ဝ )တန်လောက်ပဲ ရှိတာပါ။

ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားၿရိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။

မှန်ပါ-သာဓု သာဓု သာဓုပါ ဘုရား…

✍️✫𝐂✫𝐑✫𝐃✫✍️

03/06/2023

ကုသိုလ်ကောင်းမှုအကြောင်ပြု
ဆုမတောင်ပဲပြည့်စေသာ
အားလုံးအားလုံးပဲနော်🙏🙏🙏

17/03/2023

အသက်ရှည်ရှည် နေလိုလျှင်
ကျန်းမာရေး လိုက်စားပြီး
မေတ္တာစိတ်ကို ဖြစ်ပါစေ ။

အနာရောဂါ ကင်းလိုလျှင်
အစားသောက်က်ို ဆင်ခြင်ပြီး
သီလအားကောင်းပါစေ ။

အမှားနည်းချင်တယ်ဆိုရင်
သတိထား ပြောဆိုပြီး
စကားတွေကို နည်းပါစေ ။

ပျော်ရွှင်စွာနေလိုတယ်ဆိုရင်
မနာလိုစိတ်ကို ရှင်းပြီး
မုဒိတာစိတ်နဲ့ အစားထိုးပါ ။

ချမ်းသာစွာနေချင်တယ်ဆိုရင်
လောဘကို လျော့ပြီး
ရောင့်ရဲစွာ နေထိုင်ပေးပါ ။

နောင်သံသရာချမ်းသာလိုလျှင်
အကုသိုလ်အမှုကို ရှောင်ပြီး
ကုသိုလ်ကောင်းမှုကို ဆောင်ပါ။

သာရ ဂ ဝေ သီ
🙏🙏🙏

🙏

07/02/2023

🙏သရဏဂုံရဲ့အကျိုးဟာအလွန်ကြီးမားပါတယ်🙏
🙏သရဏဂုံတည်ဖို့နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်ပါ၏🙏

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပါဘုရား🙏🙏🙏

၁။ လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊
နှစ်ရပ်များစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ၊ နီးနေ၊
နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၅။ ဘ၀ဇာတ်ဆုံး၊
မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၆။ ရှည် တို အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၈။ ဆူ ကြုံ အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။

🙏 အပ္ပမာဒေန သမ္မာဒေထ 🙏

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok