Myo Myat Aung - Saw Phyo Wai

Myo Myat Aung - Saw Phyo Wai

แชร์

Myanmar Lethwei 2015 Golden Belt Champion (54KG) &
Muay Thai Player

Photos from Martial Arts Myanmar News's post 03/02/2025

ဒီထပ်မကပိုကောင်းတဲ့ရလဒ်တွေရဖို့ ဆက်လက်ကြိုးစားနေပါမယ်ဗျာ
အခုလိုအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

13/01/2025

အခုလိုအသိမှတ်ပြု‌ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် အောင်မြင်မို့အတွက်ကြိုးစားနေဆဲပါဗျာ

စောဖြိုးဝေကို မှတ်မိသေးရဲ့လား

ဟိုးအရင်က ရွှေခါးပတ်ချန်ပီယံတစ်ယောက် ရှိခဲ့ဖူးတယ်။ တွံတေးမြို့မှာ မွေးဖွားတဲ့ ကရင်လူမျိုးပါ။ ရိုးရာလက်ဝှေ့ကို ဘယ်လောက်ထိဝါသနာပါလဲဆိုရင် မျိုးနဲ့ရိုးနဲ့။ စောသဲဖြူနဲ့ စောသဲထွေးတို့ဆိုတာ ဦးလေးတွေပေါ့။ စောသဲအောင်ဆိုတာလည်း ဆွေမျိုးမကင်းသေးပါဘူး။ ဘမျိုးဘိုးတူဆိုသလို လက်ဝှေ့ပိုးဝင်လာတာ ငယ်ငယ်တည်းကပါ။ ကလေးဘဝတည်းက ကြားပွဲတွေထိုးတယ်။ ကရင်နှစ်သစ်ကူးပွဲတွေမှာလည်း ဝင်ထိုးပါတယ်။ ဘယ်လောက်ဝါသနာကြီးလဲဆိုရင် ထိုးစရာမရှိရင် ညီအစ်ကိုချင်းတောင် ပြန်ထိုးသတဲ့လေ။ အောင်းမလေး။

အဲ . . . ညီအစ်ကိုဆိုလို့ပြောရဦးမယ်။ သူတို့ညီအစ်ကိုတွေလည်း အဖြူရောင်သွေးသစ်ကလပ်မှာ လေ့ကျင့်ပြီး လက်ဝှေ့ထိုးကြတယ်။ တစ်မျိုးလုံးကို ထိုးကြတာတဲ့။ အဲဒီထဲမှာ သူကတော့ ရွှေခါးပတ်ချန်ပီယံဖြစ်လာပြီး အထွန်းတောက်ဆုံးပါ။ ကျွန်တော်ညွှန်းနေတာက တခြားလူမဟုတ်ပါဘူး။ ရွှေခါးပတ်ချန်ပီယံ စောဖြိုးဝေပါပဲ။

အခုခေတ်လူငယ်တွေက စောဖြိုးဝေကို သိပါ့မလားလို့တောင် စိတ်ပူမိတယ်။ ကျွန်တော်က ကစားဟန်ကို သဘောကျလို့သာ ရင်ထဲစွဲနေတာပါ။ သူနာမည်ကြီးတာ သိပ်မကြာလိုက်ပါဘူး။ ကျန်းမာရေးကြောင့် အသက် (၁၉) နှစ်လောက်မှာ ရိုးရာလက်ဝှေ့လောကနေ အနားယူသွားတာပါ။ မွန့်တည့်ချိန်မှာ နေဝင်တယ်လို့တောင် ပြောလို့မရသေးဘူး။ ဆွမ်းခံချိန်မှာ နေဝင်တယ်လို့ပဲ ဆိုရမယ်။

စောဖြိုးဝေကို ဘယ်တုန်းက စသိလဲလို့ ပြန်စဉ်းစားမိတယ်။ ကြာတော့လည်း ကြာခဲ့ပြီ။ စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်မှာ လေ့ကျင့်ဖူးတယ်။ အဲဒီတုန်းက အဖြူရောင်သွေးသစ်ကလပ်က လူစုံတယ်။ အကြီးတန်းမှာဆိုရင် စိုးထက်ဦး၊ ရဲတံခွန်၊ ကြယ်စင်ဖြိုးတို့ရှိမယ်။ အလတ်တန်းမှာ ဘယ်သူတွေရှိဦးမလဲ။ ထွန်းနိုင်ဦးတို့ဘာတို့ဖြစ်မယ်။ ဒိုးလေးတို့ သိန်းစိုးတို့ ကြယ်စင်ထွန်းတို့ သွေးသစ်မောင်တို့က အသက်ငယ်ဦးမယ်။

စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်ကို ရောက်တာတော်တော်စောတယ်။ ထွန်းနိုင်ဦးတို့ သိန်းစိုးတို့ထက်လည်း ပိုစောတယ်။ သွေးသစ်မောင်တို့က နောက်မှရောက်တာပါ။ အသက်လည်း ကွာတာကိုးလေ။ စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်ကို ၂၀၀၉ (၂၀၁၀) ခုနှစ်လောက်မှာ ရောက်လာပြီး ကလေးပွဲတွေ ဒိုင်ခံထိုးတယ်။ အသက်က ဘာရှိဦးမှာလဲ။ ၁၂ နှစ် (၁၃ နှစ်) လောက်ပေါ့လေ။

အဖြူရောင်သွေးသစ်ကလပ်ကို ဆရာအောင်ပွဲမောင်က ဦးဆောင်တာပါ။ ကိုသီဟလည်း ကစားသမားတွေကို ပတ်ကိုင်ပေးတယ်။ ဆရာအောင်ပွဲမောင်က နည်းပြအပြင် ကြိုးဝိုင်းဒိုင်လည်း လုပ်သေးတယ်။ စောငမန်းနဲ့ တွေ့မရှောင်ပွဲကို ဆရာအောင်ပွဲမောင် ဖမ်းတာပါ။ စိုးလင်းဦးနဲ့ တူးတူး (ဒုတိယပွဲ) ကိုလည်း တာဝန်ယူဖူးတယ်။

စောဖြိုးဝေတို့ ညီအစ်ကိုတွေက လက်ဝှေ့ကစားကြတယ်။ အစ်ကိုကြီး ရဲမြတ်အောင်ဆိုလည်း အဖြူရောင်သွေးသစ်မှာ လေ့ကျင့်ဖူးတာပါပဲ။ ဒဂုံအောင်လံတောင် ရလိုက်သေးတယ်။ အခုနာမည်ရတဲ့ ရဲရင့်နောင်ဆိုတာလည်း စောဖြိုးဝေရဲ့ ညီပါ။ စောဖြိုးဝေရဲ့ နာမည်အရင်းက မျိုးမြတ်အောင်တဲ့။ စောဖြိုးဝေဆိုတဲ့ လက်ဝှေ့နာမည်က ပိုထင်ရှားပါတယ်။

ဗိုလ်စိုးအောင်၊ စိန်လုံးချော၊ ရဲသွေးနီ၊ တိမ်တိုက်၊ စောထူးအောင်၊ မိုက်မိုက်နဲ့ နက္ခတ်အောင်တို့က စောဖြိုးဝေရဲ့ ပြိုင်ဘက်တွေပါ။ ငယ်ငယ်တည်းက လက်ဝှေ့ထိုးပေမယ့် ၂၀၁၄ ခုနှစ်မှာ စောဖြိုးဝေက နာမည်ကြီးလာတာပါ။ နေပြည်တော်ဆီးဂိမ်းအပြီးမှာ ပြည်ပပွဲတွေ ထိုးနေရပြီ။ စင်္ကာပူနိုင်ငံမှာ စောဖြိုးဝေနဲ့ ဂျာနီတိုက သရေကျဖူးတယ်။ ၂၀၁၅ ခုနှစ်ရဲ့ (၅၄) ကီလိုတန်းဗိုလ်လုပွဲမှာ စောဖြိုးဝေက ရွှေချစ်သွေးကိုနိုင်ပြီး ရွှေခါးပတ်ချန်ပီယံဖြစ်လာပါတယ်။

တကယ်ဆိုရင် စောဖြိုးဝေနဲ့ သိန်းစိုးတို့လည်း ပြိုင်ဘက်တွေပါပဲ။ သိန်းစိုးက အဖြူရောင်သွေးသစ်ကလပ်ကို ရောက်လာပြီး လေ့ကျင့်ဖော်ဖြစ်လာလို့သာ ဆက်မထိုးဖြစ်တာပါ။ ဟိုးအရင်တုန်းက သရေကျဖူးတယ်။ စောဖြိုးဝေက မျိုးဆက်သစ်ဘဝမှာ ဒေါင်းဖြူလေးကိုလည်း ကစားဖူးတယ်။ ပြောရရင် လူစုံအောင် ထိုးဖူးတယ်။ မန္တလေးသား ဗိုလ်စိုးအောင်ကိုတောင် ကစားဖူးသေးတယ်။ နောက်ပိုင်းမှာ ဗိုလ်စိုးအောင်က ဝိတ်ကြီးလာပြီး အပေါ်တန်းရောက်သွားလို့သာ ဆက်မထိုးဖြစ်တာပါ။

၂၀၁၅ ခုနှစ်မှာ ရဲသွေးနီက (၅၁) ကီလိုတန်းရွှေခါးပတ်ချန်ပီယံဖြစ်ပြီး စောဖြိုးဝေထက် ဝိတ်တန်းငယ်တယ်။ ရွှေခါးပတ်ပြိုင်ပွဲအပြီးမှာ ရဲသွေးနီနဲ့ စောဖြိုးဝေတို့ ဆုံကြသေးတယ်။ ရဲသွေးနီရဲ့ ဘေးတစ်လုံးမေးတစ်လုံးကို မယှဉ်နိုင်ပါဘူး။ စောဖြိုးဝေပဲ ရှုံးသွားရတယ်။ တကယ်ဆိုရင် ကစားဟန်က ဆီနဲ့ရေပါပဲ။ ရဲသွေးနီက ဘေးတစ်လုံး မေးတစ်လုံးပဲရတယ်။ အခုထိလည်း ဒီအတိုင်းပဲ ကစားနေတာပါ။ စောဖြိုးဝေက အကွက်စုံသလို ကစားဟန်လှပါတယ်။ လက်သီး၊ ခြေကန်ချက်၊ ဒူးတံတောင် အစုံရတယ်။

၂၀၁၆ ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရိုးရာကျားတို့ အားပြိုင်ပွဲ - ၂ (GTG - 2) မှာ စောဖြိုးဝေနဲ့ နက္ခတ်အောင်တို့ ဆုံကြတယ်။ စောဖြိုးဝေက ကျနေပြီ။ အစောပိုင်းမှာ ကစားနိုင်တယ်။ နည်းနည်းကြာရင် မောဟိုက်လာတယ်။ သက်လုံက အဓိကအားနည်းချက်ဖြစ်နေတယ်။ အကွက်စုံပေမယ့် သက်လုံမလိုက်နိုင်ဘူး။ စိတ်ဝင်စားရင် ဒီမှာ bit.ly/40kB36O ကြည့်ပါ။

အဲဒီနောက်မှာ စောဖြိုးဝေက တိမ်တိုက်ကို ရှုံးတယ်။ စောထူးအောင်ကိုလည်း ရှုံးတယ်။ ပြိုင်ဘက်တော်တော်များများကို ဆက်ရှုံးနေခဲ့တာပါ။ တကယ်ဆိုရင် စောဖြိုးဝေနဲ့ တိမ်တိုက်တို့က (၃) ကြိမ်ထိုးဖူးတယ်။ ပထမပွဲမှာ စောဖြိုးဝေနိုင်တယ်။ ဒုတိယပွဲမှာ သရေကျသွားပြီး တတိယပွဲမှာ တိမ်တိုက်နိုင်တယ်။ စောဖြိုးဝေက တိမ်တိုက်ထက် အများကြီးမြင့်တယ်။ တိမ်တိုက်က အမာတစ်လိုင်းပါ။ ဒါပေမယ့် အချီကြာလာရင် စောဖြိုးဝေက မောနေပြီ။ အဲဒီမှာ ရှုံးတာပဲ။ ဘာလို့ရှုံးပွဲဆက်နေတာလဲ။

စောဖြိုးဝေက အူကျဝေဒနာရှိတယ်။ ယောက်ျားဖြစ်ရတဲ့ ဒုက္ခကလည်း မလွယ်ပါဘူးလေ။ ပြင်းပြင်းထန်ထန် လှုပ်ရှားရင် ခန္ဓာကိုယ်က သိတဲ့အတိုင်း။ ဝေဒနာက ပိုဆိုးလာဖို့ရှိတယ်။ ဝေဒနာနဲ့ အားကစားက ဘယ်လိုမှ မသင့်တော်တော့ဘူး။ စောဖြိုးဝေလည်း အကွက်စုံပေမယ့် ဝင်းထွန်းအငယ်စားလေးဖြစ်လာရတယ်။ ကျန်းမာရေးပြဿနာကြောင့်မို့လို့သာ ရှုံးပွဲဆက်ရတာပါ။ ကစားဟန်ကို စိတ်ဝင်စားရင် ဒီမှာ bit.ly/40gTE3D ကြည့်ပါ။

အဲဒီနောက်မှာ စောဖြိုးဝေက အူကျဝေဒနာကို ကုရတယ်။ ဆေးကုရင်း ရိုးရာလက်ဝှေ့လောကကို နှုတ်ဆက်သွားပါတယ်။ အသက် (၁၉) နှစ်ဆိုတာ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ပြင်ပကလပ်တွေမှာ နည်းပြလုပ်ပြီး ဖြတ်သန်းနေရှာတယ်။ ရွှေခါးပတ်ချန်ပီယံဂုဏ်ပုဒ်က တော်တော်မျက်နှာပွင့်ပါတယ်။ ပွဲနားထားတာဆိုတော့ ဝိတ်ကလည်း တော်တော်တက်လာတယ်။ အရင်လို (၅၄) ကီလိုမဟုတ်ဘဲ (၇၀) ကီလိုလောက်ဖြစ်လာတယ်။

၂၀၁၆ နှစ်ကုန်မှာ စောဖြိုးဝေက နားတာဖြစ်လို့ နောက်လူတွေက သိပ်မသိကြတော့ဘူး။ ငယ်ငယ်တည်းက ပွဲထိုးလာတာဆိုတော့ ပွဲ (၁၀၀) ကျော်ပြီတဲ့။ အကွက်စုံတာကို သဘောကျတာပါ။ ကျွန်တော်က ကစားဟန်ကို အခုချိန်ထိ ကြိုက်နေတုန်းပဲ။ ခေါင်းလေးတိမ်းတိမ်းပြီး ဝင်ထိုးတာ တော်တော်ကြည့်လှတယ်။ အခုနောက်ပိုင်းမှာ ပြည်ပရောက်ပြီး ခွန်ခမာနဲ့ မွေထိုင်းပွဲတွေထိုးလာတယ်။ ရလဒ်က အကောင်းကြီးမဟုတ်ရင်တောင် ဆိုးတဲ့အထဲ မပါဘူး။ ပွဲပြန်ထိုးတာ မကြာသေးဘူးမို့ အရင်ပုံစံရအောင် ပြန်ကြိုးစားရဦးမယ်။ အသက်က (၂၇) နှစ်ပဲ ရှိပါသေးတယ်။ ကြိုးစားရင် အချိန်မီပါသေးတယ်။ အခုဆိုရင် အူကျဝေဒနာလည်း ပျောက်သွားပြီဆိုတော့ အရင်လို မမောတော့ပါဘူး။ တစ်ကျော့ပြန်ခရီးမှာ အောင်မြင်ပါစေ စောဖြိုးဝေရေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - MLC
Photo Credit - Saw Phyo Wai
ကျော်စိုးအောင် (Myanmar Fight Edition)

Photos from Martial Arts Myanmar News's post 11/01/2025

၂၀၂၅ရဲ့ပွဲဦးထက်တော့ကောင်းခဲ့ပါပီ🥊
နောက်ထပ်ပွဲတွေထပ်ပီးနိုင်ဖို့အတွက်ကြိုးစားပါအုံမယ်💪

Photos from Myo Myat Aung - Saw Phyo Wai's post 18/10/2024

သီတင်းကျွတ်အခါသမယမှာ Family Muay Thai Club မှ သူဌေးမကို ညီအစ်ကိုတွေစုပြီး ဂါရဝပြုကန်တော့ခဲ့ပါတယ်

30/09/2024

ဒီညကျွန်တော် မျိုးမြတ်အောင် @စောဖြိုးဝေ ပွဲ ကိုစက်တင်ဘာလ၃၀ရက် တနင်္လာည Lumpinee Fight !! 30 မှာ 57 kgဖြင့်ပါဝင်ခဲ့ရာ ငါးချီမြှောက်တွင်စိတ်မ​ကောင်းစွာရှုံးနှိမ့်ခဲ့ပါတယ်
ပွဲစဥ်ကိုတိုက်ရိုက်ကြည့်မယ် ဆိုရင်တော့ LUMPINEE BOXING STADIUM สนามมวยเวทีลุมพินี Youtube Channel https://www.youtube.com/watch?v=9dfKote5L5U ကနေ ပြန်လည်ကြည့်ရှုနိုင်သလို LUMPINEE BOXING STADIUM สนามมวยเวทีลุมพินี page https://web.facebook.com/Lumpineeboxingstaduim/videos/1223945292057369 ကနေလည်းကြည့်ရှု့နိုင်မှာဖြစ်ပါတယ်

Photos from Myo Myat Aung - Saw Phyo Wai's post 29/09/2024

ဒီညကျွန်တော် ရဲရင့်နောင်ပွဲရှိပါတယ် Ye Yint Naung
ဒီနေ့ ည စက်တင်ဘာလ၂၉ရက် တနဂ်နွေည Thai Fight မှာ မြန်မာ့လက်ဝှေ့ဖိုက်တာ ကျွန်တော်ရဲရင့်နောင် နဲ့ ချစ်သဲအောင်တို့ရဲ့ပွဲ
ရဲရင့်နောင်🇲🇲 က 61 kgတန်းမှာ မွေထိုင်းဖိုက်တာ KHEEWPHET🇹🇭 နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
ပွဲစဥ်ကိုတိုက်ရိုက်ကြည့်မယ် ဆိုရင်တော့ Thai Fight Youtube Channel https://www.youtube.com/watch?v=_qM4vU3KQJY ကနေ တိုက်ရိုက်ကြည့်ရှုနိုင်သလို Thai Fight : King Of Muay Thai page https://web.facebook.com/thaifight.official ကနေလည်းတိုက်ရိုက်ကြည့်ရှု့နိုင်မှာဖြစ်ပြီး အချိန်အားဖြင့် 6 နာရီနဲ့ 7နာရီကြားလောက် ဖြစ်ပါမယ်။
#ရဲရင့်နောင်

29/09/2024

Ye Yint Naung ရဲ့ Thai Fight ပွဲကိုအားပေးဖို့ရောက်နေပါပြီ
Thai Fight Youtube Channel https://www.youtube.com/watch?v=_qM4vU3KQJY ကနေ တိုက်ရိုက်ကြည့်ရှုနိုင်သလို Thai Fight : King Of Muay Thai page https://web.facebook.com/thaifight.official ကနေလည်းတိုက်ရိုက်ကြည့်ရှု့နိုင်မှာဖြစ်ပြီး အချိန်အားဖြင့် 6 နာရီနဲ့ 7နာရီကြားလောက် ဖြစ်ပါမယ်။
#ရဲရင့်နောင်

26/08/2024

ကျွန်တော်တို့မှာအဆင်မပြေတာလေးတွေ့ရှိတဲ့အတွက်တောင်းပန်းပါတယ်နောက်ပွဲတွေ့မှာအကောင်းဆုံးအနိုင်ယူပြပါမယ်🥊🥊💪💪

22/08/2024

ရဲရင့်နော်ရဲ့ 59KG ခမာပွဲကို 24.8.2024 စနေနေ့ 3နာရီမှာ ကြည့်ရှု့အားပေးကြပါဗျာ
https://www.facebook.com/cambodiabeer


21/08/2024

24.8.2024 မှာ ကျွန်ပ်တော့်ပွဲရှိပါတယ် အဲ့နေ့ကြရင်ကြည့်လို့ရမဲ့ Links တင်ပေးပါ့မယ်အားပေးကြပါဦးဗျာ့
24.8.2024 မှာလည်း ရဲရင့်နော်ပွဲရှိပါတယ် Links တင်ပေးပါ့မယ်အားပေးကြပါဦးဗျာ့

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok