Burma Corner 2 လက်ဝှေ့၊မွေထိုင်း၊MMA စတဲ့အကြောင်းအရာမျိုးစုံကို ပုံမှန်တင်ဆက်ပေးနေပါတယ်ဗျ💪✌️

"ဂျော်ရှုဝါးဗန်ကို ငါဘယ်လောက်တောင် လွယ်လွယ်ကူကူ အနိုင်ယူပြမလဲဆိုတာ ကြည့်ပြီး မင်းတို့အားလုံး အံ့သြသွားမယ်" လို့ ဂျော်ရှု...
22/09/2026

"ဂျော်ရှုဝါးဗန်ကို ငါဘယ်လောက်တောင် လွယ်လွယ်ကူကူ အနိုင်ယူပြမလဲဆိုတာ ကြည့်ပြီး မင်းတို့အားလုံး အံ့သြသွားမယ်" လို့ ဂျော်ရှုးဝါးဗန်ကို ဆက်တိုက်လေတိုက်နေတဲ့ မာနယ်ကိပ်

"ဘယ်သူနဲ့ပဲဖြစ်ဖြစ် ထိုးဖို့အဆင်သင့်ပဲ" လို့ ပြောခဲ့တဲ့ ဂျော်ရှုးဝါးဗန်ရဲ့ စကားကို မာနယ်ကိပ် က X (Twitter) ကနေတဆင့် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

MMA Fighting ရဲ့ ဂျော်ရှုးဝါးဗန် အင်တာဗျူးပို့စ်ကို ပြန်လည်မျှဝေရင်း မာနယ်ကိပ်က သူ့ရဲ့အနိုင်ရနိုင်ချေနဲ့ ပတ်သက်ပြီး ယုံကြည်မှုလွန်ကဲစွာနဲ့ အခုလိုပဲ ခပ်မိုက်မိုက် ရေးသားခဲ့တာပါ။

🗣 မာနယ်ကိပ် (Manel Kape)

"ဒီပွဲကို ငါဘယ်လောက်တောင် လွယ်လွယ်ကူကူ အနိုင်ယူသွားမလဲဆိုတာ ကြည့်ပြီး မင်းတို့အားလုံး အံ့သြသွားကြလိမ့်မယ်။ ဂျော်ရှုဝါးဗန်ထိုးတဲ့ပုံစံက ငါ့အတွက်တော့ အနုပညာပြကွက်တစ်ခု ဖန်တီးပြဖို့ အကောင်းဆုံး အနေအထားပါပဲ။"

ပြောရရင်တော့ ဂျော်ရှုးဝါးဗန်ကို အထင်သေးနေတဲ့ မာနယ်ကိပ်ဟာ ဒီပွဲအတွက် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်နေတဲ့ပုံပါပဲ။ ဂျော်ရှုးဝါးဗန်ဘက်ကလည်း သူ့ရှေ့မှာ ပိတ်ရပ်နေတဲ့ ဘယ်သူ့ကိုမဆို အလဲသိပ်မယ်လို့ ပြောထားတာဆိုတော့ ဒီနှစ်ယောက်သာ တကယ်ဆုံဖြစ်ရင် သံဇကာဝိုင်းထဲမှာ အကြိတ်အနယ် ပွဲတစ်ပွဲ ဖြစ်လာဖို့ သေချာနေပါတယ်။

ပွဲမစခင်ကတည်းက အလွယ်လေး အနိုင်ယူမယ်လို့ ကြုံးဝါးနေတဲ့ မာနယ်ကိပ်ရဲ့ စကားတွေက တကယ်ပဲ လက်တွေ့ဖြစ်လာမလား။ ဒါမှမဟုတ် ဂျော်ရှုးဝါးဗန်ကပဲ ပန်တိုဂျာကိုဆုံးမသလို မာနယ်ကိပ်ကိုဆုံးမပြီး မာနယ်ကိပ်ရဲ့ ပါးစပ်ကို ပိတ်ပစ်သွားမလားဆိုတာတော့ ရင်ခုန်လှုပ်ရှားစွာနဲ့ ဆက်လက်စောင့်ကြည့်ရတော့မှာပါ....

#ဂျော်ရှုဝါးဗန် #မာနယ်ကိပ်

"ဂျော်ရှုးဝါးဗန်က Flyweight သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်" လို့ ချီးကျူးလိုက်တဲ့ The Deep Waters အ...
22/09/2026

"ဂျော်ရှုးဝါးဗန်က Flyweight သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်" လို့ ချီးကျူးလိုက်တဲ့ The Deep Waters အဖွဲ့သားများ

---

ဂျော်ရှုဝါးဗန်ရှုံးနိုင်ခြေများတယ်လို့ခန့်မှန်းထားကြတဲ့ ဒပ်စတင်ပိုရီရာ ( Dustin Poirier)၊ မက်စ်ဗီဒယ် (Masvidal)၊ ဝီဒ်မန်း (Weidman) နဲ့ ဒင်းန်သောမတ်စ် (Dean Thomas) တို့ကတော့ ဂျော်ရှုဝါးဗန် နဲ့ ပန်တိုဂျာတို့ရဲ့မကျေပွဲကို Fight of the Year အဖြစ် သတ်မှတ်ပြီး ဂျော်ရှုးဝါးဗန်ရဲ့ စွမ်းဆောင်ရည်တွေကို အံ့သြမဆုံးဖြစ်နေကြပါတယ်။

🗣 Dustin Poirier

"ဂျော်ရှုးဝါးဗန် တကယ်ကို လုပ်ပြသွားပြီဗျာ... ကျွန်တော်ကတော့ သူ့ကို မတ်တတ်ရပ်ပြီးတော့ကို လက်ခုပ်တီး ဂုဏ်ပြုချင်ပါတယ်။ ပန်တိုဂျာက သူ့ကို အထိနာအောင်လုပ်ပြီး ပွဲသိမ်းသွားလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့မိတာ။ ဒါပေမယ့် ဂျော်ရှုးဝါးဗန်ကတော့ တကယ့်ကို အစစ်အမှန်ကြီးဗျာ။ အခုဆိုရင် သူက Pound-for-Pound (P4P) အကောင်းဆုံး ၃ ယောက်စာရင်းထဲမှာတောင် ပါသင့်နေပါပြီ။ ဂျော်ရှုဝါးဗန်ရဲ့ မာဂုဏ်တွေ၊ သက်လုံကောင်းပုံတွေက အံ့မခန်းပါပဲ။ ပန်တိုဂျာဆီကနေ မေးရိုးကို အပြင်းအထန် ကန်ချက်မိတာတောင် ဗန်က လုံးဝနောက်မဆုတ်ဘဲ တိုးဝင်သွားတုန်းပဲ။ တကယ့်ကို မလွယ်တဲ့ပွဲဖြစ်သလို ဗန်ရဲ့ ပြင်းထန်လွန်းတဲ့စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရပါတယ်။

🗣Jorge Masvidal
"ကျွန်တော် နည်းနည်း ရူးရူးမိုက်မိုက်စကားမျိုး ပြောရရင်တော့... ဂျော်ရှုးဝါးဗန်က နောက်ပွဲမှာ မာနယ်ကိပ်ကိုသာ ကျော်ဖြတ်နိုင်ရင် သူဟာ Flyweight သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား (Greatest of all time) လို့တောင် သတ်မှတ်လို့ရပါပြီ။ သူ ဖြတ်သန်းလာတဲ့ ခရီးလမ်း၊ သူအနိုင်ယူခဲ့တဲ့ ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ပုံတွေကို ကြည့်လိုက်ရင် တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော့်အမြင်ကတော့ ဂန္ထဝင်ကြီး Mighty Mouse က နပန်း ပိုင်းမှာ ပိုကောင်းပြီး ဂျော်ရှုးဝါးကို Takedown လုပ်နိုင်ရင်တောင် ဂျော်ရှုးဝါးဗန်က Ground မှာ အကြာကြီး အထိန်းခံနေမယ့်ကောင်မျိုး မဟုတ်ဘူး။ မတ်တတ်ရပ် ပြီးပြန်ထိုးဖြစ်သွားရင်တော့ ဂျော်ရှုးဝါးဗန်ရဲ့ လက်သီးတွေ၊ အမြန်နှုန်းတွေနဲ့ သက်လုံကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။"

🗣 Dean Thomas
" ဗန်က ငယ်သေးတဲ့အတွက် ဒီမှာ အကြာကြီး ရှိနေဦးမှာဖြစ်ပြီး စံချိန်သစ်တွေ အများကြီးကို ချိုးဖျက်သွားနိုင်ပါတယ်။ ဒီလူငယ်လေးရဲ့ အလားအလာကို တွေးကြည့်ရင် တကယ်ကို အံ့မခန်းပါပဲ။ ပန်တိုဂျာကို အခုလို အကြိတ်အနယ် နိုင်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ "

🗣 Chris Weidman
" ကျွန်တော် မှားခဲ့တယ်လို့ပဲ ဝန်ခံပါတယ်။ ကျွန်တော်တို့ အားလုံး မှားခဲ့ကြတာပါ။ ဗန်နဲ့ တတ်ဆူရို တိုင်ရာပွဲကိုကြည့်ပြီး ပန်တိုဂျာက "ငါသာ Mount ရရင်၊ နောက်ကျောကိုရရင် ပွဲပြီးပြီ" လို့ တွေးလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့မိတယ်။ ပထမအချီမှာ သူ Mount ရခဲ့တယ်လေ။ ကြည့်ကောင်းခဲ့ပေမဲ့ သူ ပွဲမသိမ်းနိုင်ခဲ့ဘူး။ ချုပ်ကွက်နဲ့ မအနိုင်ယူနိုင်ခဲ့ဘူး။ တစ်ချိန်မှာ ပန်တိုဂျာအတွက် အကောင်းဆုံးဖြစ်တဲ့ နောက်ကျောကို ရခဲ့ပေမဲ့ ဗန်က မြေပြင်ကစားကွက် မှာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုကောင်းနေခဲ့တယ်။ သူ အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ ဒီပွဲက ဂျော်ရှုးဝါးဗန်တစ်ယောက်တည်း ကောင်းနေလို့ Fight of the Year ဖြစ်လာနိုင်တာ မဟုတ်ဘူး။ ပန်တိုဂျာကလည်း ပဉ္စမအချီမှာ အလဲထိုးခံရမလို ဖြစ်သွားတာတောင် ချက်ချင်းပြန်ထလာပြီး 'လာစမ်း' ဆိုပြီး ခေါ်နေသေးတယ်။ သူ့ရဲ့ စိတ်ဓာတ်က တကယ့်ကို လေးစားစရာပါ ။ ဂျော်ရှုးဝါးဗန်ကိုယ်တိုင်တောင် ပွဲပြီးမှ ပန်တိုဂျာကို တကယ်လေးစားသွားတယ်လို့ ဝန်ခံသွားတာပဲ ကြည့်လေ။"

အခုဆိုရင် ဂျော်ရှုးဝါးဗန်ရဲ့ နောက်ထပ်ပြိုင်ဘက်အဖြစ် အားလုံးက မာနယ်ကိပ်ကို မျှော်လင့်နေကြပါပြီ။ ပွဲကြိုခန့်မှန်းချက်တွေအရ မန်နယ်ကပ်ပ်က -180 နဲ့ အလေးပေးခံထားရပေမယ့်၊ သုံးသပ်သူတွေကတော့ ဂျော်ရှုးရဲ့ လက်သီးတွဲလုံးတွေ နဲ့ သက်လုံကိုပဲ ပိုပြီး ယုံကြည်နေကြပါတယ်။

ပန်တိုဂျာနဲ့ ပွဲမတိုင်ခင်က ဂျော်ရှုဝါးဗန်ကို လျှော့တွက်ခဲ့ကြတဲ့ ဖိုက်တာဟောင်းကြီးတွေကိုယ်တိုင် ချီးကျူးရလောက်အောင် လယ်ဗယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဂျော်ရှုးဝါးဗန်တစ်ယောက် မာနယ်ကိပ်နဲ့ တွေ့တဲ့အခါလည်း မာနယ်ကိပ်ရဲ့ ပါဝါလက်သီးတွေကို ကျော်ဖြတ်ပြီး သမိုင်းသစ် ဆက်ရေးနိုင်မလားဆိုတာ ရင်ခုန်လှုပ်ရှားစွာနဲ့ ဆက်လက်စောင့်ကြည့်အားပေးရဦးမှာပါ...

#ဂျော်ရှုဝါးဗန်

"ငါတို့ အောင်ပွဲထပ်ရခဲ့ပြီ" လို့ ချင်းဘာသာစကားနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလာတဲ့ ချန်ပီယံ ဂျော်ရှုးဝါးဗန်  ဂျော်ရှု...
20/09/2026

"ငါတို့ အောင်ပွဲထပ်ရခဲ့ပြီ" လို့ ချင်းဘာသာစကားနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလာတဲ့ ချန်ပီယံ ဂျော်ရှုးဝါးဗန်

ဂျော်ရှုးဝါးဗန်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ မိခင်ဘာသာစကားဖြစ်တဲ့ ချင်းဘာသာစကားနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ရေးသားတင်ပြလာခဲ့ပါတယ်။

ဗန်တင်ထားတဲ့ စာသားလေးရဲ့ အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"အောင်ပွဲကို ထပ်မံရယူနိုင်ခဲ့ပြန်ပါပြီ!!
ဆုတောင်းမေတ္တာတွေနဲ့ ကူညီအားပေးခဲ့ကြတဲ့ မိဘ၊ ညီအစ်ကို မောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုရားသခင်က သင်တို့အားလုံးကို ကောင်းချီးပေးပါစေ!!"

ပန်တိုဂျာနဲ့ ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာတွေရထားတဲ့ကြားကနေ နောက်မဆုတ်ဘဲ တိုက်ပွဲဝင်သွားခဲ့တဲ့ ဂျော်ရှုးဝါးဗန်ကို ဆုတောင်းမေတ္တာတွေနဲ့ အမြဲဝန်းရံပေးနေကြတဲ့ မြန်မာပရိသတ်တွေအတွက်တော့ ဒီစာသားလေးက တကယ့်ကို ကြည်နူးပီတိဖြစ်စရာပါပဲ...

#ဂျော်ရှုဝါးဗန်

ဗန်ရှူံမယ်လို့ ခန့်မှန်းခဲ့တဲ့ DJ လည်း လေသံပြောင်းသွားခဲ့ပါပြီ😁  🗣 DJ (Demetrious Johnson)  "ပန်တိုဂျာက ဂျော်ရှုးဝါးဗန်က...
20/09/2026

ဗန်ရှူံမယ်လို့ ခန့်မှန်းခဲ့တဲ့ DJ လည်း လေသံပြောင်းသွားခဲ့ပါပြီ😁

🗣 DJ (Demetrious Johnson)

"ပန်တိုဂျာက ဂျော်ရှုးဝါးဗန်ကို Takedown လုပ်နိုင်ခဲ့တာ မှန်ပေမယ့်မြေပြင်ပေါ်ရောက်တဲ့အခါ Damage ဘာမှမပေးနိုင်ခဲ့ဘူး။ ဒါကြောင့် Takedown တစ်ခုက ဘယ်လိုအခြေအနေမျိုးမှာ အမှတ်ရသင့်တယ်ဆိုတာ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းတစ်ခု ရှိသင့်နေပါပြီ။

ဒါ့အပြင် ဂျော်ရှုးဝါးဗန်ရဲ့ နပန်းစွမ်းရည်တွေ တော်တော်တိုးတက်လာတာကို မြင်ရလို့ အံ့သြမိတယ်။ သူက ပန်တိုဂျာကို Heel Hook တွေ၊ Kimura တွေ၊ Leg Lock တွေနဲ့တောင် ဖမ်းဖို့ကြိုးစားခဲ့သေးတာပဲ။

ပန်တိုဂျာက အတွေ့အကြုံအရမ်းများတဲ့ BJJ Black Belt ကြီး ဖြစ်နေလို့သာ ဒီကွက်တွေကနေ ရုန်းထွက်သွားနိုင်ခဲ့တာပါ။ ပွဲက ၆ ချီ ၇ ချီလောက်သာရှိရင် ဂျော်ရှုးက ပန်တိုဂျာကို အလဲထိုး (ဒါမှမဟုတ်) ချုပ်ကွက် နဲ့ သိသိသာသာ အနိုင်ယူသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" လို့ ဖလိုင်းဝိတ်တန်းရဲ့ ဂုတ်တစ်ယောက်ဖြစ်တဲ့ Dj က ပြောသွားခဲ့တာပါ။

#ဂျော်ရှုဝါးဗန်

"မာနယ်ကိပ်ဖြစ်ဖြစ် ဘယ်သူပဲလာလာ အလဲသိပ်သွားမှာပါ။ ငါ့နာမည်က " အကြောက်တရားကင်းမဲ့သူ(The Fearless)"ပါလို့ မာမာထန်ထန် ကြွေးက...
20/09/2026

"မာနယ်ကိပ်ဖြစ်ဖြစ် ဘယ်သူပဲလာလာ အလဲသိပ်သွားမှာပါ။ ငါ့နာမည်က " အကြောက်တရားကင်းမဲ့သူ(The Fearless)"ပါလို့ မာမာထန်ထန် ကြွေးကြော်လိုက်တဲ့ ဂျော်ရှုးဝါးဗန်

🗣 ဂျော်ရှုးဝါးဗန်

"ကျွန်တော်က ဒီဝိတ်တန်းရဲ့ အကောင်းဆုံး ဟုတ်၊ မဟုတ်ဆိုတာကို ပရိသတ်တွေပဲ ဆုံးဖြတ်ကြပါစေဗျာ။ ကျွန်တော်ကတော့ ဖိုက်တာတစ်ယောက်ပီပီ ကိုယ်လုပ်ရမယ့် အလုပ်ဖြစ်တဲ့ သံဇကာထဲမှာ တိုက်ခိုက်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။"

ဒါ့အပြင် ဂျော်ရှုးဝါး‌ဗန်ရဲ့ နောက်ထပ်ပစ်မှတ်က ဘယ်သူဖြစ်မလဲဆိုတာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

အထူးသဖြင့် အွန်လိုင်းပေါ်မှာ အပြန်အလှန် စကားစစ်ထိုးထားဖူးသလို၊ မကြာသေးခင်ကမှ နာမည်ကြီး ကျိုဂျီ ဟိုရီဂူချီ ကို အနိုင်ယူထားတဲ့ မန်နယ်ကိပ် (Manel Kape) နဲ့ ထိုးရမလားဆိုတာ လူပြောအများဆုံး ဖြစ်နေတာပါ။

ဒီအပေါ်ကိုလည်း ဂျော်ရှုးဝါးဗန်က အခုလိုပဲ ခပ်မိုက်မိုက် ပြန်ဖြေသွားခဲ့ပါတယ်။

🗣 ဂျော်ရှုးဝါးဗန်

"ဘယ်သူပဲဖြစ်ဖြစ်ဗျာ၊ ရဲရဲဝံ့ဝံ့ ဝင်လာခဲ့လို့ရပါတယ်။ ကျွန်တော်က အကြောက်တရားကင်းမဲ့သူ (Fearless) ပါ။ ထိုးရမယ့် ပြိုင်ဘက်ကိုလည်း ဘယ်တော့မှ ရွေးချယ်နေမှာ မဟုတ်ပါဘူး။ ဒေနာဝှိုက်ပဲဖြစ်ဖြစ်၊ ဟန်တာပဲဖြစ်ဖြစ်... ကျွန်တော့်ရှေ့မှာ ပိတ်ရပ်နေတဲ့ ဘယ်ကောင်မဆို အဆင်သင့်ပဲလို့သာ ဖုန်းဆက်လိုက်ပါ။"

ဒေနာဝှိုက် တစ်ယောက် ပရိသတ်တွေ မျှော်လင့်နေတဲ့အတိုင်း မန်နယ်ကိပ်နဲ့ ပွဲကိုပဲ တည်ပေးမလားဆိုတာက မကြာခင်မှာသိရတော့မှာပါ။

#ဂျော်ရှုဝါးဗန်

"ပွဲမတိုင်ခင် ညာဘက်ပခုံးအဆစ်လွဲသွားလို့ သွေးပူလေ့ကျင့်ခန်းတောင် မလုပ်နိုင်ခဲ့ဘူး" လို့ ဝန်ခံလာတဲ့ ဂျော်ရှုးဝါးဗန်UFC 331...
20/09/2026

"ပွဲမတိုင်ခင် ညာဘက်ပခုံးအဆစ်လွဲသွားလို့ သွေးပူလေ့ကျင့်ခန်းတောင် မလုပ်နိုင်ခဲ့ဘူး" လို့ ဝန်ခံလာတဲ့ ဂျော်ရှုးဝါးဗန်

UFC 331 ခေါင်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အားလုံးကို အံ့အားသင့်သွားစေမယ့် လျှို့ဝှက်ချက်တစ်ခုကို ဂျော်ရှုးဝါးဗန်က ဖွင့်ဟလာခဲ့ပါတယ်။ ဒါကတော့ သူဟာ ဒီပွဲမတိုင်ခင်ကတည်းက ညာဘက်ပခုံးအဆစ်လွဲတဲ့ (AC joint tear) ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားခဲ့တယ်ဆိုတာပါပဲ။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"ဖီလာဒဲလ်ဖီးယား သတင်းစာရှင်းလင်းပွဲအပြီးမှာ ကျွန်တော့်ရဲ့ ညာဘက်ပခုံး အဆစ်လွဲသွားခဲ့တယ်ဗျ။ အဲ့ဒီတော့ Sparring တောင် လုံးဝလုပ်လို့မရခဲ့ဘူး။ ပွဲမတိုင်ခင် နောက်ဆုံးနှစ်ပတ်အလိုကျမှပဲ ပထမဆုံးအကြိမ် Sparring ပြန်လုပ်နိုင်ခဲ့တာပါ။"

ဒီလိုဒဏ်ရာကြောင့် သူ့ရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုလုံးဟာ ပြေးတာနဲ့ ကာဒီယိုလေ့ကျင့်ခန်းတွေလောက်ကိုပဲ အဓိကထားပြီး လုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့လေ့ကျင့်ဖော်တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ကလည်း နံရိုးဒဏ်ရာရနေပေမယ့် သူတို့နှစ်ယောက်စလုံးက ပွဲကနေ နုတ်ထွက်ဖို့ကို လုံးဝငြင်းဆန်ခဲ့ကြပါတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"ကျွန်တော်က ပခုံးဒဏ်ရာကနေ အခုမှပြန်ကောင်းခါစ၊ သူကလည်း နံရိုးမှာ ဒဏ်ရာရထားတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်စလုံးက 'ဒါတွေကို ဂရုစိုက်မနေဘူးကွာ၊ ပွဲတော့ အပျက်မခံနိုင်ဘူး' ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒဏ်ရာတွေကို အံကြိတ်ပြီး ဒီပွဲကို ဖြတ်ကျော်ခဲ့ကြတာပါ။" အခုလို ဒဏ်ရာနဲ့ ၅ ချီအပြည့် ထိုးသတ်ခဲ့ရတဲ့အတွက် ပွဲအပြီးမှာတော့ ဆေးရုံပြန်သွားပြီး ဓါတ်မှန်ရိုက်ကာ သေချာပြန်စစ်ဆေးရဦးမယ်လို့ ဂျော်ရှုးက ဆိုပါတယ်။ သိပ်မပြင်းထန်ဖို့ပဲ မျှော်လင့်တယ်လို့လည်း သူက ပြောသွားပါသေးတယ်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာတောင် နောက်မဆုတ်ဘဲ ၅ ချီအပြည့် ပွဲကြီးပွဲကောင်းတစ်ပွဲကို ဖန်တီးပေးသွားခဲ့တဲ့ ဂျော်ရှုးဝါးဗန်ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာပါပဲ။

#ဂျော်ရှုဝါးဗန်

"ဘယ်သူတွေဘာပြောပြော ဒါဟာ မတော်တဆချန်ပီယံဖြစ်လာခဲ့တာ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပြီ" လို့ ပြောလိုက်တဲ့ ဂျော်ရှုးဝါးဗန်🔥...
20/09/2026

"ဘယ်သူတွေဘာပြောပြော ဒါဟာ မတော်တဆချန်ပီယံဖြစ်လာခဲ့တာ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပြီ" လို့ ပြောလိုက်တဲ့ ဂျော်ရှုးဝါးဗန်🔥🇲🇲

UFC 331 ခေါင်ပွဲအပြီး အင်တာဗျူးမှာတော့ ဂျော်ရှုးဝါးဗန်ရဲ့ ယုံကြည်မှုအပြည့်နဲ့ စကားသံတွေကို ကြားခဲ့ရပါတယ်။

၅ ချီအပြည့် သွေ:ထွက်သံ-ယို ထိုးသ-တ်ခဲ့ရတဲ့ ဒီပွဲမှာ ဂျော်ရှုးဝါးဗန်ကတော့ ပန်တိုဂျာအပေါ် လေးစားမှုအပြည့်ရှိကြောင်းနဲ့၊ ပွဲကြိုတင်းမာမှုတွေရှိခဲ့ပေမယ့် သံဇကာအပြင်ရောက်သွားချိန်မှာတော့ အားလုံးဟာ အချစ်တွေ၊ လေးစားမှုတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"၅ ချီအပြည့် ပွဲကြမ်းတစ်ပွဲဆင်နွှဲခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဘယ်လိုလုပ် မလေးစားဘဲနေနိုင်မှာလဲ။ သူဟာ အရင်ကလည်း ချန်ပီယံကောင်းတစ်ယောက်ဖြစ်ခဲ့သလို၊ အခုလည်း ချန်ပီယံကောင်းပါပဲ။ မိသားစုကိုချစ်တဲ့ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တဲ့အတွက် ကျွန်တော့်ဆီကနေ လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး။"

ဒါ့အပြင် ပွဲမတိုင်ခင်က ၃ ချီအတွင်း အလဲထိုးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပန်တိုဂျာဟာ သူထင်ထားတာထက် အများကြီး ပိုကြံ့ခိုင်ပြီး စိတ်ဓာတ်မာကျောလွန်းတဲ့ "ဧရာမဘီလူးကြီး"တစ်ကောင်ဖြစ်တယ်လို့ ဂျော်ရှုးက ချီးကျူးသွားခဲ့ပါသေးတယ်။ တတိယအချီမှာ အသေအချာ ထိသွားတာတောင် ပန်တိုဂျာဟာ လုံးဝနောက်မဆုတ်ဘဲ ဆက်ထိုး‌နေ ခဲ့တာက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။

ပထမပွဲမှာ မတော်တဆ ကံကောင်းလို့နိုင်သွားတာပါဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဂျော်ရှုးက ပြတ်ပြတ်သားသားပဲ ခွန်းတုံ့ပြန်လိုက်ပါတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"မနေ့က ကိုယ်အလေးချိန်ချိန်တဲ့ပွဲမှာတောင် သူတို့က အဲဒီလိုပြောကြသေးတယ်။ ဘာလို့များ အဲဒီလိုတွေ ပြောနေကြတာလဲဗျာ။ အခုတော့ ဒါဟာ မတော်တဆမဟုတ်ဘူးဆိုတာ ကျွန်တော် သက်သေပြလိုက်နိုင်ပြီလေ။"

အခုလို သက်သေပြနိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်မိကြောင်းနဲ့၊ လာမယ့်ပွဲတွေမှာလည်း Flyweight ဝိတ်တန်းက ဘယ်သူနဲ့မဆို ထိုးဖို့အဆင်သင့်ရှိကြောင်း ချန်ပီယံပီပီ ရဲရဲဝံ့ဝံ့ ကြွေးကြော်သွားခဲ့ပါတယ်။

အင်တာဗျူးအဆုံးမှာတော့ ဂျော်ရှုးဝါးဗန်က မြန်မာပရိသတ်တွေနဲ့ ဟူစတန်တက္ကဆက် က ပရိသတ်တွေကို မမေ့မလျော့ ကျေးဇူးတင်စကား ဆိုသွားခဲ့ပါသေးတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"မြန်မာနိုင်ငံက ပရိသတ်တွေရယ်၊ တက္ကဆက်ပြည်နယ် ဟူစတန်က ပရိသတ်တွေရယ်... ခင်ဗျားတို့မှာ ချန်ပီယံတစ်ယောက်ရှိနေပါပြီ။ ချစ်ခင်အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။"

#ဂျော်ရှုဝါးဗန်

ဂျော်ရှုဝါးဗန် နဲ့ ပန်တိုဂျာတို့ကတော့ ထိုးကြေးအပြင် ဒီညရဲ့ အကောင်းဆုံးတွဲဆိုင်းဆုကိုပါရရှိသွားကြတဲ့အတွက် တစ်ယောက်ကို ဒေါ...
20/09/2026

ဂျော်ရှုဝါးဗန် နဲ့ ပန်တိုဂျာတို့ကတော့ ထိုးကြေးအပြင် ဒီညရဲ့ အကောင်းဆုံးတွဲဆိုင်းဆုကိုပါရရှိသွားကြတဲ့အတွက် တစ်ယောက်ကို ဒေါ်လာ ငါ:သောင်းစီအပိုဆုကြေးရရှိသွားကြပါတယ်။
တကယ်ကိုလည်း ဒီဆုနဲ့ထိုက်တန်အောင်လို့ ဂျော်ရှုဝါးဗန်ရော ပန်တိုဂျာပါ အချီပြည့် အကောင်းဆုံးထိုးပြသွားခဲ့ကြပါတယ်။

ဂျော်ရှုဝါးဗန်အနေနဲ့ ပန်တိုဂျာကို ထိထိမိမိထိုးချက်တွေများစွာထိအောင်ထိုးနိုင်ခဲ့ပေမယ့် ပန်တိုဂျာ အသည်း၊ဇွဲ နဲ့ မာဂုဏ်တို့ကြောင့် အလဲထိုးမခံခဲ့ရပဲ နောက်ဆုံးအချိန်ထိ တောင့်ခံပြီး ကစားသွားပြနိုင်ခဲ့ပါတယ်။ ချန်ပီယံဟောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်မာကျောမှုအပြင် လက်ရှိချန်ပီယံ ဂျော်ရှုဝါးဗန်ရဲ့ Takedown Defense စွမ်းရည်တွေ၊ ဘောက်စင်စကေးတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက် ဒီဆုက ဖိုက်တာနှစ်ယောက်လုံးအတွက် တကယ့်ကို ထိုက်တန်လွန်းတယ်လို့ပြောရမှာပါ။

#ဂျော်ရှုဝါးဗန် #ပန်တိုဂျာ

"ပန်တိုဂျာက ငါထင်တာထက်ကို အများကြီး ပိုကြံ့ခိုင်လွန်းတယ်" လို့ ပန်တိုဂျာကို ချီးကျူးလိုက်တဲ့ ဂျော်ရှုးဝါးဗန် 🇲🇲👏UFC 331 ...
20/09/2026

"ပန်တိုဂျာက ငါထင်တာထက်ကို အများကြီး ပိုကြံ့ခိုင်လွန်းတယ်" လို့ ပန်တိုဂျာကို ချီးကျူးလိုက်တဲ့ ဂျော်ရှုးဝါးဗန် 🇲🇲👏

UFC 331 မကျေပွဲအပြီး မီဒီယာအင်တာဗျူးမှာတော့ ဂျော်ရှုးဝါးဗန်ဟာ သူ့ရဲ့ ပြိုင်ဘက်ဟောင်း ပန်တိုဂျာအပေါ်မှာ အပြည့်အဝ လေးစားမှုရှိကြောင်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံသွားခဲ့ပါတယ်။ သူဟာ ပွဲမစခင်က ၃ ချီအတွင်း အလဲထိုးမယ်လို့ ကြုံးဝါးခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပန်တိုဂျာဟာ သူထင်ထားတာထက် အများကြီး ပိုပြီး ကြံ့ခိုင်လွန်းတယ်လို့ ဂျော်ရှုးက ဆိုပါတယ်။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"ပန်တိုဂျာက စိတ်ပိုင်းဆိုင်ရာမှာ တကယ့်ကို ဧရာမဘီလူးကြီးပါပဲ။ သူ ချန်ပီယံဖြစ်ခဲ့တာ အကြောင်းပြချက်ရှိတယ်ဆိုတာ ဒီပွဲမှာ သက်သေပြသွားတယ်။ ကျွန်တော် သူ့ကို မိသွားပြီလို့ ထင်ရတဲ့အချိန်တိုင်းမှာ သူက ပိုပြီးသန်မာတဲ့ပုံစံနဲ့ ပြန်ပြန်လာနိုင်တယ်။

တတိယအချီမှာ ပြင်းထန်တဲ့ လက်သီးတွေနဲ့ ထိသွားတာတောင် သူက လုံးဝမလဲကျသွားဘူး။ သူ့ရဲ့ စိတ်ဓာတ်က တကယ့်ကို ကြံ့ခိုင်လွန်းပါတယ်။" လို့ဂျော်ရှုဝါးဗန်ကဖြေသွားခဲ့ပါတယ်။

ပွဲမတိုင်ခင်တုန်းက နှစ်ယောက်သား အပြန်အလှန် စကားစစ်ထိုးပြီး တင်းမာခဲ့ကြပေမယ့် ပွဲအပြီးမှာတော့ ဂျော်ရှုးဝါးဗန်က "ပန်တိုဂျာအတွက် လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူးလို့ ပန်တိုဂျာကို ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တယ်လို့ ဆိုပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက် (Greatest of All Time) နဲ့ ၅ ချီအပြည့် ထိုးသတ်ခဲ့ရတာဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်တယ်လို့လည်း ဂျော်ရှုးဝါးဗန်က ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ အသက်၂၄ နှစ်အရွယ် UFC ဖလိုင်းဝိတ်တန်းချန်ပီယံလေး ဂျော်ရှုးဝါးဗန်ဟာ အခုလို နိုင်ပွဲရခဲ့ပေမယ့်လည်း ဘဝင်မြင့်မနေပါဘူး။ သူ့မျက်နှာပေါ်က ဒဏ်ရာတွေကိုပြရင်း သူဟာ အများကြီး ထပ်ကြိုးစားဖို့ လိုသေးကြောင်းနဲ့ ဒီလိုမျိုး အထိမခံရအောင် နည်းစနစ်ပိုင်းတွေကို ထပ်မံလေ့ကျင့်သွားမယ်လို့ ရင့်ကျက်စွာနဲ့ ပြောသွားခဲ့ပါတယ်။

ပွဲကြိုစကားစစ်ထိုးပွဲတွေမှာ ဘယ်လောက်ပဲ ကြမ်းတမ်းခဲ့ပါစေ ကြိုးဝိုင်းထဲမှာတော့ တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသစွာ တိုက်ခိုက်ခဲ့ပြီး ပွဲအပြီးမှာ အပြန်အလှန်လေးစားမှု အပြည့်ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။

အောင်ပွဲခံပြီးနောက်ပိုင်း ကလပ်သွားမလားဆိုတဲ့ မေးခွန်းကိုတော့ ဂျော်ရှုးဝါးဗန်က
"ဒီညတော့ မိသားစုရယ်၊ အသင်းသားတွေရယ်နဲ့အတူ ဆုတောင်းပွဲလေးပဲ လုပ်မှာပါ။ တနင်္ဂနွေညရောက်မှ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပေါ့" လို့

ရယ်ရယ်မောမောနဲ့ ပြန်ဖြေသွားခဲ့ပါတယ်။ တကယ့်ကို ရင့်ကျက်တည်ငြိမ်လာတဲ့ ချန်ပီယံ ဂျော်ရှုးဝါးဗန်ရဲ့ နောက်ထပ်ခရီးလမ်းကရော ဘယ်လိုရှိလာမလဲဆိုတာ ပရိသတ်တွေ ဆက်လက်စောင့်ကြည့်အားပေးရဦးမှာပါ...

#ဂျော်ရှုဝါးဗန်

"အရင်ပန်တိုဂျာနဲ့ပွဲတုန်း ကံ‌ကောင်းလို့ နိုင်သွားတာပါ" လို့ ပြောခဲ့တဲ့သူတွေကို ပြတ်ပြတ်သားသား ခွန်းတုံ့ပြန်လိုက်တဲ့ ချန်...
20/09/2026

"အရင်ပန်တိုဂျာနဲ့ပွဲတုန်း ကံ‌ကောင်းလို့ နိုင်သွားတာပါ" လို့ ပြောခဲ့တဲ့သူတွေကို ပြတ်ပြတ်သားသား ခွန်းတုံ့ပြန်လိုက်တဲ့ ချန်ပီယံ ဂျော်ရှုးဝါးဗန်🔥🇲🇲

ပန်တိုဂျာကို ဒုတိယအကြိမ် ထပ်မံအနိုင်ယူပြပြီးနောက် သံဇကာဝိုင်းထဲမှာ ဂျိုးရိုဂန်နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ ဂျော်ရှုးဝါးဗန်ရဲ့ စကားသံတွေက ပရိသတ်တွေကို တကယ့်ကို ရင်ခုန်စေခဲ့ပါတယ်။ မြန်မာအလံကို ခြုံထားတဲ့ ကျွန်တော်တို့ရဲ့ ချန်ပီယံကြီးဟာ ပွဲအပြီးမှာ သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ရင်ဖွင့်လာခဲ့တာပါ။

🗣 ဂျော်ရှုးဝါးဗန် (Joshua Van)

"ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တစ်ခုပြောချင်တာက လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေက သင့်ဘဝကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဘယ်တော့မှ အထင်မခံပါနဲ့။

ပထမအကြိမ် ပန်တိုဂျာကို ကျွန်တော်အနိုင်ရပြီး ချန်ပီယံဖြစ်တုန်းက လူတော်တော်များများက ဒါဟာ မတော်တဆ ကံကောင်းလို့ နိုင်သွားတာပါလို့ ပြောခဲ့ကြတယ်။ အခုရော ကျွန်တော့်ကို သံသယဝင်နိုင်ကြသေးလား။" ဆိုပြီး ဂျော်ရှုဝါးဗန်က သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပြသွားခဲ့ပါတယ်။

အခုဆိုရင် ဂျော်ရှုးဝါးဗန်ဟာ UFC ရဲ့ Flyweight သမိုင်းတစ်လျှောက်မှာ ဆက်တိုက်နိုင်ပွဲ (၈) ပွဲအထိ ရယူနိုင်ခဲ့ပြီဖြစ်ပြီး ပန်တိုဂျာရဲ့ စံချိန်နဲ့ တန်းတူဖြစ်သွားခဲ့ပါပြီ။ သူ့ရှေ့မှာတော့ ဂန္ထဝင်ကစားသမားကြီး Demetrious Johnson က (၁၃) ပွဲဆက် နိုင်ပွဲနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ပထမပွဲက ကံကောင်းလို့မဟုတ်ဘူးဆိုတာကို အားလုံးရှေ့မှာ သက်သေပြသွားနိုင်ခဲ့တဲ့ ဂျော်ရှုးဝါးဗန်တစ်ယောက် လာမယ့်ပွဲတွေမှာရော ဒီထက်ပိုကြမ်းတဲ့ စံချိန်သစ်တွေ ထပ်တင်နိုင်ဦးမလား။ ဒမီထရီးယက်စ် ဂျွန်ဆင်ရဲ့ သမိုင်းဝင်စံချိန်ကြီးကိုရော ဖြတ်ကျော်သွားနိုင်မလားဆိုတာကတော့ ပရိသတ်တွေ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ရတော့မှာပါ....

#ဂျော်ရှုဝါးဗန် #ပန်တိုဂျာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Burma Corner 2 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่