Burma Corner 2

Burma Corner 2

แชร์

လက်ဝှေ့၊မွေထိုင်း၊MMA စတဲ့အကြောင်းအရာမျိုးစုံကို ပုံမှန်တင်ဆက်ပေးနေပါတယ်ဗျ💪✌️

03/09/2026

"ကော်နာမက်ဂရီဂေါရဲ့ ပါးစပ်ကို ပိတ်ပစ်ချင်တယ်" လို့ဆိုလာတဲ့ ဂျက်စတင်ဂေဂျီ

အင်တာဗျူးတစ်ခုမှာ မင်းဖိုက်တာသက်တမ်းတစ်လျှောက် ထိုးခဲ့ဖူးတဲ့ဖိုက်တာတွေထဲက ဘယ်သူနဲ့ပြန်ထိုးချင်လဲလို့ ဂျက်စတင်ဂေဂျီကိုမေးခဲ့ပါတယ်။

" ကျွန်တော်သာ နောက်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ခွင့်ရမယ့်သူကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အိုလီဗီရာ ဒါမှမဟုတ် ဟော်လိုဝေးကို ရွေးချယ်မှာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးကို တိုပူရီးယာက အနိုင်ယူပြထားခဲ့ပြီ‌လေ၊ ကျွန်တော်က ‌တိုပူရီးယားကို အနိုင်ရထားတာဆိုတော့ သူတို့ကို ကျွန်တော်ပဲ ပြန်အနိုင်ယူလိုက်ရသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ပဲ ကျေနပ်အောင် ဖြေတွေးရပါတော့မယ်။

ဒါကြောင့် မက်ဂရီဂေါ်ကိုပဲ ရွေးချယ်ရလိမ့်မယ်ထင်ပါတယ်။ သူ့ပါးစပ်ကို ပိတ်ပစ်ရတာက တကယ့်ကို ပျော်စရာကောင်းမှာပါ။ "ဆိုပြီး ဂျက်စတင်ဂေဂျီကဖြေကြားသွားခဲ့ပါတယ်။

ဂျက်စတင်ဂေဂျီအနေနဲ့ ကော်နာနဲ့တော့ တစ်ခါမှ မထိုးဖူးသေးပါဘူး။ ဒါပေမယ့် ဖိုက်တာတိုင်းနီးပါးက ကစားသမားဘဝအနားယူခါနီးမှာ ကော်နာနဲ့ တစ်ကြိမ်လောက်ထိုးပြီး ငွေထုပ်ပိုက်ပြီးအနားယူသွားချင်ကြတာပါ။
#ကော်နာမက်ဂရီဂေါ

01/09/2026

ဂျော်ရှုဝါးဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မကျေပွဲမှာ ဂျော်ရှုဝါးဗန်ကပဲ အနိုင်ရသွားနိုင်တယ်လို့ ရှောင်အိုမယ်လီက ခန့်မှန်းလိုက်ပါတယ်။
#ဂျော်ရှုဝါးဗန်

01/09/2026

"Ruffy ကို နပန်းလုံးပြီး ပင်ပန်းအောင်လုပ်မယ်၊ ပြီးမှ အလဲထိုးမယ်" ဆိုပြီး ပွဲမတိုင်ခင် ကစားကွက် အကုန်ထုတ်ပြောလိုက်တဲ့ Arman Tsarukyan🔥🔥

Arman Tsarukyan က Mauricio Ruffy ကို ဘယ်လိုကစားကွက်နဲ့ အနိုင်ယူမလဲဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

မူလက Charles Oliveira နဲ့ တွေ့ဆုံဖို့ ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားခဲ့ပြီးနောက် Ruffy နဲ့ ၅ ချီပွဲ အစားထိုး ထိုးသတ်ဖြစ်သွားတာပါ။ ဒီပွဲပြီးရင်တော့ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် သေချာပေါက် ရတော့မယ်လို့ Arman က ဆိုထားပါတယ်။

Ruffy ဟာ ဘယ်အနေအထားကနေမဆို လက်သီးတွဲလုံးတွေ အန္တရာယ်များစွာ ပစ်သွင်းနိုင်ပြီး Rafael Fiziev ကိုတောင် အလဲထိုးခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ပြီး လက်သီးချင်းယှဉ်ထိုးတဲ့အချိန်တွေမှာလည်း သေချာသတိထားသွားမှာဖြစ်ပြီး ထုံးစံအတိုင်း သူ့ရဲ့နပန်းကစားကွက်တွေကိုပဲ အဓိက သုံးသွားမယ်လို့ အာမန်က ဆိုပါတယ်။

"ကျွန်တော့် ကစားကွက်ကို လူတိုင်း သိပြီးသားပါ။ သူ့ကို နပန်းလုံးမယ်၊ ပင်ပန်းနွမ်းနယ်သွားအောင် လုပ်မယ်၊ အဲ့ဒီနောက်မှ ကျွန်တော့် လက်သီးတွေကို အသုံးပြုပြီး အပြတ်ရှင်းမယ်" လို့ Arman က ပြောပြသွားတာပါ။

Arman က ဒီပွဲစဉ်ဟာ ပထမနဲ့ ဒုတိယအချီတွေမှာ Ruffy ဘက်က အန္တရာယ် အလွန်များနိုင်ပေမဲ့ တတိယအချီကစပြီး သူ့အတွက် အများကြီး လွယ်ကူသွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ပွဲကို ၅ ချီပွဲအဖြစ် သတ်မှတ်လိုက်တာကလည်း သူ့လို နပန်းအားသန်သူအတွက် ပိုပြီး အခွင့်အသာကြီး ရသွားစေတယ်လို့ ဆိုပါတယ်။

ဖိုက်တာ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်လာတဲ့အချိန်မှာ နပန်းသမားတွေက အောက်ကို ဆွဲလှဲဖို့လမ်းကြောင်း ပိုရှာတွေ့လေ့ရှိတာကြောင့် ဒီပွဲကို အနိုင်ရဖို့ အပြည့်အဝ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Arman က အနာဂတ်မှာ သူသာချန်ပီယံဖြစ်လာပြီးရင် လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ၅ ကြိမ် ဆက်တိုက်ကာကွယ်ပြီး စံချိန်တင်ပြမယ်လို့ ကြုံးဝါးပြသွားသေးပါတယ်။

01/09/2026

"Islam Makhachev ကတော့ GOAT ပဲ" လို့မှတ်ချက်ပေးလိုက်တဲ့ Arman Tsarukyan

Arman Tsarukyan က "Deep Waters" အစီအစဉ်မှာ နာမည်ကြားလိုက်ရင် စကားလုံးတစ်လုံးတည်းနဲ့ ချက်ချင်းပြန်ဖြေရတဲ့ ကစားနည်းလေးတစ်ခု ဆော့သွားပါတယ်။
အဲ့ဒီထဲမှာ အားလုံးသတိထားမိသွားတာကတော့ သူနဲ့တစ်ချိန်က ထိုးခဲ့ဖူးတဲ့ လက်ရှိဝယ်တာဝိတ်တန်းချန်ပီယံ Islam Makhachev ရဲ့ နာမည်ကြားတာနဲ့ Arman က ချက်ချင်းပဲ "GOAT"လို့ မဆိုင်းမတွ တန်းပြောချလိုက်တာပါပဲ။ Arman က အရင်ကတည်းက သူ့စိတ်ကြိုက် သမိုင်းတစ်လျှောက် အကောင်းဆုံး Lightweight ဖိုက်တာ ၄ ယောက်စာရင်းထဲမှာ Khabib၊ BJ Penn၊ Anthony Pettis တို့နဲ့အတူ Islam ကို ထည့်ထားဖူးပါတယ်။

ပြီးတော့ UFC ဥက္ကဋ္ဌ Dana White နာမည်ကို မေးလိုက်တဲ့အခါမှာတော့ "Boss" (ဆရာကြီး/သူဌေးကြီး) လို့ ခပ်ပြတ်ပြတ်လေး မှတ်ချက်ပေးသွားပါတယ်။ အရင်တုန်းကဆိုရင် UFC နဲ့ စာချုပ်ကိစ္စတွေ စကားပြောဖို့ မန်နေဂျာတွေကတစ်ဆင့် သွားရပေမဲ့ အခုတော့ နာမည်ကြီးလာပြီဖြစ်လို့ Dana White လို လူကြီးတွေနဲ့ပါ တိုက်ရိုက်ဖုန်းဆက် အလုပ်လုပ်နေရပြီလို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် သူနဲ့ မကြာခဏငြိလေ့ရှိတဲ့ Paddy Pimblett ကိုတော့ ဆံပင်ရွှေရောင်နဲ့ ပျော့ညံ့တဲ့ကောင်လို့(Blonde bit*h) မှတ်ချက်ပေးပြီး Nina Drama ကိုတော့ အလှလေး(Beautiful) လို့မှတ်ချက်‌ပေးသွားခဲ့ပါတယ်။

01/09/2026

"ဒီကောင်လေးက တကယ့် သားရဲတစ်ကောင်ပဲ" - Joshua Van ကို အကြိုက်တွေ့ပြီး ချီးကျူးလိုက်တဲ့ ရှောင်အိုမယ်လီ

UFC စတား Sean O'Malley က သူ့ရဲ့ ပေါ့ဒ်ကတ်စ်မှာ Joshua Van အကြောင်းကို သဘောကျလွန်းလို့ တခုတ်တရ ထုတ်ပြောလာပါတယ်။
အိုမယ်လီက သူကိုယ်တိုင် Flyweight တန်း ပွဲတွေကို သိပ်ကြည့်လေ့မရှိပေမဲ့ Joshua Van ကတော့ တကယ့်ကို ကြည့်လို့ကောင်းတဲ့ ဖိုက်တာမို့ သူ့ပွဲဆို အမြဲကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ UFC က တင်ပေးထားတဲ့ Joshua Van ရဲ့ ပွဲဟောင်းတွေကို တစ်ထိုင်တည်း အကုန်လိုက်ကြည့်ပြီးနောက် "ဒီကောင်လေးကတော့ တကယ့် သားရဲတစ်ကောင်ပဲကွာ" ဆိုပြီး တအံ့တဩ ဖြစ်ခဲ့ရတာပါ။

Joshua Van ရဲ့ ထိုးသတ်ပုံကို ကြည့်ရတာ ပထမအချီတွေမှာ နည်းနည်း အထိနာတတ်ပေမဲ့ နောက်ပိုင်းအချီတွေကျရင် အရှိန်ပြန်ရလာပြီး လက်သီးတွဲလုံး ခပ်ကြမ်းကြမ်းတွေနဲ့ ပြိုင်ဘက်ကို ဖိထိုးတတ်တာကို အိုမယ်လီက အတော်လေး သဘောကျနေတာပါ။ ပြီးခဲ့တဲ့ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာနဲ့ ပွဲမှာတောင် အောက်ရောက်နေတဲ့ အနေအထားတွေကနေ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့တာမို့ အခုချိန်မှာ Van ရဲ့ ယုံကြည်မှုက အမြင့်ဆုံးကို ရောက်နေပြီလို့ သုံးသပ်ထားပါတယ်။

Alexandre Pantoja လို ဝါရင့်ချန်ပီယံဟောင်းဟာ ဂျူဂျစ်ဆု ခါးပတ်နက်ဖြစ်ပြီး မြေပြင်ချုပ်ကွက်တွေ အရမ်းကြမ်းတာမို့ Van အနေနဲ့ လုံးဝအမှားမခံဘဲ သတိထားရမယ်လို့လည်းသတိပေးထားပါတယ်။ ဒါပေမဲ့လည်း Joshua Van ဟာ အန္တရာယ်များတဲ့ ချုပ်ကွက်တွေကနေ အမြဲ ပြန်ရုန်းထွက်နိုင်စွမ်းရှိတဲ့အပြင် လူငယ်လည်းဖြစ်၊ နိုင်ပွဲလည်း အရမ်းဆာလောင်နေတဲ့ ကောင်လေးမို့လို့ Pantoja နဲ့ ထိုးရင်တောင် Joshua Van ပဲ နိုင်သွားမယ် လို့ အိုမယ်လီက ပွဲကြို ရွေးချယ်ခန့်မှန်းပေးသွားပါတယ်။ ဘော်ဒါတို့ရော ရှောင်အိုမယ်လီရဲ့ပွဲကြိုခန့်မှန်းချက်ကို ဘယ်လိုမြင်ကြလဲဗျာ။
#ဂျော်ရှုဝါးဗန်

31/08/2026

လောရှည်နာဘီ နဲ့ ဂျပန်လေး ယူကီယိုဇာတို့ One Samurai 4 မှာတွေ့ကြပါမယ်။ ပွဲအချိန်ကတော့ အောက်တိုဘာလ 17 ရက်နေ့ပါ။ နာဘီးက နှစ်ပွဲဆက်တိုက်ရှုံးထားတာဆိုတော့ ဒီပွဲအစွမ်းကုန်ရုံးမယ်လို့ထင်ပါတယ်။
#နာဘီး

30/08/2026

ညီဖြစ်သူ အူစမန်ကို ခါးပတ်အားလုံးသိမ်းပိုက်စေချင်တဲ့ အူမာ နာမာဂိုမက်ဒေါ့ဗ်ရဲ့ စစ်မှန်တဲ့ ညီအစ်ကိုမေတ္တာ ♥️♥️

MMA လောကမှာ ဒါဂက်စတန်သားတွေဆိုတာ ကြိုးဝိုင်းထဲရောက်ရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ ဖိုက်တာတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ပုံစံနောက်ကွယ်မှာတော့ ဘာနဲ့မှ ဖျက်ဆီးလို့မရတဲ့ ခိုင်မာတဲ့ မိသားစု စိတ်ဓာတ်နဲ့ ညီအစ်ကိုမေတ္တာတွေ ကိန်းအောင်းနေပါတယ်။

အင်တာဗျုးတစ်ခုမှာ ဂျာနယ်လစ်က " မင်း နဲ့ မင်းညီ အူစမန် ဘယ်သူကပိုကောင်းလဲလို့" မေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အူမာ နာမာဂိုမက်ဒေါ့ဗ် ပြန်‌ဖြေလိုက်တဲ့စကားက ပရိသတ်တွေရင်ထဲကို နွေးသွားစေခဲ့ပါတယ်။ များသောအားဖြင့် ဖိုက်တာတွေကြားမှာ အပြိုင်အဆိုင်စိတ်တွေ ရှိတတ်ပေမယ့် အူမာကတော့ သူ့ညီရဲ့ အောင်မြင်မှုကို သူ့ကိုယ်ပိုင်အောင်မြင်မှုလိုမျိုး သဘောထားပြီး အခုလိုပဲ ရင်ဖွင့်ပြောဆိုခဲ့တာပါ။

" ဒီကောင်လေးက နံပါတ်တစ်ပါပဲ ။ တကယ်လို့ သူသာ ကမ္ဘာပေါ်က ခါးပတ်တွေအားလုံးကို သိမ်းပိုက်နိုင်မယ်ဆိုရင် ကျွန်တော် တကယ်ကို ဝမ်းသာမိမှာပါ ။ သူကကျွန်တော့်ရဲ့ ညီအရင်းဖြစ်ပြီး သူ့ကို ချန်ပီယံတစ်ယောက် ဖြစ်စေချင်ပါတယ် ။ "

🗣 အူမာ နာမာဂိုမက်ဒေါ့ဗ်

ဒီလို အကိုတစ်‌ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် ညီဖြစ်သူအူစမန်ကလည်း မနေ့ကပွဲမှာ သူ့အကို အူမာ အလဲထို:ခံရတော့ စိတ်မထိန်းနိုင်ပဲ ခါဘစ် တားနေတဲ့ကြားကနေ ကွင်းထဲထိကို အတင်းပြေဝင်သွားမိခဲ့တာပါ။

ဒါဟာ နာမာဂိုမက်ဒေါ့ဗ် မိသားစုရဲ့ သွေးသားရင်းချာတွေအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကို အထင်းသားမြင်တွေ့လိုက်ရတာပါပဲ။ ဒါဂက်စတန်ဖိုက်တာတွေက နပန်းအာပြုကစားတာကြောင့် ပရိသတ်တွေသိပ်မကြိုက်ကြပေမယ့် သူတို့ကြားမှာထားရှိတဲ့ ‌မိသားစုမေတ္တာကတော့ ပရိသတ်တွေအနေနဲ့ အတုယူဖို့ ကောင်းပါတယ်။

#ခါဘစ်

30/08/2026

ခါဘစ်ရဲ့ သတိပေးစကားကို လျစ်လျူရှုမိလို့ ဆုန်ယာဒေါင်းဆီမှာ အဖိုးအခပေးလိုက်ရတဲ့ အူမာ နာမာဂိုမက်ဒေါ့ဗ်

မနေ့ကပွဲမှာ အူမာ နာမာဂိုမက်ဒေါ့ဗ်ကတော့ ဆုန်ယာဒေါင်ကို အလဲထိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပရိသတ်တွေကြားမှာလည်းဂယက်တော်တော်ထသွားခဲ့တာပါ။ တကယ်တော့ ဒီရှုံးပွဲရဲ့ အဓိကတရားခံဟာ အူမာရဲ့ အကျင့်ပါနေတဲ့ ဘယ်ဘက်ကို ခေါင်းငုံ့တတ်တဲ့ အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ပြောရရင်တော့ ဒီအကျင့်ဆိုးကြီးကို ဖျောက်ဖို့ ခါဘစ်ကိုယ်တိုင်ရော၊ နည်းပြတွေကပါ အမြဲတမ်း သတိပေးခဲ့ကြတာပါ။ ဒါပေမဲ့ ပွဲထဲရောက်ရင် သွေးပူပြီး ဒီအကျင့်က ပြန်ပေါ်လာတတ်တာကြောင့် အခုလို ကြီးမားတဲ့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာပါ။

မနှစ်က မာရီယို ဘော်တစ်စတာနဲ့ပွဲမှာလည်း အူမာအနေနဲ့ အဲ့ဒီလို ဘယ်ဘက်ခြမ်းကို ခေါင်းငုံ့တတ်တဲ့အကျင့်ကြောင့် heda kick ကန်ချက်လည်းမိခဲ့သေးပါတယ်။ ပွဲအပြီး ဘော်တစ်စတာကိုအနိုင်ရပြီးအင်တာဗျူး‌ဖြေတော့ အူမာကိုယ်တိုင်က သူ့ရဲ့ အားနည်းချက်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ဖူးပါတယ်။

" ကျွန်တော့်မှာ တကယ့်ကို ဆိုးရွားတဲ့ အမှားတစ်ခုရှိတယ်။ အမြဲတမ်း ဘယ်ဘက်အောက်ခြေကို ငုံ့ငုံ့သွားတတ်တာပဲ။ ဂျင်မ်မှာဆိုရင်လည်း နည်းပြတွေ၊ ခါဘစ်တို့က ဒါကို မလုပ်ဖို့၊ သေချာပြင်ဖို့ အမြဲတမ်း သတိပေးကြတယ်။ ဒီနေ့တော့ အဲဒီအတွက် ကျွန်တော် အဖိုးအခ ပေးလိုက်ရပြီ။ ကျွန်တော်တို့တွေက ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ကြပေမယ့် ပိုကောင်းလာအောင်တော့ ကြိုးစားသွားမှာပါ။"

🗣 အူမာ နာမာဂိုမက်ဒေါ့ဗ်

ဆုန်ယာဒေါင်အနေနဲ့လည်း အူမာနဲ့ပွဲမတိုင်ခင်တုန်းက " အူမာကိုအနိုင်ယူဖို့လွယ်ပါတယ်။ ငါ့မှာ သူ့အတွက် နိုင်ကွက်ရှိတယ်" လို့ပြောထားပါတယ်။

ပွဲအတွင်းမှာတော့ ဘော်ဒါတို့ သိတဲ့အတိုင်းပဲ ဆုန်ယာဒေါင်ရဲ့ ဖိအားပေးမှုတွေအောက်မှာ အူမာတစ်ယောက် ဘယ်ဘက်ခြမ်းကို ခေါင်းငုံ့မိတုန်း ဆုန်ယာဒေါင်က ပင့်လက်သီးနဲ့ပွဲသိမ်းပြသွားခဲ့ပါတယ်။

အူမာတစ်ယောက် ခါဘစ်ရဲ့ စကားတွေကို သေချာနားထောင်ပြီး သူ့ရဲ့ အားနည်းချက်တွေကို အမြန်ဆုံး ပြင်ဆင်လာနိုင်မယ်လို့ထင်ကြလားဗျာ။

#ခါဘစ်

30/08/2026

UFC ရဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံကြီးဆိုတော့လည်း Gym မှာ တင့်တယ်တာပေါ့ဗျာ😁🇲🇲 4oz club ရဲ့ Gym အသစ်မှာလည်း မြန်မာအလံကို ကြွားကြွားဝါဝါချိတ်ဆွဲထားလျက်ပါပဲ။
#ဂျော်ရှုဝါးဗန်

30/08/2026

အကိုဖြစ်သူရဲ့ရှုံးပွဲအပေါ် ဝေဖန်နေကြသူတွေကို ဒေါသတကြီး တုံ့ပြန်လိုက်တဲ့ အူစမန် နာမာဂိုမက်ဒေါ့ဗ်

ပြီးခဲ့တဲ့ UFC Shanghai ပွဲစဉ်မှာတော့ ပရိသတ်တွေအားလုံး ထင်မှတ်မထားတဲ့ ရလဒ်တစ်ခုနဲ့အတူ အူမာ နာမာဂိုမက်ဒေါ့ဗ် တစ်ယောက် KO နဲ့ အလဲထိုးခံခဲ့ရပါတယ်။

ဒီရှုံးပွဲထက် ပိုပြီးပွဲဆူသွားစေခဲ့တာကတော့ ပွဲအပြီးမှာ အကိုဖြစ်သူရဲ့ပြိုင်ဘက်ကို ဝင်ထိုးဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ညီဖြစ်သူ အူစမန်ရဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

ပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အူစမန်က နှုတ်ဆိတ်မနေခဲ့ပါဘူး။ သူ့ရဲ့ IG ကနေတစ်ဆင့် အခြေအနေကို အကြီးကြီးချဲ့ကားနေတဲ့သူတွေကို ဒေါသတကြီးနဲ့ စာပြန်တင်ပြီး တုံ့ပြန်လာခဲ့ပါတယ်။

" ကျွန်တော်တို့အတွက် သတ်မှတ်ထားတဲ့ ကံတရားကို ကျွန်တော်တို့ပဲ နားလည်နိုင်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် Alhamdulillah ပါပဲ။ လူတွေက ဒါကို အဖြစ်အပျက်ကြီးတစ်ခုလို လုပ်နေကြတာ၊ သူတို့နည်းနည်းလောက် ငြိမ်ငြိမ်လေးနေရင် ပိုကောင်းမယ်ထင်တယ်။

ကမ္ဘာပေါ်မှာ ဒီထက်ဆိုးရွားတဲ့ကိစ္စတွေ အများကြီးရှိနေတာကို အဝေးကြီးတွေးမနေဘဲ လိုက်ကြည့်ကြပါဦး။ နောက်ပြီး ကျွန်တော်က သူ့ပြိုင်ဘက်ကို ဝင်ထိုးချင်တယ်ဆိုတဲ့ ကိစ္စ... တကယ်လို့ ကျွန်တော်သာ ဝင်ထိုးချင်ခဲ့ရင် ဝင်ထိုးလိုက်မှာပေါ့။

မကောင်းဆို:ဝါးစိတ်ဝင်နေတဲ့ မနာလိုသူတွေ... မင်းတို့ရဲ့ပြဿနာက မိသားစုရဲ့မေတ္တာတရားနဲ့ နားလည်မှုဆိုတာကို ဘယ်တုန်းကမှမရခဲ့သလို ဘယ်တော့မှလည်း ရမှာမဟုတ်တာပဲ။ ညီတစ်ယောက်အတွက် အကိုဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ မင်းတို့နားမလည်ဘူးဆိုရင်၊ ငါ့အတွက် စိတ်မကောင်းဖြစ်ပေးနေမယ့်အစား မင်းတို့ကိုယ်မင်းတို့ပဲ သနားလိုက်ပါ။ "

🗣 အူစမန် နာမာဂိုမက်ဒေါ့ဗ်

ဒါကတော့ မိသားစုသွေးသားဆိုရင် ဘာနဲ့မှမလဲနိုင်တဲ့ ဒါဂက်စတန်သားတွေရဲ့ စိတ်ဓာတ်ကို အူစမန်က အတိအလင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ရှုံးပွဲကြောင့် စိတ်ထိခိုက်နေရတဲ့ကြားထဲက အကိုဖြစ်သူအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အူစမန်ရဲ့လုပ်ရပ်မှန်တယ်လို့ထင်ကြလားဗျ။ အူမာ ကရော ဒီရှုံးပွဲကနေ သင်ခန်းစာယူပြီး ပိုကြမ်းတဲ့ပုံစံနဲ့ Octagon ထဲကို ပြန်လည်ခြေချလာနိုင်မလားဆိုတာကတော့ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်...

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok