FPL thoughts by Shoo

FPL thoughts by Shoo

แชร์

FPL Thoughts �

Photos from FPL thoughts by Shoo's post 30/01/2025

🔥ပွဲချိန်ပြည့် ပြန်ကစားရနိုင်တော့မယ့် ဝက်ကင်🔥

ဝက်ကင်ကို ပြန်ခေါ်သင့်ပြီလား???🤔

အေဗီလာ တိုက်စစ်မှူး Duran ကို အသက်ငယ်ငယ်လေးနဲ့ ဆော်ဒီမှာ ရေသွားခပ်လို့ နှမြောနေကြတဲ့သူတွေ ရှိနေပေမယ့် ဝက်ကင်ကို သဘောကျတဲ့ FPL ဂျာကြီးတွေအတွက်ကတော့ သတင်းကောင်းပါပဲ

အေဗီလာက တိုက်စစ်မှူးအသစ် ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ခေါ်ရင်လည်းချက်ချင်းအသုံးပြုမယ် မထင်ပါဘူး

ဒါ့အပြင် လာမယ့် GW 24 and 25 ကလည်း ပွဲချောင်ပါတယ်
GW 24 ——> 🐺WOL(A)
GW 25 ——> 🐴IPS (H)

GW 24 မှာ DGW ကစားရမယ့် ပါပူးနဲ့အဲဗာတန်ကစားသမားတွေ ဟော့နေလို့ GW 25 မှ ဝက်ကင်နဲ့ရော်ဂျာကို Double up မယ် တွေးရင်လည်း မမှားနိုင်ပါဘူး
ရော်ဂျာကတော့ ဂျာကြီး တော်တော်များများဆီမှာ ရှိကြမယ် ထင်ပါတယ်

Facts: ဝက်ကင်ဆိုတာလည်း Big game player တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး
အသင်းကြီး အသင်းလေး မရွေးဘဲ ကြိတ်တဲ့ကောင်ပါ
ပွဲချိန်ပြည့် ကစားရရင် ဘာလုပ်နိုင်လဲဆိုတာ အရင်နှစ်မှာ သက်သေပါပဲ
လောလောဆယ် အနေထားက မိနစ် share စရာ မလိုတော့ဘူးဆိုတော့ စောင့်ကြည့်ရမယ့် ဝက်ကင်လေး ပြန်ဖြစ်လာပါပြီ

ဂျာကြီးတို့ အားလုံး ကံကောင်းကြပါစေ





Photos from FPL thoughts by Shoo's post 27/01/2025

🔥Small DGW 24 (သို့) မဖြစ်မနေ chip တစ်ခု သုံးသင့်တဲ့အချိန်တစ်ခု🔥

Chip တစ်ခုလို့ ဆိုလိုက်တာမှာ AM or TC ကို ရည်ရွယ်ပါတယ်
WC, BB, FH တို့က ထပ်အုထားလိုက်ပါ

ခုအပတ်မှ chip မသုံးရင် ကျွန်တော်တို့ FPL ဂျာကြီးတွေ နောက်လာမယ့် GW တွေမှာ ဒီထက်အများကြီး ခေါင်းစားနိုင်တာမို့ chip တစ်ခုခု (AM or TC) ကို ထုတ်သုံးလို့ အကောင်းဆုံး အချိန်ပါပဲ

ထုံးစံအတိုင်း ရပ်ကွက်အထာ data အရ တစ်ချက်ကြည့်လိုက်ချိန်မှာ Everton နည်းပြ Moyes ကိုပဲ AM chip သုံးလိုက်ဖို့ အကြောင်းဖန်သွားပါတယ်
(ပါပူးက triple up ထားတော့ Slot လို့ မရတာလည်း ပါပါတယ်)
🦊လက်စတာကို အနိုင်
🔴ပါပူးကို သရေ
အာ့လိုတွက်ထားပုံ မှန်ကန်လိုက်ရင်ဖြင့် တော်တော်ဟုတ်သွားမှာပါ
နှစ်ပွဲလုံး အိမ်ကွင်းကန်ရမယ့် အားသာချက်တစ်ခုလည်း ရှိပါတယ်

AM chip သဘောတရားအရ သုံးပတ်ဆက် တောက်လျှောက်ကြိတ်ရမှာမို့
GW 25,26 မှာ
🍒ဘုန်းမောက်နည်းပြ Iraola ကို ခေါ်ဖို့ တွေးထားပါတယ်
တွေ့မယ့်နှစ်သင်းက
GW 25, 😇SOU(A)
GW 26, 🐺WOL(H)
ဤတွင် သုံးပတ်ဆက် AM chip အား လက်လွှတ်ခြင်း တစ်ခန်းရပ်လေသည်

DGW ကို တပ်မက်တဲ့စိတ်ကြောင့် ဘာရလဒ်ပဲလာလာ ရင်ဆိုင်ရတော့မှာပါ

ညိုကီတို့ အားလုံးလည်း ကံကောင်းကြပါစေ





Photos from FPL thoughts by Shoo's post 01/01/2025

🔥အနည်းဆုံးတစ်ယောက်တော့ ရှိထားသင့်တဲ့ 4.5m-5.5m ကြား နောက်တန်းတောင်ပံ 5 ယောက်

🌳Aina(5.2m)
⚪️Robinson(5.0m)
⚫️Hall(4.8m)
🍒Kerkez(4.7m)
🦅Muñoz(4.7m)

📝အသင်းကြီးတွေလို တခြားပြိုင်ပွဲတွေ မရှိလို့ rotation risk လည်း မရှိသလောက်ကို နည်းပါးပါတယ်

📝ရှေ့တန်းနဲ့အလယ်တန်းတွေက ဒီလူနဲ့ဒီလူတွေပဲ ထပ်နေလို့ နောက်တန်းရွေးချယ်မှု မှန်လိုက်တာနဲ့ rank က ထောင်မှာပါ

ရွေးချယ်မှုတွေ မှန်ကန်ကြပါစေ





Photos from FPL thoughts by Shoo's post 30/12/2024

GW-19 မှာ ဖန်သားနန်း​တော်ကြီး ထင်သလို အလုပ်မဖြစ်ခဲ့​ပေမယ့် အီဂျစ်သခင်ကြီး​ကြောင့် နည်းနည်း​တော့ အသက်ရှု ပြန်​ချောင်သွားတယ်

ရာသီဝက် 19 ပွဲ ကန်ပြီးချိန်မှာ 2 ပွဲပဲ blank တဲ့ record ကြီးက တကယ့်ကို အ​မေ့ဇင်းးးးကြီး
FPL Points လည်း ရာသီဝက်နဲ့တင် 200 ​ကျော်သွားပြီ😳

​ရွှေကိုးလ် cap ​လေး​တွေလည်း ထိုင်ခုံ​နောက်က ​ချောင်းကြည့်ရင်း ဒီည ကံ​ကောင်းပါ​စေ





29/12/2024

GW-19 ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ဂျာကြီးတို့ရေ

GW-19 Lineup ကိုတော့
3-5-2 formation နဲ့ ယှဉ်ပြိုင်မှာပါ

🧤GKP
🦅Henderson - ဖန်သားနန်းတော်ထဲကို သူတော်စင်တွေ မကျူးကျော်နိုင်ဖို့ အစွမ်းကုန်တားဆီးနိုင်မယ် ထင်ပါတယ်

⚽️⚽️⚽️DEF
🌳Aina - ဂိုးမသွင်းကြေး ပြိုင်ကြမယ့်ပွဲမှာ CS မျှော်လင့်လို့ရပါတယ်
🔵Colwill - အစ်ဆွစ်တိုက်စစ်ကိုမှ မထိန်းနိုင်ရင် နောက်ပတ်က စပြီး မည်သည့်အပြာမယ်ကိုမှ နောက်တန်းမှာ နေရာ မပေးတော့ပါ
⚫️Hall - ဆိုက်ဆိုက်တို့က တိုင်ပတ်နေပါတယ်ဆိုမှ ငှက်ကျားတို့ ဗိုက်ဆာနေချိန်နဲ့ လာတိုးနေတော့ CS or Return တစ်ခုခု ရနိုင်မယ် ထင်ပါတယ်

⚽️⚽️⚽️⚽️⚽️MID
🔴သခင်ကြီး(🎩) - Rank ကောင်းနေတဲ့အချိန်မှာ လက်မသရမ်းသင့်လို့ ရာသီကုန်ထိ cap ဖို့ များနေပါပြီ
🔵ရွှေကိုးလ် - ခုပတ်မှာ ပွဲချောင်ပေမယ့် နောက်ဆုံးနှစ်ပွဲမှာ ကစားပုံအားမရလို့ VC ပဲ နေခိုင်းထားပါတယ်
🦁Rogers - ပေါ်လိုက်ပျောက်လိုက်ဆိုပေမယ့် ကစားအားကြီးက ကြွေချင်စရာမို့ Lineup ပါ
🦅Sarr - သူတော်စင်အဖွဲ့ကို တစ်ခုခုတော့ လုပ်ပြနိုင်မယ်လို့ မျှော်လင့်ထားပါတယ်
⚒️ချာဘောင်ဝင် - ဒီဘဲက အသင်းကြီးတွေဆို အမြဲတစ်ကွက်တော့ ပြနေကြပါ
ဘာပြမလဲ မသိပေမယ့် ပြရင် ကြည့်ဖို့ ဖျာခင်းထားပါတယ်

⚽️⚽️FWD
⚫️အိစက် - အိမ်လား အဝေးလား အကုန်လာထား ဆိုပြီး ကြမ်းနေတဲ့ ဆွီဒင်ကျားသစ်နက်လေးမို့ အမှတ်တွေ စောင့်နေပါတယ်
🐓Solanke - ရက်ကွက်အထာ Data မှာတော့ကြက်ဖကြီးသမိုင်းမှာ နှစ်ပွဲဆက် ဂိုးမသွင်းနိုင်တာ မရှိပါ
ဝံပုလွေတွေရဲ့ မရသင့်ဘဲ ရခဲ့တဲ့ CS တွေကို ကြက်ဖကြီး ခွပ်ပြတော့မှာမို့ ကြည့်ရဲမှ ကြည့်ပါ

ရာသီဝက် ကျိုးချိန်မှာ chips တွေ စုထားနိုင်ခဲ့လို့ Blank GW တွေ Double GW တွေမှာ အများကြီး မျှော်လင့်လို့ ရပါသေးတယ်

Chips တွေ ကျန်သေးတဲ့ ဂျာကြီးတို့အတွက်လည်း ခုချိန်ထိ စိတ်ထိန်းနိုင်ခဲ့လို့ Congratulations ပါ

အားလုံးပဲ GW-19 မှာ အတွေးတွေနဲ့အမှတ်တွေ ထပ်တူကျပါစေဗျ





Photos from FPL thoughts by Shoo's post 28/12/2024

ဖန်သားနန်းတော်ထဲက ကျွန်တော်အကြိုက်ဆုံး
လင်းယုန်လေးကောင်🦅🦅🦅🦅

FPL ဂျာကြီးတို့အတွက် နှစ်သစ်မှာ အမြင့်ပျံနိုင်ဖို့ နေရာစုံမှာ လင်းယုန်လေးကောင် ရှိနေပါပြီ
January to March ထိ သုံးလလုံး ပွဲချောင်နေတာပါ

🦅GK - Henderson (4.4m)
🦅DEF - Munoz (4.7m)
🦅MID - Sarr (5.8m)
🦅FWD - Mateta (7.2m)

ရွေးချယ်မှုတွေ မှန်ကန်ပြီး လင်းယုန်တွေနဲ့ ပျံသန်းနိုင်ပါစေ ဂျာကြီးတို့





Photos from FPL thoughts by Shoo's post 28/12/2024

မင်္ဂလာပါ ဂျာကြီးတို့ရေ

ဂျာကြီးတို့ သိတဲ့တိုင်း Cunha က 5 ပွဲဆက် ပွဲပယ်ခံရတော့မယ်လို့ သတင်းတွေ တောက်လျှောက်တက်နေပါပြီ
ဒီတော့ GW 19-23 မှာ စျေးတန်းတူ တိုက်ရိုက်နီးပါး လဲလှယ်နိုင်မယ့် Mateta’s time ကျရောက်လာနိုင်ပါတယ်

🦅Mateta ရဲ့ data အချို့ကို ရပ်ကွက်အထာနဲ့ တစ်ချက်ရှိုးလိုက်ချိန်မှာတော့ EPL မှာ total 4 goals ပဲ သွင်းထားတာ အရင်တွေ့ရပါတယ်
အာ့ထဲက 3 goals ကလည်း တန်းတက်အသင်းတွေဖြစ်တဲ့
🦊မြေခွေး⚽️⚽️
🐴အစ်ဆွစ်⚽️ တို့ကို ကြိတ်ထားတာပါ

ခုလာမယ့် ငါးပွဲကတော့
GW 19 - 😇
GW 20 - 🔵
GW 21 - 🦊
GW 22 - ⚒️
GW 23 - 🐝
တို့ အရ တန်းတက် နှစ်သင်းအပြင် hammers နဲ့ bees တွေကိုလည်း ဂိုးရနိုင်ချေရှိနေပါတယ်

Ownership 2.6% ပဲ ရှိနေတာကြောင့်လည်း ငါးပွဲမှာ နှစ်ပွဲလောက်ပဲ ထဟောရင်တောင် rank မြင့်တက်လာနိုင်ချေလေးလည်း ရှိနေပြန်ပါသေးတယ်

ဆိုတော့ကာ ထင်သလောက် Rank မကောင်းသေးတဲ့ ဂျာကြီးတို့တွက် risk ယူပြီး ကိုယ့်အသင်းထဲ ခေါ်မယ်ဆို ခေါ်နိုင်တဲ့ move လေး တစ်ခုကို ချပြရင်း rank တွေ ပြန်တက်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

အားလုံးပဲ Good luck ….





Photos from FPL thoughts by Shoo's post 28/12/2024

မင်္ဂလာပါ FPL ဂျာကြီးတို့

GW 18 အပြီးမှာတော့

🇲🇲 Myanmar Rank - 122 to 93
🌎 Overall Rank - 109,043 to 85,357
အထိ မြင့်တက်လာပါပြီ

ခဏနေ Cunha replacement တွက် စျေးတန်းတူ ပေါက်ကောင်ဖြစ်လာနိုင်တဲ့ တစ်ယောက်ကို မိတ်ဆက်ပေးချင်ပါတယ်





Photos from FPL thoughts by Shoo's post 27/12/2024

အမောင် ဟာလန်းကို keep ထားတဲ့ ဂျာရီးတွေ ရှိသေးတာလား???

Form အရ ပြောရရင် အောက်တာမှ တော်တော်ကို အောက်နေတာပါ
🍼နို့ဘူးတစ်သင်းလုံးကိုက ပုံမလာ ပန်းမလာ ဘာဖြစ်ချင်နေမှန်းမသိတဲ့ ကစားကွက်နဲ့ တကယ်ကြီး အဆင်ပြေ မနေပါဘူး
PK မဝင်ခဲ့တာကတော့ ကိုယ့်သမိုင်းနဲ့ကိုယ်ပါပဲ
အဲဗာတန် နောက်တန်းက chemistry မိနေတာကြောင့်လည်း ပိုဆိုးသွားပါတယ်

ဒါမယ့် ခုလာမယ့် GW 19 to 22 မှာ အမောင်ဟာလန်း တစ်ခုခု လုပ်ပြလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်

တွေ့မယ့်အသင်းတွေက
GW 19 - 🦊
GW 20 - ⚒️
GW 21 - 🐝
GW 22 - 🐴
လေးသင်းလုံးက နောက်တန်းအဆင်ပြေမနေပါဘူး

ဟာလန်း owner တွေ နှစ်သစ်မှာ ပြန်ကြမ်းနိုင်ပါစေဗျ





Photos from FPL thoughts by Shoo's post 27/12/2024

မင်္ဂလာပါ ဂျာကြီးအပေါင်း သူတော်ကောင်းတို့

ဒီနေ့ ဂျာကြီးတို့တွက် GK position နေရာအတွက်
ရာသီကုန် နီးပါးထိ အကျိုးပြုနိုင်မယ့်
4.5m တန်း GK duo ကို မိတ်ဆက်ပေးချင်ပါတယ်

🦅Henderson(4.4m)
ဂျာကြီးတို့ ပုံမှာ တွေ့တဲ့တိုင်း fixtures အရ တော်တော်အဆင်ပြေတဲ့ GK ပါ
လက်စွမ်းလည်း ကောင်းတဲ့အပြင် ပဲလေ့စ်ကလည်း form ပြန်ကောင်းပြီမို့ long term ရင်းသင့်တဲ့ စိတ်ချရမယ့် တစ်ယောက်ဖြစ်လာနိုင်ပါတယ်

🍒Kepa(4.5m)
GW 25 လောက်က စပြီး ပွဲချောင်ပြီမို့
ex အပြာမယ် ကီပါလေးလည်း သိပ်ကိုကောင်းမွန်နိုင်တဲ့ option ပါ
ချယ်ရီတွေရဲ့ နောက်တန်းကလည်း ခုရာသီမှာ တော်တော်ကောင်းပါတယ်

နှစ်ယောက်ထဲက တစ်ယောက်ပဲ ရွေးချင်တဲ့ ဂျာကြီးတွေတွက် 🦅Henderson ကို အကြံပေးလိုပါတယ်

အားလုံးပဲ အပတ်တိုင်း အမှတ်အလန်းတွေ ရကြပါစေဗျ🫡





26/12/2024

Gameweek 18 ကို ယှဉ်ပြိုင်မယ့် lineup ဖြစ်ပါတယ်

3-4-3 formation ကို သုံးထားပါတယ်

🥅GK နေရာမှာတော့ ဘရိုက်တန်ဂိုးသမားကို နောက်ဆုံးအခွင့်ရေးပေးရင်း မျှော်လင့်ထားပါတယ်
ဘရန့်ဖို့ တိုက်စစ်က အဝေးကွင်းဆို အရမ်းအလုပ်မဖြစ်တာကြောင့်ပါ

⚽️⚽️⚽️နောက်တန်း သုံးနေရာမှာတော့

🌳Aina - စပါးတိုက်စစ်က ကြမ်းပေမယ့် တောအုပ်ကြီး ခံစစ်ကလည်း အချဉ်မဟုတ်ပါဘူး
CS or return တစ်ခုခု မျှော်လင့်ထားပါတယ်

🔵Colwill - လန်ဒန်ဒါဘီမှာ ဂိုးတွေ အများကြီး မျှော်လင့်မထားပါဘူး
မိချယ်နိုင်ရင်လည်း CS နဲ့ နိုင်သွားမယ် တွေးထားပါတယ်

⚫️Hall - CS ပျက်နိုင်တဲ့ ဖူဟမ်နဲ့စိန့် နောက်တန်းနှစ်ယောက်ကို bench ချင်တာကြောင့် lineup ထည့်တဲ့ သဘောပါ
Deadline နီးမှ ဖူဟမ်က Robinson ကို ပြန်ထည့်တာလည်း ဖြစ်နိုင်ပါတယ်(CS မရခဲ့တောင် return ရနိုင်တဲ့ player မို့ပါ)

⚽️⚽️⚽️⚽️အလယ်တန်း လေးနေရာကတော့
🔴သခင်ကြီး - ဘာမှအပြစ်ပြောစရာမရှိ Captain ပါ
လက်စတာ့နောက်တန်းအဖြစ်ကတော့ ကြည့်ရဲမှကြည့် ပုံစံမျိုးပါ

🔵ရွှေကိုးလ် - အေးတိအေးစက်အပြုမူတွေနဲ့ တစ်ခုခုတော့ လုပ်ပြတော့မယ်လို့ တွေးထားပါတယ်

🦁Rogers - နယူးနဲ့အပြန်လှန် ဂိုးတွေမြိုင်နိုင်မယ့်ပွဲမှာ return တစ်ခုခု မျှော်လင့်ပါတယ်

⚒️Bowen - စိန့်က နည်းပြ ပြောင်းလိုက်တာ နောက်တန်း မာလာပါတယ်
ဒါမယ့် နှစ်ပွဲဆက် CS မရနိုင်ဘူးထင်လို့ ချာဘောင်ဝင် ဖြိုပြပါလိမ့်မယ်

⚽️⚽️⚽️ရှေ့တန်း သုံးနေရာကတော့
⚫️အိစက် - ဂိုးသွင်းခြေ တွေ့နေတာမို့ သုံးပွဲဆက် ဟောလည်း အံ့ဩစရာတော့ မရှိပါဘူး

🐓Solanke - တောအုပ်ထဲ လမ်းပျောက်နိုင်တဲ့ ကြက်ဖအဖွဲ့ဝင်ထဲက တစ်ကောင်ပါ
-4 မယူနိုင်လို့ ထားထားတာပါ

🐝Wissa - ဒီ ပျားတပ်ဖွဲ့ထဲက တစ်ကောင်လည်း အဝေးကွင်း အားမရပေမယ့် FT မလောက်တော့လို့ lineup ပါ

အားလုံးပဲ Good luck ပါဗျ




ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok