Yadanarbon Football Club

Yadanarbon Football Club

Share

“ 𝑻𝑯𝑬 𝑶𝑹𝑰𝑮𝑰𝑵𝑨𝑳 𝑪𝑯𝑨𝑴𝑷𝑰𝑶𝑵 “

Photos from Yadanarbon Football Club's post 10/05/2026

OFFICIAL ANNOUNCEMENT : KHANT MIN THANT

ရတနာပုံ ဘောလုံးအသင်းသည် လာမည့်ရာသီသစ်အတွက် ရခိုင်ယူနိုက်တက်အသင်းမှ အသက် (၂၂) နှစ်အရွယ် ဂိုးသမား ခန့်မင်းသန့်အား တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာ ဇာတိဖြစ်သည့် ခန့်မင်းသန့်သည် ရတနာပုံ အကယ်ဒမီမှ မွေးထုတ်ပေးခဲ့သော ကစားသမားတစ်ဦးဖြစ်ပြီး ယခုအခါ မိခင်ကလပ်အသင်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

ခန့်မင်းသန့်သည် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ရတနာပုံ လူငယ်အကယ်ဒမီတွင် လေ့ကျင့်ပညာသင်ကြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် U-19 အသင်း၌ ကစားခဲ့ကာ၊ ၂၀၂၂ ခုနှစ်တွင် ရခိုင်ယူနိုက်တက် အသင်းကြီးသို့ ပြောင်းရွှေ့ကစားရင်း အတွေ့အကြုံကောင်းများ ဆည်းပူးခဲ့ပါသည်။ ထို့အပြင် မြန်မာ့လက်ရွေးစင် U-23 လူစာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရဖူးသည့် လူငယ်ကစားသမားကောင်း တစ်ဦးဖြစ်ပါသည်။

ရတနာပုံ အကယ်ဒမီမှ မွေးထုတ်ပေးခဲ့သည့် ကစားသမားတစ်ဦး ရတနာပုံ အသင်းကြီးထံ ပြန်လည်ရောက်ရှိလာခြင်းမှာ ကလပ်အသင်းအတွက် များစွာ ဂုဏ်ယူဖွယ်ဖြစ်ပြီး၊ ခန့်မင်းသန့်၏ ပေးဆပ်ကစားလိုစိတ်နှင့် အရည်အသွေးများက ရတနာပုံအသင်း၏ အောင်မြင်မှုခရီးလမ်းတွင် တစ်ထောင့်တစ်နေရာမှ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မည်ဟု ယုံကြည်ပါသည်။

10/05/2026

HANDS THAT SAVE. HEART THAT FIGHTS. 🧤

10/05/2026

Our U20s back in action for the first time this season

Photos from Yadanarbon Football Club's post 09/05/2026

A good run-out for our U20 boys in today's friendly!

09/05/2026

FULL-TIME | FRIENDLY MATCH 🤝

Yadanarbon FC ( U-20 ) 1 - 1 Myawady FC

M League (U20) 2026 ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရတနာပုံ U-20 အသင်းနှင့် မြဝတီအသင်းတို့ ယနေ့နံနက်ပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါသည်။

ယနေ့ ခြေစမ်းပွဲကို (၃၀) မိနစ် သုံးပိုင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး၊ ရတနာပုံ U-20 အသင်းအနေဖြင့် လာမည့် M League (U20) 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကစားသမားများ၏ ခြေစွမ်းများကို ဆက်လက် အကဲဖြတ် ပြင်ဆင်လျက်ရှိပါသည်။

09/05/2026

U-20 FINAL SQUAD SELECTION RECAP 🎬

ရတနာပုံ U-20 ဘောလုံးအသင်း၏ လာမည့်ရာသီသစ်အတွက် နောက်ဆုံးအဆင့် လူရွေးပွဲ မြင်ကွင်းများကို ပြန်လည်မျှဝေပေးလိုက်ပါသည်။

ယခုနှစ် U-20 အသင်းအတွက် နိုင်ငံတစ်ဝန်းရှိ လူငယ်ကစားသမားများကို အသေးစိတ် စိစစ်ရွေးချယ်ခဲ့ရာတွင် မန္တလေးမှ (၁၃) ဦး၊ ရန်ကုန်မှ (၆) ဦး၊ မကွေးမှ (၃) ဦး၊ ရှမ်းမှ (၂) ဦး၊ ဧရာဝတီမှ (၂) ဦး၊ မွန်မှ (၂) ဦး၊ ကရင်မှ (၁) ဦးနှင့် စစ်ကိုင်းမှ (၁) ဦး တို့ကို အပြီးသတ် ရွေးချယ် အတည်ပြုခဲ့ပါသည်။

Photos from Yadanarbon Football Club's post 08/05/2026

OFFICIAL ANNOUNCEMENT: HEIN THET PHYO

ရတနာပုံ ဘောလုံးအသင်းသည် လာမည့်ရာသီသစ်အတွက် Chinland FC ၏ အသက် (၂၂) နှစ်အရွယ် ကစားသမား ဟိန်းသက်ဖြိုးအား တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါသည်။

Chinland FC အသင်းနှင့်အတူ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် MNL-2 ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို၊ မြန်မာ့လက်ရွေးစင် U-16 ပဏာမ လူစာရင်းတွင်လည်း ပါဝင်ခဲ့ဖူးသည့် ကစားသမားကောင်း တစ်ဦးဖြစ်ပါသည်။

ဟိန်းသက်ဖြိုးသည် ကစားသမားဘဝ ပြိုင်ပွဲစုံတွင် စုစုပေါင်း သွင်းဂိုး (၁၆) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး၊ ၎င်း၏ စွမ်းဆောင်ရည်များက ရတနာပုံအသင်းအတွက် များစွာ အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်ထား
ပါသည်။

05/05/2026

🩷

03/05/2026

Want to be part of the Boxing Cake family behind the camera? 📸

We're hiring a Videographer & Photographer to join our media team.

Send your CV & portfolio with expected salary to [email protected] before 15 May 2026.

01/05/2026

APRIL RECAP ⏪

Photos from Yadanarbon Football Club's post 01/05/2026

SUITED UP. LOCKED IN. 🔒

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Address


71st Street , Bt 29 × 30th St
Mandalay
05021