09/05/2026
အာဆင်နယ် ပရီးမီးယားလိဂ် မရရင်၊ ချန်ပီယံလိဂ်မှာပါ ဒုက္ခရောက်နိုင်ပါတယ် …
‘ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို မသိမ်းနိုင်ဘူးဆိုရင် ချန်ပီယံလိဂ်ဖိုင်နယ်က တကယ့် ပြဿနာ ဖြစ်လာပါလိမ့်မယ်။ ဟုတ်ပါတယ်။ ခင်ဗျား အနေနဲ့ ဖြစ်နိုင်ရင် ဖလားတိုင်း ရချင်မှာပါ။ ဒါပေမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကို တမ်းတမ်းစွဲ ရချင်နေတာပါ။
ချန်ပီယံလိဂ်ဖလား အကြောင်း သူတို့ ကြိုစဉ်းစားဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လီဗာပူးရဲ့ အနေအထားနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့ဟာ ပရီးမီးယားလိဂ် မရဖူးတာ ကြာလွန်းနေပါပြီ။ ‘ 🗣️ ဂျေမီ ကာရေဂါ
09/05/2026
ဆော်ဒီဘုရင့်ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အယ်လ်ဟီလယ်အသင်း 🏆🇸🇦
09/05/2026
Football Writer Association အဖွဲ့ချီးမြှင့်တဲ့ 2025/26 ဘောလုံးရာသီရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အာဆင်နယ်ကစားသမားဒီကလန်ရိုက်စ်ကိုကျော်ကာမန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရရှိသွားခဲ့ပါတယ် 🇵🇹🔴
08/05/2026
ဖလားရဖို့ ၁ ပွဲသာလိုတော့တဲ့ ရော်နယ်ဒို။ 🐐🇸🇦
ရော်နယ်ဒိုကတော့ ၉၇၁ ဂိုးမြောက်ကိုသွင်းယူပြီး ဆော်ဒီလိဂ်မှာ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ မှတ်တမ်းကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။
လာမယ့်ပွဲမှာ အဆင့် ၂ နေရာက Al Hilal ကို အနိုင်ကစားရုံနဲ့ ဆော်ဒီ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ 🏆🐐🇸🇦
07/05/2026
🔴🔴ဖီဒီဗယ်လ်ဗာဒီနဲ့ချူအာမန်နီတို့ဟာမနေ့ကလေ့ကျင့်ရေးအစီအစဉ်အပြီးစကားများရန်ဖြစ်ခဲ့ကြပါတယ်။ အဆိုပါအချင်းများတဲ့ကိစ္စဟာကြီးကျယ်ခဲ့ပြီးထိုးကြိတ်ခါနီးအထိဖြစ်ခဲ့လို့ဝိုင်းဝန်းထိန်းသိမ်းခဲ့တယ်လို့သိရပြီး ……….
ဒီနေ့မှာတော့အဝတ်လဲခန်းထဲမှာချူအာမန်နီမှပြေငြိမ်းကြောင်းလက်ဆွဲနှုတ်ဆက်ဖို့ပြုရာကိုဖီဒီမှငြင်းဆန်ခဲ့တာကနေတဖန်ထပ်မံပြီးရန်ပွဲဖြစ်ပွါးခဲ့ပြီးချူအာမန်နီတွန်းလိုက်တာကနေ ( ကလပ်ရဲ့ဂျာနယ်လစ်ကတော့မရည်ရွယ်ပဲလို့ဆို ) ဖိီဒီလဲကျသွားခဲ့ပြီးစားပွဲနဲ့စောင့်မိခဲ့တာကြောင့်ဆေးရုံသွားကာခေါင်းကိုချုပ်ခဲ့ရတယ်လို့လည်းသိရပါတယ် … 🙂↔️
07/05/2026
" ချန်ပီယံလိဂ် အုပ်စုအဆင့်ကတည်းက ကျနော် ဘာပြောခဲ့လဲ ? ၊ ကျနော်တို့ထက် ပိုကောင်းတဲ့ အသင်း မရှိဘူး ဆိုပြီးပါ ၊ အခုလည်း ကျနော် ဒီစကားကို ထပ်ပြီး ပြောပါတယ် ၊ ကျနော်တို့က ဥရောပရဲ့ အကောင်းဆုံး အသင်းပါ ၊ ကျနော်တို့ အသင်း အပေါ် ယုံကြည်ချက် အပြည့်ပါပဲ "
အင်းနရစ် 🗣️
07/05/2026
📊ဒီရာသီခါဗရတ်ခီလီယာရယ့်စွမ်းဆောင်ရည်
⚽ 22ဂိုးသွင်း
🅰️ 10 ကြိမ်ဂိုးဖန်တီး
🎯 32 သွင်းဂိုး+ဂိုးဖန်တီးမူ့
တစ်ကယ့်ကိုထိပ်တန်းကစားသမားတစ်ယောက်ရယ့်စွမ်းဆောင်ရည်ပါဘဲ💎
07/05/2026
ပီအက်စ်ဂျီကို အနိုင်ယူဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ …
‘ ဒီနေ့ မနက် ဘိုင်ယန် - ပီအက်စ်ဂျီ ပွဲမတိုင်ခင် နိုးလာတော့ ကျွန်တော် ပြုံးနေခဲ့ပါတယ်။ တခါတလေ အနိုင်ရလိုတဲ့ အကြောက်တရားက ရှုံးဖို့ အကြောက်တရားထက် ပိုကြီးပါတယ်။
ကျွန်တော်တို့ဟာ လက်ရှိ ချန်ပီယံနဲ့ ဖိုင်နယ်မှာ ထိပ်တိုက်တွေ့တော့မှာပါ။ ဒါက မလွယ်ပါဘူး။ အဲ့ဒီဖိုင်နယ် ကစားတဲ့အခါကျရင် ကျွန်တော် စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ အခု အာဆင်နယ်ဟာ ကျွန်တော်တို့ မလုပ်နိုင်ခဲ့တာကို လုပ်ပြတော့မှာပါ။ ‘ 🗣️ သီယာရီ အွန်နရီ