P Sport Channel အားလုံးဘဲမဂ်လာပါဘောလုံးနဲ့ပက်သပ်တယ့်အကြောင်းအရာများတင်ပေးမှာဖြစ်လို့ followပေးကြပါဦးခင်ဗျာ

Vinícius Júnior အနေနဲ့ပွဲချိန်၇၁မိ့နစ်မှာရီးရဲလ်မက်ဒရစ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်ကွင်းလည်ဒိုင...
10/10/2026

Vinícius Júnior အနေနဲ့ပွဲချိန်၇၁မိ့နစ်မှာရီးရဲလ်မက်ဒရစ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်ကွင်းလည်ဒိုင်ကVAR ပြန်လည်စစ်ဆေးပြီးလူကျွံနေခဲ့တာကြောင့်သွင်းဂိုးပယ်ဖျက်သွားခဲ့ပါတယ်။

ဒါ့အပြင် ဗီလာရီးရဲလ်ကစားသမားNathan Saliba ရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့အတွက် ဒိုင်လူကြီးက Vinícius ကိုအနီကတ်ပြပြီးပါထုတ်ပယ်သွားခဲ့ပါတယ်🫠

ချဲလ်ဆီးတိုက်စစ်က တစ်ပွဲလည်း မဟုတ်  ၂ ပွဲလည်းမဟုတ် ပွဲတိုင်းလိုလိုကို ဂိုးတွေကို အမျိုးတွေလို သွင်းပြနေတာပါ ဘာစီလိုနာ တိ...
10/10/2026

ချဲလ်ဆီးတိုက်စစ်က တစ်ပွဲလည်း မဟုတ် ၂ ပွဲလည်းမဟုတ် ပွဲတိုင်းလိုလိုကို ဂိုးတွေကို အမျိုးတွေလို သွင်းပြနေတာပါ

ဘာစီလိုနာ တိုက်စစ်ပြီးရင် ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအမြူးဆုံး တိုက်စစ်လို့ ပြောလို့ရပါတယ်

ချဲလ်ဆီးတို့ ပြင်ရမှာ တစ်ခုက ဂိုးတွေ လွယ်လွယ်ပေးနေရတာကိုပါပဲ

ဟန်ဒါဆန်ကလည်း ၂ ဂိုးသွင်းပြီး သူမအိုသေးကြောင်း ပြသခဲ့သလို ဂျာအိုပတ်ဒရိုကလည်း ၂ ဂိုးသွင်းယူပေးသွားခဲ့ပါတယ်

ချဲလ်ဆီးတို့ ခံစစ်သာ ဂိုးပေးတာ နည်းအောင် ကစားနိုင်ရင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့်အသင်းစာရင်းထဲ သေချာပေါက်ထည့်လို့ရပါပြီ

လိစ်ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ အတူ ပေးဂိုးအနည်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ် လိစ် ကစားသွားတာ တကယ်ကေ...
10/10/2026

လိစ်ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ အတူ ပေးဂိုးအနည်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်

လိစ် ကစားသွားတာ တကယ်ကောင်းလွန်းပြီး အာဆင်နယ်တို့ ခြေပဂိုးမရခင်အထိ အာဆင်နယ်ကို အတော်လေး ဒုက္ခပေးသွားခဲ့ပါတယ်

လိစ်တို့ အဖွင့်ဂိုးသွင်းအပြီးမှာတော့ အာဆင်နယ်ရဲ့ ခြေပဂိုးကို ကာလိုဖြူရီက သွင်းယူပေးပြီး အနိုင်ဂိုးကိုတော့ ဘရူနို ဂီမာရိုက်စ်က လှလှပပပဲ သွင်းယူပေးသွားခဲ့ပါတယ်

ဘရူနို ဂီမာရိုက်စ်ကတော့ တဖြည်းဖြည်းနဲ့ အာဆင်နယ်ရဲ့ ပွဲအဆုံးအဖြတ်ပေးမယ့် ကစားသမား ဖြစ်လာခဲ့ပါပြီ

"ရော်နယ်ဒိုဆီကိုသွားပြီး ပွဲပြီးရင် ခင်ဗျားရဲ့ ဂျာစီရနိုင်မလား? လို့ ကျွန်တော်မေးခဲ့တာပါ။ ပြီးတော့ ဂိုးသွင်းနည်းလမ်းရော ...
10/10/2026

"ရော်နယ်ဒိုဆီကိုသွားပြီး ပွဲပြီးရင် ခင်ဗျားရဲ့ ဂျာစီရနိုင်မလား? လို့ ကျွန်တော်မေးခဲ့တာပါ။ ပြီးတော့ ဂိုးသွင်းနည်းလမ်းရော အကြံညဏ်ပေးနိုင်မလား?' လို့ မေးခဲ့တယ်။

သူက ရယ်ပြီးတော့ 'ဂျာစီကတော့ ရမယ်ကွာ၊ အကြံဉာဏ်ကတော့ မရဘူး!' လို့ ပြန်ပြောခဲ့ပါတယ်။"

ရိုး"သား"ပြောရရင် အဲဒီအချိန်လေးကို ကျွန်တော် အရမ်းသဘောကျခဲ့တာပါ။ ကျွန်တော် သူ့ကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာ အနှစ်နှစ်အလလ ကြာပြီဖြစ်သလို၊ အခုလို သူ့လိုလူမျိုးနဲ့ ယှဉ်ပြိုင်ကစားခွင့်ရတာဟာ တကယ့်ကို စပါယ်ရှယ်ပါပဲ။" 🐐❤️

🗣️ ဒါ၀င်နူးညက်

ခရစ်တီယာနိုရေ … ခင်ဗျားက နံပါတ်တစ် ဖြစ်နေတုန်းပါပဲ“ ခရစ်တီယာနိုနဲ့ ပတ်သက်လို့ ပြောရရင်တော့ သူဟာ ကျွန်တော့ရဲ့ မိတ်ဆွေကောင...
10/10/2026

ခရစ်တီယာနိုရေ … ခင်ဗျားက နံပါတ်တစ် ဖြစ်နေတုန်းပါပဲ

“ ခရစ်တီယာနိုနဲ့ ပတ်သက်လို့ ပြောရရင်တော့ သူဟာ ကျွန်တော့ရဲ့ မိတ်ဆွေကောင်း တယောက်ဖြစ်သလို ကျွန်တော်ကတော့ သူ့ကို အစ်ကိုကြီး တယောက်လိုပဲ သဘောထားပါတယ်။ ပွဲအပြီးမှာလည်း သူက ကျွန်တော်ဆီ လာပြီး နှုတ်ဆက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပေါ်တူဂီလက်ရွေးစင်အသင်းက သူ့အကြောင်းလည်း စကားစမြည် ပြောဖြစ်ခဲ့ကြပါသေးတယ်။ ကျွန်တော်က သူ့ကို ' ကျွန်တော်တို့ အားလုံးက ခင်ဗျားရဲ့အနောက်မှာ ရှိနေတာပါ။ ခင်ဗျားက နံပါတ်တစ်ပါပဲ ‘ လို့ ပြောခဲ့ပါတယ်။ သူ့အတွက် အရာရာ အဆင်ပြေချောမွေ့ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ “ 🗣️ ဝါလိဒ် အဘ်ဒူလာ ( အယ်နက်ဆာ ဂိုးသမားဟောင်း )

ရော်နယ်ဒိုကတော့ သူ့ကို မုန်းတဲ့သူတွေကို မျက်ရည်ပိုကျသွားအောင် ဂိုးသွင်းယူပြပြီး ဂိုး ၁၀၀၀ ရောက်ဖို့ ပိုနီးစပ်သွားအောင် လ...
10/10/2026

ရော်နယ်ဒိုကတော့ သူ့ကို မုန်းတဲ့သူတွေကို မျက်ရည်ပိုကျသွားအောင် ဂိုးသွင်းယူပြပြီး ဂိုး ၁၀၀၀ ရောက်ဖို့ ပိုနီးစပ်သွားအောင် လုပ်ပြလိုက်ပါပြီ

ဒီပုံစံအတိုင်းသာဆိုရင် ဒီရာသီမှာတင်ကို ဂိုး ၁၀၀၀ ပြည့်သွားနိုင်ပါတယ်

ရော်နယ်ဒိုကို ဝေဖန်နေသူတွေ မုန်းနေသူတွေရဲ့ မျက်ရည်တွေကိုတော့ ရော်နယ်ဒိုကတော့ အဝကြီး သောက်ပြနေပါပြီ

ရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့ည 🐐❤️ယ‌နေ့ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာပရိသ၊တ်‌တွေဟာ ပေါ်တူဂီအသင်းရဲ့ လေးစားမှ...
10/10/2026

ရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့ည 🐐❤️

ယ‌နေ့ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာပရိသ၊တ်‌တွေဟာ ပေါ်တူဂီအသင်းရဲ့ လေးစားမှုကင်းမဲ့စွာဆက်ဆံခံခဲ့ရတဲ့ ရော်နယ်ဒိုကိုအား‌ပေးတဲ့အနေနဲ့ CR7 စာတန်းတွေကိုကိုင်ဆောင်ပြီး ကွင်းလုံးပြည့်အား‌ ပေးခဲ့ကြပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုအနေနဲ့ ဂိုး ၉၈၀ မြောက်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဂိုးသွင်းအပြီး ရော်နယ်ဒိုရဲ့နာမည်ကို ကွင်းလုံးပြည့် သံပြိုင်‌အော်သစ်သံတွေကလည်း တကယ့်ကို ကြက်သီး‌ထ‌ဖွယ်ရာပါပဲ။ 🥶🇸🇦

မက်ဆီ က အနားယူသွားပြီ၊ ရော်နယ်ဒို ကတော့ ဆက်လက် လုပ်ဆောင်နေဆဲပါပဲ ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးလောကကနေ အနားမယူခင် သူ့...
10/10/2026

မက်ဆီ က အနားယူသွားပြီ၊ ရော်နယ်ဒို ကတော့ ဆက်လက် လုပ်ဆောင်နေဆဲပါပဲ

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးလောကကနေ အနားမယူခင် သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်မှုကို မကြာမီ အကောင်အထည်ဖော်ပြတော့မှာဖြစ်ပြီး၊ သူ ဘယ်လောက်အထိ ကြံ့ခိုင်သန်စွမ်းနေဆဲဆိုတာကို သက်သေပြဖို့အတွက် သွင်းဂိုး အလန်းစား တစ်ဂိုးကို သွင်းယူပြခဲ့ပါတယ်

သိတဲ့အတိုင်းပဲ နိုင်ငံတကာရက်အတွင်းမှာ ပေါ်တူဂီ အသင်းစခန်းကနေ သူ ထွက်ခွာသွားခဲ့ကတည်းက သုံးသပ်ချက်တွေ အများကြီး ထွက်ပေါ်ခဲ့ပြီး မက်ဆီ အနားယူသွားတဲ့အခါမှာ အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်

ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒို ဟာ ကွင်းအတွင်းမှာ သူ့ကို ဝေဖန်တိုက်ခိုက်သူတွေကို အမြဲတမ်း တုံ့ပြန်နိုင်မယ့် နည်းလမ်းကို ရှာတွေ့တတ်သူပါ၊ အဲဒီလိုမျိုးကို ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး

ခရစ်စတီယာနို ဟာ ရပ်တန့်လို့ မရနိုင်ပါဘူး၊ သူ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဖန်တီးထားတဲ့ ဘယ်လိုလက်နက်မှ အောင်မြင်နိုင်မှာ မဟုတ်ကြောင်းကို သက်သေပြလိုက်ပြန်ပါပြီ

ဒီနေ့မှရှင်းပြလို့သိလိုက်ရတဲ့ အမှန်တရား တင်တာနောက်ကျသွားတယ်ဗျာ''''ပြဿနာရဖြစ်ရတာကနည်းပြရဲ့ဂတိမတည်မှုကြောင့်ပါအင်တာဗျူး တစ...
09/10/2026

ဒီနေ့မှရှင်းပြလို့သိလိုက်ရတဲ့ အမှန်တရား တင်တာနောက်ကျသွားတယ်ဗျာ''

''ပြဿနာရဖြစ်ရတာကနည်းပြရဲ့ဂတိမတည်မှုကြောင့်ပါအင်တာဗျူး တစ်ခုမှရော်နယ်ဒို ပြောထားတယ် တကယ် လို အသင်းက ကျွန်တော် ကို မ လိုအပ်တဲ့ဆိုရင် ကျွန်တော်ကိုတိုင် ထွက်ခွာပေးမှပါ ကျွန်တော် အသင်းသားတွေရဲ့ ကစားကွက်နဲ့ လိုက်ရောညီထွေ မကစားနိူင်တော ဘူး သူတို့ထင်တဲ့တနေကျရင် ကျွန်တော်ကိုယ်အနားယူမှ ပါ ကျွန်တော်ကို နည်းပြ နဲ့ ပေါ်တူဂီ အဖွဲ့ချုပ် က ဆက်လက်ကစား ချင်နေသမျှ ကာလာပတ်လုံး ပေါ်တူဂီနိူင်ငံအတွက် ပေးဆပ်သွားမှ ပါ ပြောခဲ့ ဘူးတယ် ကျွန်တော် အဖေအတွက် ဒီပွဲ ဂိုးသွင်း ပြီး ဂုဏ်ပြု ပေးစေချင်လို နည်းပြနဲ့ သဘောတူညီမှု ရယူထားတယ် သူပါ နည်းပြ ဘက်ကလည်း ဂတိ မတည့်ခဲ့ ပါဘူး ခင်ဗျာ တို သိလား ကျွန်တော် ပေါ်တူဂီနိူင်ငံ ကို ဘယ်လောက်ချစ်သလို ကျွန်တော် အဖေ ကျွန်တော်သိပ်ချစ်တယ် ကျွန်တော် အဖေ ဆုံး ရှုံးခဲ့တဲ့အချိန်တုန်း အခုလိုနေ အဖေဆုံး နောက်နေ ကျနော်ပေါ်တူဂီတွက် လာကစားပေးခဲ့ ဘူးတဲ့သူပါ ကျွန်တော် ပေါ်တူဂီအတွက် လုပ်သင့်သလောက်လုပ်ပေးခဲ့ပြီး ပြီး လိုအပ်တဲ့အချိန်တိုင်းမှ ရှိနေခဲ့ပြီးပြီး ဘာမှသက်သေပြစရာမလိုတောဘူးထင်တယ် ကျွန်တော်အဖေအတွက် ကျွန် တော် ဂုဏ်ပြုပေးပွဲ ကျနော်အတွက်သိပ်အရေး ကြီးတဲ့ အရာကို ဂတိမတည်ခဲ့ ဘူး အဲတာ ကျွန်တော်ကို မလေစားရ ကြတယ် ဗျာ
လူဆို တာ ဂတိ တည်ရတယ် ပေါ်တူဂီ အသင်း ကံကောင်းပါစေ ဆုတောင်းပေးတယ်
#သတင်း

🚨🇵🇹 ခရစ်စတီယာနို ရော်နယ်ဒို ၆ လ ပွဲပယ်ပြစ်ဒဏ်နဲ့ ယူရို ၅၁၀ ဒဏ်ငွေ ချမှတ်ခံရနိုင်ခြေရှိနေ!!​ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် စည်...
09/10/2026

🚨🇵🇹 ခရစ်စတီယာနို ရော်နယ်ဒို ၆ လ ပွဲပယ်ပြစ်ဒဏ်နဲ့ ယူရို ၅၁၀ ဒဏ်ငွေ ချမှတ်ခံရနိုင်ခြေရှိနေ!!

​ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ နည်းပြ ဂျော့ဂျ် ဂျေးဇူးနဲ့ ပြဿနာဖြစ်ပွားပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒို ရဲ့ ပြစ်ဒဏ်အတွက် ဒီနေ့ သောကြာနေ့မှာ တွေ့ဆုံဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

​❌ Record သတင်းစာရဲ့ ဖော်ပြချက်အရ စည်းမျဉ်းများအတိုင်းဆိုရင် ပြစ်ဒဏ်ဟာ ၁ လကနေ ၆ လအထိ ပွဲပယ်ခံရနိုင်ပြီး ငွေဒဏ်လည်း ပါဝင်ပါတယ်။

​💰 ဒါပေမဲ့ ပိုထူးဆန်းတဲ့ အချက်တစ်ချက် ရှိနေပါတယ်။ ရှေ့နေ ဂွန်ဆာလို အယ်လ်မေဒါရဲ့ ရှင်းပြချက်အရ ရော်နယ်ဒိုအနေနဲ့ ပြစ်ဒဏ်ကို ဘာစည်းကမ်းမှမပါဘဲ အပြည့်အဝ ဝန်ခံလိုက်ရင် ဒဏ်ငွေဟာ ယူရို ၅၁၀ သာ ကျသင့်မှာဖြစ်ပြီး ယူရို ၂၅၅ အထိတောင် လျှော့ချသွားနိုင်ပါတယ်။

​ဒါဟာ အယ်လ်နာဆာမှာ သူ မိနစ်ပိုင်းအတွင်း ရနေတဲ့ ဝင်ငွေလောက်ပဲ ရှိတာပါ!! 💀

​တကယ် စိုးရိမ်စရာကောင်းတာက ပေါ်တူဂီအသင်းရဲ့ နောက်ထပ် ပွဲစဉ်တွေမှာ ပါဝင်ခွင့်မရတော့ဘဲ လွဲချော်သွားနိုင်ခြေရှိတဲ့ ပွဲပယ်ပြစ်ဒဏ်ပဲ ဖြစ်ပါတယ်။ 🇵🇹

​ရော်နယ်ဒိုကတော့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် သူရမယ့် ပြစ်ဒဏ်ကို လျှော့ချမပေးဖို့ လူသိရှင်ကြား တောင်းဆိုထားပြီးသားပါ။

​👀 ဒီနေ့ သောကြာနေ့မှာ နောက်ဆုံးဆုံးဖြတ်ချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်!!

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ P Sport Channel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์