Budalin Win Tint

Budalin Win Tint

แชร์

အော်ရီဂျင်နယ် ကိုမင်း

19/04/2026

အန္တရာယ်များလိုက်တာ သကျိုးရယ်။

19/04/2026

သိုင်းလောကကြီးက ရိုးသားပါတယ် ..

လူရာဝင်ချင်သူတချို့ကြောင့် နာမည်ပျက်နေရတယ်..

ကိုမင်း
0805733898

18/04/2026

ခေါင်းလစ်မှာ ကမ္ဘာ့အကောင်းဆုံးလို့တင်စားနေကြတဲ့ အောင်မင်းသူ။

11/04/2026

#အလုပ်လုပ်ရင်းခြင်းကစားသည့်သူ

ငစိုင်းဟု လူသိများသည့် ပိုက်ကျော်ခြင်းသမားကို ၁၄ မျဉ်းစောင်း ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်တွင် မွေးဖွားလာခဲ့သည်။

ငစိုင်းသည် မန္တလေးမှာ အလုပ်လာလုပ်ပြီး အလုပ်အားတဲ့အချိန် ပိုက်ကျော်ခြင်းလာကစားဖြစ်သလို ဆန်းညွန့်ကလပ်နဲ့ ချိတ်ဆက်မိပြီး အလုပ်ထွက်ကာ ခြင်းလောကထဲ ခြေစုံပစ်ဝင်ခဲ့တယ်။

ပိုက်ကျော်‌ခြင်းကို ရူးသွပ်ပုံက အခြေကျနေသည့် အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်ပစ်နိုင်စေတဲ့အထိ သတ္တိတွေပေးခဲ့သည်။

ကျတော်စသိလာပုံ တံတားဦးကွင်းမှာ သန့်ဇင်ကျော် + ဘယ်လေး နှင့် ငစိုင်း + ရဲမွန် နှစ်ဖက်ရိုးရိုးထိုး ကစားခဲ့ကြသည့်ပွဲမှ ဖြစ်သည်။

ကိုယ်လုံးကိုယ်ထည်အရ ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး အင်တိုက်အားတိုက် ကစားနိုင်သည့် အရည်အသွေးရှိနေသည်။

ဘောစိဆန်းညွန့် ကိုမယ်သီတို့၏ ကွပ်ကဲထိန်းကျောင်းမှုနဲ့အတူ မန္တလေးကြေးစားလောက်မှာ အလျှင်အမြန် နေရာရလာသူဖြစ်သည်။

ထိုနောက်မှာတော့ ငစိုင်း + ရဲမွန် + ဘောလေး / ငစိုင်း + ဘောလေး + မှတ်ကြီး အခင်းအကျင်းဖြင့် တည်ပွဲပေါင်းများစွာ ဖြစ်ခဲ့သည်။

အသက်အရွယ်နှင့် ကစားအားတွေက နှစ်ရှည်မျှော်လင့်ချက်ဖြင့် စောင့်ကြည့်ရမည့် ကစားသမားဖြစ်သည်။

နေရှင်နယ် / ကြေးစား နှစ်မျိုးအားသန်ကစားသမားဖြစ်ပြီး ညာခရို မေဂျာဖြစ်သလို ဘယ်ခြေဖြင့်လည်း ခရိုကန်တတ်သူဖြစ်သည်။

အနေအေးသည် စကားနည်းသည် သို့သော် ကြေးစားပွဲတွင် သွေးကြီးသည် ဘေးကြေးအယူရဲသည် နိုင်ရင်အသာယူသလို ရှုံးရင်လည်း တချက်မငြီးသည့် သွေးရဲကစားသမားဖြစ်သည်။

ကျောင်းတိုက် အာကြီး အငယ်ကောင် ဂုံဆားဗစ်တွေ လူသိများနေချိန်မှာ အမေ့လျော့ခံအနေဖြင့် ငစိုင်း၏ ခြေဂုံဆားဗစ်လည်း ကောင်းသည့်အထဲမှာပါသည်။

ငစိုင်းဂုံဆားဗစ်တွေဟာ ကိုအောင်မျိုးဆွေ အနီးကပ် လေ့ကျင့်ပေးမှုနဲ့အတူ အရင်ကထက် ပို၍ကောင်းလာသည်။

ငစိုင်းတယောက် ဘာတွေလုပ်နေလည်း စုံစမ်းကြည့်မိတော့ ကြေးစားပွဲတွေနားပြီး အလုပ်တွေဖိလုပ်နေတာကို တွေ့ရသည်။

ပိုက်ကျော်ခြင်း အားကစားသမားတယောက်အတွက် ဝါသနာပါရာဖြင့် အသက်မွေးဝမ်းကျောင်းပြုဖို့ ရေရှည်မှာ ခက်ခဲတယ်ဆိုတာ သူနားလည်ပုံရသည်။

ပြိုင်ပွဲရှိသည့်အချိန် ဝင်ကစားသည် အလုပ်လည်းလုပ်သည် အခြေအနေအရ ငစိုင်း အဆင်ပြေသည်ဟု ကြားသိရသည်။

ယခုကြေးစားပွဲတွေ ပြန်ကစားနေသည် သူဘာအလုပ်လုပ်တယ် ဆိုတာထက် ခြင်းလည်းကစား အလုပ်လည်းလုပ်သည့် ငစိုင်းလိုကစားသမားက အတုယူဖို့ကောင်းသည်ဟု မြင်မိသည်။

ကစားသမားတိုင်းကိုမဆိုလိုပါ တချို့သောကစားသမားတွေ ပိုက်ကျော်ခြင်းဖြင့် ဝမ်းစာကို ရှာဖွေမှုပြုကြပြီး အဆင်မပြေကတာများသည်။

အူမတောင့်မှ သီလစောင့်ရတာတွေ အူမမတောင်လည်း သီလစောင့်လို့ရတာတွေ ခဏဘေးဖယ်ထား ကိုယ့်ဘဝ ကိုယ့်အခြေနေကို ကိုယ်သာလျှင်အသိဆုံးမို့ ကိုယ်ဘာလုပ်သင့်သည်ဆိုတာ နားလည်ဖို့ဘိုသည်။

ငစိုင်းညီလေး မင်းအဆင်ပြေနေတာ ကြားသိရတဲ့အတွက် ထပ်တူဝမ်းသာရပြီး တချိန်ချိန်မှာ ပိုက်ကျော်ခြင်းစာမျက်နှာထက်မှာ အောင်မြင်သော ကစားသမားတယောက် ဖြစ်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

ဆရာကောင်းလျှင် တပည့်ပန်းပန်ရသည်
တပည့်ကောင်းလျှင် ဆရာဂုဏ်တက်သည်

{BM}

08/04/2026

သမိုင်းဆိုတာ
နိုင်သူရေးစတမ်းတဲ့လား
ဟံသာဝတီစီးချင်းက အမှန်တရားလား
ထင်ရာရေး လိုရာဆွဲရေး
အမှန်တရားနဲ့ ဝေးသထက်ဝေး။

နှောင်းခေတ်ကိုမမှီပေမဲ့
ကျောင်းဆရာခေတ်ကိုတော့မှီခဲ့သည်
အချိန်တွေများစွာ
ရင်းနှီးစောင့်ကြည့်ပြီးမှ အမှန်တရားတခုကို
ငါသိခဲ့ပြီ။

ဟံသာဝတီစီးချင်း မှန်မမှန်ငါမသိ
ခြင်းစီးချင်းတိုက်ပွဲမှာ
ယိုးဒယားတို့အား တူတူတန်တန်
သမိုင်းဝင်တိုက်နိုင်သောသူတယောက်မှာ
ကျောင်းဆရာပင်ထင်ရှားစွာရှိချေ
ဖြစ်ချေတော့သည်တကား။

နိုင်ခဲ့တာလဲ သမိုင်း
ရှုံးခဲ့တာလဲ သမိုင်း
နိုင်နိုင်ရှုံးရှုံး ဘယ်သမိုင်းကိုမှ
ခြင်းလုံးစီးချင်းပွဲတိုင်းမှာ
လိုရာဆွဲမရေးကြ။

အရှုံးပွဲမှာလဲ သမိုင်းဟာအရိုင်းမခံရ
အနိုင်ပွဲမှာလဲ သမိုင်းမှာ ဂုဏ်အရမ်းမဆာခဲ့ကြ
ယှဉ်ပြိုင်ရဲမူ့ကိုသာ
ငါတို့တမျိုးသားလုံးလက်ခုပ်တီးကြရ။

ကိုမင်း
0805733868

04/04/2026

#ဆုကြေးထက်ဂုဏ်သိက္ခာနှင့်ကျင့်ဝတ်ကပိုအရေးကြီးသည်

ပထမဆု ဘတ် ၃ သောင်း
ဒုတိယဆု ဘတ် ၂ သောင်း
တတိယဆု ဘတ် ၁ သောင်း
စတုတ္ထဆု ဘတ် ၅ ထောင်

ဝါသနာရှင်တွေမြင်ကြသလို ဒီပြိုင်ပွဲဟာ ဆုကြေးနည်းသည် ဒါအရှိတရား သို့သော် ကစားသမားစုံစုံလင်လင် လာပြိုင်ကြသည် အဘယ့်ကြောင့်လည်း။

ဖြစ်နိုင်ခြေတွေကို တွေးကြည့်ရသလောက် ဆုကြေးနည်းသော်လည်း ဆုချမည့်သူတွေရှိနေခြင်း စပ်ပွဲ/တည်ပွဲတွေ အများကြီးဖြစ်လာနိုင်ခြင်း ပြည်တွင်းကစားသမားတွေ ထိုင်းကိုတကူးတက လာရန်မလိုခြင်း(ပွဲမရှိဘဲ) ဒီအချက်တွေကြောင့် ကစားသမားတွေ လာခြင်းဖြစ်မည်ထင်သည်။

နောင်တချက် SBK ကွင်း၏ ပိုင်ရှင်နှင့် ပိုက်ကျော်ခြင်းလောက ခင်မင်ရင်းနှိးသည့် ဆက်ဆံရေးရှိနေခြင်း ဖိတ်ကြားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဆုကြေးများတိုင်းလည်း ပြိုင်ပွဲမစည်ပါ ဆုကြေးနည်းတိုင်းလည်း ပြိုင်ပွဲမခြောက်ကပ်ပါ တချို့အရာတွေသည် ပြောပြဖို့ခက်ပါသည်။

တာမခန်မှာ နောက်ဆုံးလုပ်သွားသည့်ပွဲ ဆုကြေးကောင်းသည် ကစားသမား တော်တော်များများ မရောက်ကြသလို တာချီလိတ်ပြိုင်ပွဲသည်လည်း ဆုကြေးကောင်းပြီး ကစားသမားတိုင်း မသွားနိုင်ကြပါဘူး။

တချို့ပြိုင်ပွဲကျင်းပပြုလုပ်ရာအရပ်တွင် နယ်ခံကစားသမား(သို့) ပွဲဆိုင်ပြီး ကစားမည့်ကစားသမားများ ရှိနေလျှင် ကစားသမားတိုင်းသွားဖို့ စိတ်ကူးမိကြသာ်။

ပြိုင်ပွဲကို ဂုဏ်သိက္ခာနှင့် အောင်မြင်မှုရှာဖွေရင်း တဖက်ကလည်း
ကစားသမားများတစုတစည်းထဲရှိပြီး တည်ပွဲ/စပ်ပွဲများ ဆော့ကစားရန် သွားရောက်ကြခြင်းဖြစ်သည်ဟု ယူဆမိသည်။

ဆုကြေးထက် ပုဂ္ဂိုလ်ရေးခင်မင်မှု ပြိုင်ပွဲ၏ဂုဏ်သိက္ခာ ခြင်းသမားများ၏သဘာဝ ထိုအချက်တို့နှင့်ပင် ပြိုင်ပွဲကို တန်ဖိုးထားကြပြီး လေးစားကြသည်။

ပြည်တွင်းမှာ လစဉ်ပု့လုပ်ပေးသည့် SCL ကွင်းကြီးမရှိတော့ပါ ဟိုနား ဒီနား ၁ နှစ်တကြိမ် ကျင်းပကြသည့် အခြေနေနှင့်အတူ ပြိုင်ပွဲတွေ ရှားပါးနေတဲ့အချိန် ဖြစ်ပါသည်။

ယခု SBK ကလပ်(မဲဆောက်) မြို့မှာကျင်းပသော ပြိုင်ပွဲအား လေးစားရန် တန်ဖိုးထားရန်နှင့် အားပေးရန် လိုအပ်ပါကြောင်း ပြောကြားရင်း ပိုက်ကျော်ခြင်းလောက အစဉ်အဆက်မပြတ် တိုးတက်အောင်မြင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

စာဖတ်သူဝါသနာရှင် ညီအကိုများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်
ပြည့်စုံကြပါစေ .....................

{BM}

01/04/2026

#မြန်မာတွေကြီးစိုးမယ့်မဲဆောက်ပြိုင်ပွဲ

မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပပြုလုပ်မည့် ပိုက်တန်း ၅ ပေ ၆ ၊ ပါစားအောက်ခံ ၊ ဆားဗစ်အောက်ထိုးအဖွင့်ပြိုင်ပွဲကြီး။

ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အများစုဝင်ပြိုင်ကြမှာဖြစ်ပြီး ထိုင်းကစားသမားအနည်းစုနဲ့ ပြည်တွင်းကစားတချို့လည်း ဝင်ပြိုင်ကြပါလိမ့်မယ်။

ပထမဆု ဘတ် ၃ သောင်း
ဒုတိယဆု ဘတ် ၂ သောင်း
တတိယဆု ဘတ် ၁ သောင်း
စတုတ္ထဆု ဘတ် ၅ ထောင်

ဆုကြေးကောင်းကောင်းနဲ့ ချီးမြှင့်မယ့် ဒီပြိုင်ပွဲဟာ ကစားသမားတွေအတွက်တော့ မက်လောက်စရာပါဘဲ။

ပိုက် ၅ ပေ ၆ ၊ ပါစားအောက်ခံပွဲဆိုတာ ကြေးစားရော နေရှင်နယ်ရော အဆင်ပြေစေတဲ့ ပွဲဖြစ်တာကြောင့် တကယ်ကိုမျှတတဲ့ ပွဲလို့ပြောလို့ရတယ်။

ခွင်ပါဝါ ဂုံပါဝါ ခြေခွင်ချုပ် ဖမိုးချုပ် ကောင်းကင်ချုပ် တတ်တာထိုး ကြိုက်တာလုပ် အရည်အချင်းကို ရှိသမျှအကုန် ထုတ်စစ်ကြမယ့် ပြိုင်ပွဲတခုပါ။

ပြည်တွင်းကြေးပွဲ/ပြိုင်ပွဲတွေ သွေးအေးလာချိန် ပြည်ပထွက်ကစားမယ့် ကစားသမားတွေနဲ့ ထိုင်းရောက်ကစားသမားတွေ နောက်ဆက်တွဲ ကြေးပွဲ/တည်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာ - မြန်မာချင်းလဲ ဖြစ်ချင်ဖြစ်မယ်မြန် - ထိုင်းလည်း ဖြစ်ချင်ဖြစ်မယ် တပွဲမဟုတ် တပွဲကတော့ ဖြစ်လာနိင်ပါတယ်။

ဆုကြေးလည်းကောင်းတယ် ကစားသမားလည်းစုံတယ် Live တွေလည်း လွှင့်မယ့် ဒီပြိုင်ပွဲကြီးမှာ ဘယ်အသင်း ဘယ်ကစားသမားတွေက အောင်လံထူမလည်းဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြရအောင်။

{BM}

28/03/2026

ကျောင်းတိုက်ကဘေးကြေးမရလို့ အရှုံးပေးလိုက်တာလား...
ဒီညထိုင်းတည်ပွဲအမှန်တွေအကြောင်း

ကိုမင်း
0805733898

Photos from Budalin Win Tint's post 26/03/2026

#ကိုယ့်အရည်အချင်းကိုယ်ပိုင်ထုစစ်ခဲ့ကြသူများ

ကျောင်းပညာသင်ဖူးရင် စာမေးပွဲဆိုတာကို ရင်းနှီးကျွမ်းဝင်မှာဖြစ်ပြီး ပိုက်ကျော်ခြင်းလောကမှာဆိုရင်တော့ အရည်အချင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်တတ်ကြပါတယ်။

ဘယ်လိုတွေစစ်တတ်ကြသလည်း အစုနဲ့အဖွဲ့နဲ့ စစ်တတ်ကြသလို တဦးချင်းအနေနဲ့လည်း စစ်တတ်ကြပါတယ်။

စာရေးသူတို့ရင်းနှီးကြတဲ့ ပိုက်ကျော်ခြင်းလောကမှာ တယောက်ကြေးအားသန်(ကစားတတ်တာ) ကစားသမားတွေ မှီလိုက်တာတွေရော မမှီလိုက်တာတွေရော အများကြီးရှိပါတယ်။

တချို့ကစားသမားတွေက ကြားဖူးနားဝအနေနဲ့ ရေးသွားမှာဖြစ်သလို တချို့ကစားသမားတွေကတော့ မြင်တွေ့ဖူးတာကို အခြေခံပြီးတော့ ရေးသားမှာဖြစ်ပါတယ်။

ကိုကုလားလေး အားထစ် ကပ်ဘီလူး ကျောင်းဆရာ ကျော်မျိုးအောင် အူဝဲ သော်ဇင် ကြက်ပေါက် ကလေးလေး ဂျွန်ကို ကျောင်းသားလေး ငပိုင် ပျံလွှား ကျောက်ကျော မျိုးလေး ဂေါ်ဇီလာ ‌‌ဒီကစားသမားတွေကတော့ ဝါသနာရှင်အတော်များများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ကစားသမားတွေ ဖြစ်ပါလိမ့်မယ်။

ကျောင်းဆရာ - ကပ်ဘီလူး
‌အားထစ် - ကျောင်းသားလေး
ကပ်ဘီလူး - မျိုးလေး
ကပ်ဘီလူး - ငပိုင်
ကပ်ဘီလူး - ဂေါ်ဇီလာ
သော်ဇင် - ငပိုင်

ဒီပွဲတွေကတော့ တနိုင်ငံလုံးကဝါသနာရှင်တွေ အားပါးတရရှိခဲ့ကြတဲ့ ပွဲတွေလို့ပြောရင် လွန်မည်မထင်ပါဘူး။

ယခုပြောသွားတဲ့ ပွဲတွေက ရိုးရိုးထိုးအဖွင့်သတ်ပွဲနဲ့ အဖွင့်ထိုးအဖွင့်သတ်ပွဲတွေသာ ဖြစ်ပါတယ်။

တခြားကစားနည်းဖြစ်တဲ့ ခြေဂုံသီးသန့် ဂေါင်းသီးသန့် ဒူးသီးသန့် တမျိုးထဲဦးတည် ကစားရတဲ့ပွဲတွေတော့ မပါဝင်ပါဘူး။

အပေါ်မှာပြောထားတဲ့ စာရင်းထဲမပါဝင်ဘဲ တယောက်ကြေး အရမ်းကောင်းတဲ့ ကစားသမားတွေ ခေါင်ပွဲ(တည်ပွဲ) ကစားဖူးတဲ့သူတွေ ရှိခဲ့ရင်လည်း မျှဝေပေးသွားကြပါဦး။

ပိုက်ကျော်ခြင်းနဲ့ပက်သက်တဲ့ ကိုယ့်ရဲ့အရည်အသွေး ဘယ်လောက်ရှိကြောင်း သတ္တိရှိရှိ ကိုယ်တိုင်စာမေးပွဲစစ်ရဲတဲ့ ကစားပွဲတွေ မမြင်တွေ့ရတာကြာပြီဖြစ်သလို မြင်ချင်တဲ့စိတ်အာသီအာသက ချဉ်ချင်းတက်မိတယ်။

ဒီနေ့အချိန်အခါမှာလည်း တယောက်ကြေးအားသန် ကစားသမားတွေရှိပေမယ့် ဟိုအရင်တုန်းကလိုမျိုး လုပ်ရဲကိုင်ရဲ ကစားရဲတဲ့ကစားသမားက လက် ၅ ချောင်းပင် မပြည့်ချင်တော့ပါဘူး။

ကဲ ဝါသနာရှင်ညီအကိုတို့ရဲ့ ဗဟုသုတနဲ့ အမြင်သဘောထားများကိုလည်း အပြန်အလှန်ဝေမျှတဲ့သဘောနဲ့ ဆွေးနွေးသွားကြပါဦး။

ကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေ .............

{BM}

23/03/2026

ကဲဘာတွေပြောကြမလဲ ...

ကိုမင်း
0805733898

Photos from Budalin Win Tint's post 21/03/2026

#ကျောင်းဆရာချစ်လွန်းပိုကိုခဏမေ့ထား

ကျောင်းဆရာ - ချစ်လွန်းပိုတို့ရဲ့ ဖြစ်နိုင်ခြေမရှိတဲ့ ဝမ်း ဝမ်းပွဲအစား ဒီပွဲလေးကိုတော့ စိတ်ကူးယဉ်ကြည့်မယ် ဖြစ်နိုင်တာ မဖြစ်နိုင်တာအသာထား ဖြစ်တော့လည်းကောင်းတာပေါ့။

အခုတလောလေးတင် ရိုးရိုးထိုး တယောက်ကြေးအားသန် ကစားသမားလေး ခုနှစ်ဖော်ရဲ့ ခြေစွမ်းတွေကို မြင်တွေ့ပြီးတော့ ဘယ်သူနဲ့ ပွဲတည်သင့်သလဲ စဉ်းစားကြည့်မိတယ်။

တန်းမြင့်ကစားသမားကို အရင်မကစားဘဲ မနိမ့်မမြင့်ကစားသမားကို တည်ကြည့်ဖို့ ရှာကြည့်တဲ့အခါ ပုံစံတူကစားသမားဖြစ်တဲ့ ဘောလေးကို ပြေးမြင်မိတယ်။

ကိုယ့်ရပ်ကွက်သား ကိုယ့်ညီဖြစ်နေတာတကြောင်း တယောက်ကြေးလည်း ကစားတတ်တဲ့သူမို့ သူနဲ့ပွဲဖြစ်စေချင်တယ်။

နှစ်ယောက်စလုံးက ဆားဗစ်ကောင်းတယ် ဖမ်းခြင်းမှာဘောလေးပိုတယ် ခြင်းဆွဲတဲ့နေရာမှာလည်း မတိမ်းမယိမ်းရှိပြီး ပဆုံးသတ်မှာတော့ ခုနှစ်ဖော်က သာသယောင်ယောင်ရှိနေတယ်။

နာမည်ကြီးကစားသမားတွေရဲ့ ခက်ခက်ခဲခဲ တည်ရမယ့်ပွဲအစား ဒီပွဲလေးကိုတည်ကြည့်ရင်တော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ရိုးရိုးထိုးတယောက်ကြေးပွဲတွေက ဟိုအရင်ကလို မပေါများတဲ့အချိန်မှာ ဒီတည်ပွဲလေးက ဝါသနာရှင်တွေ စိတ်ဝင်စားကြမယ့် ပွဲကောင်းလေးဖြစ်မယ်လို့ ထင်မိတယ်။

ဘယ်မြို့ ဘယ်ကွင်းမှာ ဘယ်ကြေးနဲ့ ကစားမလည်း ဒီနေရာမှာခြွင်းချက်တခုတော့ ရှိနေတယ် ခုနှစ်ဖော်ရဲ့ နောက်ခံစပွန်ဆာအား ဘယ်လောက်ရှိမလဲ မသိပါဘူး။

ဘောလေးမှာတော့ စပွန်ဆာနောက်ခံအား နည်းသလို ကိုယ်ပိုင်တည်ကြေးနဲ့ကစားဖို့ကလည်း (ကိုယ့်ညီကအဆင်မပြေရှာပါဘူး) မလွယ်ကူဘူး။

ဘောလေးအတွက် ကူညီပံ့ပိုးပေးကြမယ့် နောက်ခံစပွန်ဆာကောင်းကောင်း တယောက်လောက်များ ပံ့ပိုးကူညီပေးနိုင်ရင် တမ်းသာစရာပါ။

မန္တလေးမြို့က ကြေးစားကွင်းတကွင်းမှာ ကစားဖြစ်မယ်ဆိုရင်တော့ ဘောလေးကိုကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေ စုပေါင်းလို့အဆင်ပြေနိုင်တယ်။

ခုနှစ်ဖော်အနေနဲ့လည်း ကိုယ့်‌ဒေသအပြင်ဘက် ဒေသံသရရှာဖွေပြီး သိုင်းလောကရဲ့ အတွေ့အကြုံကို ရှာဖွေခွင့်ရမယ့် အခွင့်အရေးတရပ် ဖြစ်ပါတယ်။

ဘောလေးကိုကစားပြီးရင် မန်းမြေမှာ ခုနှစ်ဖော်အတွက် ခြေစမ်းလို့ရတဲ့ Level မကွာတဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။

ကဲ ဝါသနာရှင်ညီအကိုတို့ရေ ကျောင်းဆရာ - ချစ်လွန်းပိုတို့ရဲ့ မဖြစ်နိုင်သေးတဲ့ 1 Vs 1 ပွဲအစား လူငယ်ခြေတက်ခြင်း သာဂုဏ် မာဂုဏ် ဆားဗစ်ဂုဏ်တွေကို အပြိုင်အဆိုင်မြင်တွေ့ရမယ့် ဒီတည်ပွဲလေးကို ဆော်ဩပေးလိုက်ကြရင် မကောင်းဘူးလားဗျာ။

{BM}

20/03/2026

သိုင်းလောကသားတွေအကြောင်းနှင့် ဒီညကစားမည့် ထိုင်းမြန်မာပွဲအကြောင်း

ကိုမင်း
0805733898

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


บริษัทแปรซิฟิไฟพ์ จำกัด (โรง3)24/31ม. 2ต. ท่าทราย อ. เมือง จ. สมุทรสาคร
Bangkok
74000