FPF - First Pick Fitness

FPF - First Pick Fitness

แชร์

Discipline, No Limits, Dedication and Let Progress Speak

16/08/2025

လွန်ခဲ့တဲ့ ၅ လ လောက်က ခန္ဓာကိုယ်မှာ အဆီတွေများပြီး ပုံပျက်နေပြီလို့ ခံစားခဲ့ရတဲ့ ညီကိုတစ်ယောက်ကို ကူညီပေးခဲ့ရာကနေ အခုတော့ သူလိုချင်တဲ့ Body ရောက်နေပါပြီ။✅

ဂုဏ်ယူပါတယ် brother ✨💪။

ဒီထက်မိုက်တဲ့ ခန္ဓာကိုယ် သွားဦးမယ် ဆိုတော့ ကျွန်တော်ကလည်း ကူညီဖို့ အဆင်သင့်ပါပဲ။
ဒါဟာအဆီချရုံတင်မဟုတ်ဘဲ lifestyle တစ်ခုလုံးပါ Upgrade ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ 💯

ပြင်းထန်တဲ့ စိတ်ဓာတ်၊ လိုက်နာတဲ့ စည်းကမ်း နဲ့ မှန်ကန်တဲ့ Plan ပေါင်းစပ်ထားတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ✅

Your transformation can start today. Join us now 👉

11/08/2025

Ma********on လုပ်တာက Fitness Journey ကို ထိခိုက်နိုင်လား။
Short Answer - No
Long Answer - Watch this video.

သင့်တော် အကျိုးရှိမယ့် ဘယ်မေးခွန်းမဆို ဖြေပေးသွားမှာမို့ လွတ်လပ်စွာမေးလို့ရပါတယ်။

05/08/2025

𝗪𝗵𝗮𝘁 𝗜 𝗲𝗮𝘁 𝗳𝗼𝗿 𝗯𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁🥚🍌🥛

ကျွန်တော်က မနက် ၇နာရီဆို နိုးပြီဗျ။ ညစောစောအိပ်တက်တော့ ဘာမှမလုပ်လဲ ၇နာရီဆိုနိုးပြီ။ ကျွန်တော် ဘာမှမစားခင် ကြက်ဥ ၅လုံးကိုရေနွေးစိမ်တယ်၊ ငှက်ပျော်သီးတလုံး ready လုပ်ထားတယ်၊ နွားနို့တခွက်ထည့်ထားတယ်။ ကြက်ဥကာကျက်လောက်ဆို ကျွန်တော်စစားပြီ အကုန်လုံးကို။ ကျွန်တော်ရဲ့တနေ့တာကို ဒီ Breakfast စားပြီး စတင်ပါတယ်။ နေ့တိုင်းစားပါတယ်။ ပြီးမှ ကျွန်တော်မနက်စာ meal စားဖို့စဉ်းစားပါတယ်။
- ကြက်ဥ ၅လုံး ( cholesterol များမှာကြောက်ရင် အနှစ်လျော့စားပါ၊ အကာပဲစားပါ )
- ငှက်ပျော်သီးတလုံး
- နွားနို့တခွက်
ဒါကတော့ ကျွန်တော် မနက်စောစော အစာပါ။

မိတ်ဆွေတို့ရော Breakfast ကို ဘာစားလေ့ရှိလဲ ?
တနေ့တာကို ကောင်းမွန်စွာလုပ်ဆောင်ဖို့ ဘယ်အစားစာကို စတင်ပြီးစားကြလဲ ?
Comment မှာတူတူဆွေးနွေးကြတာပေါ့ဗျာ။
Let's grow together 💪🏻💯

04/08/2025

Thank you for all the questions and your passion for fitness. Really appreciate the energy. 💯💪

03/08/2025

Hello အားလုံးပဲ First Pick Fitness ကနေကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ တစ်ပတ်လုံး ကျွန်တော်တို့ရဲ့ Workout တွေ ခံယူချက်တွေကို sharing လုပ်ပြီးတဲ့အခါ အခုမှာတော့ မိတ်ဆွေတို့ရဲ့ အသံကိုပြန်ကြားချင်ပါတယ်။
ကျွန်တော်တို့ကို ကြိုက်နှစ်သက်ရာ မေးခွန်းတွေမေးလို့ရပါတယ်။

🏋️‍♂️ Workout တွေနဲ့ ပတ်သက်ပြီးသိချင်တာဖြစ်ဖြစ်
🍳 Diet နဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်
🧠 ခံယူချက်တွေ စိတ်ဓာတ်တွေ ဖြစ်ဖြစ်

ကြိုက်နှစ်သက်ရာ မေးလို့ရပါတယ်။

မိတ်ဆွေတို့ရဲ့ မေးခွန်းတွေကို တစ်ခုမကျန် ဖြေပေးမှာဖြစ်ပါတယ်။

Let’s build this together.

02/08/2025

𝗬𝗲𝗮𝗵… 𝗶𝘁'𝘀 𝘁𝗵𝗮𝘁 𝗱𝗮𝘆 𝗮𝗴𝗮𝗶𝗻 🦵🔥

01/08/2025

This is how I train. This is what I stand for.





31/07/2025

Believe in yourself 💯

30/07/2025

Beginner များအတွက် အကြံပြုချက်များ..
ကျွန်တော် beginner ဘဝ တုန်းက တစ်ယောက်ယောက်လာ ပြောပြရင်ကောင်းမယ်လို့ တွေးမိသော အချက်များ …

Full Video - 11 မိနစ်။
Beginner ညီကိုတို့အတွက် ကြာချိန် အတိုင်း အသိအမြင် ဗဟုသုတရစေရမယ်လို့ အာမခံပါတယ်။

📌 Beginner တစ်ယောက်အတွက် perfect guide ဖြစ်ပါတယ်။





28/07/2025

Behind every rep is a reason. I don’t chase perfection, I chase progress. I don’t need to be better than anyone else. Just better than who I was yesterday.

27/07/2025

This is what consistency looks like.

ဒီနေ့မှာတော့ ကျွန်တော်နဲ့ အတူတူ ဆယ်စုနှစ် တစ်ခုကျော်ကြာ Gym တူတူဆော့လာတဲ့ အကိုတစ်ယောက်ကို Appreciation Post လေး တင်ပေးချင်ပါတယ်။

Gym ဆော့နေတဲ့ လူတိုင်းမှာ အကြောင်းပြချက်တွေ ရည်ရွယ်ချက်တွေ မျိုးစုံရှိကြပါတယ်။ ကို Fox ဆိုရင် စင်ပေါ်တက်ပြီး ပြိုင်ပွဲဝင်တာထက် ကိုယ် နှစ်သက်တဲ့ body ကိုပဲ ထိန်းသိမ်းတာကို သဘောကျသူတစ်ဦးပါ။

ဒီလို body ကို ဆယ်စုနှစ်တစ်ခုကျော် ထိန်းသိမ်း ထားတယ် ဆိုတာ သူများတွေ ရဲ့ အမြင်တွေကြောင့်မဟုတ်ဘဲ photo model တစ်ဦးအနေနဲ့ ကို Fox ရဲ့ စံနှုန်းဟာ international အဆင့် ဖြစ်နေလို့ပါပဲ။

ကို Fox ရဲ့ Body ဟာ ဆိုရင် စည်းကမ်းတကျ တည်ဆောက်ထားခြင်း ဖြစ်တယ်။ သူ့ရဲ့ Goal ဖြစ်တဲ့ ကျန်းမာစွာ လှပခြင်း ကိုလည်း ရရှိနေသူဖြစ်ပါတယ်။

လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ကို ပန်းပုရုပ်တစ်ရုပ်လို ပုံဖော်နိုင်တယ်ဆိုတာ ကို Fox ရဲ့ body က သက်သေပါပဲ။

အစဆိုတာကတော့ လူတိုင်းအတွက် ခက်ခဲပင်ပန်းခဲ့တာချည်းပါပဲ။ ဒါတွေကို ခိုင်မာတဲ့ စိတ်ဓာတ် မလျှော့သောဇွဲတို့နဲ့ ကျော်ဖြတ်ရမှာပါ။ ဇွဲရှိရင် အရာရာဟာ အသားကျပြီး အရင်က အခက်အခဲဆိုတာကလည်း ဘာမှမဟုတ်တော့ပါဘူး။ ဒါကြောင့် Beginner ညီအကို တို့ကို အကြံပေးချင်တာက တစ်လ နှစ်လ လောက်နဲ့ မသိသာရင် လက်မလျှော့ကြဖို့နဲ့ ကိုယ်ဖြစ်ချင်တာ ကို ရောက်အောင်သွားကြဖို့ ကျွန်တော်တို့ First Pick Fitness ကအားပေးတိုက်တွန်းလိုပါတယ်။



ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok
10100