08/04/2026
▶️ အာဆင်နယ်တို့ရဲ့ ဒီနေ့မနက် နိုင်ပွဲကြောင့် နောက်ရာသီ ပရီးမီးယားလိဂ်က ၅ သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ နိုင်ပွဲကြောင့် UEFA ဟာ ပရီးမီးယားလိဂ်ကို အဆင့်မြင့်လိဂ်အဖြစ် သတ်မှတ်ပေးလိုက်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ၅ နေရာဝင်ခွင့် ပေးအပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အဆင့် ၅ နဲ့ ရာသီသိမ်းမယ့်အသင်းကတော့ အာဆင်နယ်ကို ကျေးဇူးတင်နေမှာဖြစ်ပြီး လောလောဆယ်တော့ လီဗာပူး၊ ချယ်ဆီး၊ အဲဗာတန်၊ ဘရန့်ဖို့တို့က အခွင့်အရေးရှိနေဆဲပါ။ အာဆင်နယ်တို့ကတော့ ပရီးမီးယားလိဂ် ဂုဏ်ရောင်ထွန်းပြောင်အောင် လုပ်နေနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ 🏅
COYG ✊
01/04/2026
Sweden ကိုကမ္ဘာ့ဖလားကိုပို့ဆောင်ပေးခဲ့တဲ့ ယိုကရက်ရှ် 🇸🇪
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပိုလန်အသင်းနဲ့ အဆုံးအဖြတ်ပွဲကစားရာမှာ ယိုကရက်ရ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပိုလန်အသင်းနဲ့ အကြိတ်အနယ် ၂-၂ ဆိုတဲ့ရလဒ်နဲ့ ရုန်းကန်နေရချိန်မှာ ပိုလန်အသင်းဂိုးဧရိယာထဲကို ဘားထိပြီးပြန်ကျလာတဲ့အလုံးကို လက်ဦးမှုရယူကာပိတ်သွင်းခဲ့တာပါ။
ဒီပွဲမတိုင်ခင်ကလဲ ယိုကရက်ရှ်ဟာ ယူကရိန်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူကာ ၃-၁ ဆိုတဲ့ရလဒ်နဲ့ ဆွီဒင်အသင်းအနိုင်ရအောင်စွမ်းဆောင်ပေးထားပါတယ်။ 🫱😶🫲
Mask on Victor 🌟
31/03/2026
🚨နောက်ဆုံးရ ဒဏ်ရာသတင်းများ🚨
Martin Ødegaard - လာမယ့်စနေနေ့ ည Southampton နဲ့ ကစားရမယ့် FA ကွာတားအမီ ပြန်ကစားနိုင်ဖို့ ကြိုးစားနေပြီး Arteta က ဒီတပတ်ထဲမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Jurrien Timber - သူလည်းပဲ Southampton နဲ့ပွဲအမီ ပြန်ကစားနိုင်ဖို့ ရည်ရွယ် ကြိုးစားနေပါတယ်။
Declan Rice - Man CT နဲ့ ကစားခဲ့တဲ့ Carabao Final မတိုင်ခင်ကတည်းက အသေးစားဒဏ်ရာပြဿနာ ရှိနေခဲ့တာပါ။ ဒါကြောင့် England အသင်း ဆေးအဖွဲ့ကိုယ်တိုင်က ဆေးစစ်ပြီးမှ Arsenal အသင်းဆီကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် သူ့ကို အနားပေးကောင်းပေးနိုင်ပါတယ်။
Bukayo Saka - အလွန်ပင်ပန်းနွမ်းနယ်နေတာ ဖြစ်ပါတယ်။ Rice လိုပဲ England ဆေးအဖွဲ့ကိုယ်တိုင် စစ်ဆေးပြီး Arsenal အသင်းဆီကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ပါနိုင်/မပါနိုင် Arteta ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရပါမယ်။
Noni Madueke - စစ်ဆေးမှုတွေအပြီးမှာ သူ့ဒဏ်ရာက ထင်သလောက်မဆိုးပဲ အသေးစားဒဏ်ရာပဲ ဖြစ်ပါတယ်။ Sporting နဲ့ CL ပွဲ (သို့) Bournemouth နဲ့ PL ပွဲအမီ ပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။
Martin Zubimendi - အပေါ့စားဒူးဒဏ်ရာလေးပါ။ Spain ဆေးအဖွဲ့ ကိုယ်တိုင် စစ်ဆေးပြီး Arsenal ကို အနားယူဖို့ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ သူလည်း Rice လိုပဲ ဒီတပတ် အနားရကောင်း ရနိုင်ပါတယ်။
Piero Hincapie - အပေါ့စားထိခိုက်မှုလေးပါ။ Ecuador ဆေးအဖွဲ့ရဲ့ အကြံပြုချက်အရ အနားယူလိုက်တာ ဖြစ်ပါတယ်။
Eberechi Eze - ခြေသလုံးဒဏ်ရာအတွက် ပြန်လည်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေဆဲပါ။ ထင်ထားတာထက် စောပြီး ပြန်လာနိုင်ချေရှိပေမယ့် ဘယ်အချိန်လဲဆိုတာကို လေ့ကျင့်ခန်းပြန်ဆင်းနိုင်မှ သိရပါမယ်။
Max Dowman - သူ့ကိုလည်း သူ့ရဲ့ ကြံ့ခိုင်ရေးနည်းပြကိုယ်တိုင်က အိမ်ပြန်ပို့ထားတာ ဖြစ်ပါတယ်။
26/03/2026
Transfer Rumors 🗣️
အာဆင်နယ်ဟာ PSG တောင်ပံကစားသမား Kvaratshelia ကိုခေါ်ယူဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။ ကစားသမားဖက်ကလဲ အတွေ့အကြုံသစ်တွေရှာဖွေသွားဖို့စိတ်အားထက်သန်နေတဲ့အတွက် သူ့အေးဂျင့်ကတံခါးဖွင့်ထားကြောင်းအသိပေးထားပါတယ်။ 📢
လောလောဆယ်မှာတော့ PSGဟာ ပွဲထွက်ကစားသမားတဦးကို လွယ်လွယ်နဲ့လက်လွှတ်မှာမဟုတ်ပေမယ့် ရာသီကုန်ကျမှပဲ အာဆင်နယ်ရဲ့ ပန်းဝင်မှုပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ 🏆
အာဆင်နယ် အားကစားဒါရိုက်တာ ဘာတာကလဲ လာမည့်ရာသီအတွက်အသင်းကိုအားဖြည့်ဖို့ကြိုးစားနေပြီး အေတီကိုမှ အာဂျင်းတိုင်း တိုက်စစ်ကစားသမား ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့လဲ ကြိုးစားနေပေမယ့် ဈေးကွက်တန်ဖိုး အရတော့ လက်ရှိတန်ကြေးကိုပေးချေဖို့ တုံ့ဆိုင်းနေပါတယ်။
အာဆင်နယ်ရဲ့ အားနည်းချက်တခုလိုဖြစ်လာတဲ့ ဘယ်တောင်ပံဟာ ယခုထက်ပိုပြီးထက်မြက်လာဖို့လိုသလို ထရော့ဆက်ကလဲ အသက်အရွယ်အရ ပွဲပြည့်အားကိုးဖို့မဖြစ်နိုင်တာအပြင် မာတင်နယ်လီကလဲခြေစွမ်းမတည်ငြိမ်တာကြောင့် အမာခံပွဲထွက်နေရာအတွက် ၂၅ နှစ်အရွယ် ဂျော်ဂျီယာသားကိုမျက်စိကျနေတာဖြစ်ပါတယ်။ ⏳
20/03/2026
🗣️ “ဒီနေ့ခေတ် အာဆင်နယ်ဟာ လူတိုင်းက စောင့်ကြည့်ချင်ကြတဲ့အသင်း၊ အမြဲတမ်း နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အသင်းတစ်သင်း ဖြစ်လာပါပြီ။”
“အရင်တုန်းကတော့ အာဆင်နယ်ပရိသတ်တွေဟာ ပွဲတိုင်းမှာ စိုးရိမ်စိတ်တွေနဲ့ ကြည့်ခဲ့ကြရတာ။ ပွဲရှုံးသွားတာတောင်မှ သိပ်ပြီး စိတ်ပျက်စရာလို့ မထင်တော့ဘဲ ‘ပုံမှန်လို’ တောင် ဖြစ်နေခဲ့တာပါ။”
“ဒါပေမဲ့ အခုတော့ သရေတစ်ပွဲ ကျတာတောင်မှ မဖြစ်သင့်တဲ့အရာဆိုပြီး အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်လာပြီ။ ဒါဟာ ဒီအသင်း ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီလဲ၊ ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာကို ပြသနေတာပါပဲ။” (ဝေါလ်ကော့) 🎙️
18/03/2026
အာဆင်နယ်ကတော့ ဒုတိယအကျော့မှာ လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။ ဒီပွဲမှာ အဝေးကွင်းလာကစားရတဲ့ လေဗာကူဆင်အသင်းဟာ အာဆင်နယ်ရဲ့ထိန်းကျောင်းမှုအောက်မှာပဲလိုက်ကစားရင်းအချိန်ကုန်နေခဲ့တာပါ။ counter ချောင်းကစားဖို့ကြိုးစားခဲ့ပေမယ့် ဂေဘရီရယ် ရာယာတို့ခံစစ်တန်းကအလွတ်မပေးခဲ့ပါဖူး။ ရိုက်စ်ရဲ့ ကွင်းလယ်မှာစိုးမိုးမှုတွေ အက်ဇေရဲ့ ထိုးဖောက်မှုတွေက လေဗာကူဆင်ကို အခက်တွေ့စေခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ကွင်းလယ်က second ball ကျလာတာကို ထရော့ဆက်ပေးပို့မှုကတဆင့် အက်ဇေက တချက်ထိန်းပြီး ညာခြေနဲ့အပြင်းကန်သွင်းခဲ့ရာမှာ လက်စွမ်းပြနေတဲ့ လေဗာကူဆင်ဂိုးသမားဘယ်လိုမှမတတ်နိုင်ပဲ ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်ကပဲဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။ဒီဂိုးကိုတော့ တဖက်နောက်တန်းရှင်းထုတ်လိုက်တဲ့ဘောလုံးကေနတဆင့် ရိုက်စ်က အလယ်ကြောကနေဆွဲပြေးပြီး ဧရိယာထိပ်ကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကိုကန်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာတော့လေဗာကူဆင်အသင်းဟာ အလိုက်သင့်လောက်သာကစားသွားခဲ့တာကြောင့် ပွဲအဖြေပြောင်းလဲနိုင်ခြင်းမရှိခဲ့ပဲ နှစ်ကျော့ပေါင်း 3-1 ဆိုတဲ့ရလာဒ်နဲ့ အာဆင်နယ်ပဲ ကွာတားအဆင့်ကိုတက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်တဆင့်မှာတော့ ဘိုဒိုဂလင့်ကို 5 ဂိုးပြန်သွင်းပြီး comeback လာတဲ့ ပေါ်တိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
15/03/2026
🗣️ "အာတီတာ စိုးရိမ်နေချိန်မှာ ဒေါမန်ကတော့ ပွဲကို ထိန်းကျောင်းသွားခဲ့တယ်" — ဂျေမီ ရက်ဒ်နပ်ပ် ရဲ့ စိတ်ဝင်စားဖွယ် သုံးသပ်ချက် 🎙️
ဖလားလက်လွှတ်ရတဲ့ ခံစားချက်ကို ကိုယ်တိုင်သိရှိထားတဲ့ ရက်ဒ်နပ်ပ်က အာဆင်နယ်အသင်းသားတွေနဲ့ ပရိသတ်တွေကြားထဲမှာ စိမ့်ဝင်နေတဲ့ "စိုးရိမ်စိတ်" အကြောင်းကို အခုလို ထောက်ပြခဲ့ပါတယ်။
🗣️ ဂျေမီ ရက်ဒ်နပ်ပ် ရဲ့ ပွင့်လင်းတဲ့ စကားသံ -
"ကျွန်တော် ဖလားမရဖူးပေမဲ့ ဖလားတစ်ခုကို ဘယ်လိုရှုံးရသလဲဆိုတာကိုတော့ သိပါတယ်။ အဲ့ဒီအချိန်မှာ စိုးရိမ်စိတ်တွေက ခင်ဗျားဆီကို ရောက်လာပြီး ပရိသတ်တွေဆီကိုပါ ကူးစက်သွားတတ်တာပါ။"
"မီကယ် အာတီတာကို ကြည့်ရတာ 'မီးဖိုစင်ပေါ်က ကြောင်' လိုပါပဲ၊ စိုးရိမ်စိတ်တွေက သူ့ကို အတော်လေး ဖိအားပေးနေတာ မြင်ရပါတယ်။ ဒါပေမဲ့ ဒေါမန် ကွင်းထဲဝင်လာတဲ့အချိန်မှာတော့... 'အဆင်ပြေပါတယ်၊ ကျွန်တော် ဒီမှာ ရှိတယ်၊ ကျွန်တော် ဒါကို ဖြေရှင်းပေးမယ်' လို့ ပြောနေသလိုပါပဲ။"
🔥 "အဲ့ဒါကပဲ ပွဲရဲ့ ကွာခြားချက် ဖြစ်သွားခဲ့တာပါ။ တခြားသူတွေက စိုးရိမ်စိတ်တွေကြောင့် တုံ့ဆိုင်းနေချိန်မှာ သူကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရဲ့ တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့တာ တကယ်ကို အံ့ဩစရာကောင်းပါတယ်။"
ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာတဲ့ Arsenal DNA အပြည့်ပါသော ငယ်ဘဝထဲက gooner ဖြစ်လာခဲ့သူ Dowman ဟာ တနင်းလာနေ့မှာကျောင်းသွားတက်မယ့် latest starboy လေးဖြစ်ပါတယ်။ 🌟
05/03/2026
🎙ညကပွဲမှာ MOTM ရရှိခဲ့တဲ့ Gabriel နှင့် ပွဲပြီး အင်တာဗျူး
🎤 မေးခွန်း –မဂ်လာပါဂါဘီရေ ပထမဆုံးအနေနဲ့နိုင်ပွဲရခဲ့တဲ့အတွက် Congratulations ပါ
ဒီနေ့ အဝေးကွင်းက ခက်ခဲတဲ့ ကွင်းတစ်ခုမှာ အနိုင်ရခဲ့တာ ဘယ်လောက် ဝမ်းသာလဲ?
🗣 Gabriel –“ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံကို သိပါတယ်။ ဒါပေမယ့် ဒီကွင်းမှာ လာကစားတာ တကယ်ကို ခက်ခဲပါတယ်။ အရေးကြီးဆုံးက ကျွန်တော်တို့ ဘယ်လို ပြိုင်ဆိုင်ခဲ့လဲဆိုတာပါ။ Clean Sheet ရပြီး သုံးမှတ် ရယူနိုင်တာ အရမ်းအရေးကြီးပါတယ်။ အခုတော့ နားချိန်မရှိဘူး၊ နောက်ပွဲအတွက် ပြန်ပြင်ဆင်ရတော့မယ်။”
🎤 မေးခွန်း – ပွဲချိန် ၂ မိနစ်မှာ David Raya ကို ကျော်သွားမယ့် ဘောလုံးကို Clear လုပ်ခဲ့တာနဲ့ပတ်သတ်ပြီးပြောပေးပါဉီး ။ အဲဒီအချိန် ဘာစဉ်းစားနေခဲ့လဲ?
🗣 Gabriel –
“အဲဒီအချိန်မှာ စဉ်းစားဖို့ အချိန်မရှိပါဘူး။ Raya က ထွက်လာခဲ့ပြီးသားဖြစ်လို့ ကျွန်တော် Goal ကို Cover လုပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါက မှော်ဆန်တဲ့ အချိန်တစ်ခုလိုပါပဲ။ ဒီလိုပွဲကြီးတွေမှာ ကစားသမားကြီးတွေက ထူးခြားတဲ့ စွမ်းဆောင်ရည် ပြသရပါတယ်။”
🎤 မေးခွန်း – ဒီနေ့ သူ့ရဲ့ ပွဲ (3,00)ပြည့်ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးရရှိခဲ့တဲ့ Saka ကို ဘာပြောချင်လဲ?
🗣 Gabriel –
“ကျွန်တော်တို့ သူ့အတွက် အရမ်းဝမ်းသာပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ ဒီနေ့ 300 ပွဲ ပြည့်ခဲ့ပေမယ့် သူက မငယ်သေးပါဘူး။ Arsenal Shirt နဲ့ ပွဲအများကြီး ကစားခဲ့ပြီး ကျွန်တော်တို့ သူနဲ့အတူ ရှိနေတာ အရမ်းပျော်ပါတယ်။”
🎤 မေးခွန်း – နောက်ဆုံးမိနစ်တွေမှာ Brighton က ဖိအားပေးခဲ့တယ်။ Clean Sheet ထိန်းဖို့ အာရုံစူးစိုက်မှု့ဘယ်လောက်လိုအပ်လဲ?
🗣 Gabriel –
“ဘောလုံးတစ်လုံးစီတိုင်းမှာ အာရုံစိုက်ရပါတယ်။ နောက်ဆုံးမှာ သူတို့က ကစားသမားအားလုံးကို ရှေ့တန်းပို့ပြီး ဖိအားပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကာကွယ်မှုကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ Clean Sheet နဲ့ သုံးမှတ် ရယူနိုင်တာအတွက် အရမ်းပျော်ပါတယ်။”
🎤ကဲ.."ဂုဏ်ယူပါတယ်၊မင်းကပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ပါတယ်၊၊
🗣 Gabriel –
“ကျေးဇူးတင်ပါတယ်။ Back to back အကောင်းဆုံးကစားသမား ဆုရတာ အရမ်းပျော်ပါတယ်။”
17/02/2026
🚨BREAKING NEWS🚨
Arsenal တောင်ပံတိုက်စစ်ကစားသမား Bukayo Saka ဟာ အသင်းနဲ့ 2031 အထိ သက်တမ်းရှိ (၅) နှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။
စာချုပ်သစ်အရ သူဟာ တပတ်ကို လုပ်ခ ပေါင် (၃) သိန်းကျော်ရမှာဖြစ်ပြီး အသင်းရဲ့ လုပ်ခလစာအများဆုံးကစားသမား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။
ငယ်မွေးခြံပေါက် အကယ်ဒမီထွက်ကစားသမားတဦးလည်းဖြစ်သလို အာဆင်နယ်အသင်းရဲ့ ဒုတိယ ကပ္ပတိန်လဲဖြစ်တဲ့ ဆာကာဟာ အသင်းအပေါ်သစ္စာရှိမှုကိုထပ်မံပြသလိုက်ခြင်းဖြစ်သလို ပရိတ်သတ်အချစ်တော် ငရုတ်သီးလေးဟာ ကောလဟာလတွေကိုလဲတိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။ 🌶️🌟
16/02/2026
အာတီတာက ဆာကာကို ဝီဂန်နဲ့ပွဲလို ကွင်းလယ်မှာသုံးဖို့လဲစဉ်းစားနေကြောင်းပြောကြား 🗣️
အာတီတာဟာ ဝီဂန်နဲ့ပွဲမှာ ကာလာဖီအိုရီ ပွဲကြိုလေ့ကျင့်ခန်းဆင်းရင်း ဒဏ်ရာရသွားတာကြောင့် စကယ်လီကိုမသုံးပဲ ဆာကာကိုသူဆော့နေကြမဟုတ်တဲ့ ကွင်းလယ်တိုက်စစ် ( အိုဒီဂတ်နေရာ) မှာထားကစားခဲ့ပါတယ်။ ဆာကာဟာ အဲ့လိုကွင်းလယ်မှာလဲ သက်တော့သက်သာကစားနိုင်ခဲ့တာကြောင့် နောက်ပွဲတွေမှာလဲ ကပ္ပတိန် ဒဏ်ရာရနေတာကြောင့် ဒီလိုကွင်းလယ်နေရာမှာပွဲထွက်လာဖို့လဲရှိကြောင်းပြောကြားခဲ့ပါတယ်။
"ဒီလိုနေရာမှာကစားတာဟာအသင်းအတွက်ရွေးချယ်မှုအသစ်တွေကိုရစေပါတယ်။ နောက်လာမယ့်ပွဲတွေမှာလဲ မတူညီတဲ့ကစားပေါက်အမျိုးမျိုးလိုအပ်နေတာကြောင့် ဒါဟာလဲရွေးချယ်စရာတခုဖြစ်လာမှာပါ။ ဆာကာကဒီလိုနေရာမှာ ကစားတဲ့အခါ အလယ်ကြောနဲ့ဂိုးပေါက်ကိုပိုပြီးနီးကပ်စွာခြိမ်းခြောက်နိုင်ပါတယ်။ ပြိုင်ဖက်တွေကလဲ သူဘာလုပ်တော့မလဲဆိုတာပိုပြီးမှန်းဆရခက်လာသလို ညာတောင်ပံကစားသမား ( မာဒူအီကီ) နဲ့လဲလိုအပ်ရင် နေရာပြောင်းပြီးကစားသွားလို့ရပါတယ်။ ဒီလိုနေရာမှာကစားရင်း သူဟာဘောလုံးရှိတဲ့အချိန်တိုင်းမှာ အန္တရာယ်ရှိနေတာပါ။ ကျနော်က စကယ်လီကို ကစားခွင့်ပေးဖို့စဉ်းစားခဲ့ပေမယ့် ဆာကာကတော့ နောက်ဆုံးမှာ အဆင်သင့်အနေအထားနဲ့ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကစားရမယ့်နေရာနဲ့ အသင်းအပေါ်သက်ရောက်မှုပေးနိုင်မယ့် အရာတွေကိုနားလည်ထားသူတယောက်မို့လို့ပါ "
06/02/2026
ချယ်ဆီးနဲ့ပွဲတုန်းက အနိုင်ဂိုးရပြီးချိန် အငယ်ကောင်အမောဖြေနေတဲ့ပုံပါ။ ဖိအားတွေလျော့ကျသွားသလိုမျိုး ခြေပစ်လက်ပစ်ကိုလျှော့ချလိုက်တာပါ။ တခါတရံကစားပုံရိုးစင်းသလိုဖြစ်နေတာရယ် မထိရောက်တာမျိုးတွေကြောင့် အားမလိုအားမရဖြစ်ခဲ့ရပေမယ့် ကျနော်တို့သူ့ကိုမမုန်းခဲ့ပါဖူး။ ဆာကာနဲ့တူတူအသင်းကိုထမ်းတင်ပေးခဲ့တုန်းကသူဟာ အန္တရာယ်ပေးနိုင်တဲ့တောင်ပံကစားသမားဖြစ်သလို ဂိုးတွေလဲသွင်းခဲ့သူပါ။ ပုံစံကောင်းမရတာကြာပြီဆိုပေမယ့် ဒါဟာ transitional state လို့ပဲယူဆပါတယ်။ အကူးအပြောင်းကာလတခုမှာ သူရုန်းကန်နေခဲ့ရတာမျိုးပေါ့။ အသင်းအတွက်အမြဲပြေးလွှားပေးနေသူတွေထဲမှာ ဂါဘီလဲအပါအဝင်ပါပဲ ရိုက် အိုဒီတို့နောက်မှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ လိုက်နေပါတယ်။ အငယ်ကောင်အနေနဲ့ဒီထက်ပိုပြီးလုပ်ပြနိုင်ဖို့မျှော်လင့်ကြရအောင်လား။
02/02/2026
Bruno's comment on Dec's insta post 👀👏
Game recognize game
ရိုက်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့် အင်စတာဂရမ်ပို့စ်မှာ ဘရူနိုဖာနန်ဒက်စ်က ဝင်ရောက်ချီးကြူးထားတာပါ။ ဘောလုံးလောကရဲ့ လှပမှုတွေထဲကတခုဖြစ်ပြီး ပြိုင်ဆိုင်မှုကသပ်သပ် လေးစားအားကျမှုကသပ်သပ်စီခွဲထားနိုင်တဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကိုပါတွေ့မြင်ရတာဖြစ်ပါတယ်။