LifeLive by Dr Aung Ye Htut

LifeLive by Dr Aung Ye Htut

แชร์

Notes on life. Ideas for growth. Reminders to breathe. LifeLive is a space for thoughts, growth, and inspiration.

Here, you’ll find reflections on life, practical ideas, and simple reminders to stay grounded and move forward. Whether it's about mindset, everyday experiences, or meaningful moments, LifeLive is about living with more awareness and intention. Follow along for honest thoughts and shared journeys.

05/08/2026

ကျွန်တော်တို့ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်
ကိုယ့်ကို တိုက်ခိုက်တဲ့သူနဲ့ ကြုံရလိမ့်မယ်...

ရန်သူအစစ်ဆို မြင်သာပေမယ့်
မိတ်ဆွေအယောင်ဆောင်ကိုတော့ ရုတ်တရက် မသိနိုင်ဘူး...

‘ကောင်းစေချင်လို့ပါ’ ဆိုတဲ့ မျက်နှာဖုံးကို သုံးပြီး
ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာအောင် မှိုင်းတိုက်မယ်
စိတ်ဓာတ်တွေယိုင်လဲအောင် လာနှဲ့မယ်...

တကယ်တမ်းတော့...
ကိုယ့်ကိုခေါင်းမမော့နိုင်အောင် ဦးချိုးထားချင်တာပါ။

တကယ်လို့များ ဒါမျိုးကြုံခဲ့ရင်
'ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်' ကို
လုံးဝ မစွန့်လွှတ်လိုက်ပါနဲ့။

သူများအပြောမှာ မျောပါမသွားဖို့လည်း
ကိုယ့်ဘာသာ သတိပေးပါ။

May we master the game called Life. 💡🌟

31/07/2026

My take on 'Harmony at Work'

29/07/2026

တစ်ခါတလေမှာ ကိုယ်မဝံ့မရဲဖြစ်တာကို “ငါက နှိမ့်ချတတ်တာပါ” လို့ ဆင်ခြေပေးမိတတ်တယ်။

‘ငါ့မှာ အဖြေအကုန်လုံးမရှိဘူး၊ မသိတာရှိရင် ရအောင်သင်မယ်’ လို့ သဘောထားတာက ကိုယ့်ကိုယ်ကိုယ် မကြီးကျယ်ဘဲ နှိမ့်ချတတ်တယ် (Humble ဖြစ်တယ်) ပြောလို့ရတာပေါ့။
ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တိုးတက်ချင်စိတ်ကို ဖော်ပြတယ် ဆိုပါတော့။

ဒါပေမယ့် ကိုယ့်မှာအိုင်ဒီယာရှိရဲ့သားနဲ့ မပြောရဲဘူး (သို့) လုပ်ထားတာရှိသားနဲ့ မပြရဲဘူးဆိုတာကတော့ မဝံ့မရဲနဲ့ တွန့်ဆုတ်နေတဲ့ သဘောဖြစ်တာပေါ့။
ဒါက အခြေအနေ အကြောင်းကြောင်းကြောင့် ငြိမ်နေလိုက်ဖို့ ရွေးချယ်တာနဲ့တော့ မတူဘူး။
အခါအခွင့်ကြုံတဲ့အချိန်တိုင်း မဝံ့မရဲဖြစ်နေရင် ကိုယ့်အိုင်ဒီယာနဲ့ လုပ်နိုင်စွမ်းကို ချပြဖို့အခွင့်အရေး နည်းသွားမယ်။

Humble ဖြစ်တာက ကိုယ့်အရည်အချင်းကို ဖုံးကွယ်ထားရမယ်လို့ မဆိုလိုဘူး။
အလွန်အကျွံ ချဲ့ကားမပြောတာပဲ ရှိတာပါ။
မဝံ့မရဲဖြစ်တဲ့အခါမှာ ကိုယ်မပြောရဲတာကို နှိမ့်ချတတ်တာပါလို့ အကြောင်းပြမိတတ်တယ်။

တွန့်ဆုတ်ခြင်းကို နှိမ့်ချခြင်းဖြင့် မရောထွေးရာ၏။

May we master the game called Life. 💡🌟

𝑅𝑒𝑓𝑒𝑟𝑒𝑛𝑐𝑒: 𝐽𝑖𝑚 𝑅𝑜ℎ𝑛'𝑠 𝑤𝑟𝑖𝑡𝑖𝑛𝑔

26/07/2026

Confidence ရှိလာမယ့်နေ့ကို ထိုင်စောင့်နေခဲ့ဖူးတယ်။
စိတ်ကူးယဥ်ဆန်တယ် ပြောရမလား...
ပေါ်မလာမယ့်သူကို မျှော်နေမိတဲ့သဘောတော့ ဖြစ်တာပေါ့။
တကယ်တမ်း ကြောက်နေရင်လည်း ကြောက်ကြောက်နဲ့ စလုပ်မှ တဖြည်းဖြည်း confidence ရှိလာမှာ...

📌 Action builds confidence, not the other way around.

Photos from LifeLive by Dr Aung Ye Htut's post 21/07/2026

Confidence is a byproduct of action.

10/07/2026

"နင်ကတော့ အမြဲတမ်း ဒီလိုပဲ" လို့ သိမ်းကျုံးအော်မယ့်အစား ဖြစ်တဲ့ ပြဿနာကိုပဲ တိတိကျကျ ထောက်ပြတာ ပိုကောင်းပါတယ်။
လူတစ်ယောက်ကို အလွယ်တံဆိပ်ကပ်တဲ့ အတွေးထောင်ချောက်ကနေ ရုန်းထွက်ဖို့ နည်းလမ်းတွေကိုလည်း ဒီဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

အတွေ့အကြုံတစ်ခုကနေ သင်ခန်းစာယူတာ ကောင်းပေမယ့် အတွေ့အကြုံတစ်ခုတည်းနဲ့ လူတစ်ယောက်လုံး၊ လောကကြီးတစ်ခုလုံးကို ဆုံးဖြတ်လိုက်ရင်တော့ ဒါဟာ သင်ခန်းစာမဟုတ်ဘဲ အတွေးမှား အမြင်မှားတွေပဲ ဖြစ်လာပါလိမ့်မယ်။

🔗 ဒီအကြောင်း အသေးစိတ် ဆွေးနွေးထားတာကို YouTube မှာ ကြည့်လို့ရပါတယ်။
Comment မှာ video link ရှိပါတယ်။

03/07/2026

"Gen Z တွေက စည်းကမ်းမရှိဘူး"
"ယောက်ျားတွေက အကုန်အတူတူပဲ" ဆိုပြီး
လူတစ်ယောက်၊ အဖြစ်အပျက်တစ်ခုကြောင့်နဲ့ အားလုံးကို သိမ်းကျုံးတံဆိပ်ကပ်လိုက်တဲ့အခါ လူမှုဆက်ဆံရေးတွေ၊ အိမ်ထောင်ရေးတွေမှာ မလိုအပ်ဘဲ ပြဿနာအကြီးအကျယ် ဖြစ်တတ်ပါတယ်။

ဒီလို ဆိုးကျိုးတွေ ရှိမှန်းသိသိ၊ မသိသိ...
ကျွန်တော်တို့တွေ ဘာလို့ ဒီလို အလွယ်တကူ ဆုံးဖြတ်မိနေကြတာလဲ?

🔗 ဒီအကြောင်း အသေးစိတ် ဆွေးနွေးထားတာကို YouTube မှာ ကြည့်လို့ရပါတယ်။
Comment မှာ video link ရှိပါတယ်။

27/06/2026

ချစ်သူက ဖုန်းတစ်ခါလောက် မကိုင်ရုံနဲ့
"နင်ငါ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူး" လို့ ပြောဖူးလား။

ဒါမှမဟုတ် လုပ်ငန်းခွင်မှာ
"စာအုပ်ကြီးအတိုင်း သွားတာ အလကားပဲ"
"လက်တွေ့ပဲ အရေးကြီးဆုံး" လို့ရော သိမ်းကျုံးပြောဖူးလား။

ဒါတွေဟာ ကျွန်တော်တို့ ဦးနှောက်က သတိမထားမိဘဲ ခဏခဏ ပြုတ်ကျတတ်တဲ့ အန္တရာယ်များတဲ့ အတွေးထောင်ချောက်တစ်ခု ဖြစ်ပါတယ်။
ဒါကို "Sweeping Judgment" (သို့မဟုတ်) "Overgeneralization" လို့ ပြောလို့ရတာပေါ့။

🔗 ဒီအကြောင်း အသေးစိတ် ဆွေးနွေးထားတာကို YouTube မှာ ကြည့်လို့ရပါတယ်။
Comment မှာ video link ရှိပါတယ်။

23/06/2026
19/06/2026

"ငါ တကယ်ပဲ အမှန်တရားကို လိုချင်တာလား"
ဒါမှမဟုတ်
"ငါမှန်တယ်ဆိုတဲ့ ခံစားချက်ကိုပဲ လိုချင်နေတာလား"

ကျွန်တော်တို့အားလုံးရဲ့ ဦးနှောက်ထဲမှာ လိုရာဆွဲတွေးတဲ့ ဘက်လိုက်မှု 'Confirmation Bias' ဆိုတာ ရှိနေတတ်လို့ အမှန်တရားနဲ့ ပိုနီးစပ်ချင်ရင် ဒီအချက်လေးတွေ လုပ်ကြည့်လို့ ရပါတယ်။

၁။ ဆုံးဖြတ်ချက်အကြီးကြီးတွေ ချခါနီးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
'ငါ တကယ်ပဲ အမှန်တရားကို လိုချင်တာလား၊ ဒါမှမဟုတ် ငါမှန်တယ်ဆိုတဲ့ ခံစားချက်ကိုပဲ လိုချင်နေတာလား'
၂။ ကိုယ့်ယုံကြည်ချက်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေကို ချက်ချင်းပယ်မချဘဲ နားထောင်ဆန်းစစ်ပါ။
၃။ ကိုယ်အပါအဝင် လူတိုင်းနီးပါး လိုရာဆွဲတွေးတတ်တယ်ဆိုတာကို သတိပြုပါ။

🔗 “လိုရာဆွဲတွေးတဲ့ ဘက်လိုက်မှု” အကြောင်း အသေးစိတ် ဆွေးနွေးထားတာကို YouTube မှာ ကြည့်လို့ရပါတယ်။
Comment မှာ video link ရှိပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ที่อยู่

Bangkok