Too Much Free Time

Too Much Free Time

แชร์

I post what I want, when I want

03/09/2026

Italian Grand Prix is ready with McQueen ⚡️

02/09/2026

2021 ကစလို့F1 Season တိုင်းနီးပါးမှာပြိုင်ဘက်အသင်းတွေကသူတို့ရဲ့နာမည်ကိုမကြားချင်တော့လောက်အောင်အထိ Dominate လုပ်လာတဲ့ RedBull ဟာ 2025 မှာ Driver Championship ကို 2 မှတ်ထဲနဲ့လွဲခဲ့ရတယ်ဆိုပေမယ့် 2026 FIA ရဲ့ New Engine နဲ့ Aerodynamic စည်းမျဉ်းအသစ်တွေကြားမှာအတော်လေးရုန်းကန်နေရပါတယ်။

FIA ရဲ့ Engine တွေကိုယှဉ်ပြီးစမ်းသပ်ထားတဲ့စမ်းသပ်ချက်မှာတော့ RedBull ရဲ့ Ford နဲ့ပေါင်းထုတ်ထားတဲ့ DM1 Engine ဟာ Powerful အဖြစ်ဆုံးပါပဲ။ ဒါပေမဲ့ RB ရဲ့Car chassis ပိုင်းမှာကတော့ပြဿနာတွေရှိနေပါတယ်။ Red Bull ကသူတို့ရဲ့အရင် Slide-shaped Sidepod ဒီဇိုင်းကို ဆက်လက်သုံးနေပါတယ်။ သူ့ရဲ့ပြိုင်ဘက် Mercedes နဲ့ McLaren အသင်းတို့ကတော့ ကားအောက်ခြေ (Floor edge) ကနေ Downforce ပိုမိုရရှိမယ့် Sidepod အကျဉ်းဒီဇိုင်းကို ပြောင်းသုံးနေတာကိုတွေ့ရမှာပါ။ ဒါပေမဲ့Red Bull ရဲ့ Engine Packaging ကြောင့် အဲ့လိုFloor ဒီဇိုင်းသစ်ကို ချက်ချင်းပြောင်းလဲဖို့ကမဖြစ်နိုင်ဘဲရှိနေတာပါ။ နောက်ပြီးတော့ RedBull ရဲ့ကားတွေက Low speed နဲ့ Medium speed corner တွေမှာကောင်းကောင်း ကွေ့လို့ရနေပေမဲ့ High Speed corner တွေကိုရောက်ရင်တော့ ကားရဲ့(Rare end)အနောက်ပိုင်းမှာ Downforce ကသိသိသာသာနည်းသွားပြီးတော့ ကားက Oversteer ဖြစ်ကာမတည်မငြိမ်ဖြစ်သွားပါတယ်။ ပြီးတော့နောက်တစ်ချက်ကRedBull ရဲ့ကားကသတ်မှတ်ထားတဲ့ weight limit ကိုအတိအကျဖြစ်နေတာပါ။ ဒါကသူတို့ရဲ့ DM1 Engine ကြောင့်လဲဖြစ်ပါတယ်။ ဒါကြောင့် RedBull ကတခြားအသင်းတွေလို ballast သုံးပြီးကားရဲ့ balance ကိုလိုတဲ့နေရာတွေမှာလိုက်ညှိလို့မရပါဘူး။
ပြီးတော့ RedBull က Aerodynamic နဲ့ပက်သက်ပြီးတော့လဲစမ်းသပ်တဲ့နှစ်ကြီမ်လုံးက Fail ခဲ့ပါတယ်။ Ferrari လိုမျိုး Macarena Wing ကိုအသုံးပြုကြည့်ခဲ့ပေမဲ့လည်းသူတို့ကားနဲ့ကအဆင်ပြေမနေခဲ့ပါဘူး။ ပြီးတော့ RedBull ကားတွေက Clutch ပြဿနာရှိနေတာကို Hadjar ရဲ့ Radio message တွေကိုကြည့်ရင်သိရပါတယ်။ ဒါကြောင့် RedBull ကားတွေက Race အစမှာလဲရုန်းကန်နေရပါတယ်။ နောက်ပြီးတော့ RedBull Team မှာကားတွေတင်မဟုတ်ပဲ လူအပြောင်းအလဲတွေကြောင့်လဲဆိုင်တယ်လို့တချို့ကထင်ကြေးပေးနေကြပါတယ်။ RedBull မှာကChristian Honor လိုလူသိများတဲ့သူတွေမဟုတ်ပဲတခြားလူမသိသူမသိထွက်ခွါသွားကြတဲ့သူတွေများစွာရှိပါတယ်။ ဥပမာ Chief Designer အနေနဲ့ 17နှစ်ကြာလုပ်လာပြီး 2023 မှာ McLarenကို Joinသွားတဲ့ Rob Marshall, Sporting Director အဖြစ်RedBull မှာ 18နှစ်ကြာလုပ်ပြီး Audi ရဲ့ Team Principal ရာထူးအတွက်ထွက်ခွါသွားတဲ့ Jonathan Wheatley, RedBull မှာ နှစ်20လုပ်ကိုင်လာပြီး 2025 မှာMcLaren ကို join သွားတဲ့ Head of Race Strategy ဖြစ်တဲ့ Will Courtenay, 2016ထဲကနေ Max Verstappen ရဲ့ Chief Mechanicအဖြစ်လုပ်လာပြီး 2024 မှာထွက်ခွါသွားတဲ့ Lee Stevenson နဲ့ RedBull စတင်ခဲ့တဲ့ချိန်ကနေ June မှာ Cadillac ဆီမထွက်ခွါခင်အထိ Chief Engineer အဖြစ်လုပ်ကိုင်ခဲ့တဲ့ Paul Monaghanတို့လိုလူမျိုးတွေရဲ့ထွက်ခွါသွားတဲ့အကျိုးဆက်တွေကို RedBull အနေနဲ့ကြုံတွေ့နေရတယ်လို့လဲပြောကြပါတယ်။ Bro တို့အနေနဲ့ရော RedBull ဘယ်လိုအခက်ခဲတွေကြောင့် ဒီရာသီမှာနောက်ကောက်ကျန်နေရတယ်လိူ့ထင်ကြလဲဗျ။ ယခုလက်ရှိကတော့ RedBull က Constructor Championship Standing မှာ 4th place ကိုရောက်ရှိနေပြီး နံပါတ် 1 နေရာနဲ့ Point 240 လောက်ကွာနေပါပြီ။ Driver Championship မှာတော့ Max က 6 နေရာမှာရှိပြီးတော့ Leader ဖြစ်တဲ့ Kimi နဲ့ အမှတ် 130 လောက်ကွာနေပါပြီ။ Second driver ဖြစ်တဲ့ Isack ကတော့ 68မှန်သာရရှိထားပါတယ်။ RedBull အနေနဲ့ season တစ်ဝက်ကျိုးလာတဲ့အထိဒီလိုမျိုးဆက်ပြီးရုန်းကန်နေရဦးမယ်ဆိုရင်တော့ Max ရဲ့ 5 ကြိမ်မြောက် champio အိပ်မက်ကတော့ဝေးနေဦးမှာပါပဲ။






23/08/2026

ဒီနှစ်တော့Max နဲ့ RedBull ရေကြီးနေပါပြီ

22/08/2026

Summer Break မတိုင်ခင်မှာဘယ်သူအနိုင်ရခဲ့လဲဆိုတာကိုပြန်မှတ်မိနေအောင် Lando Norris ကတော့ Back to Back Pole Position ကိုရယူပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ Mercedes နှစ်စီးရှိနေပါတယ်။ Season အလယ်ပိုင်းလောက်ကိုရောက်လာတာနဲ့အတူ ရာသီအစပိုင်းမှာလို Mercedes ကပဲ Dominate လုပ်နေတာကိုမတွေ့ရတော့ပါဘူး။ အစပိုင်းမှာ Ferrari အခုနောက်ပိုင်းမှာတော့ McLaren ကပါ keep up လုပ်လာနိုင်တာကိုတွေ့နေရပြီး အသင်းတွေကြား ကွာခြားမှုတွေကကျဉ်းမြောင်းလာတာကိုတွေ့ရမှာပါ။ ဒါကလဲ အသင်းတွေအနေနဲ့ Hybrid Engine အသစ်နဲ့ Active Aero ပိုင်းတွေကိုပိုင်ပိုင်နိုင်နိုင်ရှိလာပြီလို့ဆိုရမှာပါ။ ဒီရာသီရဲ့နောက်ပိုင်းမှာရောဘယ်အသင်းတွေကထပ်ပြီး Championship နေရာကိုခြိမ်းခြောက်လာနိုင်ဦးမလဲဆိုတာရင်ခုန်စွာဆက်ကြည့်ရပါတော့မယ်။




22/08/2026

George ကပဲ Pole ကနေစပြီးအနိုင်ရယူသွားပါတယ်။ George ကလက်ရှိ Sprint + Race 5 ပွဲအနိုင်ရရှိထားပြီးတော့ဒါကဒီရာသီသူ့ရဲ့ 3 ပွဲမြောက် Sprint နိုင်ပွဲပါ။ ဒီနေ့ Sprint ရဲ့ P2 မှာLeclerc နဲ့ P3 မှာတော့ Lando တို့ကအနိုင်ရခဲ့ပါတယ်။ခဏနေရင်တော့ Quali ကြည့်ရပါတော့မယ်။



22/08/2026

Summer break အပြီးပထမဆုံး Race Week ဖြစ်တဲ့ Dutch Grand Prix မှာ Sprint Race နဲ့အတူ F1 ပြန်စနေပါပြီ။

29/07/2026

George မြင်ရင်လဲစိတ်ကောင်းမှာမဟုတ်ဘူး

26/07/2026

မင်းတို့ကမဟုတ်တော့ဘူးကွ

26/07/2026

Crd

26/07/2026

ဒီနှစ်ရဲ့ပထမဆုံး Mercedes or Ferrari Driver မဟုတ်တဲ့ Winner အဖြစ်နဲ့ Mc Laren ရဲ့ Lando Norris ကတော့ ဟန်ဂေရီးယန်း Grand Prix ကိုအနိုင်ယူခဲ့ပါပြီ။ Max အတွက်ကလည်းဒီနှစ်ရဲ့ Back to Back Podium ကိုရယူနိုင်ခဲ့ပါတယ်။ Championship Leader ဖြစ်တဲ့ Kimi ကတော့ P3 နဲ့သာကျေနပ်ခဲ့ရပါပြီ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok