19/03/2026
တခါတလေကျ နားလည်ရခက်တယ်
မင်းတို့ဟာကြီးက
မန်ယူနဲ့ တပတ်တပွဲပဲ ကစားပြီး
ခြေစွမ်းတွေပြလာတဲ့
16 ကြိမ် ဖန်တီး 7 ဂိုး သွင်းထားတဲ့
ဘရူနိူဖာနန်ဒက် ကို ဒီနှစ် EPL အကောင်းဆုံးဆု
PFA ဆုအတွက် ထိုက်တန်တယ်တဲ့
အဲ့ဒါဆို 22 ဂိုးသွင်း 7 ဂိုး ဖန်တီးထားတဲ့
ဟာလန်းကရော မထိုက်တန်ဘူးလားဆို
သူကကျ အသင်းအတွက် အရေးပါပုံ မတူဘူးတဲ့
ဘရူနိုက မန်ယူကို ထမ်းတင်ပေးထားတာတဲ့
အဲ့လိုဆိုရင် အာဆင်နယ်ကို အဆင့်တစ်ရောက်အောင်
ထမ်းတင်ရုံတင်မက ကျွဲလိုနွားလိုပါ ရုန်းကန်
ကစားပေးနေတဲ့ ဒက်ကလန်ရိုက်စ် တို့ ဂါဘရီရယ်တို့ကျ
ဘယ်နားသွားထားမလဲဆိုတော့ သူတို့က
ဘရူနိုထက် ဂိုးမှပိုမသွင်းနိုင်တာတဲ့
အာ့ဆို ဟာလန်းက ဂိုးပိုသွင်းတယ်လေ ဆိုတော့
ဂိုးတော့ပိုသွင်းပေမဲ့ သူက အရေးပါပုံမတူဘူးတဲ့
အရေးပါပုံမတူဘူးဆိုရအောင်လည်း
ဟာလန်းက ဖလားလုနေတဲ့ မန်စီးတီးမှာ
ဖာနန်ဒက်ကကျ အဆင့် ၃ က မန်ယူမယ်
ပြောချင်ပုံက အဆင့် ၃ ရဖို့က
ဖလားယှဥ်လုဖို့ထက် ပိုခက်တဲ့ပုံပဲ
ဟုတ်တော့ဟုတ်နေပါပြီ 😄
31/01/2026
31/01/2026