သိုင်းမှတ်တမ်း

သိုင်းမှတ်တမ်း

Share

Myanmar's Traditional Martial Arts

31/07/2026

အဖိုးအနဂ္ဂ ထိုက်တန်သော ကျင့်စဉ်
သိုင်းလောသား တစ်ဦးအနေဖြင့်
မိမိသိသော ကျင့်စဉ်တစ်ခုကို မကွယ်မဝှက် မထိန်မချန် အလင်းပြရပေအံ့။ဤကျင့်စဉ်သည် မိမိ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရသည်။
ခက်လည်း မခက်ခဲပေ။သိုင်းသမား
သည် အန္တရာယ် ရန်စွယ် ဟူသမျှကို
ရင်ဆိုင် ဖြတ်ကျော်ရန် အလို့ငှာ
ပင်ပန်းကြီးစွာ လေ့ကျင့်ရ၏။
ပင်ပန်းသော်လည်း မအိုသည်မရှိ။အိုရ၏။မနာသည် မရှိ။နာရ၏။
မသေသည် မရှိ။သေရ၏။
မအိုရာ၊မနာရာ၊မသေရာကို
အကျင့်တစ်ခုဖြင့် ရနိုင်၊ရောက်နိုင်ပါကြောင်း ဗုဒ္ဓမြတ်စွာ ဟောခဲ့၊ဖော်ထုတ်ခဲ့ ဖူးလေပြီ။သိသူတို့
ဖော်ထုတ်ကာ ‌ေလ့ကျင့် လွတ်‌‌ေမြာက်ကြကုန်၏။
ကျင့်နည်းကား ခန္ဓာကိုယ်က
ပြောပြသော တရားကို သိအောင်ပြုလုပ်ရမည်။ခန္ဓာကိုယ်က ဘာတွေပြောသနည်း။နာတယ်။ကျင်တယ်။ယားတယ်။ညောင်းတယ်။ကိုက်တယ်။ခဲတယ်။အစရှိသဖြင့် ပြောပါလိမ့်မည်။
သူပြောသမျှကို ကြည့်ပါ။ရှုပါ။ကြည့်ဆဲခဏ။ရှုဆဲခဏ၌ပင်
ပျောက်ခြင်း၊ပျက်ခြင်း၊မတည်မြဲခြင်း၊ဆက်ခါဆက်ခါ ပေါ်လိုက်
ပျောက်လိုက်ဖြစ်ခြင်း၊တနေရာပြီး
တနေရာ ပြောင်း၍ ပေါ်ခြင်း။ပျောက်ခြင်းတို့ကို သတိကပ်၍
ကျင့်ပါလေ။
မမြဲခြင်းသည် အနိစ္စသဘော။
ပေါ်လာခြင်းသည် သင်္ခါရသဘော
ဖြစ်၏။ဖြစ်ခြင်း၊ပျက်ခြင်းတို့ကို
ထင်ထင်ရှားရှားမြင်လာရာမှ
တဆင့် ဝေဒနာ၏နောက်၌ လိုချင်မှု
လောဘတဏှာ၊မလိုချင်မှု ဒေါသတဏှာ၊မသိမှု မောဟတဏှာတို့
မလာတော့ပေ။
အနိစ္စဝတသင်္ခါရာမှ တစ်ဆင့်
ငါ သူတပါး ယောက်ျား မိန်းမ ဟူသော သက္ကာယဒိဌိသည် ပြုတ်၏။သို့လော သို့လော ယုံမှား သံသယသည် ရှင်းလျှင်
အပါယ်လေးဘုံ ဖြစ်သော ငရဲ၊တိရိစ္ဆာန် ၊ပြိတ္တာ၊အသူရကာယ် ဘုံများ၏ ဂိတ်တံခါးသည်
အပြီးတိုင်ပိတ်လေ၏။
ဝေဒနာနှင့်ငါ မရောပါစေနှင့်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၌ လောကသံသရာမှ လွတ်မြောက်ကြောင်း တရား၊ကျင့်စဉ်သည် ရှိ၏။
ကျင့်စဉ် မကျင့်ဘဲ ဆုတောင်း၍
မရနိုင်။လှူဒါန်း၍ နိဗ္ဗာန်မရနိုင်။
သီလဖြင့်လည်း မရနိုင်ပေ။
သို့သော် ဒါန၊သီလတို့သည်
အသက်ရှည် ကျန်းမာသော ခန္ဓာကိုယ်ဖြင့် လိုရာခရီးကို
ကား၊ဆိုင်ကယ်၊လေယာဉ်ပျံတို့ဖြင့်
သွားရသလို ရှိပေမည်။
ဝိပဿနာကျင့်ခြင်းသည်
လိုရာခရီးကို ဦးတည်ချက် မှန်မှန်သွားရာကျ၏။ဒါန၊သီလ ကောင်းလျှင် မြန်မြန်နှင့် သက်သောင့်သက်သာ ရောက်၏။
မကောင်းလျှင် နည်းနည်းတော့ အားစိုက်ရပေမပေါ့။ဒါန၊သီလသာပြု၍ ဝိပဿနာ မရှုလျှင် မသွားသောခရီးကား သွားသည့်နေ့ ရောက်ပါမည်။
အိပ်ရင်း၊ရပ်ရင်း၊စားရင်း၊သောက်ရင်း၊မည်သည့်အချိန်မဆို
ခန္ဓာမှ ပြောသော တရားကို မြင်အောင်ရှု၍ လူစဉ်မှီသော၊ပဉ္စာနန္ဒိယကံမထိုက်သော၊ဆုကြီးမပန်သော
မည်သည့် လူမဆို ကျင့်ကြံအားထုတ် အကျိုးထူးနိုင်ပေတော့သတည်း။
လွတ်မြောက

31/07/2026

လက်သီး
သိုင်းလောကသား အပေါင်းတို့
လက်သီး စကား တစ်ချက်မြည်းသွားရအောင် နားမငြီးအောင် ကျွန်ုပ်ရေးလိုက်သည် ဤစကား လက်သီး မြည်းကြကုန်
ဖိုက်တာတစ်ယောက်၊သိုင်းအမှန်အကန် ကိုယ့်ကိုယ်ကို ကြံတွေးလျှင်ဖြင့် မဝေးမကွာနွေးစွာ ထားရပေမပေါ့ ကျန်းမာရေး
ကျန်းမာရေး မကောင်းရင်တော့ မြေသျှိုးလို့မိုးပျံအောင်တတ်
မြေကွဲလို့ မိုးပြိုအောင် စကားကြီးလည်း အချီးနှီး လေကြီးတာပဲသက်သက် ဖြစ်ပေမပေါ့
လေ့ကျင့် လေ့ကျင့် အရမ်းတွေ လှိမ့်ပိမ့်ကျင့်ပြန်တော့
အနီးအနား တီးမလားဆို ရှိမည်မထင်ဘူး ထစ်ကနဲ လက်ပါ
မသက်ညှာပြန်ရင်တော့
ရန်ပူ လူမိုက် ဒုစရိုက်ဆန်ပြန်ပေမပေါ့
ဓားချင်းခုတ်ရင်ခုတ် လူချင်းတော့ မခုတ်ပါနဲ့ မဟုတ်ရင် အငုတ်က အတက်ပြန်မပေါက်ဘူး
တုတ်ချင်းပဲရိုက် လူတော့ ရိုက်မထိုးနဲ့ သေတတ်ပြန်တယ်
ပညာချင်းဖလှယ် လက်ချင်းသာတွယ်ကြမဟေ့ နဖူးကွဲ ပက်လက်လန် သက်လုံမကျန်အောင် တီးကြမဟေ့
ကြောက်သွေးတော့မပါဘူး
ငါ့နဖူးမှာ ဟက်တက်ကွဲလို့ အပြုံးမပျက်ပါဘူး ဂန်ဒူးတွေ စကားလာမပြောနဲ့ ပြောကြစို့ ကိုးသတ်မောင်းနှင့်
သတိတော့ ပေးလိုက်မယ်
ညှစ်ညှစ်ကာ ဆက်ဆက်မကျင့်နဲ့
အညှစ်မတော်ရင် ထွက်တော်မူ ငလိပ်ခေါင်း အီအီးပါတိုင်းသွေးပါရင်ကွယ် နှေးမကြာ သတိတော် ထားပါအိုးအေး ကျုပ်သိတဲ့ မုံရွာဆရာမိုးဆေး
လေ့ကျင့်နည်း ဘဝဂ်ညံအောင် မပျက်အမှန် ကြံကာတွေးလို့
ဖန်လာရင် လက်မနှေးရအောင်ပါ့
အုန်းပြချင်သေး
#သိုင်းမှတ်တမ်း

29/07/2026

သိုင်းကျင့်စဉ်
သိုင်းပညာကို ဝါသနာပါ ရူးသွပ်သော်ငြား မည်သို့ မည်ပုံ စတင်သင်ကြားလေ့ကျင့်ရမည်မသိ။
လူသိမှာလည်း စိုးရိမ်။မလုပ်တတ်မည်ကိုလည်း ကြောင့်ကြသူများ
အဖို့ ဤကဲ့သို့ လေ့ကျင့်ပါ။
သိုင်းသမား၊သိုင်းကစားသူ၊သိုင်းဝါသနာရှင်များ အတွက်
အစသည် အရေးကြီး၏။အရေးကြီးဆုံးမှာ ကျန်းမာရေးပင် ဖြစ်၏။ကျန်းမာရေး၊အသက်ရှည်ရေးနှင့် ဆန့်ကျင်သော အလေ့အကျင့် မှန်သမျှကို ပယ်ရန်
တိုက်တွန်း၏။
အစွန်းရောက်လေ့ကျင့်မှုများလည်း မလိုအပ်ပေ။ကျန်းမာရေးမတိုးတက်ဘဲ တစ်ခုခု ဖြစ်လျှင် သင်၏ အကျင့်တနေရာရာ မှားနေပေပြီ။
ကျန်းမာရေးနှင့်လျော်ညီအောင်
မကစားမီ သွေးပူ၊ကစားပြီးလျှင်
အကြောလျှော့ လုပ်ရမည်။
ယနေ့အထိ သွေးပူ မလုပ်ဘဲ အကြောအရင်လျော့နေသူများကို
လည်း တွေ့နေရပေရာ ငါများ မှားနေသလားဟု တွေးမိသေး၏။
သွေးမပူခင် ဆွဲဆန့်တော့ မာခဲနေတာတွေ ပြတ်။အေးရော။အဲမှာ
မှန်နေလိုက်။
သွေးပူအောင် အလွယ်ဆုံးနည်းသည် လမ်းလျှောက်ခြင်း၊ဖြည်းဖြည်းပြေးခြင်း ၊အားမပါသောလက်လှုပ်၊ခြေလှုပ် ဖြင့်စရ၏။
အားမကုန်၊မမောပမ်းဘဲ ချွေးစို့
သွက်လက်ပေါ့ပါးလာခြင်းသည်
နည်းမှန်၏။အကြောပြတ်ခြင်း၊အရွတ်ပွန်းခြင်း ဒဏ်များသည်
ရေရှည် အဖို့၌ စုပုံလာခါ ကျန်းမာမှု
တိုးတက်ရေးကို တစ်နေ့ ဒုက္ခပေးမည်။ဆုတ်ယုတ်စေလိမ့်မည်။
လက်သီးထိုး၊‌ေခြကန် သောအခါ လေထဲ၌ ထိုးပါ။လေထဲ၌ ကန်ပါ။အားမထည့်ပါနှင့်။
ထိချက်မှန်ရန် ဖွဲအိတ်ကို အရင်ထိုးပါ။တစ်နှစ်မျှ နေ့စဉ်မှန်မှန် ထိုးခြင်း၊
ကန်ခြင်းသည် ကျန်းမာရေးကို တိုးတက်စေ၏။သန်စွမ်းမှုလည်း
ရရှိစေ၏။
ကစားပြီးလျှင် အကြောဆန့်ပါ။
ပူနေသော သွေးကြောင့် ပျော့ပျောင်းမှုကို ရရှိစေ၏။စာရေးသူ၏ အလိုမှာ ခြေဖျားမှ စ၍
ဦးခေါင်းအထိ အကြောအားလုံး
လျှော့ပေးရမည်။ပြီးလျှင် ရေတန်းမချိုးရ။ထွက်စုဝတ်၍ ခဏ အမောဖြေပါ။သို့မဟုတ် ချွေးသုတ်၍
ထွက်စု ဝတ်ပါ။ပြီးမှ ရေချိုးပါ။
ချွေးသုတ်၊ထွက်စုဝတ် စသည့်
လုပ်ငန်းသည် လေ့ကျင့်ရေး၏ အနှစ်သာရဖြစ်၏။တိုးတက်မှု လမ်းစဖြစ်၏။မဟုတ်လျှင် အအေးမိ၊အဆုတ်ထိ၊ဖျား။ကျင့်သမျှ အလကား။
မှန်ကန်သော လေ့ကျင့်ကစားမှုသည် မြန်မြန်တိုးတက်၏။မမှန်ကန်လျှင် ထိုအစ၌ တိုင်ပတ်တတ်၏။
မှန်ကန်စွာလေ့ကျင့်၍ မြန်ဆန်စွာ တိုးတက်နိုင်ပါစေ။

29/07/2026

ဗမာ့ ထွက်ရပ်ဂိုဏ်း
ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ တိုင်းရင်းသားပေါင်းစုံ ရှိကြကုန်၏။ထို တိုင်းရင်းသားတို့ထဲ၌ ဗမာတိုင်းရင်းသားတို့သည်
အများဆုံး ဖြစ်ကြ၏။
ကျွန်ုပ်တို့ ဗမာစစ်စစ်များသည်
အမျိုးသားရေး စိတ်ဓာတ်များ ငုပ်သျှိုး ကွယ်ပျောက်နေကြသည်ထင်၏။ဗမာသည် ဗမာစိတ်ပျောက်နေကြပေသည်လော။
ဟိုးရှေးယခင်က ဗမာအများစုသည် ဗုဒ္ဓဘာသာဝင်များ ပီပီ
အကျင့်စာရိတ္တကောင်း၏။စိတ်ဓာတ်ကောင်း၏။လုပ်ရပ်လည်း
ကောင်း၏။သစ္စာလည်း ရှိ၏။ရိုးသားကြ၏။ကြိုးစားကြ၏။
စည်းလုံးကြ၏။
ဗမာလူမျိုးတို့သည် ယနေ့ခေတ် မျက်မှောက်ကမ္ဘာတွင်
စိတ်ဓာတ်အားဖြင့် လိုက်မမှီနိုင်။
ယက်ကန်၊ယက်ကန် ဖြစ်နေကြ၏။
လောဘလည်း အလွန်ကြီးကြ၏။
ဒေါသလည်း ကြီးကြ၏။ဘာလုပ်ရမှန်းမသိ မောဟထူ လူမိုက်လည်း
များလေ၏။
ကိုလိုနီခေတ် အခါက နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်လို လွတ်လပ်ရေး အရယူလို စိတ်ဖြင့်
ဗမာ့ထွက်ရပ်ဂိုဏ်း ဟူ၍ တည်ထောင်ကာ ကျွန်စိတ်မှ သခင်စိတ်ပေါက်အောင် လုပ်ယူခဲ့ကြဖူး၏။
ယနေ့ခေတ်၌ရော ငါတို့ ဗမာဟု
မည်သူက ရဲရဲတောက် ကြွေးကြော်ရဲသနည်း။ကြွေးကြော်လျှင်ရော
အခြားတိုင်းရင်းသား ဗမာမဟုတ်သူများကို အားနာနေရပါမည်လား။
အားနာရင်း၊အားနာရင်း ညံ့ဖျင်းခဲ့ကြလေ၏။သစ္စာရှိတာ တို့ဗမာဟု
ရဲရဲတောက်ကြလော့။အများအကျိုးဆောင်တာ တို့ဗမာဟု
ရဲဝံ့ကြလေလော့။
ဗမာ၌ လူစွမ်းကောင်းတို့ ရှိကြ၏။ကြိုးစား၍ ပေါ်ပေါက်ပါစေ။
ရိုးသား၍ ထူးချွန်ပါစေ။အရက်သေစာ ရှောင်ကြပါလေလော့။အားကစားကို လိုက်စားကြလေလော့။
အရက်သေစာ သောက်စားခြင်းကို လူငယ်အများစု မရှောင်နိုင်။‌ရှားပါး၏။ထို့ကြောင့် လက်ဝှေ့၊ဘောလုံး အားကစားသမားတို့သည် ထွန်းပေါက်သူလည်း ရှားပါးပေ၏။
အစားအစာ၊သွင်းကုန်တို့ကို ကြပ်မတ်ကြကုန်လော့။
မိမိအမျိုးကို အဆိပ်သင့် သရေစာ၊
အစားအစာ၊ဆေးဝါးများ မကျွေးကြပါလင့်။
ဗမာ့စိတ်ထားသည် ကောက်ရိုးမီးနှယ် ဟုန်းဟုန်း တောက်တတ်၍
ရေတိုကြည့်လွန်း၏။ရေရှည်ကြည့်၍ ကြိုးစားကုန်လော့။
သင်တို့ လုပ်နိုင်သော ဘောင် အတွင်း၌ အများအကျိုး ဖြစ်ထွန်းရန်လည်း လုပ်ရမည်။မိမိအကျိုးဖြစ်ရန်လည်း လုပ်ရမည်။
မိမိအတွက်ချည်း လုပ်နေလျှင်တော့
တော်စမ်းပါ။သူတပါး မျက်ရည်စက်၊ချွေးစက်တွေပါ ထိနေပြီဆိုလျှင် အမျိုးအတွက်မမြင်။မျိုးကန်း။
မျိုးချစ်ဗမာတို့သည် နေရာစုံ
ကဏ္ဍစုံ၌ ရှိနေကြပါသော်ငြား
မိမိလုပ်နိုင်၊ပြောနိုင်၊ရေးနိုင်သည့်
ဘောင်အတွင်းက ဗမာအကျိုး
အများအကျိုးကို မထောက်မရှု
ဘာမှမပြု။သောက်တလွဲထုကြတိုင်း ငါယိုးမ ဗမာဟု ကိုယ့်အမျိုးကိုယ်သာ ဆဲချင်ပေတော့၊ဆဲနေတော့မိသည်တကား။

09/06/2026

မြေသျှိုး မိုးပျံ သိုင်းမူဟန်
တစ်နေ့ သ၌ ကျွန်ုပ်သည်
မြန်မာပြည်၏ အထင်ကရ သိုင်းဆရာကြီး တစ်ဦးထံတွင်
လျှို့ဝှက် နက်နဲ ခက်ခဲ လှသော
သိုင်းပညာရပ်၏ လျှို့ဝှက်ချက်များကို တူးဆွ ရှာဖွေ သင်ယူဆည်းပူးနေခဲ့လေ၏။
ဆရာကြီးသည် ဈာန်သမထလမ်းကိုလည်း အတော်ပေါက်မြောက်ခဲ့၏။‌လောကီ ဝိဇ္ဇာလမ်းဟု
အများသိကြသော ကျင့်စဉ်လမ်း၌
အဆုံးထိ ပေါက်မြောက်အောင် ကျင့်ကြံခဲ့၏။
ဆရာကြီး ခင်ဗျာ လောကီထွက်ရပ်ပေါက်သည်ကို အများထင်ရှား သိမြင်အောင် ပြောပြပါလား ခင်ဗျာ ဟု ကျွန်ုပ်က မေးလျှင်
ဆရာကြီးက ဤသို့ဆို၏
ဒီလို ရှိတယ် မောင်အုန်းကျော်ရဲ့
လောကီထွက်ရပ်လမ်းကို ကျင့်တဲ့အခါ လူသစ်တွေကိုတော့ အဘအောင်မင်းခေါင်ကြီးက လာပြီး
ကူညီ စောင့်ရှောက် လမ်းပြသကွယ့်။အဲ သူက သဘောလည်း ကောင်း စိတ်လည်း ရှည်သဟေ့။
နောက် ဆိုင်ရာ ဆိုင်ရာ ပုဂ္ဂိုလ်တွေကို အပ်ပေးသကွယ့်။
ကျုပ်ကလည်း လူ့ခွစာ။တော်ရုံ ကျင့်စဉ်တွေ ခိုင်းပြီဆို
မလုပ်နိုင်ဘူး။ပိုက်ဆံ ရှာရဦးမယ်။
အလကားနေရင်း လျှောက်လျှောက်မခိုင်းနဲ့။ဘာဘာညာညာတွေ ဘုတောလည်း ဘိုးဘိုးအောင်က
စိတ်ရှည်သကွယ့်။
အဲ ရှမ်းဘိုးတော် လက်လည်း
အပ်ရော အကြိမ်ကြိမ် အထပ်ထပ်မှာရှာတယ်။သတိထားဖို့။ရှမ်းဘိုးတော် မင်းစက်အနန္တရ က စိတ်ဆတ်တာမို့ ဘုမပြောဖို့ စတာတွေပေါ့။
‌သတိပေးလည်း မရဘူးဟေ့။ဘုသွားလည်းတောရော။ဗျောတင်ခံရတော့တာပဲ။မနည်းကို ပြန်တောင်းပန်ယူရတယ်။
အဲဒီလမ်းတွေကို လျှောက်မိ
လျှောက်ရတဲ့ အကြောင်းရင်းက
သမထပေါက်နေတဲ့ အထက်ဆရာကိုတွေ့တော့။ကျုပ်ကလည်း မယုံဘူး။မယုံတော့ ထင်ရာလျှောက်မေးရော။ကျုပ်အဖေ ကို ကြည့်ပေးပါလားလို စမ်းမေးကြည့်တာ။
မောင်ရင့် အဖေက မကျွတ်ဘူး။
ခြံဝန်းထဲမှာ သူဝတ်နေကျ ပုဆိုး
ကွက်စိပ်အဝါနုဖောက်လေး ဝတ်
စွပ်ကျယ်လေးနှင့် တနင်္ဂနွေ ထောင့်မှာ နေနေရတယ်လို့ ကွက်တိကြီး
ပြောရော။ကျုပ် ဒီပညာကို ယူပြီး
ကျင့်ကြံရင် ကျုပ်အဖေ ကျွတ်မလားဆိုတော့ သူ က အာရုံယူကြည့်ပြီး ကျွတ်မယ်တဲ့။အဆင့်မြင့်တဲ့နေရာ ရောက်မယ်တဲ့။
ဒါနဲ့ ကျုပ်လည်း ကျင့်ခဲ့တာပေါ့။ကျင့်စဉ်တွေ အတော်များများ
ပြီးမြောက်တဲ့အခါ အဖေ့ကို တွေ့ပါတယ်။နေပြည်တော် ပျဉ်းမနားဘက်ကို သွားပြီး အဆင့်မြင့်မြင့် နေရတော့မယ်တဲ့။အဲဘက်ရောက်လို့ သူ့အကူအညီ လိုရင် အချိန်မရွေး ပြောလို့ နှုတ်ဆက်သွားတယ်။
တစ်ခါတော့ဟေ့။ဗေဒင်အရမ်းမှန်တဲ့ ဗေဒင်ဆရာ ဆီမှာ ဗေဒင်သင်မလို့ လုပ်တာ။ဘိုးတော်တွေက မံကြပါလေရော။
ကိုယ့်လောက်မှ အကျင့်စာရိတ္တ
မကောင်းတဲ့သူကို ဆရာတင်ရပါမလားတဲ့။ဟိတ်ကောင် ဗေဒင်ပညာဆိုတာ ဝိဇ္ဇာလမ်းမှာ သေးသေးလေးကွ ဆိုတာနဲ့ မသင်ရတော့ဘူးဟေ့။
နောက် အကြားအမြင်တွေ ပေါက်လာတာ နှစ်နှစ်လောက် အကုန်သိ။
အကုန်မှန်ပဲ။
ကျုပ်အကို ကြုံရတာ ပြောပြဦးမယ်။တနေ့ လူတစ်ယောက် အိမ်ကို
လာတယ်။ခင်ဗျား သောကြာသား မဟုတ်လား။ဟုတ်ကဲ့။
အိမ်မှာ တနင်္လာသား ဖျားနေတယ်။
တစ်လလောက် ရှိပြီ။ ဟုတ်လိုက်တာ ဆရာရယ်။
နေဦး မပြီးသေးဘူး။အိမ်က ဘုရားမှာ ကြပ်ခိုး အထပ်ထပ်နှင့် ပန်းလည်း မကပ်။ရေချမ်းလည်း မတင်။ဘုရားလည်း မရှိခိုးတာ ကြာပြီတဲ့။အိမ်ခြံဝန်းထဲက စနေထောင့်က သစ်သားပိုင်းကလည်း မသန့်ဘူးတဲ့။လွတ်ရာ စွန့်ပလိုက်လို့ပြောတယ်။
မှန်လိုက်တာ ဆရာရယ်။နောက်ကများလိုက်ကြည့်နေသလားမှတ်ရတယ်။ဘိုးတော် အစစ်ကို ခုမှ ပဲ တွေ့ဖူးတော့‌တယ်။ဆရာ့ကို ကျွန်တော် ကန်တော့ ကန်တော့ပါရစေ ဟု လက်အုပ်ချီကာ ကန်တော့မည် ပြင်လေလျှင် ဟာ ဟေ့ဟေ့
နေဦး နေဦး မဟုတ်သေးဘူး
ကျုပ်က ဘိုးတော် မဟုတ်ဘူး။
ကျုပ်က ကျုပ်ညီ ဘိုးတော် ရေးပေးတဲ့ ဒီနေ့ ဘာနေ့သားလာမယ်။
အင်္ကျီက ဘာရောင် ဝတ်ထားမယ်။ဘယ်အနားမှာ ထိုင်မယ်။
ဒါတွေကို ဖတ်ပြီး ပြောနေတာဗျ။
ဒီမှာ စာရွက်ဟု ပြောလေလျှင်
အောင်မလေး ဘိုးတော်အစစ်ကို
ခုမှ တွေ့ဖူးသဗျာ။သူမရှိလည်း
သူအိပ်တဲ့ ကုတင်လေးပဲ ကန်တော့သွားပါရစေဟု ဆိုခါ ကန်တော့လေတော့၏။
အဲလိုပဲ မောင်အုန်းကျော်ရေ
အဲဒီ နှစ်နှစ်တာ အတွင်း အကုန်သိ
အကုန်ကြားပေါ့။ဒါပေမဲ့ကွယ် ရလာတဲ့ လာဘ်လာဘတွေကို မသုံးရဲဘူးဟေ့။ ဟာ မလုပ်နဲ့။မလုပ်နဲ့။သွားသွား ပွဲထဲထည့်။ပွဲထဲထည့် ဆိုတော့
ဘယ် သုံးရတော့မလဲကွယ်။
ခုခေတ်လိုများ နှစ်လုံး သုံးလုံးခေတ် ဆိုလို့ကတော့ ဘယ်ပြော ကောင်းမလဲ။
ဆရာကြီး မင်းကြီး မင်းလေး
နတ်ဆိုတာ တကယ်ရှိလား။ဝက်သားစားတာ မကြိုက်ဘူးလားဟု ကျွန်ုပ်က စပ်စုလျှင်
ဆရာကြီးက ဤသို့ ဆိုလေ၏။
တစ်နေ့ပေါ့ အဲဒီ မင်းနှစ်ပါး
နတ်စင်ရှေ့ ကျုပ်က ဝက်သားချက်နေတာ။မကြာပါဘူး။ဟေ့ ညီတော်
မင်း ငါတို့မကြိုက်တဲ့ ခြေတိုသားတွေ စားဖို့ လုပ်နေတာလားဆိုပြီး
မေးတော့တာပဲ။
ဟ မြင်တဲ့ အတိုင်းပဲလေ နောင်တော်ရယ်။မရှိရှိတာ ချက်စားရတာလေ။ကိုယ်တော်တို့ တခြားဟာ ချက်စားစေချင် ပေးလေ ပိုက်ဆံ ဟု အငေါ်တူးလေ၏။
ထို့သို့ ဆိုလျှင် ကဲ လက်တွေ့ပြ
လက်တွေ့ပေမယ်ကွာ။သွား
ဟိုမှာ ဘတ်စကား လာနေပြီ။
တက်။ပြီးရင် တစ်မှတ်တိုင်ကျော်မှာဆင်း။သိရမယ်ဟု ပြောတော့
စိတ်မြန် လက်မြန်တက်လိုက်သွားတာပေါ့။
အဲ သူတို့ပြောသလို ဆင်းလည်း
ဆင်းရော ကားပေါ်ကလူတစ်ယောက် အိတ်ထဲက ဆယ်တန်တစ်ရွက်ဟာ လေတိုးပြီး လွင့်လာလိုက်တာ လက်ထဲကို ကွက်တိပဲဟေ့။
ကားကလည်း ဝူးဆို မောင်းထွက်သွားတော့ ယုံရတော့တာပေါ့။
ညီတော် မင့်ကံက အဲလောက်ပဲ ရကံရှိတော့ ဒီလောက်နှင့် ကျေနပ်တော့ ဒီထက် များများပေးချင်ပေမဲ့
ကံက ရှိသေးတယ်လေ ဆိုပြီး
လာပြော သွားသေး သဟေ့။
ဆရာကြီးရေ ဟို ကျွန်တော် သိချင်တာတစ်ခုဗျာ။ဟို သမထက
အားကောင်းလာတော့ အတော်ဝေးဝေးက စကားပြောသံတွေ ကြားတာ
ဖြစ်နိုင်လား ဆရာကြီး။နောက်ပြီး
စိတ်ကလည်း အရမ်းတိုတတ်လာတာ။
အေး မောင်အုန်းကျော်ရေ
တစ်ခါတုန်းက ပေါ့ကွယ်။
ဆရာကြီး သမီးက အိမ်ရဲ့ တစ်အိမ်ကျော် မမြင်ရတဲ့ ခပ်လှမ်းလှမ်းမှာ
ရေသွားခပ်တယ်။အဲဒီ အိမ်က
အမျိုးသမီး နှင့် စကား ကတောက်ကဆ ဖြစ်ကြရောဆိုပါတော့။
သူ့ယောက်ျားကဝင်ပါတယ်
ဟေ့ ယောက်ျား မှန်ထွက်ခဲ့ကွ။
ဘာပြောကောင်းမလဲ။မြင်လည်းမမြင်ရ။သာမန်ကြားနိုင်တဲ့
အကွာအဝေး မဟုတ်တာတောင်
ဝုန်းဆို ဓားဆွဲပြီး ထွက်လိုက်တာ။
ခြံဝနားက သစ်ငုတ် ခလုတ်တိုက်ပြီး
ခြေမထိပ်ကြီး ခြေသည်းလန်မှပဲ
ဟမ် ငါ ဘာကိစ္စ ဒီလောက် ဒေါသ
ထွက်ရသတုံးဆိုပြီး ပြန်ထိုင်နေရတယ်။
သမီးလည်း ပြန်ရောက်ရော
စကားများကြလား ဆိုမေးတော့
များတယ်တဲ့။သူ့ယောက်ျားက
ယောက်ျားမှန်ထွက် ဆိုသလားဆိုတော့ ဆိုတယ်တဲ့ဟေ့ ဟု
ပြောပြခဲ့လေ၏။
ဆရာကြီးရယ် ဈာန်သမထ ဘက်မှာ ပေါက်မြောက်တဲ့ ဆရာတော်ကြီးတွေက ဘာလို့
မြေသျှိုး မိုးပျံ အဘိညာဉ်တွေ
မလုပ်နိုင်ကြရတာလဲဟု
မေးလျှင်
ဒါကတော့ ဒီလို မောင်အုန်းကျော် ရေ အခုခေတ် လူတွေက
အသားတွေလည်း အစားကျူး၊စားတဲ့ အာဟာရတွေက မကောင်း၊
ဒီကြားထဲ ငယ်ငယ်က အရက်သောက် ခွေးသားစား ကာမကျူးဆိုတော့ ခန္ဓာကိုယ်က အဘိညာဉ်ကို
ရောက်အောင် မတက်နိုင် ဖြစ်ကြရတော့တာဟေ့။ဒါပေမဲ့ အားမငယ်ပါနဲ့ကွယ်။တချို့ ဆရာတော်ကြီးတွေ
တရားထိုင်နေတုန်း လေထဲ မြောက်နေတာတို့။တချို့ယောဂီတွေ တရားထိုင်ရင်း ကိုယ်က အလင်းတွေ တောက်ပ လာတာတို့ ဖြစ်လေ့ရှိတာ
ကြားဖူးတယ် မဟုတ်လား။
ဒါ့ကြောင့် ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တာပေါ့။တချို့ ရှေးခေတ်က
သိုင်းဆရာကြီးတွေဆို ဗြဟ္မာ့ဘုံမှာဟေ့ ဟု ပြောပြခဲ့လေတော့ သတည်း။
သဗ္ဗေသင်္ခါရ အနိစ္စာ
သိုင်းမှတ်တမ်း

08/06/2026

အမြင့်မားဆုံးသော သိုင်းကျင့်စဉ်
မြန်မာပြည်၌ သို့မဟုတ် ကမ္ဘာ့ မာရှယ်အတ်လောက၌ အထွဋ်အထိပ်သော သိုင်းကျင့်စဉ်၊တနည်းအားဖြင့် အမြင့်မားဆုံးသော
သိုင်းကျင့်စဉ် သည် ရှိ၏။
ရှောင်လင်၏ မူလအစ မြစ်ဖျားခံရာ တာမော့ ဘုန်းတော်ကြီးသည်
တရားကျင့်ကြံရာတွင် တပည့်သာမဏေများ အိပ်မငိုက်စေရန်
လေ့ကျင့်ခန်း အချို့ သင်ပေးခဲ့သည်ကို လူတိုင်းလိုလို ကြားဖူး၏။
အဓိက ရည်ရွယ်ချက်ကိုတော့ လူတိုင်းလိုလို မသိနိုင်ပေ။
သိုင်းပညာကို အဆင့်မြင့်မြင့်တတ်ကျွမ်း သူတို့၏ အမြင်၊အကြား၊အနံ့ အာရုံများ ထက်မြက်မှုကို လူသိ၏။ထိုအတွက် အကြောင်းရင်းကို လူသိပ်မသိကြပေ။
တည့်တည့်ပြောရလျှင် နတ်မျက်စိ၊နတ်နား၊နတ်ကဲ့သို့သော
အကြားအာရုံရရန် သမထ ကျင့်ရ၏။မှန်၏။အာနာပါဏ ဝင်လေ
ထွက်လေ ရှုပွားရုံဖြင့် စိတ်၏
စွမ်းရည်တန်ခိုး၊ရုပ်၏ စွမ်းရည်တန်ခိုးများ တိုးတက်လာကာ
အမြင်၊အကြား၊အနံ့၊အရသာ၊ထိတွေ့၊သိစိတ် ခြောက်ဖြာသော
တံခါးပေါက်တို့ကို အံ့မခန်း အစွမ်းရှိစေ၏။
ဗောဓိဓမ္မ သိုင်းစွမ်းသည်ကိုသာ
လူသိများ၏။သူ၏ သမထ ပေါက်မြောက်မှုကို သိပ်မသိကြပေ။
မြန်မာပြည်၌ ဘာသာရေးနှင့်ဆက်နွှယ်၍ သမထ၊ဝိပဿနာ
ဘာဝနာ တရားစခန်း တို့သည် ရှိ၏။
သမထဖြင့် ဝိဇ္ဇာ ထွက်ရပ်ပေါက်လမ်းသို့ တက်လှမ်းနိုင်ကြောင်း
ရိပ်ဖမ်း သံဖမ်းမျှ သိကြ၏။
ဘုရားမပွင့်လျှင်တောင် ရရှိနိုင်သော ဈာန်၊သမထ ခရီးလမ်းဖြင့်
သင်၏ သိုင်းပညာကို အဆုံးစွန် မြင့်မားစေနိုင်၏။
သို့သော် ဗောဓိဓမ္မလို သိုင်းပါရဂူပင်လျှင် တကူးတက လိုက်ရှာခဲ့ရသော မအိုရာ၊မနာရာ၊မသေရာ
သံသရာမှ ထွက်မြောက်ရာ ခရီးလမ်းမှန်ကိုမူ ဝိပဿနာ ဘာဝနာဖြင့်
သာ အမှန်ရနိုင်ပေလိမ့်မည်။
ရုပ်ခန္ဓာကိုယ်ကို ခြောက်နှစ်တိုင်တိုင် ခက်ခက်ခဲခဲ ကျင့်ကြံပါသော်လည်း လောကထွက်လမ်းသည် မတွေ့ခဲ့။ထို ထွက်လမ်းသည်
ဈာန်အဘိညာဉ် မဟုတ်သည်မှာ သေချာ၏။ခုနစ်ရက်ဖြင့်ပင် ရသေ့လမ်း ဈာန်ပညာ အကုန်ကို ဘုရားလောင်းသည် ရတော်မူခဲ့၏။
ထို့ကြောင့် မြေသျှိုး၊မိုးပျံ သိုင်းဈာန် အတတ်ပညာကို စိတ်တည်ငြိမ်မှု သမထလမ်းကြောင်းဖြင့် သိုင်းသမားသည် ဦးစွာ ဖောက်ရမည်။
ဈာန်သမထထက် ပို၍ မြင့်မားသော လောကမှ ထွက်မြောက်ရာ လမ်းကိုမူ
အိမ်က မိန်းမနှင့် တိုင်ပင်ကြည့်ဦးပေါ့။မသွားဘဲ နေသရွေ့တော့ မရောက်။သွားလျှင်တော့ တစ်နေ့ ရောက်ပေလိမ့်မည်။လမ်းမှန်လျှင်
တစ်နေ့ရောက်မည်။လမ်းမှားကို
လမ်းမှန် ထင်နေရင်တော့ တိုင်ပတ်ပေဦးတော့မပေါ့။

22/05/2026

ဝါးကျစ်လိမ်၏ အဓိပ္ပါယ်က ဘာလဲ
ဘယ်က အစပြုခေါ်တာလဲ
ဆွေးနွေးချက်

19/05/2026

Playing with a Sword

17/05/2026
03/04/2026
Want your business to be the top-listed Gym/sports Facility?