19/08/2026
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာရဲ့ အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် နောက်ခံလူ အက်ဇရီ ကွန်ဆာ ကို ခေါ်ယူဖို့အတွက် အသင်းပိုင်ရှင်တွေအဆင့်အထိ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ကွန်ဆာဟာ ဒီနွေရာသီမှာ နည်းပြ မီကယ်အာတီတာ ရဲ့ ပစ်မှတ်စာရင်း အထိပ်ဆုံးမှာ ပါဝင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရင့်သလို ဗဟိုခံစစ်ရော ညာနောက်ခံနေရာမှာပါ ကစားနိုင်တဲ့ ဘက်စုံသုံး ခံစစ်မှူးတစ်ဦးပါ။
ကွန်ဆာကို ခေါ်ယူနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်ခံစစ်အတွက် တကယ့်ကို ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။
ပရိသတ်ကြီးတို့ရော... အာဆင်နယ်အသင်းအနေနဲ့ အက်ဇရီ ကွန်ဆာ ကို ခေါ်ယူတာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ထင်ပါသလား? ကွန်မန့်မှာ ပြောခဲ့ကြပါဦး။
18/08/2026
မိုက်ကယ် အိုဝမ် က အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို လွယ်လွယ်ကူကူပဲ ထပ်မံ ဆွတ်ခူးသွားနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
"အာဆင်နယ်အနေနဲ့ အခုအခြေအနေအတိုင်း ပုံမှန်လေး သွားနေရုံနဲ့တင် ပရီးမီးယားလိဂ်မှာ ပြန်ပြီး ချန်ပီယံဖြစ်မှာပါ။ အခြားအသင်းတွေ ရမှတ် ၈၅ မှတ် ရဖို့ ခက်ခဲနေချိန်မှာ အာဆင်နယ်ကတော့ ဒီရမှတ်ကို ရဖို့ သေချာသလောက် ရှိနေပါတယ်"
အထူးသဖြင့် အာဆင်နယ်ရဲ့ ခိုင်မာတဲ့ ခံစစ်၊ စိတ်ချရတဲ့ ဂိုးသမားနဲ့ အသင်းရဲ့ တည်ငြိမ်မှုတို့ကြောင့် အသင်း ယိမ်းယိုင်သွားစရာ အကြောင်းမရှိဘူး။ ဒါ့အပြင် အခြားပြိုင်ဘက် အသင်းတွေမှာ နည်းပြအသစ်တွေနဲ့ မေးခွန်းထုတ်စရာတွေ များနေချိန်မှာ နည်းပြ အာတီတာ ရဲ့ အာဆင်နယ်ကတော့ ရမှတ် ၈၅ မှတ်ကနေ ၉၀ ကြား ရယူပြီး ချန်ပီယံဆုကို ကာကွယ်သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ "
ပရိသတ်ကြီးတို့ရော... မိုက်ကယ် အိုဝမ် ပြောသလိုပဲ အာဆင်နယ်တို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ထပ်မံ သိမ်းပိုက်နိုင်မယ်လို့ ထင်ပါသလား? ကွန်မန့်မှာ ပြောခဲ့ကြပါဦး။
25/07/2026
ဒီနေ့ MK Dons အသင်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ကစားသမားသစ် ဇိုးလစ်ဟာ ပထမပိုင်း မိနစ် ၄၅ အချိန်အတွင်းမှာတင် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးခဲ့ပြီး အာဆင်နယ်အသင်း ၃-၀ ဂိုးနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်ဗျာ။
ဒီဂရိမှော်ဆရာလေးကတော့ အာဆင်နယ်အသင်းမှာ စတင် ခြေစွမ်းပြနေပြီပဲ ဖြစ်ပါတယ်။
15/07/2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာ အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်းကနေ ဒကလန် ရိုက်စ်ကို ခေါ်ယူပြီး သမိုင်းသစ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
သုံးနှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ဒီအင်္ဂလန်ကြယ်ပွင့်ဟာ သူရဲ့တန်ဖိုးကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးအထိ ရယူပေးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်ဗျာ။
ကဲ... ဂန်းနားတို့ရေ၊ ပေါင် ၁၀၅ သန်း တန်ကြေးရှိတဲ့ ဒကလန် ရိုက်စ်ဟာ... အာတီတာ ခေတ်အတွင်းမှာ အာဆင်နယ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ ယူဆကြလားဗျာ?
14/07/2026
မာရီနို၊ ဇူဘီမန်ဒီ နဲ့ ရာယာတို့ ပါဝင်တဲ့ စပိန်လက်ရွေးစင်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂-၀ ဂိုး ဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ယူပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးဆီကို တရားဝင် တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကလပ်အသင်းအဆင့်မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အရှိန်အဝါနဲ့အတူ အခုဆိုရင် နိုင်ငံတကာ စင်မြင့်ထက်မှာပါ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်ဗျ။
14/07/2026
အာဆင်နယ် အမျိုးသမီးအသင်းကတော့ Ons Batlle၊ Georgia Stanway၊ Selina Cerci၊ Geraldine Reuteler၊ Lisa Baum တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူပြီး ဒီအပြောင်းအရွှေ့ဈေးကွက်မှာ တကယ့်ကို ထူးထူးခြားခြား အင်အားဖြည့်တင်းပြနေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးအသင်းက ဈေးကွက်ကို စိုးမိုးပြနေချိန်မှာ ထရော့ဆတ် ထွက်ခွာသွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားအသင်းအနေနဲ့ကော ဘယ်လို ထိပ်တန်းကစားသမားမျိုးကို ခေါ်ယူပြီး တုံ့ပြန်ပြသင့်တယ်လို့ ထင်မိလဲဗျာ?
14/07/2026
ဘီဆစ်တပ်နဲ့ အာဆင်နယ်အသင်းတို့ဟာ ထရော့ဆတ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုလိုက်ကြပြီ ဖြစ်ပါတယ်။
ဘီဆစ်တပ်အသင်းနဲ့ ၃ နှစ် + ၁ နှစ် သက်တမ်းတိုးခွင့်ရှိမယ့် စာချုပ်ကို သဘောတူညီခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကတော့ ယူရို ၁၈ သန်း အပြင် သတ်မှတ်ချက်ပြည့်မှ ပေးရမယ့် Add-ons ယူရို ၂ သန်း ပါဝင်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာရှိနေစဉ် တကယ့်ကို အားကိုးရတဲ့ ခြေစွမ်းပြသခဲ့ပြီးတဲ့နောက် ထရော့ဆတ်ဟာ တူရကီမြေမှာ သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်ဖို့ အသင့်ဖြစ်နေပါပြီ။
အာဆင်နယ်ပရိသတ်တို့ရေ ဒီအပြောင်းအရွှေ့အပေါ် ဘယ်လိုထင်မြင်ကြလဲဗျာ?
14/07/2026
ကိုင် ဟာဗက်ဇ်ဟာ ယောကရက်စ် နဲ့အတူ ပတ်ဒယ်တင်းနစ် ကစားနေတဲ့ ပုံရိပ်တစ်ခုကို မျှဝေလာခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူးနှစ်ဦးဟာ ရာသီသစ် မစတင်မီ အားလပ်ရက်ကို အတူတူ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။
လာမယ့်ရာသီသစ်မှာ သူတို့နှစ်ယောက် ကွင်းထဲ ဘယ်လိုမျိုး အချိတ်အဆက်မိမိနဲ့ တွဲဖက်ကစားပြမလဲဆိုတာကို မြင်တွေ့ရဖို့ ဘယ်သူတွေများ စိတ်လှုပ်ရှားနေကြပြီလဲဗျာ
11/07/2026
အာဆင်နယ်အသင်းမှာ ‘အရေးပေါ်တိုက်စစ်မှူး’ အဖြစ် ကစားခဲ့ရတဲ့ အချိန်ကာလဟာ မီးကေလ် မာရီနို အတွက်တော့ ‘အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တာ’ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ် မတိုင်ခင်တုန်းက သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၄၀၅ ပွဲ ကစားခဲ့ရာမှာ ၄၀ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလက်စတာပွဲစဉ် ပြီးဆုံးခဲ့တဲ့နောက်ပိုင်းမှာတော့ သူဟာ ပွဲပေါင်း ၇၀ တည်းအတွင်းမှာတင် ‘၂၃ ဂိုး’ အထိ သွင်းယူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်လူတစ်ဦး ဘဝကနေ အချိန်တိုအတွင်းမှာပဲ ဂိုးသွင်းစက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ကိန်းဂဏန်းတွေကတော့ လိမ်ညာခြင်း မရှိပါဘူး...
အရှေ့တန်းမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာက သူ့ကို လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက် ဖြစ်အောင် အသွင်ပြောင်းပေးလိုက်တာပါ။ ဒီလို အံ့မခန်း အပြောင်းအလဲအပေါ် ဘယ်သူတွေများ အံ့အားသင့်မိကြလဲဗျာ?
ဂန်းနားတို့ရေ အာတီတာရဲ့ လက်ချက်နဲ့ ကွင်းလယ်ခံစစ်သမားဘဝကနေ တားမရဆီးမရ တိုက်စစ်မှူးအဖြစ် Rating တွေ တက်ပြီး ဂိုးတွေတရစပ် သွင်းနေတဲ့ အချစ်တော်ကြီး မီးကေလ် မာရီနိုရဲ့ မယုံနိုင်စရာ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်အထိ ပါးစပ်အဟောင်းသားနဲ့ အံ့ဩမိလဲဗျာ?
02/07/2026
၂၀၁၉ ခုနှစ် ဒီနေ့လို နေ့မျိုးမှာတော့ အာဆင်နယ်အသင်းဟာ ဘရာဇီးလ် တတိယတန်းအဆင့် အီတွာနို အသင်းဆီကနေ မသွေးရသေးတဲ့ စိန်ခဲလေးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတင်နယ်လီကို ပေါင် ၆ သန်းတည်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်ဗျာ။
ဘရာဇီးလ်ရဲ့ လမ်းမတွေထက်ကနေ အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံတစ်ဦးအဖြစ်ရော၊ ဂန်းနားတို့ရဲ့ မရှိမဖြစ် အဓိကကစားသမားတစ်ဦးအဖြစ်ပါ ဖြစ်တည်လာခဲ့တာ တကယ့်ကို အံ့မခန်းစရာကောင်းတဲ့ ခရီးစဉ်ပါပဲဗျာ။