Myanmar Golfers In Thailand - MGIT

Myanmar Golfers In Thailand - MGIT Myanmar Golfers In Thailand

Congratulations to Our Little Golfer, Darin! 🇹🇭💚MGIT ပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ဖူးတဲ့ ထိုင်းနိုင်ငံမှ ချစ်စရာ Junior ...
06/10/2026

Congratulations to Our Little Golfer, Darin! 🇹🇭💚

MGIT ပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ဖူးတဲ့ ထိုင်းနိုင်ငံမှ ချစ်စရာ Junior Golfer လေး Darin (ดาริน) အတွက် MGIT မိသားစုက ဝမ်းသာဂုဏ်ယူစွာ ဂုဏ်ပြုလိုက်ပါတယ်။ 👏❤️

အသက် ၅ နှစ် ၃ လသာရှိသေးတဲ့ Darin ဟာ သူမရဲ့ ၈ ကြိမ်မြောက် Golf Tournament မှာ ဘဝရဲ့ ပထမဆုံး Singha Trophy 🏆 ကို ရရှိခဲ့တာပါ။

MGIT ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တုန်းကလည်း အသက်ငယ်ငယ်လေးနဲ့ Golf အပေါ်ထားတဲ့ သူမရဲ့ စိတ်အားထက်သန်မှုနဲ့ ချစ်စရာကောင်းတဲ့ ကစားဟန်ကို ကျွန်တော်တို့ သတိထားမိခဲ့ကြပါတယ်။ အခုလို သူမရဲ့ Golf Journey မှာ နောက်ထပ်အမှတ်တရကောင်းတစ်ခု ထပ်မံရရှိလာတာကို မြင်ရတဲ့အတွက် ပိုပြီးဝမ်းသာမိပါတယ်။

ဒီ Trophy လေးဟာ Darin အတွက် အစပဲရှိပါသေးတယ်။ 🏆

ဒီနေ့ရဲ့ Junior Golfer လေးက မနက်ဖြန်မှာ ဘယ်လောက်အထိ ရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်အားပေးရင်း — Keep going, Darin! Keep enjoying the game and keep chasing your dreams. ⛳️✨

MGIT Family is proud of you! ❤️🇲🇲🤝🇹🇭

🏆MGIT UNITY CUP 2026 ကို လက်ခံကျင်းပသွားမယ့် Alpine Golf Resort Chiangmai  မှာ ပြိုင်ပွဲဝင်ကစားသမားတွေ အနေနဲ့ ဘယ်လိုမျို...
05/10/2026

🏆MGIT UNITY CUP 2026 ကို လက်ခံကျင်းပသွားမယ့် Alpine Golf Resort Chiangmai မှာ ပြိုင်ပွဲဝင်ကစားသမားတွေ အနေနဲ့ ဘယ်လိုမျိုးအတွေ့အကြုံကောင်းတွေကို ရရှိနိုင်မှာလဲ? 😉
Alpine Golf Resort Chiang Mai ဟာ 27-hole international championship course ဖြစ်ပြီး Course A: Morning Course၊ Course B: Valley Course၊ Course C: The Sanctuary Course ဆိုပြီး မတူညီတဲ့ layout နဲ့ challenge တွေကို ပေးစွမ်းထားပါတယ်။

Course တခုချင်းစီမှာ Unique ဖြစ်တာတွေရှိနေပြီးတော့ မတူညီတဲ့ Terrian တွေ၊ Elevated Tee တွေ၊ Water-guarded Greens နဲ့ Strategic Fairways တွေကြောင့် Golfer တိုင်းအတွက် စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းသလို စိန်ခေါ်မှုလည်းရှိတဲ့ ဂေါက်ကွင်း ဖြစ်ပါတယ်။

MGIT UNITY CUP 2026 မှာ အကောင်းမွန်ဆုံးသော ဂေါက်ကွင်းရဲ့ အတွေ့အကြုံရရှိခံစားနိုင်ရုံမကဘဲ Professional Tournament Atmosphere ကိုပါ အပြည့်အဝ ခံစားနိုင်အောင် MGIT က ပြင်ဆင်ထားပါတယ်။
⛳Feel the course. Feel the competition. Experience the tournament!

မန့ကအသိပေးခဲ့သည့်အတိုင်း MGIT Unity Cup 2026 တွင် ပါဝင်ကစားလိုသူများ မျှော်မှန်းထားသည်ထက် များပြားလာသည့်အတွက် ကစားသမားဦး...
02/10/2026

မန့ကအသိပေးခဲ့သည့်အတိုင်း MGIT Unity Cup 2026 တွင် ပါဝင်ကစားလိုသူများ မျှော်မှန်းထားသည်ထက် များပြားလာသည့်အတွက် ကစားသမားဦးရေ 160 ထက်ပိုမိုလက်ခံနိုင်ရန် Alpine Golf Resort နှင့် ထပ်မံညှိနှိုင်း Request ပြုလုပ်ခဲ့ပါတယ်။

ကွင်းဘက်မှလည်း ကျွန်တော်တို့ရဲ့ Request ကို ပြန်လည်စဉ်းစားပေးခဲ့သော်လည်း Alpine Golf Resort ၏ Playing Standard အရ Group တစ်ခုလျှင် အများဆုံး 5 Players သာ ကစားခွင့်ပြုထားခြင်း နှင့် ပြိုင်ပွဲတစ်ခုလုံး၏ Pace of Play နှင့် Course Management ကို ထိန်းသိမ်းရန် လိုအပ်ခြင်းတို့ကြောင့် 160 Players ထက် ထပ်မံတိုးမြှင့်လက်ခံပေးရန် အဆင်မပြေနိုင်တော့ကြောင်း အတည်ပြုပေးလာပါတယ်။

ဒါကြောင့် ယခုအကြိမ် MGIT Unity Cup 2026 Registration ကို ပိတ်လိုက်ရပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။ 🔒⛳️

စာရင်းမပိတ်ခင် အချိန်မီ Register မလုပ်နိုင်သေးတဲ့ မိတ်ဆွေများ၊ နောက်ဆုံးအချိန်မှ ပါဝင်ကစားရန် ဆက်သွယ်လာကြတဲ့ မိတ်ဆွေများကို လက်မခံပေးနိုင်တော့တဲ့အတွက် MGIT Organizing Committee အနေဖြင့် အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ 🙏

ဒီနှစ်မှာ မြန်မာ Golfers များသာမက ထိုင်းနှင့် နိုင်ငံတကာမှ Golfers များပါ မျှော်မှန်းထားတာထက် ပိုမိုအားပေးပါဝင်လာကြတာဟာ ကျွန်တော်တို့ MGIT အတွက် အလွန်ဝမ်းသာဂုဏ်ယူစရာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပါဝင်ချင်သူအားလုံးကို လက်ခံပေးနိုင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ကစားသမားအားလုံးအတွက် ကောင်းမွန်တဲ့ Tournament Experience နဲ့ ကွင်းရဲ့ Playing Standard ကို ထိန်းသိမ်းနိုင်ဖို့ သတ်မှတ်ထားတဲ့ Player Limit ကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။

ဒီလိုမျိုး နားလည်ပေးပြီး အားပေးကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤️

160 Players • One Community • One Unity ⛳️🏆

📍 Alpine Golf Resort, Chiang Mai
📅 17 October 2026

MGIT UNITY CUP 2026
More Than Golf, United Through Friendship.

မင်္ဂလာမနက်ခင်းမှာ သတင်းကောင်းလေးတစ်ခု မျှဝေခွင့်ပြုပါခင်ဗျာ160 Players အတွက် စီစဉ်ထားတဲ့ ပြိုင်ပွဲတစ်ခု… အခုတော့ 152 Pl...
01/10/2026

မင်္ဂလာမနက်ခင်းမှာ သတင်းကောင်းလေးတစ်ခု မျှဝေခွင့်ပြုပါခင်ဗျာ

160 Players အတွက် စီစဉ်ထားတဲ့ ပြိုင်ပွဲတစ်ခု… အခုတော့ 152 Players အထိ Registration ရရှိထားပါပြီ! 🎉

MGIT UNITY CUP 2026 – BEYOND OUR EXPECTATIONS! 🏆

လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့၊ ချင်းမိုင်မြို့ Alpine Golf Resort မှာ ကျင်းပပြုလုပ်မယ့် MGIT Unity Cup 2026 ဟာ ကျွန်တော်တို့ မူလမျှော်မှန်းထားတာထက်တောင် ပိုမိုအားပေးမှုရရှိနေပြီဖြစ်ပါတယ်။

မြန်မာ Golfers များသာမက ထိုင်း Golfers များပါ စိတ်အားထက်သန်စွာ စာရင်းပေးသွင်းလာကြတာကြောင့် လက်ရှိမှာ ပြိုင်ပွဲဝင်ဦးရေ ၁၅၂ ဦး အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီလိုမျိုး မျှော်မှန်းထားတာထက် ကျော်လွန်တဲ့ အားပေးမှုကို မြင်တွေ့ရတာဟာ MGIT အတွက် အလွန်ပဲ ဝမ်းသာဂုဏ်ယူစရာဖြစ်သလို ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားနေကြတဲ့ Organizing Committee တစ်ဖွဲ့လုံးအတွက်လည်း အားအင်တစ်ခု ဖြစ်စေပါတယ်။

📢 REGISTRATION UPDATE

လက်ရှိ စာရင်းပေးသွင်းထားသူဦးရေနှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများအရ Registration ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

ဆက်လက်ပါဝင်ကစားလိုကြသည့် မိတ်ဆွေများလည်း ရှိနေသေးတာကြောင့် MGIT Organizing Committee အနေဖြင့် Alpine Golf Resort တာဝန်ရှိသူများနှင့် Additional Players ထပ်မံလက်ခံနိုင်ရေးအတွက် Request လုပ်ထား ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

ကွင်းဘက်မှ ကစားသမားဦးရေ ထပ်မံတိုးမြှင့်လက်ခံနိုင်ကြောင်း အတည်ပြုချက်ရရှိမှသာ Registration ကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ထိုအခြေအနေကိုလည်း MGIT Page မှတစ်ဆင့် ထပ်မံအသိပေးကြေညာသွားပါမယ်ခင်ဗျာ။

Golf ဆိုတာ ပြိုင်ဆိုင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ မတူညီတဲ့ လူမျိုး၊ နိုင်ငံနဲ့ အသိုင်းအဝိုင်းတွေကြား ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ပေးနိုင်တဲ့ အားကစားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနှစ် Unity Cup မှာ အဲဒီလို ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုမြင်တွေ့ရတော့မှာဖြစ်လို့ အထူးပဲ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။

ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကို ယုံကြည်စွာ စာရင်းပေးသွင်းပြီး အားပေးကြတဲ့ မြန်မာ၊ ထိုင်းနဲ့ နိုင်ငံတကာမှ Golfers များအားလုံးကို MGIT မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

One Community. One Unity. ❤️

📍 Alpine Golf Resort, Chiang Mai
📅 17 October 2026

MGIT UNITY CUP 2026
More Than Golf, United Through Friendship. ⛳️🏆

🏆MGIT UNITY CUP 2026 is more than just a golf tournament!It’s a day to have fun, make new connections, and experience th...
30/09/2026

🏆MGIT UNITY CUP 2026 is more than just a golf tournament!

It’s a day to have fun, make new connections, and experience the excitement of a professionally organized tournament ⛳
🏌️‍♂️Open to golfers of all levels. If you’re looking for more than just another round of golf, this is your chance to be part of the experience.

📢Last chance for the Advance Entry Fee — Register TODAY!

Golf ရိုက်ပြီးတာနဲ့ ပြိုင်ပွဲက ပြီးသွားပြီလို့ ထင်နေလား? 😜ပြီးခဲ့တဲ့ MGIT ပြိုင်ပွဲရဲ့ ညစာစားပွဲက အမှတ်တရ တချို့ပုံလေးတွ...
29/09/2026

Golf ရိုက်ပြီးတာနဲ့ ပြိုင်ပွဲက ပြီးသွားပြီလို့ ထင်နေလား? 😜

ပြီးခဲ့တဲ့ MGIT ပြိုင်ပွဲရဲ့ ညစာစားပွဲက အမှတ်တရ တချို့ပုံလေးတွေပါ

🎯 Game တွေကစားကြတယ်
🎁 ကံစမ်းမဲတွေ ဖောက်ကြတယ်
🏆 ဆုတွေရကြတယ်
😂 ရယ်ကြ၊ ပျော်ကြ၊ နောက်ကြနဲ့
မိတ်ဆွေအသစ်တွေလည်း ရခဲ့ကြတယ်။

တချို့က Golf ကွင်းထဲမှာ ဆုမရပေမယ့်…
ညစာစားပွဲရောက်မှ ကံထပြီး ဆုတွေရသွားကြတာလည်း ရှိတယ်နော် 😜😂

ဒီနှစ် MGIT “Unity Cup” 2026 မှာလည်း Golf ပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူး။

ကွင်းထဲမှာ ပြိုင်မယ်… ⛳️
ညစာစားပွဲမှာ ပျော်မယ်… 🥂
Game တွေကစားမယ်… 🎯
ကံကောင်းရင် လက်ဆောင်တွေနဲ့လည်း အိမ်ပြန်ရမယ်… 🎁😎

October 17 • Alpine Golf Resort Chiang Mai

ဒီနှစ်တော့ ဘယ်သူတွေ ကွင်းထဲမှာဆုယူမလဲ…
ဘယ်သူတွေ ညစာစားပွဲရောက်မှ ကံထမလဲ… 😜

See you at MGIT Unity Cup 2026! ⛳️🏆🎉

🏆MGIT UNITY CUP 2026 ပြိုင်ပွဲမှာ ဆု (၁၈) ဆု ချီးမြှင့်သွားမှာဖြစ်ပါတယ်။ MGIT ရဲ့ Tournament တွေဟာ ဆုဖလားတွေရရှိဖို့တင်မ...
27/09/2026

🏆MGIT UNITY CUP 2026 ပြိုင်ပွဲမှာ ဆု (၁၈) ဆု ချီးမြှင့်သွားမှာဖြစ်ပါတယ်။
MGIT ရဲ့ Tournament တွေဟာ ဆုဖလားတွေရရှိဖို့တင်မကဘဲ အခြား Golfer တွေနဲ့ အတူတူပြိုင်ပွဲဝင်ရင်း ရင်းနှီးမှုရရှိစေဖို့အပြင် Professional Tournament အတွေ့အကြုံကို ရရှိစေဖို့အတွက် အဓိကရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ 🏆 ဆုတွေရော မိတ်ဆွေအသစ်တွေရော ရရှိမယ့် MGIT UNITY CUP 2026 ကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🏌️

🏆Maybe you’ll go home with a trophy. Maybe you’ll go home with a great story.
Either way, make it a day to remember.
😀Come for the experience. Take home the memory.

24/09/2026

MGIT ဟာ မြန်မာဂေါက်သီးသမားတွေရဲ့ စုဝေးမှုတစ်ခုအဖြစ် စတင်ခဲ့ပေမယ့် ဒီနေ့မှာတော့ ထိုင်းနိုင်ငံက မိတ်ဆွေတွေအပါအဝင် နိုင်ငံတကာက ဂေါက်သီးဝါသနာရှင်တွေနဲ့ပါ ချစ်ခင်ရင်းနှီးစွာ လက်တွဲလာနိုင်ခဲ့ပါပြီ။

ဒေသခံမိတ်ဆွေတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ပူးပေါင်းပါဝင်မှုဟာ MGIT အတွက် တကယ်ကို အားဖြစ်စရာပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဟာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ခြင်းတစ်ခုသာမက မြန်မာနဲ့ ထိုင်းဂေါက်သီးအသိုင်းအဝိုင်းကြား ပိုမိုခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

📅 17 October 2026
📍 Alpine Golf Resort, Chiang Mai
🏆 MGIT “Unity Cup” 2026

အောက်တိုဘာလ ၁၇ ရက်နေ့ရောက်ရင် ပြိုင်ပွဲကွင်းထဲမှာ မိတ်ဟောင်းမိတ်သစ်တွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြမယ်နော်

🏆MGIT UNITY CUP 2026 မှာ Golfers ၉၀ ကျော် စာရင်းပေးသွင်းထားပြီးပါပြီ! 🏌🏼‍♂️Player (၁၂၀) သာ လက်ခံကျင်းပသွားမယ့် ယခု Tourn...
24/09/2026

🏆MGIT UNITY CUP 2026 မှာ Golfers ၉၀ ကျော် စာရင်းပေးသွင်းထားပြီးပါပြီ!
🏌🏼‍♂️Player (၁၂၀) သာ လက်ခံကျင်းပသွားမယ့် ယခု Tournament မှာ ပါဝင်နိုင်ဖို့ အခုပဲစာရင်းပေးသွင်းနိုင်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🗓️ စက်တင်ဘာလမကုန်ခင်အထိ စာရင်းပေးသွင်းသူတိုင်းဟာ Advance Entry Fee ဘတ် (၂၈၀၀) သာ ကျသင့်မှာဖြစ်ပါတယ်။

⛳️ 90+ GOLFERS HAVE ALREADY REGISTERED FOR MGIT UNITY CUP 2026!
With the tournament limited to only 120 players, don’t miss your chance to join us. >> Register now and secure your spot!
Players who register before the end of September can enjoy the special Advance Entry Fee of only THB 2,800.

Register early. Secure your spot. See you on the course! ⛳️

🏆MGIT UNITY CUP 2026 အတွက် Unipharma မှ Gold Sponsor အဖြစ် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါတ...
23/09/2026

🏆MGIT UNITY CUP 2026 အတွက် Unipharma မှ Gold Sponsor အဖြစ် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါတယ်။
ဘန်ကောက်အခြေစိုက် Unipharma ဆေးဆိုင် ဟာ Myanmar community အတွက် ဆေးဝါးမျိုးစုံနဲ့ မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးနေတဲ့ Pharmacy တစ်ခုဖြစ်ပါတယ်။
Unipharma လို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အားပေးပံ့ပိုးမှုက ⛳ MGIT Community ကို ပိုမိုခိုင်မာစေပြီး golfer တွေအတွက် ပိုမိုပြည့်စုံတဲ့ tournament experience တစ်ခု ဖန်တီးပေးနိုင်ဖို့ အရေးပါတဲ့ အားဖြည့်မှုတစ်ခု ဖြစ်ပါတယ်။
MGIT မှ Unipharma ကို Gold Sponsor အဖြစ် ဝမ်းမြောက်စွာ ကြိုဆိုပြီး အထူးကျေးဇူးတင်ရှိပါတယ်။

ที่อยู่

M Sport Complex เอ็ม สปอร์ต คอมเพล็กซ์
Chiang Mai
50130

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Golfers In Thailand - MGIT โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์