Takahashi Talks

Takahashi Talks

แชร์

Shin Takahashi Podcast

Photos from Walk for Peace's post 14/01/2026

Amazing

29/12/2025

" ဒေါက်တာမင်းနိုင်" ပြောပြသော
မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်
ဥက္ကဌဘ၀ မြန်မာနှင့်နိုင်ငံတကာပြိုင်ပွဲ
အတွေ့အကြုံများ ...
အစီအစဉ် 2 အပိုင်း 2 ဖြစ်ပါတယ်...
နိုင်ငံအတွက်အားကစားဖြင့်ဂုဏ်တင့်စေ
ခဲ့သော နည်းပြ၊အုပ်ချုပ်သူ၊ဥက္ကဌဒေါက်
တာမင်းနိုင်နှင့်စကားလက်ဆုံပြောမကုန်
နိုင်သေးပေမဲ့ ယခုတင်ဆက်မှုဖြင့်တစ်ခန်း
ရပ်ပါရစေ...
စိတ်၀င်တစားအားပေးကြတဲ့ပရိသတ်များ
အားလုံးကိုအလေးအနက်ကျေးဇူးစကား
ဆိုလိုက်ပါရစေခင်ဗျား...

26/12/2025
Photos from Takahashi Talks's post 26/12/2025

Takahashi talks ပရိသတ်အတွက်
စိတ်၀င်စားစရာတွေ့ဆုံမေးမြန်းခန်း
အသစ်တင်ဆက်‌ေပးထားပါပြီ..
အားကစားအတွက်သာမက နိုင်ငံရဲ့
အလှအပနဲ့ယဉ်ကျေးမှုကိုပါ ကမ္ဘာက
ပိုမိုသိနိုင်အောင်ကြိုးပမ်းအားထုတ်ခဲ့
တဲ့ အကြောင်းစိတ်၀င်စားစရာနားဆင်
အားပေးနိုင်ကြမှပါခင်ဗျာ
အာရှဘိလိယက်အဖွဲ့ချုပ်ဥက္ကဌနှင့်အဖွဲ့
တို့အာရပ်ရိုးရာ၀တ်စုံများနှင့်အခန်းအနား
ကိုတက်ရောက်ချီးမြှင့်ခဲ့တာလည်းထူး
ထူးခြားခြားမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါ
ကြောင်း....

26/12/2025

" ဒေါက်တာမင်းနိုင်" ပြောပြသော
မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်
ဥက္ကဌဘ၀ မြန်မာနှင့်နိုင်ငံတကာပြိုင်ပွဲ
အတွေ့အကြုံများ ...
အစီအစဉ် ၂ အပိုင်း ၁ ဖြစ်ပါတယ်...
အပိုင်း ၂ ကိုလည်း မနက်ဖြန်မှာဆက်လက်
တင်ဆက်ပေးသွားပါမယ်...( အနည်းငယ်
နောက်ကျမည်ဖြစ်ပါ၍ ခေတ္တသည်းခံပေး
ပါရန် မေတ္တာရပ်ခံအပ်ပါရစေ )
အားပေးသူပရိသတ်အပေါင်းအားကျေးဇူး
တင်လျက်ပါခင်ဗျား...

Photos from Takahashi Talks's post 24/12/2025

“ သိခဲ့ရတဲ့နည်းပြ တစ်ယောက်အကြောင်း ”
လွန်ခဲ့တဲ့နှစ် ၂၀ တိတိအခုလိုခရစ္စမတ်အကြိုည ချမ်းတစ်ခုမှာ ဒေါက်တာမင်းနိုင်ကို စတင်သိကျွမ်း
ခဲ့ရပါတယ်...
ဖိလစ်ပိုင်ဆီးဂိမ်းမှာ‌ဆရာတို့မြန်မာ့ဘိလိယက်က
နိုင်ငံအတွက်စျေးဦးပေါက်‌အောင်ပွဲရလာတဲ့ဘိလိယက်လက်‌ေရွးစင်အားကစားသမားတွေကို အက်(ဖ)အမ်အိုင်အိမ်ရာထဲမှာရှိတဲ့ ထိုစဉ်ကဘိလိယက်အဖွဲ့ချုပ်ဥက္ကဌ ဦးစိုးမြင့်ရဲ့ အိမ်မှာဂုဏ်ပြုတဲ့ညခင်းမှာဖြစ်ပါတယ်..
ဘိလိယက်ပြိုင်ပွဲရဲ့‌ေနာက်ဆုံးဖိုင်နယ်မှာနာမယ်ကြီးထိုင်းလက်ရွေးစင် ပရာပွတ်နဲ့ ထာ၀ပ်အတွဲကိုမြန်မာကကျော်ဦးနဲ့အောင်ဆန်းဦးတို့အတွဲက
လက်စွမ်းပြပြီးထိုက်ထိုက်တန်တန်အနိုင်ယူကာ
မြန်မာ့ဘိလိယက်အားကစားအတွက်ပထမဆုံး
သောရွှေတံဆိပ်ကိုရယူပေးနိုင်ခဲ့ကြတာမို့ နိုင်ငံ့
ဂုဏ်ဆောင်နိုင်ခဲ့သူတို့ကိုဂုဏ်ပြုတဲ့ပွဲမှာ သူတို့
တွေအောင်မြင်ဖို့အတွက် နည်းပြဖြစ်တဲ့ဒေါက်တာ
မင်းနိုင်နှင့်အုပ်ချုပ်သူဦးထွန်းထွန်းတို့ ဘယ်လို
ဘယ်ပုံကြိုးစားခဲ့ရတယ်ဆိုတာ အသေးစိတ်ကြား
သိခဲ့ရလို့သူတို့ကိုမချီးကျုးပဲမနေနိုင်အောင်ဖြစ်
ခဲ့ရပါတယ်၊ အားကစားဂျာနယ်တွေခေါတ်ကောင်း
ချိန်ဖြစ်လို့ အဲဒီလိုအောင်မြင်ဖို့ကြိုးစားခဲ့ရပုံတွေ
ကိုဝေဝေဆာဆာရေးသားဂုဏ်ပြုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံမှာ နိုင်ငံတကာ
ဘိလိယက်ပြိုင်ပွဲတွေအိမ်ရှင်အဖြစ်လက်ခံကျင်း
ပတာတွေရှိတာကြောင့် မြန်မာ့ဘိလိယက်နဲ့ကျွန်
တော်တို့အားကစားမီဒီယာတွေအတော်လေးနီး
စပ်ခင်မင်ရင်းနှီးခဲ့ကြပါတယ်။
အဲဒီအချိန်က မြန်မာ့ဘိလိယက်ကလည်း အာရှ
အဆင့်ထိအောင်မြင်နိုင်ခဲ့ရုံသာမကပဲ ကမ္ဘာ့အဆင့်
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ကြတဲ့အိန္ဒိယလက်ရွေးစင်တွေ
ကိုပါရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ခဲ့ကြသည်အထိ
လက်စွမ်းထက်ခဲ့ကြပါတယ်..အားကစားသမား
တွေလက်စွမ်းပြယှဉ်ပြိုင်နိုင်ဖို့အတွက်သူတို့ကို
အကောင်းဆုံးဖြစ်အောင် မောင်းနှင်နိုင်တဲ့နည်းပြ
ဆရာတစ်ဦးအဖြစ် ဒေါက်တာမင်းနိုင်ရဲ့ ဂုဏ်
ရောင်က ထွန်းပြောင်ခဲ့ပါတယ်...
မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်
ကရွေးချယ်တဲ့တစ်နှစ်အတွင်းအကောင်းဆုံးနည်း
ပြဆရာဆုကိုလည်း ပြေးခုန်ပစ်ဂန္တ၀င်နည်းပြဆရာ
ဖြစ်သူ ဦးကျော်ခင်နှင်အတူရွေးချယ်ဂုဏ်ပြုခံ
ခဲ့ရပါတယ်။
ဆီးဂိမ်းပြိုင်ပွဲတိုင်းမှာလည်း မြန်မာ့ဘိလိယက်
နဲ့စနူကာလက်ရွေးစင်တွေကရွှေတွဲလဲ ငွေတွဲလဲ
အမြဲဖြစ်ခဲ့ကြတာမို့ နည်းပြဖြစ်သူဒေါက်တာမင်း
နိုင်လည်း ရေမြင့်သည်နှင့်အမျှကြာလည်းတင့်နိုင်
ခဲ့ပါတယ်...ဆရာနဲ့အတူ စိတ်၀င်စားစရာပြိုင်ပွဲ
အတွေ့အကြုံများလည်းတပုံတပင်ရှိတာဖြစ်လို့
ကျွန်တော့်ရဲ့ Takahashi talks အစီအစဉ်ကနေ
ဝေဝေဆာဆာတင်ဆက်ပေးခဲ့တာ ပရိသတ်ရဲ့
နှစ်သက်အားပေးမှုကိုရခဲ့လို့ ၀မ်းသာပီတိဖြစ်ဂ
ပါတယ် ကျေးဇူးလည်းတင်မိပါတယ်ခင်ဗျာ..
ပြိုင်ပွဲတစ်ခုချင်း ပွဲစဉ်တစ်ခုချင်းကိုပြင်ဆင်သုံး
သပ်ကာပါ၀င်ခဲ့ရတဲ့နည်းပြဒေါက်တာမင်းနိုင်
ဘ၀မှ ပြည်တွင်းပြည်ပပြိုင်ပွဲကြီးများကို စီမံ
ပြင်ဆင်ကြိးပမ်းကာ နိုင်ငံ့အတွက်ဂုဏ်ရှိန်မြှင့်
တင်ခဲ့ရတဲ့ အားကစားအဖွဲ့ချုပ်ဥက္ကဌဒေါက်တာ
မင်းနိုင်ရဲ့ ဥက္ကဌဘ၀ အတွေ့အကြုံများကိုလည်း
မကြာမီဆက်လက်တင်ဆက်ပေးသွားပါမယ်
ဆိုတဲ့အကြောင်းသတင်းကောင်းပါးရင်း
ပရိသတ်အားလုံးMerry Christmas ပါလို့
အဝေးကခရစ္စမတ်ခေါင်းလောင်းသံနားစွင့်ရင်း
တင်ဆက်လိုက်ရပါတယ်ခင်ဗျား....

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Chiang Mai
50200