Robinn Gooner

Robinn Gooner

แชร์

အာဆင်နယ်ပရိသတ်တစ်ဦးရဲ့ အသံများ

16/01/2025

သံမဏိ စိုးလင်းဦးရဲ့ မာဂုဏ်က အံ့အားသင့်စရာကောင်းလွန်းတယ်လို့ ချီးကျူးလိုက်တဲ့ ဆက်ခ်ဆန်

15/01/2025

ကြိုက်တဲ့နေရာမှာ ချိန်းလိုက် ရယ်ဒီပဲလို့ ဆိုလာတဲ့ ရွှေရာမန်ရဲ့ ချဲလန့်လုပ်မှုကို တုန့်ပြန်လိုက်တဲ့ ဒေဝ

03/01/2025

တကယ်ကောင်းတဲ့ ဘရားဇီးလ်ဖိုက်တာနဲ့ နှစ်သစ်မှာ ရင်ဆိုင်သွားရမယ့် ချင်းလူငယ်ဖိုက်တာ ဂျိုရှုဝါဗန်

03/01/2025

ချင်းလူငယ်ဖိုက်တာ ဂျိုရှုဝါဗန်ကတော့ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပွဲရသွားခဲ့ပြီဖြစ်ပါတယ်။ ဗန်ဟာ မတ်လ ၈ ရက်နေ့ နီဗာဒါးပြည်နယ် T Mobile Arena မှာ ကျင်းပမယ့် UFC 313 မှာ ဘရားဇီးလ်ဖိုက်တာ Bruno Silca နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗန်ကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာတင်ထားပြီးပြီမို့ ပွဲက အတည်ဖြစ်သွားပါပြီ။

ဗန်ဟာ ၂၀၂၄ ခုနှစ်အတွင်း UFC မှာ ၄ ပွဲကစား ၃ ပွဲနိုင်ခဲ့သူဖြစ်ပြီး အဆင့် ၁၅ ချိတ်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က UFC က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ်အတွက် တောက်ပလာနိုင်တဲ့ ဖိုက်တာ အယောက် ၂၀ စာရင်းမှာလည်း ပါဝင်နိုင်ခဲ့သူပါ။ တစ်ဘက်မှာ ဘရားဇီးလ်ဖိုက်တာ ဘရူနို ဆေးဗားလ်က အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အတွေ့အကြုံရင့်ဖိုက်တာ တစ်ဦး ဖြစ်ပါတယ်။ ဆေးဗားလ်က ယူအက်စ်စီမှာ အဆင့် ၁၃ ပါ။ နိုင်တဲ့ဖိုက်တာက အဆင့်တက်မှာမို့ ရှယ်တီးရမယ့်ပွဲမျိုးပါပဲ။

02/11/2024

မက်ဆီကို‌ မွေထိုင်းသင်ပေးချင်ပါတယ်ဆိုတဲ့ ရော့ထန်

“ ဒီဂျာစီလေးဟာလေ ကျနော့်အတွက်တော့ သိပ်ကို တန်ဖိုးရှိပါတယ် ကျနော် ဂျာစီလေးကို ဘောင်သွင်းပြီး နံရံမှာချိတ်ဆွဲထားပါတယ် ဒီလက်ဆောင်ကို ရတဲ့အတွက် အရမ်းပျော်ပါတယ် ဘောလုံးကို ကြိုက်တဲ့သူတိုင်း မက်ဆီဆီကနေ အသိအမှတ်ပြုမှုကို လိုချင်ကြမှာပါ ကျနော်လည်း တူတူပါပဲ ကျနော် မက်ဆီနဲ့ဘောလုံးတွဲကစားခွင့်ရချင်ပါတယ် ပြီးတော့ သေချာတာပေါ့ ကျနော် မက်ဆီကို မွေထိုင်းသင်ပေးချင်ပါတယ်”

- ရော့ထန်

ရော့ထန်ဟာ မက်ဆီရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်ကစားသမားကြီးကို သူ့ရဲ့ ဂုတ်အဖြစ် သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက အင်တာမိုင်ယာမီကစားသမား မက်ဆီဟာ ရော့ထန်အတွက် သူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဂျာစီတစ်ထည်လက်ဆောင်ပေးခဲ့ပါတယ်။ ရော့ထန်သို့ ချစ်ခြင်းအားဖြင့် မက်ဆီဆိုပြီး သေသေချာချာပေးခဲ့တာလည်းဖြစ်ပါတယ်။

ရော့ထန်အနေနဲ့ အပျော်ကြီးပျော်နေမှာ သေချာပါတယ်။

31/10/2024

ဝမ်းချန်ပီယံရှစ်အနေနဲ့ ဝမ်း 170 ကို ပွဲဆူအောင် မြန်မာပရိသတ်တွေ အားပေးအကြမ်းဆုံးဖြစ်နေတဲ့ ဖိုက်တာတွေကို မဖြစ်မနေ ထည့်သွင်းနေတာပါ။ ရှေ့အပတ်က စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ ရေရေလည်လည်ကြမ်းမယ့်ပွဲကို ချပြခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ဟာ အခုဆိုရင် သန့်ဇင်ကို ဆိုင်ထိုးပြိုင်ထိုးကစားသမား စူရီရန်လက်ခ်နဲ့တည်ပေးလိုက်ပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်ဖိုက်တာ သန့်ဇင်အနေနဲ့ အသက် ၂၈ နှစ်အရွယ် စူရီရန်လက်ခ်နဲ့ မွေထိုင်း စပယ်ရှယ်ကတ်ချ်ဝိတ် ပေါင် ၁၃၄ တန်းမှာ ကစားရမှာလည်း ဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ သန့်ဇင်တို့ကို ကစားပုံဆင်တူပြီး ဆိုင်ထိုးပြိုင်ထိုးသမားတွေနဲ့ တွဲပေးထားတာကြောင့် ပွဲစဉ်တွေက အတော်လေးကြမ်းမှာဖြစ်သလို မြန်မာပရိသတ်တွေနဲ့ ထိုင်းပရိသတ်ကြား ယှဉ်ပြိုင်မှုကလည်း မိုးထိမြင့်တက်သွားပြီလည်း ဖြစ်ပါတယ်။

စူရီရန်လက်ခ်ဟာ ဝမ်းချန်ပီယံရှစ်မှာ ၂၀၁၉ ခုနှစ်ကတည်းက ကစားနေတဲ့ အတွေ့အကြုံရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ စုစုပေါင်း ၉ ပွဲအထိကစားခဲ့ပြီး ၆ ပွဲနိုင် ၃ ပွဲသရေကျထားသူပါ။ သူဟာ ဝမ်းချန်ပီယံရှစ်ဖရိုင်ဒေးနိုက်သမိုင်းမှာ ဘောနပ်စ်အများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပြီး စုစုပေါင်း ဘောနပ်စ် ၈ ကြိမ်အထိရထားတာဖြစ်ပါတယ်။ ဘတ်သုံးသိန်းခွဲကို ရှစ်ကြိမ်အထိရထားတာကြောင့် စုစုပေါင်း ဘတ် ၂၈ သန်းအထိ ဘောနပ်စ်ရထားပြီးပါပြီ။ စူရီရန်လက်ခ်ဟာ နောက်ဆုံးကစားခဲ့တဲ့ စက်တင်ဘာလကပွဲမှာ အသက် ၂၂ အရွယ် Jao Suea Yai ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့သူပါ။ ဒါပေမယ့်သူ့အနေနဲ့ ပွဲကောင်းတစ်ပွဲကိုဆင်နွှဲခဲ့ပြီး ပရိသတ်တွေကို စိတ်မပျက်စေခဲ့ဘူးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝမ်းချန်ပီယံရှစ်ရဲ့ ၂၀၂၅ ခုနှစ်ကို ဖွင့်လှစ်မယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲခွင့်ရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နှစ်ဦးစလုံးရှုံးထားတာကြောင့် မဖြစ်မနေနိုင်ပွဲဖော်ဆောင်ကြဖို့ ကြိုးစားကြမယ့်သူတွေလည်း ဖြစ်ပါတယ်။ ဒီပွဲက ကိုယ်မလဲ သူလဲ အပြိုင်ဆွဲရမယ့်ပွဲဖြစ်တာကြောင့် တော်တော်လေး ကြည့်လို့ကောင်းမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် ဝမ်းချန်ပီယံရှစ်အနေနဲ့ သန့်ဇင်ကို နိုင်,နိုင်ချေရှိတဲ့ တွဲဆိုင်းမျိုးနဲ့ချပေးတာလို့လည်း ယုံကြည်လို့ရပါတယ်။ စူရီရန်လက်ခ်ဟာ အရပ်အမောင်းအားဖြင့် ငါးပေ ၂ လက်မပဲရှိသလို တာခီယူတို့လို ပညာနဲ့ကစားတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။

ဒါမျိုးက သန့်ဇင် စိတ်ကြိုက်ပြိုင်ဘက်ဖြစ်ပါတယ်။ သန့်ဇင်အနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို ရအောင်ယူရမှာပါ။ ဒီပွဲကို နိုင်ရင် ကျိန်းသေပေါက် ဒေါ်လာတစ်သိန်းတန်စာချုပ်ရဖို့များပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်တဲ့အတွက် အလဲထိုးနိုင်ခဲ့ရင် ဘောနပ်စ်ကလည်း ဒေါ်လာ ငါးသောင်းတောင်ရမှာပါ။ ဒါပေမယ့် ပြိုင်ဘက်က နွားသိုးကြိုးပြတ်ကစားတတ်တဲ့ ကစားသမားမျိုးဖြစ်တဲ့အတွက် သတိတော့ အကြီးကြီးထားရမှာဖြစ်ပါတယ်။ ဆိုင်ထိုးပြိုင်ထိုးဆိုတာ အခန့်မသင့်လို့ချက်ကောင်းထိရင် ဘယ်လောက်ကောင်းတဲ့ ကစားသမားဖြစ်စေ ကျသွားတတ်တာမျိုးပါ။ သန့်ဇင်အနေနဲ့ ပြင်ဆင်ချိန်လည်း ခပ်များများရထားတာကြောင့် အကောင်းဆုံးပုံစံနဲ့ နိုင်ပွဲကို ပုံဖော်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

24/10/2024

သံမဏိစိုးလင်းဦးအတွက် သမိုင်းစာမျက်နှာသစ် ရေးထိုးရမယ့် ပွဲစဉ်ကတော့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီပွဲဟာ စိုးလင်းဦးအတွက် မွေထိုင်းမှာရော ဝမ်းချန်ပီယံရှစ်မှာပါ မှတ်ကျောက်ကောင်းတင်ရမယ့်ပွဲဖြစ်ပါတယ်။ ဝမ်းချန်ပီယံရှစ်ဟာ လာမယ့် ဝမ်း 170 ပြိုင်ပွဲမှာ စိုးလင်းဦးနဲ့ Saeksan တို့ကို ပွဲတည်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီပွဲဟာ လက်ဝှေ့ဂန္တဝင်နဲ့ မွေထိုင်းဂန္တဝင်တွေ့ဆုံတဲ့ပွဲမို့လို့ ဂန္တဝင်မြောက်ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဝမ်းချန်ပီယံရှစ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဝမ်း 170 ကို ပရိသတ်တွေ ကြိတ်ကြိတ်တိုးအားပေးအောင် ခင်းကျင်းနေတာဖြစ်ပါတယ်။ ချက်ထရီပါဝင်လာမယ့် The Beast In Me ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေကို လာမယ့် ဝမ်း 170 မှာ ရိုက်ကူးသွားမှာပါ။ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကြီးဟာ ဘယ်လောက်အထိ ပရိသတ်တွေ တစ်ခဲနက်အားပေးလဲဆိုတာ တစ်ကမ္ဘာလုံးကို ချပြနိုင်ဖို့လည်း လိုတာကြောင့် ပွဲကောင်းတွေချည်း တွဲပေးနေတာဖြစ်ပါတယ်။

ဆက်ခ်ဆန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ဒန်ဗာမှာ လီရန် ဟာရစ်ဆန်ကို အလဲထိုးပြီး ဘောနပ်စ်ဒေါ်လာငါးသောင်း သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာရစ်ဆန်လည်း ဆက်ခ်ဆန်ကို ရှုံးပြီးနောက် တစ်ခါတည်း ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။ ဆက်ခ်ဆန်က အသက်အရွယ်အားဖြင့် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် ပွဲကြီးပွဲကောင်းတွေကို နွှဲနေနိုင်တုန်းပါပဲ။ The Man Who Yields to no one လို့ နာမည်ပြောင်ရထားတဲ့အတိုင်း ဘယ်ပြိုင်ဘက်ကို မဆို ဆွဲရဲ နွှဲရဲသူပါ။ သူဟာ မွေထိုင်းအားကစားသမိုင်းရဲ့ အန္တရာယ်အရှိဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ဝမ်းချန်ပီယံရှစ်မှာ ၁၀ ပွဲကစား ၉ ပွဲအထိ အနိုင်ရထားတဲ့သူပါ။ စိုးလင်းဦးဆိုတာကလည်း ရိုးရာလက်ဝှေ့သမိုင်းရဲ့ မာဂုဏ်အမြင့်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဝမ်းချန်ပီယံရှစ်မှာ ၄ ပွဲကစားပြီးချိန် ၃ ပွဲကို အလဲထိုးနဲ့နိုင်ပြီး နောက်ဆုံးပွဲမှာ နဘေးလ်ကို အမှတ်နဲ့ ရှုံးထားခဲ့သူပါ။

နဘေးလ်ကို ရှုံးနိမ့်ထားတဲ့ စိုးလင်းဦးအနေနဲ့ နိုင်ပွဲကို ပြန်လည်ရှာဖွေနိုင်ဖို့ရာလိုအပ်ပါတယ်။ ဒီပွဲဟာ သိက္ခာ၊ သမ္ဘာ၊ မာဂုဏ်၊ ပညာ အကုန်သုံးပြီး ဆင်နွှဲရမယ့်ပွဲပါပဲ။ အထူးသဖြင့် ကစားသမားနှစ်ဦးရဲ့ နောက်ခံသမိုင်းကြောင်းအရ ဒီပွဲဟာ ဂန္တဝင်နှစ်ဦးရဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ကစားသမားနှစ်ဦးစလုံးက အသက် ၃၀ ကျော်ပြီဖြစ်ပြီး အကောင်းဆုံးအချိန်ကိုကျော်လွန်သွားကြပြီဆိုပေမယ့် ဆိုင်ထိုးပြိုင်ထိုးမှာတော့ ထိပ်တန်းဖြစ်နေကြဆဲပါပဲ။ အလုံးအထည် ဒေါက်ကလည်း မကွာတဲ့အတွက် တကယ့်ကို ကြည့်ကောင်းမယ့်ပွဲပါ။ ဆက်ခ်ဆန်လို ဂန္တဝင်ကစားသမားမျိုးကို နိုင်ရင် စိုးလင်းဦးအနေနဲ့ မွေထိုင်းမှာ မှတ်ကျောက်ကောင်း တင်နိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။

23/10/2024

ဝမ်းချန်ပီယံရှစ်ကတော့ သံမဏိ စိုးလင်းဦးကို ဆက်ခ်ဆန်နဲ့ တည်ပေးလိုက်ပြီဖြစ်ပါတယ်။ စိုးလင်းဦး ပါဝင်လာမယ့် ဝမ်း 170 ဟာ Muang Thong Thani , Impact Arena မှာ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဝမ်းချန်ပီယံရှစ်ဉက္ကဌချက်ထရီကတော့ ဒီပွဲကို ကြိတ်ကြိတ်တိုးလူစည်ကားစေချင်နေပြီး ပွဲကြီးပွဲကောင်းဖြစ်စေချင်နေတာလည်း ဖြစ်ပါတယ်။

ဘာလို့လဲဆိုရင် ဟောလီဝုဒ်ရုပ်ရှင်ကားဖြစ်တဲ့ The Beast in Me ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေကို ONE 170 မှာ ကျင်းပပြုလုပ်သွားမှာ မို့လို့ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ ဆူဆူညံညံ အားပေးနေဖို့ရာအတွက် တွဲဆိုင်းကောင်းတွေ ဖန်တီးလာတာပါ။

စူပါလက်ခ်၊ တဝမ်ချိုင်းတို့ပါဝင်သလို အခုဆိုရင် မြန်မာပရိသတ်တွေ ကြိတ်ကြိတ်တိုးအားပေးတဲ့ စိုးလင်းဦးကိုလည်း ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

23/10/2024

သန့်ဇင်ကတော့ သူ့ရဲ့ ကစားသမားဘဝကို အထောက်အကူဖြစ်စေမယ့် စပွန်ဆာရရှိသွားပြီဖြစ်ပါတယ်။ သန့်ဇင်ကို စပွန်ဆာပေးခဲ့တာက ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ FARY Taxi ကပါ။

သန့်ဇင်လိုပဲ နောက်ထပ် ရိုးရာဖိုက်တာတွေလည်း စပွန်ဆာကောင်းတွေရရှိဖို့ ဆန္ဒပြုပါတယ်။

13/10/2024

သန့်ဇင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး မြန်မာပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အရယူလိုက်တဲ့ တာခီယူ

11/10/2024

လိုင်နီကာကို တုန့်ပြန်လိုက်တဲ့ ရော့ထန်

10/10/2024

ဂျပန်ဆာမူရိုင်းကြီး တာခီယူ ဆီဂါဝါဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေဘေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် သူ တတ်နိုင်သလောက်လှူဒါန်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါဟာ တာခီယူအနေနဲ့ သန့်ဇင်ဖြစ်ချင်နေတဲ့ ဆန္ဒကို တစ်ဘက်တစ်လမ်းကနေ ဖြည့်ဆည်းပေးလိုက်တာလို့လည်း ဆိုလို့ရပါတယ်။

သန့်ဇင်ဟာ တာခီယူနဲ့ပွဲမတိုင်ခင်မှာ ဒီပွဲကို နိုင်ရင် ရရှိတဲ့ အကျိုးအမြတ်တွေကို ရေဘေးအတွက် တစ်စိတ်တစ်ပိုင်းလှူဒါန်းသွားမယ်လို့ တဖွဖွပြောထားခဲ့ဖူးတာပါ။

တာခီယူရဲ့ သန့်ဇင်နဲ့ မြန်မာပြည်သူလူထုအပေါ် ထားရှိတဲ့ စိတ်ထားက သဘောကျ ကြည်နူးစရာဖြစ်ပါတယ်။

Source - ကို Phyo Wai’s Facebook

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Rai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Chiang Rai