07/04/2026
“အရမ်းလှပပါတယ်။ ရာသီ ဒီအဆင့်ကိုရောက်လာတဲ့အခါ ဒီလိုအကျိုးသက်ရောက်မှုမျိုး လိုအပ်ပါတယ်။ လူတိုင်းက အကျိုးသက်ရောက်မှု ရှိရမယ်၊ ဒီည သူတို့ အမှန်တကယ် လုပ်ပြနိုင်ခဲ့ကြပါတယ်။”
(အာတီတာက လူစားဝင်ကစားသမားများနှင့်ပတ်သက်ပြီးမှတ်ချက်)
07/04/2026
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားကတော့ ဒေးဗစ်ရာယာပဲဖြစ်ပါတယ်။
22/03/2026
🔴 HT | အာဆင်နယ် ၀-၀ မန်စီးတီး
ပထမပိုင်းမှာတော့ ဂိုးမသွင်းသေးဘဲ သရေကျနေပါတယ်။
နှစ်သင်းလုံးက အမှားစောင့်ကစားနေကြပြီး space မပေးကြဘဲ ပုံမှန်သာကစားနေကြလို့ အခွင့်အရေးလည်းကြီးကြီးမားမားမရကြပါဘူး။
ယိုးကရက်စ်ကလည်း ရတဲ့အလုံးကို လေးလံနေလို့ ဂိုးအဖြစ်မမြင်ခဲ့ရပါဘူး။
ကဲ ဒုတိယပိုင်းမှာ ဖလားယူကြမယ်ဗျာ။
22/03/2026
Line Up : မန်စီးတီး နဲ့ ရင်ဆိုင်မယ့် အာဆင်နယ် အသင်း လူစာရင်း
***********************
18/03/2026
အဇီရဲ့ သွင်းဂိုးကို မယုံကြည်နိုင်ဖြစ်နေကြတဲ့ ဆလီဘာနဲ့ ဘန်ဝှိုက်
17/03/2026
ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမား ရိုက်စ်
17/03/2026
🔴 FT | အာဆင်နယ် ၂-၀ လေဗာကူဆင်
လုံးဝပြီးပြည့်စုံတဲ့နိုင်ပွဲပါ။ လေဗာကူကင်ဟာ သူ့ကွင်းမှာတုန်းက အဆိပ်ရှိခဲ့ပေမယ့် ဒီပွဲမှာတော့
ရေမြွေတစ်ကောင်ထက် မပိုခဲ့ပါဘူး။
အဇီးရဲ့သွင်းဂိုးဟာ အလှဆုံးဂိုးတွေထဲက တစ်ခုဖြစ်လာမှာ သေချာပါတယ်။ ရိုက်စ်ဟာ မနှစ်က ရီရဲလ်ကို လှလှပပဂိုးခဲ့သလို့ ဒီပွဲမှာလည်း သူ့ရဲ့စကေးကို ထပ်မံပြသသွားပါတယ်။
လူစားလဲမှုတွေလုပ်ခဲ့ပေမယ့် ကစားသမားတွေကြား ခြားနားချက်မရှိတာကို တွေ့ရပြီး ပွဲကို လိုသလိုထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဇီး၊ထရော့ဆတ်တို့ရဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာဖြစ်ဖို့ မျှော်လင့်ပါတယ်။
ကဲဗျာ ဆင်ပျံကြီးကတော့ ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေဆဲပါ။
17/03/2026
🔴 | Line Up
နောက်တန်းညာစွန်မှာ တင်ဘာဒဏ်ရာရနေလို့
ဘန်ဝှိုက် ပွဲထွက်လာပါတယ်။
အရင်က ဆာကာ+ ဘန်ဝှိုက် အတွဲကို ပြန်ကြည့်ရပါမယ်။
ဘယ်တောင်ပံညာ ထရော့ဆတ်နဲ့ ဟင်ကာပီ၊ တိုက်စစ်မှာ ယိုးကရက်စ်က ဦးဆောင်လာပါတယ်။
17/03/2026
ရင်ခုန်နေကြပြီလား ညီအစ်ကိုတို့ရေ....
ရင်ခုန်မယ်ဆိုလည်း ရင်ခုန်ချင်စရာပဲလေ
လက်ရှိ ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ဆက်ရှိမရှိဆိုတာက ဒီနေ့ညပွဲကလည်း အဆုံးအဖြတ်မဟုတ်လား။
အာတီတာနဲ့အသင်းသား ဆုဖလားတွေအတွက်
အဆင်သင့်ဖြစ်နေကြောင်း ထပ်မံပြသရမယ့်ပွဲပါ။
17/03/2026
ဒီရာသီ ပရီးမီးယားလိဂ်မှာ အာတီတာက လူစားလဲမှုတွေကနေ ဂိုးပါဝင်ပတ်သက်မှု(G/A) (၂၁)ကြိမ်နဲ့အများဆုံးဖြစ်လာတယ်။
အာတီတာရဲ့ ပြောင်းလဲမှုနဲ့အတူ Squad Depth တောင့်တင်းခြင်းရဲ့ အကျိုးဆက်တွေပါ။
ဒီကြားထဲကနေတောင် အလှည့်ကျ ဒဏ်ရာရနေကြသေးတာပါ။
အသင်းရဲ့လူဖြည့်တင်းမှုတွေက မှန်ကန်ခဲ့ပြီး အထူးသဖြင့် ခံစစ်အတွက်ဖြည့်တင်းမှုတွေက တကယ်ကို အားရကျေနပ်စရာဖြစ်ပါတယ်။