Gunner Fans

Gunner Fans

แชร์

welcome all
For people who love watching football and Arsenal fans.

Photos from Gunner Fans's post 30/08/2026

ဂါဘီ အငယ်ကောင်က တကယ်သွားပါပြီ ဂါဘီ ကြီးကတော့ ဘာစားနဲ့ဖုန်းကောလ်ခေါ်နေပြီ
သတင်းမားအရ ဘရာဇီးတိုက်စစ်မှူး ဂါဘီအကြီးကောင်က အာဆင်နယ်ကနေ ထွက်ခွာပြီး ဘာစီလိုနာကို ပေါင် ၈.၆ သန်း (ယူရို ၁၀ သန်းခန့်) နဲ့ ပြောင်းရွှေ့ခဲ့ပြီဟုဖော်ပြကြပါတယ်။
၂၀၂၂-၂၃ မန်စီးကနေ ပေါင် ၄၅သန်း နဲ့ရောက်လာပြီး ပြန်ထွက်တော့ ၈.၆သန်းနဲ့သာကျေနပ်လိုက်ရပါ၏

ဘယ်လိုဖြစ်ဖြစ် ကျေးဇူးပါ ဂါဘီ ကြီး ငယ်တို့ရေ၊၊
Gunner Fans Football Channel

29/08/2026

အာဆင်နယ်ဟာ ဘာစီလိုနာပြန် မန်ယူကစားသမားကို ခေါ်ယူဖို့ပြင်ဆင်ထား

ဂျူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ အစားထိုးကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စဉ်းစားနေပါတယ်။

ဂါဘရီယယ် မာတီနယ်လီ ကလပ်ကနေ ထွက်ခွာသွားရင် ရက်ရှ်ဖို့ဒ်ဟာ အလားအလာရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
[Diario SPORT]

Photos from Gunner Fans's post 25/08/2026

အရင်လူတွေထဲက ဆာကာနဲ့ မာတင်နယ်လီသာကျန်ခဲ့ချိန်မှာ ဒီရာသီ မာတင်နယ်ပါ ထွက်ခွါခဲ့မယ်ဆိုရင် ဆာကာတစ်ယောက်အလှည့်က နောက်ရာသီဖြစ်လာမလား။
အာဆင်နယ်ကိုချစ်တယ် ဒီအသင်းအဖွဲ့နဲ့ အားလုံးကိုချစ်တယ် ဒီမြို့ကိုလည်းချစ်တယ် ဆိုတဲ့ အငယ်ကောင်လေးရေ မင်းအချစ်တွေ မသေးသလို မင်းကိုချစ်တဲ့ ငါတို့ပရိသတ်တွေရဲ့အချစ်ကလည်း မသေးပါဘူး အသင်းပြောင်းဖြစ်ခဲ့ရင် အသင်းသစ်မှာပျော်ရွှင်ပါစေကွာ အားရင်လည်း ပြန်လာပြီး ငါတို့နဲ့အတူ ပွဲကြည့်ပေါ့ တစ်ခါဂန်းနားဖြစ်ရင် တစ်သက်တာဂန်နားဘဲ။

Gunner Fans Football Channel

25/08/2026

တကယ့်ကို နာကျင်ရပါတယ် ကစားသမားတစ်ယောက် အသင်းဆီကို ကောင်းသောလာခြင်းနဲ့ ရောက်လာခဲ့ပြီး ဝမ်းနည်းခြင်းများစွာနဲ့ လမ်းခွဲရမယ်လို့ မထင်မှတ် မမျှော်လင့်မိတာအမှန်ပါ။

မာတီနယ်လီနှင့် အယ်လ်ဟီလယ်တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်များ အာလုံးနီးပါးအဆင်ပြေပြီမို့ မကြာမီလမ်းခွဲရတော့မယ် ပြောင်းရွှေ့ကြေးမှာ ယူရို ၆၀ သန်းခန့်ဖြစ်တယ်ဆိုပေမယ့် တကယ်တမ်း နည်းလွန်းတယ်လို့ထင်တယ် ကစားသမားကအဲလောက်ဘဲတန်တာလားပေါ့လေ လို့တွေးမိတယ်။
Gunner Fans Football Channel

20/08/2026

‼️အာဆင်နယ်အသင်းက ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ ကြိုးစား

သတင်းတွေအရ အာဆင်နယ်ဟာ အသက် ၂၁ နှစ်အရွယ် ဂျူဗင်တပ်စ်ကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စီးရီးအေအသင်းဟာ ဇန်နဝါရီလကတည်းက ယီလ်ဒစ်ဇ်ကို ရောင်းချမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားထား‌ခဲ့ပါတယ်။

အာတီတာမှာ ဘယ်တောင်ပံနေရာအတွက် ပစ်မှတ်အများအပြားရှိပေမယ့် ကီနန် ယီလ်ဒစ်ဇ်က သူ့ရဲ့ နံပါတ်တစ်ဦးစားပေးပါ။

မေးခွန်းကတော့ အာဆင်နယ်က ငွေအမြောက်အမြားသုံးစွဲရင် ဒီသဘောတူညီချက်ကို ရရှိနိုင်မလားဆိုတာပါပဲ။

မာတီနယ်လီဟာ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အီတလီကို ပြောင်းပြန်ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

အာဆင်နယ်အသင်းဟာ ဒီလထဲမှာ ဘယ်တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူဖို့ သေချာသလောက်ရှိနေပါပြီ။

Gunner Fans Football Channel

19/08/2026

ရိုက်စ် ဆာကာ အေဇီး( EZE) တို့ရှိရာ အာဆင်နယ်ကို ရောက်ရှိလာသည့် ကွန်ဆာ

အာဆင်နယ်အသင်းဟာ နောက်ခံလူ ဆလီဘာ၏နေရာအတွက် အက်စတွန်ဗီလာအသင်း၏‌နောက်ခံလူ အသက် ၂၈ နှစ်အရွယ်ရှိ အီဇရီ ကွန်ဆာကို ပေါင် ၅၁ သန်းနဲ့ အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။
အင်္ဂလန်သား‌ဟာ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ဆိုပါတယ် ကွန်ဆာဟာ အာတီတာရဲ့ အဓိကပစ်မှတ်အဖြစ် လပေါင်းများစွာ ရှိနေခဲ့ပေမယ့် အက်စတွန်ဗီလာဘက်က ဈေးတင်ထားတာမို့ အချိန်အတန်ကြာ ဈေးပိတ်ခါနီးလေးမှာအရခေါ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်
ကွန်ဆာကလည်း အသင်းသစ်နဲ့အတူ အမြန်ကစားခွင့်ရဖို့နဲ့ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲ‌ထဲမှာ ပြိုင်ဘက်တွေစိန်ခေါ်ဖို့ စိတ်အားထက်သန်နေပြီလို့ဆိုပါတယ်။
Gunner Fans Football Channel

Photos from Gunner Fans's post 17/08/2026

ရာသီအဖွင့်မှာ ကွန်မြူနတီဒိုင်းဆု ရသည့်အသင်းဟာ ရာသီသိမ်းချိန် ပရီးမီယာ ဆုဖလား လက်လွတ်ကြရတယ် ဒါဟာကျိန်စာတစ်ခုလို့ဆိုကြတယ် တကယ်တော့ကျိန်စာသင့်တာမဟုတ်ပါဘူး မိမိအသင်းကို သေချာပြင်ဆင်ထားခြင်းမရှိလို့သာ ရာသီဝက်မှာ ကစားသမားတွေဒဏ်ရာရ ရာသီသိမ်းတော့ ဆုဖလားနဲ့လွဲသွားကြတာ။

ပရီမီယာလိဂ် တစ်ခေတ်ဆန်းဖို့ (၁၉၉၂-၉၃ ရာသီမှစ၍) ကွန်မြူနတီဒိုင်း (Charity Shield) ရရှိပြီးနောက် ထိုရာသီမှာပင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အသင်း ၃ သင်း (စုစုပေါင်း ၈ ကြိမ်) ရှိခဲ့ဖူးပါတယ်။

​မန်ချက်စတာယူနိုက်တက် (၅ ကြိမ်)
​၁၉၉၃-၉၄ ရာသီ: ၁၉၉၃ ကွန်မြူနတီဒိုင်း + ၁၉၉၃-၉၄ ပရီမီယာလိဂ်
​၁၉၉၆-၉၇ ရာသီ: ၁၉၉၆ ကွန်မြူနတီဒိုင်း + ၁၉၉၆-၉၇ ပရီမီယာလိဂ်
​၂၀၀၇-၀၈ ရာသီ: ၂၀၀၇ ကွန်မြူနတီဒိုင်း + ၂၀၀၇-၀၈ ပရီမီယာလိဂ်
​၂၀၀၈-၀၉ ရာသီ: ၂၀၀၈ ကွန်မြူနတီဒိုင်း + ၂၀၀၈-၀၉ ပရီမီယာလိဂ်
​၂၀၁၀-၁၁ ရာသီ: ၂၀၁၀ ကွန်မြူနတီဒိုင်း + ၂၀၁၀-၁၁ ပရီမီယာလိဂ်

​ချဲလ်ဆီး (၂ ကြိမ်)
​၂၀၀၅-၀၆ ရာသီ: ၂၀၀၅ ကွန်မြူနတီဒိုင်း + ၂၀၀၅-၀၆ ပရီမီယာလိဂ်
​၂၀၀၉-၁၀ ရာသီ: ၂၀၀၉ ကွန်မြူနတီဒိုင်း + ၂၀၀၉-၁၀ ပရီမီယာလိဂ်

​မန်ချက်စတာစီးတီး (၁ ကြိမ်)
​၂၀၁၈-၁၉ ရာသီ: ၂၀၁၈ ကွန်မြူနတီဒိုင်း + ၂၀၁၈-၁၉ ပရီမီယာလိဂ်
​ဘောလုံးလောကတွင် ကွန်မြူနတီဒိုင်းရသည့်အသင်း ပရီမီယာလိဂ်ဖလားမရတတ်ဆိုသည့် "ကျိန်စာ" ရှိသည်ဟု တင်စားလေ့ရှိသော်လည်း မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး နှင့် မန်ချက်စတာစီးတီးတို့က ယင်းမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ကြဖူးပါတယ်။

ယခုနှစ် ၂၀၂၆-၂၀၂၇ ရာသီအဖွင့်မှာ အာဆင်နယ် ကွန်မြူနတီဒိုင်းရထားပြီးရာသီသိမ်းချိန်မှာ ပရီမီယာကိုပါ အရယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမယ်။
Gunner Fans Football Channel

17/08/2026

"ကျနော်ဒီအင်္ကျီနဲ့ ပထမဆုံးပွဲမှာတင် ပထမဆုံးဆုဖလား 🏆ကိုကိုင်မြှောက်ခွင့်ရလိုက်တယ် ဒါဟာ
မှန်ကန်စွာစတင်ဖို့ အမြဲတမ်းအရေးကြီးပါတယ် ရှေ့မှာရှိနေတဲ့ အရာအားလုံးအတွက် ကျွန်တော်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။
ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ❤️‍🔥❤️‍🔥❤️‍🔥 3️⃣9️⃣🙏🏽"
Gunner Fans Football Channel

Photos from Gunner Fans's post 16/08/2026

နှစ်စဉ်ယူနေကြ အမ်းမရိတ်ဖလားကို လက်လွတ်လိုက်ရလို့ အာဆင်နယ်က ဘာဖြစ် ညာဖြစ်ဆိုကြသူတွေ အာတေတာစကားနဲ့ပြောရရင် ရာသီကြိုက စမ်းသပ်နေချိန်မို့ အာဆင်နယ် ဘယ်လိုကစားပြမလဲဆိုတာ တနင်္ဂနွေနေ့မှာ ‌တွေ့ရပါမယ်၊၊

အခုတော့ ဘယ်နယ့်ရှိစ ။
Gunner Fans Gunner Fans Football Channel

15/08/2026

ဈေးကွက်မပိတ်ခင် နောက်ခံလူတစ်ယောက်ဖြည့်ဖို့ကြိုးစားနေတဲ့ အာဆင်နယ်အသင်းအနေဖြင့် အက်စတွန်ဗီလာ အသင်းရဲ့ နောက်ခံလူ အက်ဇရီ ကွန်ဆာအတွက် ကြိုးပမ်းနေခဲ့တာ ကြာပါပြီ ဗီလာကတင်းခံဈေးကြီးခေါ် တင်းခံနေပေမယ့် ကစားသမားဘက်ကလည်း အသင်းကထွက်ခွါနေပြီး အချိန်ကြာဆွေးနွေးမှုအပြီးမှာ သဘောတူညီမှုရဖို့ နီးစပ်ခဲ့ပါတယ်။

ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့်မှာ ရှိနေပြီး ပေါင် ၆၀-၆၅ သန်းလောက်နဲ့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်ရပါတယ်။

[Football Insider]

Gunner Fans Football Channel

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Mae Sot?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Mae Sot