Myanmar Chelsea Fan-MCF

Myanmar Chelsea Fan-MCF Only Chelsea News

Sunderland 1 VS 0 ChelseaE. le Fee 36' (P)ကျွန်တော်တို့ Chelsea အသင်းက နည်းစနစ်ပိုင်း ကျွမ်းကျင် နည်းပြတစ်ယောက်ရထားတာ မဟ...
08/11/2026

Sunderland 1 VS 0 Chelsea

E. le Fee 36' (P)

ကျွန်တော်တို့ Chelsea အသင်းက နည်းစနစ်ပိုင်း ကျွမ်းကျင် နည်းပြတစ်ယောက်ရထားတာ မဟုတ်ပဲ သူရဲဘောကြောင်တဲ့ နည်းပြနစ်ယောက်ရခဲ့တာပါ...

ပထမပိုင်း တစ်ပိုင်းလုံး ကြောင်တောင်တောင် ကစားကွက်နဲ့ ဘာဖြစ်ချင်မှန်းမသိ ကစားခဲ့တာပါ..

Sunderland က တိုက်စစ်မှူး B. Brobbey ပါလာတာကလွဲလို့ Form အရ မကောင်းနေတဲ့ အသင်းပါ..
အဲအသင်းထပ် ပိုပြီး တပ်ပျက်တဲ့ ပုံစံနဲ့ ကစားသွားခဲ့တာကတော့ Chelsea အသင်းပါ...

နည်းပြ out လို့ အော်ချင်ခဲ့တာ Brentford နဲ့ ပဲဲပြီးကတည်းကပါ.. စိတ်ပျက်လွန်းလို့ မနေ့ညက ဘောလုံးပွဲ ကြည့်ပြီး ဘာမှမရေးချင်အောင်ပါပဲ.....

Xabi Alonso Out ပါ...

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၁၀ )ပွဲစဉ်: Sunderland VS Chelsea ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်ယှဉ်ပြ...
07/11/2026

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၁၀ )
ပွဲစဉ်: Sunderland VS Chelsea
ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
ယှဉ်ပြိုင်မည့်အချိန်: မြန်မာစံတော်ချိန် ည ၉:၃၀ နာရီ
ယှဉ်ပြိုင်မည့်ကွင်း: Stadium of Light (ဆန်းဒါးလန်းအသင်း၏ အိမ်ကွင်း)

Chelsea 2 vs 0 Manchester UnitedM. Rogers 50'C. Palmer 64' (P)Red cardsL. Martnez 63'  (Red)ဒီနေ့ပွဲ ချယ်ဆီးအသင်းရဲ့ အကေ...
31/10/2026

Chelsea 2 vs 0 Manchester United

M. Rogers 50'
C. Palmer 64' (P)
Red cards
L. Martnez 63' (Red)

ဒီနေ့ပွဲ ချယ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် လာဗီယာကို ရွေးပါတယ်

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၉)ပွဲစဉ်: Chelsea VS Manchester Unitedကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက...
30/10/2026

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၉)
ပွဲစဉ်: Chelsea VS Manchester United
ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
ယှဉ်ပြိုင်မည့်အချိန်: မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ
ယှဉ်ပြိုင်မည့်ကွင်း: Stamford Bridge (ချယ်ဆီးအသင်း၏ အိမ်ကွင်း)

Chelsea အသင်းသည် (CarabaoCup)  EFL Cup (စတုတ္ထအဆင့်) ပွဲစဥ်တွင် Liverpool အသင်းအား penalty အဆုံးအဖြတ် ကန်သွင်းရာတွင် ရှု...
28/10/2026

Chelsea အသင်းသည် (CarabaoCup) EFL Cup (စတုတ္ထအဆင့်) ပွဲစဥ်တွင် Liverpool အသင်းအား penalty အဆုံးအဖြတ် ကန်သွင်းရာတွင် ရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ...💔

တစ်ပတ်အတွင်း Spur နဲ့ Liverpool အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခြင်းဖြစ်...😪

Chelsea အသင်းအနေဖြင့် ဒီရာသီ ကန်စရာ
Premier League ပြိုင်ပွဲ နှင့် FA ဖလားပြိုင်ပွဲတို့သာကျန်..🤧

Quality မပြည့်ဝသော ကစားသမားများကို မြင်တွေ့ခဲ့ရပြီး လူငယ်ကစားသမား Estêvão Willian အနေနဲ့ ပါဝင်ကစားခွင့် မရခဲ့သလို ၎င်း၏ Chelsea အသင်းအနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့..🤔

ဒီနေ့ရဲ့ အသုံးမကျဆုံး ကစားသမားများမှာ ပြင်သစ်ကစားသမားများဖြစ်..😤

ပြင်သစ်ကစားသမားတွေဖြစ်တဲ့ malo gusto နဲ့ Fofana တို့အား အမြန်ဆုံးရောင်းချသင့်..👎👎

C. Gakpo 43' (P) M. Rogers 40' (P)
A. Mac Allister✅ P. Neto ✅
A. Isak✅ M. Rogers✅
C. Gakpo✅ R. Lavia✅
F. Wirtz✅ V. Barco❌
K. Tsimikas❌ J. Henderson✅
B. Barcola✅ L. Colwill✅
R. Gravenberch❌ E. Emegha❌
J. Gomez✅ W. Fofana❌

နောက်ဆုံးရ ချယ်ဆီးအသင်း၏ သတင်းများ၁။ ချယ်လ်ဆီး (Chelsea) အသင်းသည် ဘရိုက်တန် (Brighton) အသင်းတွင် ခြေစွမ်းပြ ကစားနေသည့် အ...
28/10/2026

နောက်ဆုံးရ ချယ်ဆီးအသင်း၏ သတင်းများ

၁။ ချယ်လ်ဆီး (Chelsea) အသင်းသည် ဘရိုက်တန် (Brighton) အသင်းတွင် ခြေစွမ်းပြ ကစားနေသည့် အသက် ၁၉ နှစ်အရွယ် ခရိုအေးရှား လူငယ်ဗဟိုနောက်ခံလူ လူကာ ဗူးရှ်ကိုဗစ်ချ် (Luka Vušković) ကို စိတ်ဝင်စားနေပြီး၊ Bayern Munich နှင့် Barcelona အသင်းကြီးများကလည်း ထိုကစားသမား၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။ ​သို့သော် ဘရိုက်တန် (Brighton) အသင်းအနေဖြင့် ဤလူငယ်ကစားသမားကို အသင်း၏ ရေရှည်စီမံကိန်းအတွက် အဓိကဒေါင်တိုင်အဖြစ် သတ်မှတ်ထားကာ ရောင်းချရန် မည်သည့်ဖိအားမျှ မရှိဘဲ လက်ရှိတွင် ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်သည်။

၂။ Brighton အသင်းနဲ့ စာချုပ် သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် ကွင်းလယ်လူ
​ယာဆင် အာယာရီ (Yasin Ayari) အား (AC Milan)၊ (Galatasaray) နှင့် အတူ Chelsea အသင်းကလဲ ဆက်လက် စောင့်ကြည့်လျက်ရှိ။ Chelsea အသင်းသည် ဇန်နဝါရီမှာ ကွင်းလယ်ပိုင်း အားဖြည့်လိုသည့် အတွက် စောင့်ကြည့်နေတာဖြစ်ပြီး Brighton အသင်းကမူ ထိုကစားသမားအားခေါ်ယူလိုသည့် အသင်းများထံသို့ ပေါင် သန်း ၅၀ (ယူရို ၄၂ သန်း) ဝန်းကျင် သတ်မှတ်တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိ။

၃။ Chelsea အသင်းသည် Barcelona အသင်း၏ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖာမင် လိုပက်ဇ် (Fermín López) အား
အနာဂတ်တွင် ခေါ်ယူမည့် ပစ်မှတ်ကစားသမား စာရင်းတွင်ဆက်လက်ထည့်သွင်းထားကြောင်း သတင်းရရှိ။ဘာစီလိုနာအသင်းက ၎င်းအား ရောင်းချရန် မလိုလားဘဲ တန်ကြေးမြင့်မားစွာ သတ်မှတ်ထားသည်။ ထိုကစားသမားကို Chelsea အသင်းနှင့် အပြိုင် ပီအက်စ်ဂျီ (PSG)၊ အာဆင်နယ် (Arsenal) နှင့် မန်ချက်စတာ ယူနိုက်တက် (Manchester United) တို့ကလဲ စိတ်ဝင်စားလျက်ရှိနေကြောင်း သတင်းရရှိ။
​
၄။ Chelsea အသင်းသည် Bournemouth အသင်း၏ ကွင်းလယ်ကစားသမား Alex Scott နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပြီး ကစားသမား၏ အပြောင်းအရွှေ့ တန်ကြေးမှာ ပေါင် သန်း ၉၀ နှင့် ၁၂၀ ကြား ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်နေပါတယ်။

၅။ Chelsea အသင်း၏ ညာနောက်ခံ ကစားသမား malo Gusto သည် ယခုဇန်နဝါရီတွင် Chelsea အသင်းက ထွက်ခွာနိုင်ကြောင်း သတင်းများဆက်လက်ထွက်ပေါ်နေသလို Man City အသင်းနှင့် PSG အသင်းတို့က ထိုကစားသမားအား ခေါ်ယူရန် ရေပန်းစားလျက်ရှိကြောင်း သတင်းရရှိ။

၆။ Chelsea အသင်းတွင် ပွဲကစားခွင့် နည်းပါးနေသည့်
လူငယ်ကစားသမား Estêvão Willian အား PSG အသင်းက ၆ လ အငှားစာချုပ်ဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သတင်းရရှိ။ PSG အသင်းသည် ၎င်းတို့၏ အားထားရသည့် တောင်ပံကစားသမားဖြစ်သူ Khvicha Kvaratskhelia သည် ACL ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီ တစ်ခုလုံးလွဲချော်သွားတော့မှာ ဖြစ်သည့်အတွက် Estêvão Willian အားခေါ်ယူလိုခြင်းဖြစ်ကြောင်း သတင်းရရှိ။

၇။ ​Chelsea အသင်းသည် (Ajax) အသင်းတွင် ခြေစွမ်းကောင်းများဆက်တိုက်ပြသလျက်ရှိသော အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် တိုက်စစ်ကွင်းလယ်လူ အဘဒယ်လာ ဝူဇာနီ (Abdellah Ouazane) ကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီး (Manchester City) ၊ ရီးရဲလ်မက်ဒရစ် (Real Madrid) နဲ့ ဂျူဗင်တပ်စ် (Juventus) အသင်းတွေနဲ့အပြိုင် စောင့်ကြည့်နေကြောင်း သတင်းရရှိ။ ထိုလူငယ်ကစားသမား၏ Ajax အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၈ တွင် ကုန်ဆုံးမည် ဖြစ်သည်။

၈။ Chelsea အသင်း၏ တိုက်စစ် ကစားသမားဖြစ်သူ
Joao pedro သည် ဒဏ်ရာရရှိမှု ကြောင့် Liverpool၊ Manchester United တို့နှင့် ကစားမည့်ပွဲစဥ်များကို ဆက်တိုက်လွဲချော်သွားမည်ဖြစ်ပြီး လေးပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သတင်းရရှိ။ တစ်ဆက်တည်းမှာပဲ ဒဏ်ရာကြောင့် အနားယူနေရသည့် အသင်း၏ တိုက်စစ်ကစားဖြစ်သူ Emmanuel Emegha မှာ Liverpool အသင်းနဲ့ ကစားမည့် EFL Cup စတုတ္ထအဆင့် ပွဲစဥ်တွင် ပါဝင်လာနိုင်ကြောင်း သတင်းရရှိ။

ပြိုင်ပွဲ: EFL Cup (စတုတ္ထအဆင့်)ပွဲစဉ်: Liverpool VS Chelsea ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်ယှဉ်ပြိုင်...
28/10/2026

ပြိုင်ပွဲ: EFL Cup (စတုတ္ထအဆင့်)
ပွဲစဉ်: Liverpool VS Chelsea
ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
ယှဉ်ပြိုင်မည့်အချိန်: မြန်မာစံတော်ချိန် နံနက် ၂:၃၀ နာရီ
ယှဉ်ပြိုင်မည့်ကွင်း: Anfield (လီဗာပူးအသင်း၏ အိမ်ကွင်း)

Chelsea 0 vs 2 SpurM. Penders 77' (OG)M. Tel 87'C. Palmer 80' (Red card)
24/10/2026

Chelsea 0 vs 2 Spur

M. Penders 77' (OG)
M. Tel 87'
C. Palmer 80' (Red card)

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၈)ပွဲစဉ်: Chelsea VS Tottenham Hotspurကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက...
24/10/2026

ပြိုင်ပွဲ: Premier League (ပွဲစဉ် ၈)
ပွဲစဉ်: Chelsea VS Tottenham Hotspur
ကျင်းပမည့်နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
ယှဉ်ပြိုင်မည့်အချိန်: မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ
ယှဉ်ပြိုင်မည့်ကွင်း: Stamford Bridge (ချယ်ဆီးအသင်း၏ အိမ်ကွင်း)

နောက်ဆုံးရ ချယ်ဆီးအသင်း၏ သတင်းများ၁။ ချယ်ဆီးအသင်းနဲ့ သတင်းများဆက်တိုက် ထွက်ပေါ်နေသော ဘုန်းမောက်ကွင်းလယ်လူ Alex Scott သည်...
21/10/2026

နောက်ဆုံးရ ချယ်ဆီးအသင်း၏ သတင်းများ

၁။ ချယ်ဆီးအသင်းနဲ့ သတင်းများဆက်တိုက် ထွက်ပေါ်နေသော ဘုန်းမောက်ကွင်းလယ်လူ Alex Scott သည် ချယ်ဆီးအသင်းသို့ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ချယ်ဆီးအသင်းမှာ သူပါဝင်နိုင်မဲ့ အခန်းကဏ္ဍကများနှင့် ပတ်သက်ပြီး ချယ်ဆီးအသင်းနည်းပြဖြစ်သူ Xabi Alonso နှင့် ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ဘုန်းမောက်အသင်းအနေဖြင့် Alex Scott အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားပေမယ့် ကစားသမား၏ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေမှု နှင့် ၁၉ လသာ ကျန်ရှိတော့တဲ့ စာချုပ်သက်တမ်းကြောင့် ချယ်ဆီးအသင်းက ပေါင်သန်း ၈၀ - ၉၀ ကြား တန်ကြေးဖြင့်သာ ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်းရရှိ။

၂။ ချယ်ဆီးအသင်း၏ လူငယ် ကစားများဖြစ်သော ကွင်းလယ်လူ Valentin Barco နှင့် Jamie Gittens တို့မှာ ယခု ဇန်နဝါရီ တွင် အငှား အပြောင်းအ​ရွှေ့များဖြင့် သင်းက ထွက်ခွာနိုင်ပြီး Valentin Barco မှာ ချယ်ဆီးအသင်းက Alex scott အားခေါ်ယူနိုင်မှသာ ထွက်ခွာရဖွယ်ရှိကြောင်း သတင်းရရှိ။

၃။ အဲဗာတန် (Everton) အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ချယ်ဆီးအသင်း၏ ဂိုးသမား Emiliano Martinez ၏ မေးရိုးကျိုးဒဏ်ရာအား အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ။ သို့သော် Emiliano Martinez အနေဖြင့် ချယ်ဆီး အသင်း၏ ပွဲစဥ်တစ်ချို့ကို ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်ကြောင်း နှင့် ချယ်ဆီး အသင်းသားများအားလုံးက Emi အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးနေကြကြောင်း သတင်းရရှိ။

၄။ စပိန်ကလပ် ဘီဘာအိုအသင်း၏ တောင်ပံကစားသမားဖြစ်သူ Nico Williams သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားချင်နေပြီး သူ၏အေးဂျင့်အား အာဆင်နယ် နှင့် ချယ်ဆီးအသင်းများထံသို့
ပြောင်းရွှေ့ကစားနိုင်ဖို့ အခွင့်အလမ်းများ နှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းမှုများပြုလုပ်ရန် ပြောဆိုထားကြောင်း သတင်းရရှိ။

၅။ Aston Villa အသင်းထံ အငှားဖြင့် သွားရောက်ကစားနေသည့် အာဂျင်တီးနား တောင်ပံကစားသမား Alejandro Garnacho သည် နည်းပြ Unai Emery အောက်တွင် ပွဲထွက်ခွင့် လုံးဝမရရှိဘဲ ယခုရာသီ Premier League ၌ ၂၂ မိနစ်သာ ကစားရသေးသည့်အတွက် ချယ်ဆီးအသင်းက စိတ်ပျက်လျက်ရှိသည်။ ​Garnacho ၏ အငှားစာချုပ်တွင် ပွဲထွက်ခွင့် အရေအတွက်အပေါ် မူတည်၍ ပေါင် ၄၃ သန်းဖြင့် အပြီးသတ် ဝယ်ယူရမည်ဆိုသည့် အချက်ပါဝင်သော်လည်း၊ ယခုအခါ အဆိုပါ သဘောတူညီချက် ပျက်ပြားနိုင်ခြေ ရှိနေကြောင်း သတင်းရရှိ။

၆။ ချယ်ဆီးအသင်းသည် Galatasaray အသင်း နှင့် အတူ Brighton အသင်း ကွင်းလယ်လူ Yasin Ayari ၏ စာချုပ်သစ်ဆွေးနွေးမှု၊ အဆင်မပြေဖြစ်နေမှုများ နှင့် ပတ်သက်၍ စောင့်ကြည့်လျက်ရှိပါတယ်။ အဆိုပါ ​အသက် ၂၃ နှစ်အရွယ် ဆွီဒင်လက်ရွေးစင် ကွင်းလယ်လူသည် Brighton အသင်း နည်းပြ Fabian Hurzeler လက်ထက်တွင် အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာခဲ့သော်လည်း သူ၏ အနာဂတ်မှာ မရေမရာ ဖြစ်နေပြီး ​Ayari ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သတင်းရရှိ။

၇။ ချယ်ဆီးအသင်းနှင့် Liverpool အသင်းတို့ဟာ ရိုးမားအသင်း၏ ပေါင်သန်း ၈၅ သန်းသတ်မှတ်ထားသော အသက် ၂၅ နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ Manu Kone အား လာမဲ့နွေရာသီ အပြောင်းအရွှ့ကာလတွင် ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြကြောင်း သတင်းရရှိ။ တစ်ဆက်တည်းမှာပဲ ချယ်ဆီးအသင်းသည် Real Madrid အသင်းမှာ ပုံမှန် ပွဲထွက်ကစားဖို့ ရုန်းကန်နေရတဲ့ Liverpool ကစားသမားဟောင်း Alexander-Arnold ၏ အခြေအနေကိုလဲ စောင့်ကြည့်နေကြောင်း သတင်းရရှိ။

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Chelsea Fan-MCF โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่