David's Cycling Diary

  • Home
  • David's Cycling Diary

David's Cycling Diary 05’ 🇲🇲
Pushing pedals, breaking chains. 🚀🔥

စက်ဘီးစီးတာလေးတွေခဏနားပြီး... မဲဆောက်မြို့လေးကို ပိုမိုသန့်ရှင်းလှပသွားစေဖို့ Active Bikers အဖွဲ့သားတွေ စနေနေ့မနက်ခင်းမှ...
10/08/2026

စက်ဘီးစီးတာလေးတွေခဏနားပြီး... မဲဆောက်မြို့လေးကို ပိုမိုသန့်ရှင်းလှပသွားစေဖို့ Active Bikers အဖွဲ့သားတွေ စနေနေ့မနက်ခင်းမှာ စုစည်းခဲ့ကြပါတယ်! 🚴‍♂️🧹✨

လမ်းမများ သန့်ရှင်းရုံမက နှလုံးသားများပါ နွေးထွေးစေခဲ့တဲ့ စနေမနက်ခင်းလေးပါ။

ဒီနေ့မှာတော့ Active Bikers (Thai-Myanmar Friendship Cycling) အဖွဲ့အနေနဲ့ Thai–MYANMAR Friendship အဖွဲ့၊ OIA အဖွဲ့၊ SAW ဖောင်ဒေးရှင်း နဲ့ အခြားအဖွဲ့ပေါင်းစုံနဲ့အတူ လက်တွဲပြီး မဲဆောက်မြို့၊ မဲဆောက်ဆေးရုံကြီးနား ထုံထောင်းရပ်ကွက်ရဲ့ လမ်းကြားလေးတွေထဲမှာ စုပေါင်း အမှိုက်ကောက် ပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှုကို သာသာယာယာပဲ စတင်ခဲ့ပါတယ်။

ဒါဟာ Thai–MYANMAR Friendship အဖွဲ့က ဦးဆောင်ပြီး အပတ်စဉ် မပြတ် ပြုလုပ်လာခဲ့တာ (၆) ပတ်မြောက် သို့မဟုတ် တစ်လခွဲနီးပါး ရှိခဲ့ပြီဖြစ်တဲ့ မွန်မြတ်တဲ့ လှုပ်ရှားမှုလေးတစ်ခုပါ။
မနက်ခင်း နေရောင်နွေးနွေးအောက်မှာ မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ ဘာသာစကား ပြောဆိုကြပေမဲ့ အိတ်နဲ့ အမှိုက်ညှပ် ကိုယ်စီနဲ့ လမ်းဘေးဝဲယာက အမှိုက်တွေကို စနစ်တကျ စုပေါင်း ကောက်ယူခဲ့ကြပါတယ်။ မောပန်းစရာလို့ ထင်ရပေမဲ့ လမ်းစဉ်တစ်လျှောက် ရယ်မောသံတွေနဲ့ မေတ္တာတရားတွေ ပြည့်နှက်နေခဲ့တာပါ။

ဒီနေ့နံနက်ခင်းရဲ့ အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့်
အိမ်ရှေ့မှာ အမှိုက်ကောက်နေကြတဲ့ အဖွဲ့သားတွေကို မြင်တော့ ဒေသခံ ထိုင်းအိမ်ရှင်တွေက ဝမ်းသာအားရ ပြုံးပြုံးရွှင်ရွှင် ထွက်လာကြတယ်။ နွေးနွေးထွေးထွေး နှုတ်ဆက်ကြရုံတင်မကဘဲ "ဘာများ ကူညီပေးရမလဲ၊ လိုအပ်တာရှိရင် ပြောကြပါဦး" ဆိုပြီး လိုလေသေးမရှိ လာရောက် ကူညီ ပံ့ပိုးပေးခဲ့ကြပါတယ်။

ကျွန်တော်တို့နေထိုင်ရာ ဒီရပ်ကွက်၊ ဒီမြို့လေးကို အတူတကွ ချစ်ခင်မြတ်နိုးကြောင်း ပြသတဲ့ အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ (၆) ပတ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ မြို့ကလေး သန့်ရှင်းလာတာထက် ပိုပြီး တန်ဖိုးရှိတာကတော့ ထိုင်းနဲ့ မြန်မာ နှစ်ဦးနှစ်ဖက်ကြားက ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်း ပီသမှု အုတ်မြစ်တွေ ပိုမို ခိုင်မာလာတာပါပဲ။

"ขอบคุณครับ/ขอบคุณค่ะ" နဲ့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားသံလေးတွေဟာ ဒီနေ့နံနက်ခင်းရဲ့ အလှပဆုံး တေးသွားတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ❤️😊

ဒီလှုပ်ရှားမှုဟာ မြို့လေးကို သန့်ရှင်းစေရုံတင်မကဘဲ ထိုင်း-မြန်မာ ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။
ရှေ့ဆက်ပြီးတော့လည်း Active Bikers အဖွဲ့အနေနဲ့ သန့်ရှင်းပြီး သာယာတဲ့ ပတ်ဝန်းကျင်အတွက် ဆက်လက် ပူးပေါင်းပါဝင်သွားပါဦးမယ်ဗျာ။ 🤝✨

🌳💚

8.8.2026 (Saturday)

09/08/2026

If your butt hurts after a long ride, this one’s for you. 🍑🤫

08/08/2026

Sometimes, you just need a ride like this to clear your mind.

Team Merida 🔥
07/08/2026

Team Merida 🔥

📍 ကော့မနောင် / เกาะมะนาว โค้ง 33📷 : Naing Min
05/08/2026

📍 ကော့မနောင် / เกาะมะนาว โค้ง 33

📷 : Naing Min

04/08/2026

မြဝတီကညီကိုများနဲ့ ကော့မနောင် ပျော်ပျော်ပါးပါးဘီးစီး 🚴🏼‍♀️🚴🏼🚴‍♂️

28/07/2026

Priorities.

စက်ဘီးအသစ်လေးလည်း ဝယ်ပြီးပြီ၊ လမ်းမပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်... မထွက်ခင် ဒါလေးတွေ ပြည့်စုံရဲ့လား အရင်စစ်ရအောင်!...
10/07/2026

စက်ဘီးအသစ်လေးလည်း ဝယ်ပြီးပြီ၊ လမ်းမပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်... မထွက်ခင် ဒါလေးတွေ ပြည့်စုံရဲ့လား အရင်စစ်ရအောင်! 🚴🏼‍♀️🚴🏼🚴‍♂️✨

စက်ဘီးစစီးမယ့် Beginner သူငယ်ချင်းတွေအတွက် Safe ဖြစ်ပြီး ပျော်စရာကောင်းတဲ့ (Happy Ride) ဖြစ်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး Gear လေးတွေကို David က မျှဝေပေးချင်ပါတယ်။

1️⃣ ဦးထုပ် (Helmet): "ဦးထုပ်မပါရင် ဘီးမနင်းနဲ့" လို့ ပြောရလောက်အောင် အသက်ကယ်ပေးမယ့် အဓိကအရာပါ။ ကိုယ့်ခေါင်းနဲ့ ကွက်တိဖြစ်ပြီး Safety Standard မှီတဲ့ ဦးထုပ်ကို အမြဲဆောင်းပါ။ Cycling data တွေအရ စက်ဘီး accident တစ်ခုခုဖြစ်ရင်ဦးခေါင်းကို မြေကြီး (သို့မဟုတ်) မာကျောတဲ့အရာတစ်ခုခုနဲ့ရိုက်မိနိုင်ချေက 15% ကနေ 22% ထိရှိတာမို့ အလွန်အန္တရာယ်များပါတယ်။ ကျန်တဲ့ပစ္စည်းမစုံရင်နေပါစေ။ စက်ဘီးဦးထုပ်ပါဖို့အရမ်းအရေးကြီးပါတယ်။ ⚠️

2️⃣ ရေဘူး (Water Bottle): လမ်းခရီးမှာ ရေဓာတ်မခမ်းခြောက်ဖို့ အရမ်းအရေးကြီးပါတယ်။ စက်ဘီးမှာ ရေဘူးထည့်တဲ့ Cage တပ်ထားပြီး မိနစ် ၂၀ တိုင်း တစ်ငုံလောက် ပုံမှန်သောက်ပေးပါ။ သူငယ်ချင်းတို့ရဲ့စက်ဘီးစီးတဲ့ ခရီးအကွာအဝေး၊ လေ့ကျင့်ခန်းပျင်းအားပေါ်မူတည်ပြီး လိုအပ်သလို ရေများများသောက်ပေးဖို့လိုပါတယ်။ 💧


3️⃣ အရှေ့/အနောက်မီး (Front & Rear Lights): နေ့ခင်းဘက်ပဲစီးစီး၊ ညဘက်ပဲစီးစီး လမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေ ကိုယ့်ကို အဝေးကနေ မြင်သာအောင် မီးအလင်းရောင်က မရှိမဖြစ် ကူညီပေးပါလိမ့်မယ်။ ☝🏼

4️⃣ Mini Pump နဲ့ အခြေခံ ပြုပြင်ရေး ပစ္စည်းများ (Repair Kit): လမ်းခုလတ်မှာ လေလျော့တာ ဒါမှမဟုတ် ဘီးပေါက်တာမျိုး ကြုံလာရင် အလွယ်တကူ ဖြေရှင်းနိုင်ဖို့ လက်ကိုင်လေထိုးတံအသေးလေးနဲ့ ကျွတ် (Tube) အပို၊ စက်ဘီးကလော်တံ (Bike tire lever) လိုမျိုး အခြေခံ Tools လေးတွေ ဆောင်ထားတာ အကောင်းဆုံးပါပဲ။ ✨

အားလုံးပဲ Safe ဖြစ်ဖြစ်နဲ့ Weekend Miles တွေကို အပြုံးမပျက် ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ။ 🤝🚴‍♂️

Address


Alerts

Be the first to know and let us send you an email when David's Cycling Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Gym/sports Facility?

Share