Ballone Tallone United

Ballone Tallone United

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ballone Tallone United, Sports Team, 10 Ross Avenue, Buffalo, NY.

မြန်မာ့ဘောလုံးချစ် ပရိတ်သတ်များ
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ဤချန်နယ်တွင် မြန်မာ့ ဘောလုံး
အားကစားလောကနှင့် သက်ဆိုင်သော
အကြောင်းအရာများကို အဓိကထား၍
တင်ဆက် ပေးလျက်ရှိပါသည်။

07/20/2026

🏆ASEAN Championship | ချန်ပီယံစာရင်း

🔹လာမဲ့ (၂၀၂၆)ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှာ စတင်ကျင်းပတော့မဲ့
အာဆီယံဒေသအတွင်း ဂုဏ်သိက္ခာအကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးရဲ့
သမိုင်းတစ်လျှောက် ချန်ပီယံနိုင်ငံအသင်းတွေကို ခုနှစ်အလိုက်ဖော်ပြပေးလိုက်ပါတယ်။

🔹(၁၉၉၆)ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အာဆီယံဖလားပြိုင်ပွဲကြီးဟာ
(၂၀၂၆)ခုနှစ်ပြိုင်ပွဲမတိုင်ခင်အထိ (၁၅)ကြိမ် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

🔹အဲ့ဒီ(၁၅)ကြိမ်မှာ ထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ချန်ပီယံ(၇)ကြိမ်အထိ ဖြစ်ထားခဲ့ပြီးတော့
ဒုတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ စင်ကာပူလက်‌ရွေးစင် ဘောလုံးအသင်းထက်
ချန်ပီယံ(၃)ကြိမ် ပိုဖြစ်ထားပြီး အာဆီယံရဲ့ဘုရင်အဖြစ် လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နေပါတယ်။

⚡ချန်ပီယံစာရင်းထဲမှာ မပါဝင်ပဲ ဗိုလ်လုပွဲကို(၆)ကြိမ်အထိ တက်ရောက်နိုင်ခဲ့တဲ့ နိုင်ငံကိုသိလား?
ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအသင်းအနေနဲ့ အာဆီယံဖလားပြိုင်ပွဲမှာ
ဘယ်ခုနှစ်တုန်းက ဘယ်အဆင့်ထိ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့သလဲ?
💬Comment မှာ ညီအစ်ကိုတို့ရဲ့ မှတ်ချက်တွေကို ကျွန်တော်ဖတ်ရှုချင်ပါတယ်။












07/19/2026

🏆 2026 FIFA World Cup | ဂိုးသွင်းဘုရင်များ 🔥

🔹အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ ပြင်သစ်သားလေးအမ်ဘာပေက
အနီးကပ်ဆုံးပြိုင်ဘက် ဂုတ်ကြီးမက်ဆီကို (၂)ဂိုးဖြတ်ပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၂)ကြိမ်ဆက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

🔹ဂုတ်ကြီးမက်ဆီကတော့ အုပ်စုပွဲစဥ်တွေ၊ (၃၂)သင်းအဆင့်၊
(၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေမှာ အသင်းငယ်လေးတွေနဲ့သာ တွေ့ဆုံခဲ့တာကြောင့်
သွင်းဂိုး(၈)ဂိုးအထိ စုဆောင်းနိုင်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာတော့
အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တာကြောင့် သွင်းဂိုးမရရှိခဲ့ပဲ အမ်ဘာပေရဲ့နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

🔹အင်္ဂလန်သားလေး ဘယ်လင်ဟမ်နဲ့ နော်ဝေသားလေး ဟာလန်းတို့ သူငယ်ချင်းနှစ်ယောက်ကလဲ
သွင်းဂိုး(၇)ဂိုးစီသွင်းယူခဲ့ပြီး ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ်စီကိုယ်စီ ဂိုးသွင်းစွမ်းရည် ပြသခဲ့ကြပါတယ်။

⚡ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင်ဆုက ပြင်သစ်သားလေးနဲ့ထိုက်တန်ခဲ့ရဲ့လား?
💬 Comment မှာ ညီအစ်ကိုတို့ရဲ့ ထင်မြင်ချက်တွေကို ရေးသားဆွေးနွေးခဲ့ကြပါဦး။

07/19/2026

🏆 2026 FIFA World Cup | ဗိုလ်လုပွဲ ပွဲပြီးရလဒ် 🔥

🇦🇷 Argentina 0-1 Spain 🇪🇸 | Full-Time
⚽ ဂိုးသွင်းသူ
• ⚽ 106' Torres (Spain)

🔹စပိန်ကတော့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကို
ထိုက်ထိုက်တန်တန် ဒိုင်မကူပဲ သန့်ရှင်းစွာရရှိသွားပါပြီ။
ဂုတ်ကြီးမက်ဆီရဲ့ အာဂျင်တီးနားကတော့ ဒိုင်ကူပြီး ဗိုလ်လုပွဲထိရောက်ခဲ့ကာ
ဗိုလ်လုပွဲမှာတော့ စပိန်အသင်းကို ဘယ်နေရာကမှ မယှဥ်နိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။
စိတ်မကောင်းပါဘူး မက်ဆီရေ....

⚡💬 ဒီပွဲမှာ ဘယ်ကစားသမားက အကောင်းဆုံးဖြစ်ခဲ့လဲ?
Comment မှာ မျှဝေပေးခဲ့ပါဦး။

07/18/2026

နိုင်ငံတကာခြေစမ်းပွဲစဥ် Vietnam 4-0 Myanmar

07/18/2026

🏆 2026 FIFA World Cup | တတိယလုပွဲ ပွဲပြီးရလဒ် 🔥

🏴󠁧󠁢󠁥󠁮󠁧󠁿 England 6-4 France 🇫🇷 | Full-Time
⚽️ ဂိုးသွင်းသူများ
• ⚽️ 3' Declan Rice (England)
• ⚽️ 18' Konsa (England)
• ⚽️ 37',45+1', 87' Saka (England)
• ⚽️ 90+8' Bellingham (England)
• ⚽️ 48',66', Mbappe (France)
• ⚽️ 54' Barcola (France)
• ⚽️ 90+6' Dembele (France)

🔹အင်္ဂလန်ကတော့ အာဆင်နယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ
ပြင်သစ်အသင်းကို အနိုင်ယူကာ တတိယဆုကို ရယူသွားပါပြီ။
ဂုဏ်ယူပါတယ် အင်္ဂလန်ရေ.....

⚡️💬 ဒီပွဲမှာ ဘယ်ကစားသမားက အကောင်းဆုံးဖြစ်ခဲ့လဲ?
Comment မှာ မျှဝေပေးခဲ့ပါဦး။

07/17/2026

🗓(၁၈)ရက်၊ (၇)လပိုင်း၊ ဇူလိုင်လ၊ (၂၀၂၆)၊ စနေနေ့၊ ယနေ့။
🇲🇲 မြန်မာ 🆚 ဗီယက်နမ် 🇻🇳
🏟 Thái Nguyên Stadium.
⏰မြန်မာချိန် 🇲🇲ည (၆)နာရီခွဲ၊
ထိုင်းချိန် 🇹🇭ည (၇)နာရီ၊
ဗီယက်နမ်ချိန် 🇻🇳ည (၇)နာရီ၊
မလေးရှားချိန် 🇲🇾ည (၈)နာရီ၊
စင်ကာပူချိန် 🇸🇬ည (၈)နာရီ၊
ဂျပန်ချိန် 🇯🇵ည (၉)နာရီ၊
ကိုရီးယားချိန် 🇰🇷🇰🇵ည (၉)နာရီ၊
ဒူဘိုင်းချိန် 🇦🇪ညနေ (၄)နာရီ၊
အမေရိကန်ချိန် 🇺🇸မနက် (၈)နာရီ။
နိုင်ငံတကာ ခြေစမ်းပွဲစဉ်။

Photos from Ballone Tallone United's post 07/17/2026

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့၏ သမိုင်းတစ်လျှောက်ထိပ်တိုက်တွေ့ဆုံမှုများ

🔹မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းကြီးတို့ဟာ
(၁၉၉၃)ခုနှစ်ကစလို့ တရားဝင်နိုင်ငံတကာပြိုင်ပွဲတွေမှာ
စုစုပေါင်း(၁၄)ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။

🔹အဲ့ဒီ(၁၄)ကြိမ်မှာ (၈)ကြိမ်ကတော့ အာဆီယံဖလားပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး
(၄)ကြိမ်ကတော့ နိုင်ငံတကာခြေစမ်းပွဲတွေမှာ တွေ့ဆုံခဲ့တာပါ။
ကျန်တဲ့(၂)ကြိမ်ကတော့ အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်း)ပြိုင်ပွဲတွေမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

⚡မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို သမိုင်းတစ်လျှောက် ဘယ်နှကြိမ်အနိုင်ရခဲ့လဲ?
မြန်မာတို့ ဗီယက်နမ်ကို နောက်ဆုံးအနိုင်ရခဲ့တာ ဘယ်တုန်းကဖြစ်မလဲ?
အောက်က ဓါတ်ပုံတွေမှာ အသေးစိတ် ကြည့်ရှုလိုက်ပါ။

07/16/2026

🏆Myanmar Women's League 2026-2027 | Week 6 ပွဲစဉ်များ

🔹မြန်မာအမျိုးသမီးလိဂ် (MWL) 2026-2027ရာသီရဲ့ ပွဲစဥ်(၆)ပွဲစဥ်တွေကို
လာမဲ့ ဇူလိုင်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၂၂)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

🔹ဒီတစ်ပတ်ပွဲစဥ်တွေထဲမှာတော့ အမှတ်ပေးဇယား အဆင့်(၂)နဲ့(၃)နေရာက
ရမှတ်(၁၂)မှတ်စီရရှိထားကြတဲ့ ဧရာဝတီနဲ့ ရန်ကုန်တို့ရဲ့
မြစ်ဝကျွန်းပေါ်ဒါဘီပွဲစဥ်ကတော့ အကောင်းဆုံးပွဲစဥ်တစ်ပွဲ ဖြစ်လာမှာပါ။

🔹ဒါ့အပြင် ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာတဲ့ မြန်မာ့နာမည်ကျော်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းရဲ့ ရတနာပုံနဲ့
ဇယားထိပ်ဆုံးက အားကစားသိပ္ပံတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဥ်ကလဲ တိုက်စစ်အားပြိုင်မှုတွေနဲ့အတူ
ပွဲကောင်းတစ်ကောင်း ဖြစ်လာလိမ့်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။

📅 မြန်မာအမျိုးသမီးလိဂ် Week 6 ပွဲစဉ်များ

⚽ ရန်ကုန်ယူနိုက်တက် 🆚 ဧရာဝတီ (YUSC ကွင်း၊ လှိုင်)

⚽ ရန်ကုန်စီးတီး 🆚 မြဝတီ (ပဒုမ္မာကွင်း၊ စမ်းချောင်း)

⚽ အားကစားသိပ္ပံ 🆚 ရတနာပုံ (YUSC ကွင်း၊ လှိုင်)

⚽ သစ္စာအားမာန် 🆚 ခြင်္သေ့မလေးများ (YUSC ကွင်း၊ လှိုင်)

⚽ ရှမ်းယူနိုက်တက် 🆚 ဇွဲကပင် (တောင်ကြီးကွင်း၊ တောင်ကြီး)

🏟️ ပွဲစဉ်အသေးစိတ် (နေ့ရက်၊ အချိန်၊ ကွင်း) များကို အောက်ပါဓါတ်ပုံတွင် ကြည့်ရှုနိုင်ပါတယ်။

07/16/2026

📊မြန်မာအမျိုးသမီးလိဂ် ပွဲစဉ်(၅)အပြီး ဂိုးဖန်တီးမှုအများဆုံးကစားသမားများ (Top Assists)🇲🇲🔥

🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ ပွဲစဉ်(၅)အပြီး ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ
ဧရာဝတီအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အကောင်းဆုံးအမျိုးသမီးကစားသမား ရီတူးပေါ်နာက
(၅)ပွဲကစား ဂိုးဖန်တီးမှု(၅)ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ပြိုင်ဘက်ကင်းစွာရပ်တည်နေပါတယ်။

🔹မြန်မာအမျိုးသမီးလိဂ်ရဲ့ ဂိုးဖန်တီးမှု ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ
ဧရာဝတီက ကစားသမား(၂)ဦး၊ ရှမ်းယူနိုက်တက်က ကစားသမား(၂)ဦး၊
ရတနာပုံက ကစားသမား(၂)ဦးနဲ့ ခြင်္သေ့မလေးများက ကစားသမား(၂)ဦးစီပါဝင်နေပြီးတော့
အားကစားသိပ္ပံနဲ့ သစ္စာအားမာန်က ကစားသမား(၁)ဦးစီပါဝင်နေပါတယ်။

⚡လက်ရှိမှာတော့ မြန်မာအမျိုးသမီးလိဂ်ရဲ့ ဂိုးဖန်တီးမှုစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားက
အလှပဆုံး ဖြတ်တင်ဘောတွေကိုပေးပို့တတ်သူ ဧရာဝတီရဲ့ ပဲ့ကိုင်ရှင် ရီတူးဖြစ်ပါတယ်။
ရာသီကုန်မှာရော ရီတူးကပဲ ဂိုးဖန်တီးမှုအများဆုံး ကစားသမားဆုကို ရယူသွားနိုင်မလား?
တခြားမြန်မာကစားသမားတွေက‌ရော ရီတူးပေါ်နာကို ကျော်ဖြတ်နိုင်ပါ့မလား?
💬 ညီအစ်ကိုတို့ရဲ့ ထင်မြင်ချက်ကို Comment မှာ ရေးသားဆွေးနွေးခဲ့ကြပါဦး။

📊 মিয়ানমার মহিলা লিগ: ৫ম রাউন্ড শেষে সর্বোচ্চ অ্যাসিস্টদাতা খেলোয়াড়রা (Top Assists) 🇲🇲🔥

🔹 মিয়ানমার মহিলা লিগের ৫ম রাউন্ড শেষে সর্বোচ্চ অ্যাসিস্টদাতাদের তালিকায় আয়েয়ারওয়াডি ক্লাব এবং বাংলাদেশের সেরা নারী ফুটবলার ঋতুপর্ণা চাকমা ৫ ম্যাচে ৫টি অ্যাসিস্ট করে এককভাবে শীর্ষস্থান দখল করে আছেন।

🔹 মিয়ানমার মহিলা লিগের শীর্ষ ১০ অ্যাসিস্টদাতার তালিকায় রয়েছে—

আয়েয়ারওয়াডি থেকে ২ জন,
শান ইউনাইটেড থেকে ২ জন,
ইয়াদানারবন থেকে ২ জন,
লায়নেসেস (ခြင်္သေ့မလေးများ) থেকে ২ জন,
স্পোর্টস অ্যান্ড ফিজিক্যাল এডুকেশন (အားကစားသိပ္ပံ) থেকে ১ জন,
থিতসা আরমান (သစ္စာအားမာန်) থেকে ১ জন খেলোয়াড়।

⚡ বর্তমানে মিয়ানমার মহিলা লিগের সেরা প্লেমেকার হিসেবে আয়েয়ারওয়াডির মিডফিল্ডের প্রাণভোমরা ঋতুপর্ণা চাকমা দুর্দান্ত সব পাস ও ক্রসের মাধ্যমে সতীর্থদের গোলের সুযোগ তৈরি করে দিচ্ছেন।

মৌসুম শেষে কি ঋতুপর্ণা চাকমাই সর্বোচ্চ অ্যাসিস্টদাতার পুরস্কার জিতবেন? নাকি মিয়ানমারের অন্য কোনো খেলোয়াড় তাঁকে ছাড়িয়ে যেতে পারবেন?

💬 আপনাদের মতামত কমেন্টে জানাতে ভুলবেন না!

Photos from Ballone Tallone United's post 07/16/2026

🏆2027 AFC U-17 Women's Asian Cup | ခြေစစ်ပွဲစဥ် အုပ်စုများ

🔹လာမဲ့ (၂၀၂၇)ခုနှစ်အတွင်း တရုတ်နိုင်ငံမှာကျင်းပသွားမဲ့
အသက်(၁၇)နှစ်အောက် အမျိုးသမီးအာရှဖလားပြိုင်ပွဲအတွက်
ခြေစစ်ပွဲစဥ်တွေကို လာမဲ့(၂၀၂၆)ခုနှစ် နှစ်ကုန်ပိုင်း
အောက်တိုဘာလ(၅)ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

🔹နောက်ဆုံးအဆင့်ပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ထားတဲ့
အိမ်ရှင်တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန် နဲ့ သြစတြေးလျတို့ (၄)သင်းနဲ့အတူ
ခြေစစ်ပွဲတွေကနေ အုပ်စုပထမနေရာတွေ ရယူလာမဲ့ အသင်း(၈)သင်းတို့က
(၂၀၂၇)ခုနှစ် မတ်လထဲမှာ အမျိုးသမီးယူ(၁၇) အာရှဖလားကို လုယူသွားကြမှာပါ။

🔹ခြေစစ်ပွဲစဥ်အဆင့်မှာတော့ အာရှတိုက်က နိုင်ငံ(၃၀)က
ယူ(၁၇)အမျိုးသမီးအသင်းတွေကို အုပ်စု(၈)ခုခွဲထားတာတွေ့ရပါတယ်။
အဲ့ဒီအုပ်စု(၈)ကို ကြည့်မယ်ဆိုရင် (၄)သင်းစီပါဝင်တဲ့ အုပ်စု(၆)ခုနဲ့
(၃)သင်းစီပါဝင်တဲ့ အုပ်စု(၂)ခုကို မြင်တွေ့ရပါတယ်။

⚡ကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းကတော့ (၃)သင်းစီပါဝင်တဲ့ အုပ်စုမှာကျရောက်နေပြီး
ပွဲစဥ်တွေအားလုံးကိုလဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။
ကျွန်တော်ကတော့ မြန်မာအမျိုးသမီးငယ်လေးတွေအနေနဲ့ မနှစ်ကလိုပဲ
လွယ်လွယ်ကူကူ ခြေစစ်ပွဲအောင်မြင်သွားမယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
ညီအစ်ကိုတို့ရော မြန်မာအမျိုးသမီးငယ်လေးတွေ ခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်ကြရဲ့လားဗျ။

Want your business to be the top-listed Gym/sports Facility in Buffalo?

Click here to claim your Sponsored Listing.

Location

Category

Address

10 Ross Avenue
Buffalo, NY
14207