28/09/2026
မုန်တိုင်းလာရင် ရန်ကုန်မှာ ရေကြီးတာအပြင် ကြောက်ရတာတစ်ခုက အပင်လဲတာပါ။ မိန်းလမ်းမကြီးတော့ ဆိုင်ရာကခုတ်ပေမယ့် ရပ်ကွက်တွေထဲတော့ သတိထားရတယ်။ လေပြင်းတိုက်လို့လဲတာရှိသလို မိုးရွာပြီး ရက်နည်းနည်းကြာမှ လေမတိုက်ဘဲ လဲတာတွေလဲရှိတယ်။ ကိုယ်နေတဲ့ ရပ်ကွက်တွေထဲ ဘယ်အပင်တွေကတော့ သစ်ကိုင်းတွေကြိုးတော့မယ် ၊ ခြောက်နေပြီ၊ ယိုင်နေပြီ၊ အောက်ခြေခြစားနေပြီး ကြို ကြည့်ထားရပါတယ်။ သူ့ဟာသူအိမ်ရှေ့ထိုင်နေရင် အိမ်ရှေ့မျက်နှာစာ အပင်ကြီးလူေပါ်လဲကြပြီး ခေါင်းချုပ်လိုက်ရတဲ့သူမြင်ဖူးသလို့ ၊ လမ်းသွားနေရင် ကိုယ့်ရှေ့ကကားပေါ် သစ်ပင်ကြီးလဲပြီး သီးသီးလေးလွတ်တာလဲ ကြုံဖူးတော့ သတိထားသွားလာရတော့ပါပဲ။ ခုလဲ မုန်တိုင်းလာတဲ့အချိန် လေပြင်တိုက်ရင် လဲဦးမှာဖြစ်သလို မုန်တိုင်းပြီးသွားလဲ အပင်ကြီးတွေနား သတိပြုသွားလာနေထိုင်ကြပါဗျ။ ဘေးကင်းကြပါစေ။