BeActive by Sayar Zaw

BeActive by Sayar Zaw

Share

အာရောဂျံပရမံလာဘံ (Arōgyā paramā lābhā) - ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး (Health is wealth)

03/07/2024

မြန်မာ
=====

လူကနိုင်ငံခြားရောက်နေပေမယ့် မြန်မာနိုင်ငံသားမို့ မြန်မာနိုင်ငံရဲ့ သတင်းတွေကြားတိုင်းဝမ်းသာ ဝမ်းနည်း လိုက်ခံစားမိပါတယ်။

ဒီနေ့ လှည်းတန်းက စာအုပ်ဆိုင်ကြီးတစ်ဆိုင် ပိတ်လိုက်တဲ့အကြောင်းတွေ့မိတော့ စိတ်မကောင်းဝမ်းနည်းမိတယ်။

လှည်းတန်းကစာအုပ်ဆိုင်ဆိုတာ ကိုယ်တွေငယ်ဘဝရဲ့ အမှတ်ရစရာ။ စာအုပ်တွေဆိုတာကိုယ်တွေမမြင်နိုင် မလှမ်းနိုင်လောက်အောင် တိုးတက်နေတဲ့ ကမ္ဘာကြီးကို ချောင်းကြည့်စရာပြတင်းပေါက်တွေဆိုရင် စာအုပ်ဆိုင်ဆိုတာက အဲ့ပြတင်းပေါက်တွေအပြည့်ရှိနေတဲ့ နေရာကြီးပေါ့။

ဖြစ်ပျက်ဟာသဘာဝမို့ စာအုပ်ဆိုင်တွေကို ကော်ဖီဆိုင် နဲ့ပေါင်းစပ်လိုက်တာမျိုးမြင်ချင်လာမိတယ်။ စာအုပ်တွေလည်း ခင်းကျင်းပြသထားမယ်။ wifi လည်းသုံးမလားရတယ်။ ကော်ဖီသောက်ရင်း စာထိုင်ဖတ်စရာ နေရာကောင်းကောင်းလေးတွေလည်းရှိမယ်။

ခမ်းနားလွန်းလှတဲ့ KTV ခန်းမကြီးတွေ၊ ဘီယာအကင်ရောင်းတဲ့ဆိုင်ကြီးတွေ အရေအတွက် ပမာဏရဲ့ ပမာဏ တစ်ခုခုလောက် အဲ့လိုကော်ဖီဆိုင်ကြီးတွေအဖြစ်ပြောင်းသွား၊ စီးပွါးရေးအရလည်း လည်ပတ်လို့ရ နေတာမျိုး ဖြစ်စေချင်မိတယ်။

Photos from BeActive by Sayar Zaw's post 06/08/2023

Learning never exhausts the mind
----------------------------------

Rāhula was Siddhārtha Gautama's only son, born to his wife Princess Yaśodharā. Buddhist texts frequently mention him, spanning from the early period onward. Rāhula is renowned for his eagerness to learn and grow. Each morning, upon waking up, he would take a sand, throw it up in the air, and say, "Today, may I receive from my teachers as much advice and instruction as these grains of sand."

Upon reading about Rāhula, I recognized a personal weakness that requires improvement: "coachability." I admit to being a stubborn a lack of this skill in various aspects of my life. I am determined to transform these weaknesses into strengths. Inspired by my hero Rāhula, I have decided to symbolically emulate him by taking a handful of sand and throwing it up in the air, signifying my commitment to seeking guidance and advice.

Mobile uploads 01/11/2022

အားကစားဗီဇ (Sport Gene)

Mantyranta ဆိုတဲ့ ဖင်လန်နှင်းလျောစီးချန်ပီယံကြီးရှိတယ်။ အိုလံပစ်ဆု ၇ ခုရထားတယ်။ အဲ့ထဲမှာ ရွှေတံဆိပ်ဆု ၃ ခုနဲ့ ကမ္ဘာ့ချန်ပီယံရှစ် ၂ကြိမ် ဗိုလ္စွဲထားတယ်။ အရမ်းတက်ကြွပြီး အားကြိုးမာန်တက် ကစားနုိင်တယ်။ ထူးခြားတော့ အားကစားသိပ္ပံ ပညာရှင်တွေက သူနဲ့ ဆွေမျိုး တွေကို ၁၉၉၀ အစောပိုင်းမှာ ဗီဇ စစ်ဆေးပြီး သုတေသနပြုကြတယ်။ အဲ့ဒီမှာ သူနဲ့ ဆွေမျိုး ၂၉ ယောက်မှာ ထူးခြားရှားပါးတဲ့ EPOR gene အထွန်း (mutation) သွားတွေ့တယ်။ အဲ့ဒီ ဗီဇအထွန်းကြောင့် အဆုတ်ကနေ ခန္ဓာကိုယ်ကြွက်သားတွေဆီ အောက်ဆီဂျင်သယ်တဲ့ ဟေမိုဂလိုဘင်တွေ အများကြီးပိုသယ်နိုင်တာ တွေ့ရတယ်။ ဒါ ကျန်တဲ့ သာမာန်လူတွေထွက် အမောခံနိုင်ပြီး ခံနိုင်ရည်ပိုသာတာပေါ့။

ဆိုတော့ သူဆွေမျိုးတွေ အကုန် ချန်ပီယံဖြစ်လားဆိုတော့ ဘယ်ဖြစ်မလဲ။ ဒီအားသာချက်ကိုသုံးပြီး လေ့ကျင့်ရင်တော့ အလားလာပိုကောင်းတာပေါ့။ အားကစားဆိုတာ ထူးခြားဗီဇလေး ပါရုံနဲ့လည်း အောင်မြင်တဲ့အမျိုးမှမဟုတ်တာ။ အာဟာရ၊ လေ့ကျင့်ခန်း၊ မိဘအုပ်ထိန်းမှု၊ ‌တစုံတခုမောင်းနှင်အား၊ နည်းပြ၊ နည်းပညာ၊ ကံကောင်းမှု မျိုးစုံ‌ပေါင်းစပ်ထားတာမလား။

နောက်လေ့လာထားတာက ACTN3 R577XX တဲ့။ ဒီ Gene က ကြွက်သားတွေ ကျုံ့တာဆန့်တာ ကိုမြန်ဆန်စေတယ်။ ဆိုတော့ Speed သုံးရတဲ့ Power sport တွေမှာ အထောက်ကူဖြစ်တယ်။ သူကလည်း ထူးချွန်အောင်မြင်တဲ့ အားကစားသမားတွေမှာ တွေ့ရတတ်တာပေါ့။ ဒါနဲ့ သုတေသနဆရာကြီးတွေ ဒီ gene ကို ကြွက်တွေမှာ ပိတ်ချလိုက်တဲ့အခါ ကြွက်ရဲ့ ကြွက်သားစွမ်းဆောင်ရည် ကျသွားတာ တွေ့ရတယ်။

နောက်တခုက MSTN gene ။ သူက ကြွက်သားထုတ်တာကို ရပ်ပေးတဲ့ Myostatin ကို တားပေးတယ်။ ဆိုတော့ ဒီ Gene mutations ဖြစ်ရင် ကြွက်သားတွေက မရပ်ဘဲ ဆက်ကြီးထွားနေတတ်တယ်။ Liam Hoekstra ဆိုတဲ့ ကလေးလေး က အဲ့ဒီ ဗီဇအထွန်းကြောင့် ကမ္ဘာ့အသန်မာဆုံး ကလေး ဖြစ်တာပေါ့။

အိုလံပစ် အ‌ပြေးပြိုင်ပွဲဆိုရင်လည်း ကင်ညာ ကစားသမားတွေကို မယှဉ်နိုင်ကြဘူး။ ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့ ကင်ညာ ကစားသမားတွေထဲမှာတောင် Kalenjin မျိုးနွယ်စုက အပြေးသမားတွေပဲ များတယ်ဆိုတယ်။
ဒီ အားကစားနဲ့ပတ်သက်ပြီး အထောက်ကူဖြစ်တဲ့ Gene တွေ အကြောင်းကို David Epstein က 2013 မှာ ထုတ်ဝေခဲ့တဲ့ Sport Gene ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတယ်။

သိပ္ပံ့ညာရှင်တွေနဲ့ ဘယ် Gene က အလွှမ်းမိုးဆုံးမို့ အားကစား ထူးချွန်တာ လို့ တပ်အပ် မပြောနိုင်ပေမယ့် အားကစား ထူးချွန်တာနဲ့ ပတ်သက်ဆက်စပ်တဲ့ ဗီဇ 200 လောက်တော့ ‌ရှာတွေ့ထားကြတယ်။ အဲဒီထဲက 50 လောက်က ထူးချွန်မှုနဲ့ ဆက်စပ်တာမှာ ခိုင်မာ‌သလောက်ရှိတယ်ဆိုတယ်။

ရော်ဂျာဖက်ဒရား၊ အူစီယံ ဘို့သ်၊ လီယွန်နယ် မက်ဆီ တို့မှာလည်း တူညီတဲ့ ACTN3 Gene variation တွေ့ရတယ်ဆိုပါတယ်။

ဆိုတော့ direct-to-consumer Genetic Testing ကုမ္ပဏီတွေက ကိုယ့်ကလေးမှာ ဒီလိုအလားအလာရှိတဲ့ ဗီဇကွဲတွေ ပါမပါ စစ်ဆေးနိုင်ဖို့ အမေရိကန် မိဘတွေကို ဆွဲဆောင်လာကြတယ်။

2014 မှာ Uzbekistan နိုင်ငံဟာ သူတို့ အမျိုးသားအဆင့် အားကစားတွေမှာ ဗီဇစစ်ဆေးတာ (Genetic testing) လုပ်ဆောင်မယ်လို့ ကြေငြာတဲ့ ပထမဆုံး နိုင်ငံဖြစ်လာတယ်။ အမျိုးသား အိုလံပစ်ကော်မတီ နဲ့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေ ပေါင်းပြီး အလားအလာရှိတဲ့ လူငယ်အားကစားသမားတွေကို ဗီဇ အမျိုး ၅၀ စစ်ဆေးမယ် ဆိုခဲ့ပါတယ်။

အဲ့လိုပဲ 2018 တုန်းက တရုတ်သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက 2022 ဆောင်းရာသီ အိုလံပစ် ဝင်ပြိုင်မယ့် ကစားသမားတွေကို မျိုးဗီဇစစ်ဆေးတာ
(Genome Sequencing) လုပ်ဖို့လိုမယ်လို့ ကြေငြာခဲ့တယ်။ အဓိက ကစားသမားတွေရဲ့ "မြန်နှုန်း၊ခံနိုင်ရည်၊ ပြင်းြပင်းထန်ထန်ကစားနိုင်အား" စတာတွေ ကို genetic markers တွေကနေတဆင့်စစ်ဆေး ရွေးချယ်မယ် ဆိုပါတယ်။

တကယ်တော့ အားကစားဆိုတာ အထက်မှာပြောခဲ့သလို ဗီဇအပြင် အာဟာရ၊ နည်းပညာ၊ နည်းပြ၊ နေထိုင်မှု၊ လေ့ကျင့်မှု စတဲ့ ပတ်ဝန်းကျင် အကြောင်းတရားတွေပါ လိုအပ်တယ်။ ဒါ့ကြောင့် အခုလို အလားလာကောင်းတဲ့ ဗီဇ ပါသူတွေ ရွေးတာမျိုးက အခုချိန် ခေတ်မစားသေးဘဲ တရုတ် နဲ့ ဥဇဘက်ကစ္စတန် လောက်ပဲ ‌လုပ်သေးပေမယ့် သူတို့ ၂ နိုင်ငံသာ သိသိသာသာ ‌ေအောင်မြင်မှုတွေရခဲ့ရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်လာနိုင်ချေရှိပါတယ်။

https://t.me/biotechandgenetics



Kristian Blummenfelt & Gustav Iden: Why Are They So Good? 01/11/2022

"You guys are not only working hard, also using Science..."

Kristian Blummenfelt & Gustav Iden: Why Are They So Good? Have you ever wondered why and how Kristian Blummenfelt & Gustav Iden got so good at triathlon? With Olympic, Ironman & 70.3 titles in the camp, we sat down ...

30/10/2022

စရိုက် - အကြိုက်

စရိုက်ဆိုတာ Wikipedia မှာ ရေးထားတာ။

"
ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို စရိုက် ဟုခေါ်သည်။ စရိုက်သည် အမှုအကျင့် တစ်ခုကို အသိစိတ်မှ တမင်ကြံစီခြင်းမရှိပဲ မသိစိတ်မှ အလိုလို ဖြစ်ပေါ်ကာ ဆက်တိုက် ပုံမှန် ပြုကျင့်ရာမှ စွဲမြဲဖြစ်ပေါ်လာသည်။
"

မြန်မာ အယူအဆတွင် စရိုက် ၆ မျိုးရှိတယ်။ အဲ့ထဲက စရိုက်နှစ်ခုက -

မောဟစရိုက်
ထိုင်းထုံ ဖျင်းအ၊ အောက်ကျ နောက်ကျရှိ၊

ဗုဒ္ဓိစရိုက်-ပညာစရိုက်
အရာရာ ထက်မြက် စဉ်စား ဆင်ခြင် ပြောတိုင်းမယုံ၊

---

စရိုက်အလိုက် အကြိုက်တွေလည်းကွာတယ်။ ဂျင်းမှ ကြိုက်တတ်တဲ့မောဟစရိုက်ရှိသူဟာ ဂျင်းပဲကြိုက်မှာ။ ဂျင်းကြီးကွာလို့ သွားပြောနေလို့ အပိုပဲ။

ဂျင်းကြိုက်နေရတဲ့ အကြောင်းရင်း စရိုက်ကိုပြင်ပေးနိုင်မှပဲရမယ်။

ပင်ကိုယ်စရိုက်ဆိုတာတင်မက သူ့အရပ် နဲ့ သူ့ဇာတ်၊ မြန်မာပါးစပ် ငါးပိချက် ဆိုတဲ့အတိုင်း။ ကျင်လည်ရာပတ်ဝန်းကျင်၊ ယှဉ်တွဲနေထိုင်ကြတဲ့ အပေါင်းအသင်း ဆွေမျိုးမိဘ၊ စတဲ့ ပြင်ရခက်တဲ့ ပင်ကိုယ်ကော၊ ပြင်ပပယောဂအကြောင်းကများစွာနဲ့။ အုံနဲ့ကျင်းနဲ့ မောဟ အားကြီးနေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ပညာဖြစ်ဖို့ဟာ အင်မတန်မှခက်ပါတယ်။

20/10/2022

https://www.bupa.co.uk/health-information/exercise-fitness/~/media/images/healthmanagement/pdfs/sports-nutrition-plan.pdf

Photos from BeActive by Sayar Zaw's post 20/10/2022

ပထမဆုံးအကြိမ်
==========

ရေကြောက်လွန်းလို့ တစ်သက်လုံးရေကူးဖို့ မကြိုးစားရဲတော့တဲ့လူတစ်ယောက်ကို သင်ပေးတဲ့ ရေကူနည်းပြတစ်ယောက်ဆီက စကားလေးတစ်ခွန်း ခုထိမှတ်မိနေသေးတယ်။ Glide လုပ်ခိုင်းရင်းပြောခဲ့တာ။ Glide ဆိုတာစူပါမန်း လေထဲမှာပျံသလို ‌ရေပေါ် မှာပေါလောမြောရတာ။ သင်တန်းသားက ပထမဆုံးတစ်ခါစလုပ်တာဆိုတော့ ပုံစံမမှန်သေးဘူး။ ဒါပေမယ့် တစ်ခါလုပ်ပြီးတဲ့အခါ နည်းပြက "မင်းဘဝမှာ ဒါပထမဆုံး Glide လုပ်ဖူးတာမလား၊ အဲ့တော့ မလုပ်ဖူးခင်ကထက် ခုတစ်ခါလုပ်ပြီးတာက မင်းရေကူးတတ်ဖို့ ပိုနီးသွားသလို တစ်ကြိမ်လုပ်ဖူးတဲ့အရာကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ပိုလွယ်သွားပြီကွ" ဆိုတဲ့စကားလေး။

ဟိုနေ့ကစီစဉ်ထားတဲ့အတိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်ခဲ့တယ်။ တစ်ညလုံးမိုး‌သည်းမဲကြီးရွာနေတာနဲ့ အိမ်ရှေ့ကလမ်းမှာရေက ခြေသလုံးတစ်ဝက်လောက်မြှုပ်နေပြီ။ တစ်လမ်းလုံးဆိုင်ကယ်တွေ‌ရေရှောင်မောင်းနေကြရတော့ စက်ဘီးကိုလည်းဖြည်းဖြည်းချင်းပဲနင်းလို့ရတော့၊ အချိန်တွေနောက်ကျကုန်တာနဲ့ ရေကူးကန်မှာ ကူးချိန် သိပ်မရတော့။

နောက်တစ်ကြိမ်ပြီး နောက်တစ်ကြိမ် ဆက်လုပ်နိုင်ဖို့ပါပဲ။

Want your business to be the top-listed Gym/sports Facility in Ho Chi Minh City?

Click here to claim your Sponsored Listing.

Location

Website

Address

Ho Chi Minh City