30/08/2025
ပလိန်းကြီး ဈေးတက်သွားတဲ့ ကန်ဟ ကတော့ မကန်ရ တော့ပါဘူး၊ နာသွားပြန်ပါပြီ။😭
Myanmar Fantasy Premier League Tournament
30/08/2025
ပလိန်းကြီး ဈေးတက်သွားတဲ့ ကန်ဟ ကတော့ မကန်ရ တော့ပါဘူး၊ နာသွားပြန်ပါပြီ။😭
26/08/2025
GW-2 55points✅
Current rank 3.5M🙃
ကြမ်းကပ်တာလည်းမဟုတ်၊ကြမ်းနေတာလည်းမဟုတ်၊ အလယ်အလတ်လမ်းကို လျှောက်လှမ်းနေပါတယ်။ Broတို့ကော ဘယ်Rankလဲ၊ ကြမ်းကပ် or လှမ်းတက်?
25/08/2025
Tempo အရမ်းမြင့်တဲ့ပွဲတစ်ပွဲမှာ တစ်ယောက်လျော့ပေမယ့်လို့ နယူးကာဆယ်ဟာ၂ဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာမှ လူငယ်ကစားသမားလေးNgumohaရဲ့ အသည်းခွဲဂိုးနဲ့ပဲ အရှုံးပေးလိုက်ရပါတယ်၊ သခင်ကြီးဆာလက်ကတော့ Blankပြီထင်ထားခဲ့ေပမယ့်၂ပွဲစလုံးအချိန်ပိုရောက်မှပဲ Returnရယူနိုင်ခဲ့ပါတယ်၊ Szoboslaiရဲ့ dummyလေးကို ကျေးဇူးတင်ရမယ်၊ သူမခွပေးပဲ ထိလိုက်ရင် Salah assistမရတော့ဘူး😂 လီဗာပူးဟာ နှစ်ပွဲလုံး ၂ဂိုးပေးထားရပေမယ့် နောက်တန်းမှာ အပို၂မှတ်အမြဲယူနေတဲ့ DEFCON monsterကြီး Van dijkရှိပါတယ်၊ မြင့်မားတဲ့အရပ်အမောင်း ပါးနပ်တဲ့ tackle ,Anticipateလည်းကောင်းကောင်းလုပ်နိုင်တဲ့အတွက်ကြောင့် Defcon thresholdပြည့်လို့ ဟိုဘက်တောင် လွန်ထွက်နေပါတယ်၊ ဒါပေမယ့် အသင်းငယ်တွေနဲ့တွေ့ရင်တော့ DEFCON pointsလျော့သွားနိင်ပါတယ်၊ ကျွန်တော့်ရဲ့ မှော်ဆရာလေး Flo Wirtzကတော့ အခုချိန်ထိ EPL TEMPOကို adaptလုပ်ရမှာ ရုန်းကန်နေရသေးတယ်လို့ထင်ပါတယ်၊ အခုအချိန်မှာတော့ Gakpoက ရုန်းအားကော အမှတ်ရနိုင်ခြေကော ပိုများမယ်လို့ထင်ပါတယ်၊ လဲဖို့တော့ မတွေးနိုင်သေးဘူး၊ သခင်အေးအခြေအနေဘာမှန်းမသိတော့၊ ဘာပဲပြောပြော သခင်ကြီးဆာလက် ၅မှတ်ရသွားတာနဲ့တင် အနည်းငယ်ပျော်ရပါတယ်၊ Averageတော့ကျော်ပါ့မလား မသိ၊ ဘရိုတို့ကော Averageကျော်ရဲ့လား၊ မကျော်ရင်တော့ ပိုက်သာဂိုရပ်သီအိုရမ်အရ ဝိုင်းကတ်သုံးရမယ့် အချိန်ပဲ🤪 fplဆော့ရတာလည်း တကယ် မလွယ်ပါဘူး😭
24/08/2025
ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ Wildcard အတုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေပါ ဘုရား။ 😂
ဘယ်သူတွေ စိတ်မထိန်းနိုင်ပဲ သုံးပြီးကြပြီလဲ။🥲
Wildcard သုံးဖို့ကျ အခုထိ infoက မလုံလောက်သေးဘူးလို့ထင်တာပဲ၊ မပြောတတ်ဘူး၊ ဒီနှစ်ကအစကတည်းက ဖြစ်ချင်တိုင်းဖြစ်နေတာဆိုတော့။😬
ဘာပဲဖြစ်ဖြစ် စိတ်မပျက်ပါနဲ့၊Globalက ဆော့သက်၁၅နှစ်+ ရှိတဲ့ YouTuberဆရာတွေတောင် Rank7m+ဖြစ်နေတာ၊ အချိန်တန်ရင် နွားပိန်ကန်ပါလိမ့်မယ်၊ အေးဆေး♥️🫰
23/08/2025
အကုန်ဝိုင်းခေါ်တာ blankသွားပြီ ကိုနှုတ်ခမ်းမွှေး😭 Rodriလည်း ပြန်ကောင်းလာပြီဆိုတော့ နောက်တစ်ပတ်ကတော့ စိုးရိမ်စရာပဲ၊Rodri Gonzalez Double pivotတွဲပြီး Reijnders playmakerဆော့ခိုင်းရင်တောင် ကစားကွက်ပိုထွက်ဦးမလားလို့၊ လူတွေက အစောပိုင်းမှာတင် နာနေကြပြီ၊ တတ်နိုင်သမျှ luxury transferတွေမလုပ်ပဲနဲ့ effectiveဖြစ်အောင်လဲနိုင်မှ တော်ကာကျမယ်ထင်တယ်၊ စပါးက အရင်သြဇီနည်းပြလို ဂိုးအလှူပေးတဲ့အသင်းမဟုတ်တော့ဘူး၊ Thomas frankကစားကွက်အောက်မှာ Romero Van De venအတွဲညီညီခြေစွမ်းပြနေပြီးတော့ ဒုတိယမြောက် clean sheetကို ထပ်ယူသွားပြန်ပါပြီ၊ Van De ven 4.5mကတော့ အဖိုးတန်မ်ျုးမှန် Gemတစ်ကောင် ဖြစ်လားမလားပဲ၊ ဘရိုတို့ရော ဘယ်လိုထင်ကြလဲဗျ။
Photo via
22/08/2025
သခင်အေးဟာ line upပါပြီးမှ Warm upလုပ်ရင်းနဲ့ injuryရသွားပါတယ်တဲ့၊ GW3မှာ wildcardသုံးအောင်လုပ်နေတာပဲ😭ရာသီအစပဲရှိသေးတယ်၊ နာကုန်ကြပြီ။
22/08/2025
GW-2deadlineက ဒီေန့ညဖြစ်ပါတယ် ဆရာတို့၊ ကျွန်တော့်ရဲ့အသင်းကတော့Transferလေးစုပြီး ကြွယ်ချင်ပေမယ့် ကြွယ်လို့မရအောင် Forced transferလုပ်ခံလိုက်ရပါပြီ၊ မျှော်လင့်ချက်တွေအပြည့်နဲ့ ဒဏ်ရာရသူ ဘရက်ဒလေလို့ ထင်မှတ်ခဲ့ပေမယ့် တကယ်ရသွားတာကတော့ Risk pickလေး Frimpongပဲဖြစ်ပါတယ်🥲 Second 20လောက်နဲ့ ၅မှတ်နစ်နာတယ်၊ မိအေး တစ်ခါ✅၊ ဒဏ်ရာရလို့ International breakပြီးမှ ကန်နိုင်တော့မှာမို့ လူလဲမှရမယ်၊ မိအေးနှစ်ခါ✅၊ လူမလဲပဲ ဆက်ထားရင်ဈေးကျမယ်၊ မိအေးသုံးခါ❌တော့ အနာမခံနိုင်ပါ၊ လဲပါပြီ😂 လဲမယ်ဆိုတော့ ကျွန်တော့်အသင်းမှာ Lineupကစားမယ့် DEFCON monster Centre backတစ်ကောင်နဲ့လဲမယ်လို့စဉ်းစားထားပါတယ်၊ လောလောဆယ်တော့ Van dijk, Gabriel, Salibaတို့ကို စဉ်းစားထားပါတယ်၊ Cucurellaကိုလည်း ကြိုက်နေတယ်ခင်ဗျ၊ ပြီးခဲ့တဲ့ပွဲမှာ သူကစားတာ Ben chillwellလိုမျိုး Boxထဲမှာ ကစားတာမျိုး တွေ့ခဲ့ရတော့၊ ဒီည သတင်းလေးတော့ နားစွင့်လိုက်ပါဦးမယ်၊ Frimpongပါတဲ့ ဂျာကြီးတို့ ဘယ်သူနဲ့ လဲမယ်စဉ်းစားထားကြလဲဗျ။
19/08/2025
Premier League GW1တော့ ပြီးသွားပါပြီ, Average ထက် တစ်မှတ်အသာပဲ ရခဲ့ပါတယ်။Not good but ok လို့ပြောရမယ့် တာထွက်ပေါ့။ Premiumထဲမှာ Salah , Haaland returnရခဲ့ပေမယ့် Palmer ,Saka blankခဲ့ပါတယ်၊အများစုကတော့ Salah , Palmerအတွဲဖြစ်လို့ Salah capဆိုရင် အခြေအနေမဆိုးသေးပါဘူး၊ Reijnders, Ekitike, Semenyoတို့ ဈေးတက်တာနဲ့ အတူ ဈေးကျမယ့်သူတွေလည်း လာဦးမှာပါ၊ လူတိုင်းကိုယ့်အမြင်နဲ့ကိုယ်ကွဲလွဲပေမယ့် ကျွန်တော်ကတော့ Priceကို အရမ်းအာရုံမစိုက်ချင်ပါဘူး၊ Information က priceထက်ပိုအရေးကြီးတယ်လို့ပဲမြင်ပါတယ်၊ Early transferလုပ်တာ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကြိုခေါ်လိုက်ရင် ကိုယ်ခေါ်ချင်တဲ့ကောင်ကို ပိုက်ဆံမလောက်မှာ မစိုးရိမ်ရပဲ ခေါ်နိုင်တယ်၊ အဲ့လိုမျုိးဆုိရင်ေတာ့ rushလုိက်တာေကာင်းပါတယ်။ဒါပေမယ့် ကိုယ်ခေါ်တဲ့ Playerက ဒဏ်ရာရတာဖြစ်ဖြစ် အခြားအကြောင်းကြောင်းတွေရှိနိုင်ပါသေးတယ်၊ ဆိုတော့ early transferကိုတော့ recommendမလုပ်ချင်ပါ။ အထူးသဖြင့် ရာသီအစမှာ ကိုယ်ယုံကြည်လို့ တစ်လလောက်စဉ်းစားပြီး ခေါ်ထားတဲ့သူတွေကို တစ်ပတ်ထဲနဲ့ Wildcardသုံးလဲတယ်ဆိုရင်တော့ သင်ဟာ အပြောင်းအလဲမြန်တဲ့ ပုတ်သင်ညိုပဲ🤪၊ ယုံကြည်ပေးပါ၊ Watkins , Palmerတို့ ဒီတစ်ပတ်ကြမ်းပါလိမ့်မယ်😄ယုံကြည်ရင် လူမလဲကြေး🤝🫰😝
16/08/2025
ကိုနှုတ်ခမ်းမွှေး Price 5.5m✅
ဈေးတက်ပါတော့မယ်🔥
Risk pickဆိုပေမယ့် 5.5m midကတော့ လှည့်သုံးလည်းတန်ပါတယ်။ ဒါပေမယ့် ဆရာပပ်မှာ လှည့်သုံးစရာ လူတွေအများကြီးဆိုတော့ Haalandလို အမြဲပါရဖို့တော့ မသေချာပါဘူး၊ ခြေစွမ်းကတော့ ကောင်းတယ်ဗျ၊ မနှစ်က စီးရီးအေမှာ ဘာဆိုလားပဲ။ ပါကြလားဗျ Reijnders ♥️
15/08/2025
ဘယ်နှမှတ်ရကြပြီလဲ၊Ekitike+Gakpo+Salahတွဲတဲ့သူများရှိလား၊ သခင်ကြီးမblankတာပဲ ကျေးဇူးတင်ရမယ်၊ နို့မို့ဆို အဖွင့်နဲ့တင် အခြေအနေတော်တော်ဆိုးသွားနိုင်တယ်😅 Liverpool triple upကတော့ တာထွက်မလှဘူးလို့ပဲ ပြောရမှာပဲ၊ဒါပေမယ့် ဆက်လက်ယုံကြည်ပါဦးမယ်၊ဦးစလော့အနေနဲ့ ဖရင်ပေါင်ကိုထုတ်လို့ ညာခြမ်းကနေ ကောင်တာပေါက်ပြီး ဖြတ်တင်ဘောနဲ့ ဂိုးပြန်ပေးလိုက်ရတာကို သိထားပါ😂မနက်ဖြန် နောက်ထပ် ဂတုံးတစ်ယောက်ကျန်ပါသေးတယ်၊စိတ်ဒုက္ခပေးဖို့🙃
15/08/2025
ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းအောင် ၅၉မိနစ်၄၀စက္ကန့်မှာ ထုတ်ပေးလိုက်ပါတယ်🙃စက္ကန့်၂၀ကွင်းထဲမှာရှိရင် ၆မှတ်ရမှာဖြစ်ပေမယ့် အခုတော့ ကျွန်တော့်ရဲ့risk pickလေးကတော့ တစ်မှတ်နဲ့ ကျေနပ်လိုက်ရပါပြီ🥲၊ ဘ၀တူတွေရှိကြလားဗျာ
15/08/2025
Adminရဲ့ team revealလာပါပြီ။ အရင်နှစ်က ကြမ်းကပ်ထားတော့ ယုံကြည်မှုကတော့ အနည်းငယ်ကျဆင်းနေပေမယ့်လို့ ဒီနှစ်တော့ အကောင်းဆုံးပြန်ဆော့မယ်လို့ အားမွေးထားပါတယ်😬 ကျွန်တော့်ရဲ့ အမြင်နဲ့အထင်လေးတွေ စလ်ုက်ရအောင်။
1. SELS
နော်တင်ဟမ်ကတော့ သိတဲ့အတိုင်းပဲ၊ဂိုးမသွင်းရင်ပဲနေမယ်၊ ဂိုးတော့မပေးဘူးဆိုတဲ့ အထာနဲ့၊ ဂိုးသမားSelsက 5mနဲ့ ထွက်လာတော့ ထွေထွေထူးထူးစဉ်းစားမနေတော့ဘူး၊ သူနဲ့ေစျးတန်းတူယှဉ်စဉ်းစားစရာက Sanchezပဲရှိတာဆိုတော့ နော်တင်ဟမ် နောက်တန်း ဒဘလယ်upချင်တာကြောင့် Selsကိုပဲ ရွေးလိုက်ပါတယ်။
2. Murillo
Goal threatအရဆို Milenkovicက ပိုကောင်းပေမယ့် DEFCON statsအရ Murilloကို ရွေးလိုက်ပါတယ်။Nico Williamsကိုလည်း ကြိုက်ပေမယ့် သိပ်အားမရလို့ Murilloကို ၀.၅ပိုပေးပြီး ခေါ်လုိက်ပါတယ်။
3. Porro and Kudus
Spurs setpiece takerဖြစ်တဲ့ အပြင် box အပြင်ကနေ ကန်သွင်းနိုင်တဲ့ Goal threatရှိတာကိုမှ ပွဲလည်း ချောင်တယ်ဆိုတော့ 5.5mကတော့ တန်ပါတယ်၊ စပါးရဲ့ ခြေစွမ်းကိုပဲ စောင့်ကြည့်ရမှာပါ။
Kudusကတော့ Sonမရှိတဲ့ တိုက်စစ်မှာ ဂိုးတွေသွင်းနိုင်မယ်ထင်လို့ပါ။ ဈေးတန်းတူမှာ နဒီအေးကို ပိုကြိုက်ကြပေမယ့် ကျွန်တော်ကတော့ မိနစ်နည်းပြီး ပင်နယ်တီမကန်ရပေမယ့် တိုက်စစ်ပိုပြီး ကောင်းမယ်ထင်တဲ့ စပါးကKudusနဲ့ပဲ စီးမျောလိုက်ပါတယ်။
4. Frimpong
အစကတော့ လီဗာပူးနောက်တန်းတစ်ယောက်ခေါ်မယ်စဉ်းစားတဲ့အခါ safeအဖြစ်ဆုံးက Van dijkပဲ၊ Goal threat, DEFCON, proven minutesအကုန် ပြည့်စုံတယ်၊ ဒါပေမယ့် Bradley injuryသတင်းအနည်းငယ်ထွက်ပြီးနောက်မှာတော့ ဆံပင်ကြိုးစည်းလေးနဲ့ လွင့်နေအောင် ပြေးမယ့် Frimpongလေးက ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်တာကြောင့် risk pickတစ်ခုအနေနဲ့ယူလိုက်တာပါ။
5. Salah and Wirtz
Salahကတော့ ဘာမှ မပြောတော့ပါဘူး၊ အချိန်တန်ရင် သူ့အလုပ်သူလုပ်ဦးမှာပါ၊သူ့ရဲ့ fitnessနဲ့ လီဗာပူးလိုတိုက်စစ်ကောင်းတဲ့ အသင်းမှာ အချိန်ပြည့်ကစားရမယ့်သူတစ်ယောက်က တစ်ခုမဟုတ်တစ်ခု ပါ၀င်ပတ်သက်နေဦးမှာပါ၊ Wirtzကတော့ ကစားတာလေးက ညက်ညောနေတာပဲ၊ ခြေအိတ်တစ်၀က်နဲ့ ကြွကြွရွရွလေး Build upလုပ်မယ်၊ Crossတွေလျှံထွက်လာတဲ့အခါ ပိတ်မယ်၊ 8.5m အနေနဲ့ကတော့ တကယ်တန်ပါတယ်။
6. Palmer and Pedro
Palmerခေါ် သခင်အေး၊ Penalty taker, Most nailed player in Chelsea, formက ထိပ်ဆုံးကို ရောက်နေတဲ့ ချယ်ဆီး၊ ဂိုးတွေသွင်းတဲ့အခါ သခင်အေး ပုခုံးသပ်တာ အမြဲမြင်ရမယ့် ပုံရိပ်တစ်ခုပါ။ TSB 62.5နဲ့ ထိပ်ဆုံးမှာပါ၊ မရွေးရင်တော့ Rank အတက်အကျကြမ်းနိုင်ပါတယ်။
Pedroကတော့ပွဲချိန်ပြည့်မကန်ရဖို့များပေမယ့် TSB 56.4ဆိုတော့ ကျွန်တော်လည်း ကြောက်လို့ pickလိုက်တာဗျ၊ရာသီအစမှာ TSBများတဲ့သူတွေဆို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Template လှေကြီးစီးလိုက်တာက safeဖြစ်တယ်လို့ ထင်ပါတယ်။
7.D.Hall
Evertonက 5m Midဆိုတော့ အများကြီး မမျှော်လင့်ပါဘူး၊ အရံအနေနဲ့ လှည့်သုံးဖို့ပဲ ခေါ်လိုက်တာပါ၊ ၀.၅ပိုသုံးပြီး Andersonခေါ်ချင်ပေမယ့် ရှိတာလေးနဲ့ လှအောင်ဆင်ရတာမျိုးပေါ့။
8. Gyökeres
Watkins and Gyökeresမှာ ဘာလို့ Gyökeresရွေးလဲဆိုတော့ အာဆင်နယ်ဖန်မို့ပါ😁 တစ်ခါတစ်လေကျ နှလုံးသားကို ရွေးချယ်တာက ဦးနှောက်နဲ့ ရွေးချယ်တာလောက် မမှန်ကန်နိုင်ပေမယ့် ပျော်ရွှင်ရမှာပါ။ 😝
9. Dubravka ,Marc Guiu, Esteve and Gudmundsson
ဒီကောင်တွေကတော့ အားလုံးလည်းသိပြီးသားပါ၊ အရံအိမ်ဖြည့်ဆိုပေမယ့် ဈေးတက်လာရင် အမြတ်ရနိုင်ပါတယ်😂
အချုပ်ဆိုရရင် template squadပါပဲ၊ ပျင်းဖို့ကောင်းပေမယ့် လူတွေရွေးတဲ့အတိုင်း ရွေးတာကိုမှ ကံစမ်းတဲ့ကောင်လေး တစ်ကောင်နှစ်ကောင်ထည့်ပြီး ရာသီစတာက သင့်တော်တယ်လို့ မြင်တာကြောင့် ပျင်းရိဖွယ်တူညီတဲ့ Squadနဲ့ပဲ စလိုက်ပါတယ်၊ အားလုံးပဲ ဒီနေ့ည Good luckပါဗျ။
🫰⚽💪
Edit- နှလုံးသားကိုဦးစားပေးချင်ပေမယ့် Gyökeres>Watkins, Reijndersခေါ်ချင်တာနဲ့ Murillo>N.Williams, D.Hall>Reijndersလဲလိုက်မိတယ်၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ ေ+သချင်တဲ့ ကျား တောပြောင်းလား တော့ သိပ်မကြာခင်သိရမှာပါ😁