By Buy Sports and Accessories

By Buy Sports and  Accessories

Share

အားကစားဆိုင်ရာများ နှင့် ပစ္စည်း များ sport Wearing & machine

12/04/2022

ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက်ရယူရေးအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ကြိုးပမ်းမှုတွေက ဒီနေ့မှာ နောက်ထပ်တဆင့်ကို သွားနိုင်မှာလားဆိုတာ အဖြေပေါ်တော့မှာပါ။ ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်အထိ ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးအသင်းဖြစ်နေတဲ့
စပိန်ကလပ်က နောက်ထပ်စံချိန်တင်ဆွတ်ခူးနိုင်ရေးအတွက်တော့ လက်တကမ်းအကွာမှာရှိနေတာပါ။ ကွာတားဖိုင်နယ်ပထမအကျော့မှာ ချယ်လ်ဆိးကို ၁-၃ န​ဲ့ နိုင်ထားတယ်။ အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးခဲ့ရင်တောင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဆိုတော့ သူတို့အတွက်
အခြေအနေက ကောင်းနေပါတယ်။

ခြေစွမ်းအရကြည့်မယ်ဆိုရင်လည်း ရီးရဲလ်က ဘယ်အသင်းနဲ့မဆို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိနေပါတယ်။ ဘန်ဇီမာ၊ မိုဒရစ်တို့လို ဝါရင့်ကစားသမားတွေက ငယ်မူငယ်သွေးပြန်နေပြီး အကောင်းဆုံးခြေစွမ်းတွေပြနေသလို ဗင်နီရှပ်ကလည်း ဘလွန်းဒီအောဆုရရှိဖို့အတွက်ပါ
ရေပန်းစားတဲ့ အဆင့်ထိရောက်လာခဲ့ပါတယ်။ တိုနီခရူးစ်၊ ကက်စ်မဲရိုးတို့နဲ့ မိုဒရစ်ကွင်းလယ်ပိုင်းကလည်း ဘယ်အသင်းနဲ့ဖြစ်ဖြစ်လွှမ်းမိုးနိုင်စွမ်းရှိနေတဲ့ အချိန်အခါဖြစ်နေပါတယ်။ နောက်ထပ်ပိုပြီးတော့ သူတို့အတွက် အားသာနေတာက ဗိုလ်လုပွဲသွားမယ့်လမ်းကြောင်းက
နည်းနည်းတော့ ချောင်လည်နေတာပါ။

ဆီမီးကိုသာ တက်နိုင်ခဲ့မယ်ဆိုရင် မန်စီးတီး (သို့) အေတီကိုနဲ့ ရင်ဆိုင်ရမှာပါ။ အေတီကိုကတော့ ရီးရဲလ်အတွက် လက်ရှိခြေစွမ်းအရ၊ ချန်ပီယံလိဂ်အစဉ်အလာအရ မှုလောက်စရာမရှိဘူးလို့ ယူဆမိပါတယ်။ မန်စီးတီးကလည်း အေတီကိုလိုပါပဲ။ ဗိုလ်လုပွဲအထိပဲ အမြင့်ဆုံးရောက်ဖူးပြီး
ဥရောပမှာဆိုရင် အခုမှ အစွယ်ထုတ်ပြရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အဆိပ်မရှိသေးပါဘူး။ ပြီးတော့ သိပ်မကြာခင်ကာလကမှ မန်စီးတီးကို ရီးရဲလ်က သမ္ဘာ၊ ဝါနဲ့ အနိုင်ကစားထားတာလည်းဖြစ်နေတယ်။ ဘိုင်ယန်၊ လီဗာပူးလ်တို့နဲ့ ဗိုလ်လုပွဲမတိုင်ခင် မတွေ့ရတာက သူတို့
အတွက် အားသာချက်ဖြစ်သွားပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘယ်အသင်းဖြစ်ဖြစ် အိတ်သွန်ဖာမှောက်ကြိုးစားမှာဆိုတော့ ခြေစွမ်းသာမယ်၊ ကံတရားဖေးမတာရမယ့်အသင်းက နိုင်မှာပါပဲ။

ဒီတော့ကာ သူတို့ရဲ့ မစ်ရှင်-၁၄ ကြီး အောင်မြင်ဖို့အတွက် ရီးရဲလ်က အခွင့်အလမ်းကောင်းနေပါတယ်။ အခြေအနေနဲ့ အချိန်အခါအရလည်း ကီးကိုက်နေပြီး ခြေစွမ်း၊ လူစာရင်းကအစ သဟဇာတဖြစ်နေချိန်ပါ။ ဒီအတွက်လည်း သူတို့သေချာပြင်ဆင်နေတယ်လို့ ထင်ရပါတယ်။
ချယ်လ်ဆီးကိုအနိုင်ရပြီး နောက်တနေ့မှာပဲ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာ၊ ဒဏ်ရာရကစားသမားတွေကင်းစင်နေတာ၊ ရလဒ်နဲ့ခြေစွမ်းတည်ငြိမ်နေတာတွေက ကျန်အသင်းတွေထက် မသာရင်တောင် လျော့တဲ့အနေအထားမှာမရှိပါဘူး။ ဘိုင်ယန်က ပြီးခဲ့တဲ့ရာသီတွေကလို
မာဂုဏ်မရှိတော့တာ၊ မန်စီးတီးနဲ့ လီဗာပူးလ်တို့က အမှတ်ပေးဖလားအတွက်ပါ ဗျာများနေရချိန် သူတို့က လာလီဂါကို လှည့်ကြည့်စရာမလိုဘဲ ဒီပြိုင်ပွဲတခုတည်းကို အားစိုက်ခွင့်ရထားတာကလည်း ရီးရဲလ်အတွက် အကြီးမားဆုံးအားသာချက်ကြီးအဖြစ် ရှိနေတယ်လို့ ယူဆမိပြီး သူတို့မစ်ရှင်ကိ အကောင်အထည်ဖော်သွားနိုင်မလားဆိုတာ စောင့်ကြည့်ကြရအောင်လား။

10/04/2022

"ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ စိတ်ခံစားချက်ကို ထိန်းသိမ်းဖို့ဆိုတာက မလွယ်လှပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျနော်တို့က ဒီလိုလှပတဲ့အားကစားနည်းကို နှစ်သက်သဘောကျတဲ့ လူငယ်တွေအားလုံးအတွက် လေးစားမှု၊ စိတ်ရှည်သည်းခံမှုတွေကို ပြသပြီး စံနမူနာအဖြစ်ရှိနေရမှာပါ၊ ကျနော့်ရဲ့ ဒေါသထွက်ပြီး ပေါက်ကွဲခဲ့တဲ့လုပ်ရပ်အတွက် တောင်းပန်ပါတယ်၊ ဖြစ်နိုင်ရင်တော့ အခုလို မျှတတဲ့ကစားမှုနဲ့ အားကစားဆန်မှုရဲ့ လက္ခဏာတရပ်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲလာကြည့်ဖို့အတွက် အဲဒီ အဲဗာတန်
ပရိသတ်ကို ကျနော် ဖိတ်ခေါ်ချင်ပါတယ်"

အဲဗာတန်ကို အရေးနိမ့်အပြီး ခြေထောက်ဒဏ်ရာနဲ့ ကွင်းထဲက ပြန်ထွက်လာချိန် ဥမင်အ၀မှာ ဖုန်းတလုံးနဲ့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်နေတဲ့ အဲဗာတန်ပရိသတ်ရဲ့ ဖုန်းကို လက်နဲ့ပုတ်ချခဲ့ပြီးနောက် ရော်နယ်ဒိုက ပြန်တောင်းပန်သွားခဲ့တာပါ။ ခြေထောက်ဒဏ်ရာကြီးကြီးမားမားရခဲ့တာ၊ အသင်းက ရှုံးနိမ့်တာ၊ ခြေစွမ်းမပြနိုင်ချိန်မှာ ရော်နယ်ဒိုစိတ်လွတ်ပြီး လုပ်ခဲ့မိတာပါ။ အခုတော့ ပြန်တောင်းပန်ခဲ့ပြီး ဘောလုံးပွဲလာကြည့်ဖို့ကိုပါ ဖိတ်ခေါ်ခဲ့ပါတယ်။

09/04/2022

ယူကရိန်းအတွက်ရန်ပုံငွေပွဲမှာ ဝင်ကစားပေးနေတဲ့ ရှနိုက်ဒါကို တွေ့လိုက်ရချိန် တော်တော်အံ့အားသင့်ရပါတယ်။ တကယ်ကို ဘောလုံးသမားတယောက်ပုံစံပျောက်ဆုံးသွားပြီး ဗိုက်ကြီးပူပူနဲ့ လူ၀ကြီးတယောက်အလားပါပဲ။ ရှနိုက်ဒါဆိုရင်ကို မျက်လုံးထဲ
ပြေးမြင်မိနေတာက အမြဲတမ်းပြေးလွှားနေတယ်၊ အမြဲတမ်းဖျက်ထုတ်နေတယ်၊ အမြဲတမ်းပေးပို့နေတယ်၊ ပွဲထဲမှာ သူ ဘယ်လောက်ထိပူးပေါင်းပေးနိုင်လဲဆိုတာကို သိစေဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကစားသမားတယောက်ရဲ့ ဟန်ပန်ပါပဲ။ energy အပြည့်သုံးပြီး creative player တဦးအနေနဲ့ ပြိုင်ဘက်ခံစစ်ကြောင်းကို ဖြိုခွင်းပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနေတဲ့ နယ်သာလန်းတယောက်ဆိုတာ ဘယ်သူမှ မေ့ဦးမှာမဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့လို ထိပ်တန်းအသင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့အဆင့်ကစားသမားတဦးကို အခုလိုတွေ့ရတာက တကယ်အံ့အားသင့်စရာပါ။ သူ့ကို စစသိချင်း၊ ကြားချင်းမှာ စနိုက်ပါလို့တောင် မှားခဲ့ဖူးပါတယ်။ တကယ်ဆို အဲဒီနာမည်က သူနဲ့တောင်
ပိုလိုက်ဖက်ပါသေးတယ်။ သူ့ရဲ့ Long ball ၊ through ball တွေကို ကြည့်လိုက်ရင် သူ ပေးချင်တဲ့ဆီ တန်းတန်းမတ်မတ်သွားနေလေတော့ စနိုက်ပါနဲ့ ပစ်ခတ်လိုက်လေသလား ထင်မှတ်ရလို့ပါ။ မော်ရင်ဟိုရဲ့လက်ထက် အင်တာမီလန်မှာ ဒီကစားသမားကို အားလုံးက ကြွေဆင်းခဲ့ရဖူးပါတယ်။ လက်ခုပ်တီးပေးခဲ့ရဖူးပါတယ်။ မုဒိတာပွားခဲ့ရဖူးကြတယ်မဟုတ်လား။

ဘယ်ခြေညာခြေမရွေး ကောင်းကောင်းကစားနိုင်သူ၊ မယုံကြည်နိုင်စရာ ကြံ့ခိုင်မှုအဆင့်၊ box to box ကစားသမားဆိုလည်း ဖြစ်တယ်၊ ဝမ်းတူးရိုက်ပြီး ကစားပုံမှာ အရမ်းမြန်တယ်၊ သူ့ခန္ဓာကိုယ်က တခြားသူတွေထက်စာရင် သေးကွေးပေမယ့် ဘောလုံးမဆုံးရှုံးနိုင်အောင် ကောင်းကောင်းလူကာကစားနိုင်စွမ်းရှိတယ်၊ killer pass တွေကို မျက်လုံးတချက်ဝေ့ကြည့်အပြီးမှာ ပေးပို့နိုင်တယ်၊ ဖရီးကစ်စပါယ်ရှယ်လစ်ဆိုတဲ့ ဘွဲ့ထူးတွေက ရှနိုက်ဒါ ပိုင်ဆိုင်ခဲ့တဲ့အရာတွေပါ။ ဘလွန်းဒီအောဆုနဲ့ ကပ်လွဲခဲ့ရချိန်မှာ အားလုံးရဲ့ ကရုဏာသက်မှုကို ရရှိခဲ့တဲ့ ဟော်လန်သားက သူ့ခေတ်သူ့အခါမှာတော့ ဘယ်လိုထိပ်တန်းကွင်းလယ်လူမျိုးနဲ့မဆို ယှဉ်ဖိုက်ရဲတယ်ဆိုတဲ့ အနေအထားအထိ ရှိခဲ့တာပါ။

အခုတော့လည်း ရှနိုက်ဒါကြီးက သူ့ဘ၀ကို သူ ပျော်ရွှင်သလိုဖြတ်သန်းနေပုံရပါတယ်။ ကစားသမားဘ၀မှာ ချုပ်တည်းထားခဲ့ရသမျှကို ဖြေလျှော့လိုက်ပုံရပါတယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ကျေကျေနပ်နပ်ကြီးကို ဖြစ်နေတယ်လို့ ထင်ရပါတယ်။ အခုချိန်မှာများ အဲဒီဓာတ်ပုံလေးပြပြီး ဒါက တချိန်တုန်းက မော်ရင်ဟိုဆိုတဲ့ နည်းပြကြီး ရေလည်အားကိုးခဲ့ရတဲ့ကောင်ပေါ့ကွာလို့များ ပြောလိုက်ရင် ရယ်ကြမလားမသိပါဘူး။ ကျနော်ကတော့ စနိုက်ပါလို့ ထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးတဲ့ ဒီကစားသမားကိုကြွေခဲ့ဖူးသူတွေထဲ ပါခဲ့တာပေါ့။ ခင်ဗျားတို့ရော။

06/04/2022

ကမ္ဘာ့ဖလားကို ကျနော်စကြည့်ဖူးတာက ၁၉၉၈။ မှတ်မှတ်ရရပေါ့။ ၉၈ မှာ နာမည်ကြီးနေတာက ဘရာဇီးလ်ပဲ။ အဲဒီတုန်းက ဘရာဇီးခေတ်ကိုး။ ရော်နယ်ဒင်ဟိုတောင် မရှိသေးဘူး။ သူက ၂၀၀၂ မှ နာမည်စကြီးတာ။ ပထမဆုံးစကြည့်ဖူးတဲ့ပွဲက မက္ကဆီကိုပွဲ။ အဲဒီတုန်းက ရုံမှာသွားကြည့်ရတာ။ တယောက်ကို ၅ ကျပ်လား၊ ၁၀လားမသိဘူးပေးရတ မက္ကဆီကိုဆိုတော့ သိပ်အကောင်းကြိးမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် အကြိတ်အနယ်ပဲ။ မက္ကဆီကိုက ဘလန်ကိုဆိုတာ နာမည်ကြီး။ သူက ခံစစ်မှူး နှစ်ယောက်ကြားကနေ ဘောလုံးကို ခြေထောက်နဲ့ညှပ်၊ ခုန်ထွက်တဲ့အကွက်ကို အရမ်းပိုင်တာ။ တော်တော်လေးလှတယ်။

အားလုံးသိတဲ့အတိုင်း ၉၈ ကမ္ဘာ့ဖလားမှာ အိမ်ရှင်ပြင်သစ်က ဖလားရသွားတယ်။ ဘယ်သူမှမထင်မှတ်ထားတဲ့အခြေအနေကပေါ့။ ဗိုလ်လုပွဲကန်ခါနီးမှာ ဘရာဇီးလ်ဒိုကြီးက ဝက်ရူးပြန်သလိုဖြစ်ပြီး အဲဒီပွဲအတွက် ကြံ့ခိုင်မှုတောင်မပြည့်၀ဘူးဆိုပြီး သတင်းထွက်လာတယ်။ တကယ်ကန်တော့လည်း ၃-၀ နဲ့ ပြင်သစ်က တီးလွှတ်လိုက်တာ။ ဘရာဇီးလ်ကိုတောင် ဒီကောင်တွေနိုင်တယ်ပေါ့ဆိုပြီး အကုန်လုံးက မျက်စိကျကုန်တယ်။ တချို့ကလည်း လုပ်ပွဲဆိုပြီးပြောတယ်။ ပြင်သစ်က အိမ်ရှင်ဖြစ်တဲ့အလှည့်မှာ ဗိုလ်ထစွဲတာကိုး။ ပြီးတော့
သူတို့နိုင်ခဲ့တာက ဘရာဇီးလ်။ ဒီလိုတွေထင်ကုန်တာဆန်းတော့မဆန်းဘူး။ ဇီဒန်းတို့ လျှမ်းလျှမ်းတောက်ခဲ့တဲ့အချိန်ပေါ့။ အဲဒီကစပြီး ဇီဒန်းက ဂန္ထဝင်မြောက်ကစားသမားဖြစ်လာတာ။ သူက အယ်လ်ဂျီရီးယားနွယ်ဗျ။ ပြင်သစ်အတွက် ကန်တယ်ဆိုတော့ အဲဒီတုန်းက နားမလည်တော့ ဂလယ်အူကြောင်တွေကို ဖြစ်လို့။ နောက်မှ သဘောပေါက်လာတယ်။ ဇီဒန်းခေါင်းတိုက်တဲ့အလုံး ခုထိ မျက်လုံးထဲကမထွက်သေးဘူး။

ဒိုကြီးဆိုတာ ဘာမှကိုလုပ်မရခဲ့ပွဲပေါ့။ ပြီးတော့ ၂၀၀၂ ကမ္ဘာ့ဖလားရောက်လာတယ်။ လက်ရှိချန်ပီယံပြင်သစ်က နာမည်တောင် လူသိပ်မသိတဲ့ ဆီနီဂေါကို အဖွင့်ပွဲမှာတင်ရှုံးတော့တာပဲ။ အကုန်လုံး အံ့အားသင့်ခဲ့ကြရတာ။ ပြင်သစ်ဆိုတာ အုပ်စုအောက်ဆုံးကနေထွက်ခဲ့ရတာပဲ။ ဒီအော့တို့ နာမည်ကြီးတဲ့နှစ်ပေါ့။ ကိုရီးယား-ဂျပန်ပူးတွဲလုပ်တဲ့အလှည့်။ ကိုရီးယားက ဆီမီးဖိုင်နယ်အထိ တက်သွားခဲ့တယ်။ အဲဒီနှစ်မှာ ကျနော်တို့က အီတလီအားပေးတာ။ ကျနော်တို့ဆိုတာ ကိုယ်နဲ့နီးစပ်ရာပတ်ဝန်းကျင်ကလူတွေကို ပြောတာပါ။ တော့တီတို့တသိုက်ကို ယူရို ၂၀၀၀ မှာ သဘောကျခဲ့တာကိုး။ ထရာဇီဂေးဂိုးနဲ့ အီတလီတို့ ရွှေဂိုးပေးရပြီး ယူရိုဖလားကို လက်လွှတ်လိုက်ရတာ။ အီတလီကို သနားစိတ်ကနေ အားပေးဖြစ်တယ်ထင်ပါရဲ့။ တောင်ကိုရီးယားနဲ့ပွဲမှာ တော်တော်များများဒေါသထွက်ကြမယ်ထင်ပါတယ်။ ဒိုင်လူကြီးက အိမ်ရှင်ကို မျက်နှာသာပေးချက်က ရေလည်ကြမ်းတယ်။ တော့တီတို့ ကြိတ်မနိုင်ခဲမရတွေဖြစ်ပြီး ထွက်ခဲ့ရတာပဲ။ အဲဒီအကျိုးဆက်နဲ့ စီးရီးအေမှာ ကိုရီးယားကစားသမားတွေကို စာချုပ်ဖျက်တာတွေ၊ ပေးမကန်တာတွေပါ ဖြစ်တဲ့အထိ ဂယက်ရိုက်တော့တာပဲ။

အဲဒီနှစ်တော့ ရွှေဘဘရာဇီးလ်တို့ ဗိုလ်ပြန်စွဲတာပဲ။ ဒိုကြီးတို့ ဗိုလ်လုပွဲမှာ ဂျာမနီဘက်ကို ၂ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုပါ ယူချသွားတာ။ ရော်နယ်ဒင်ဟိုတို့ ဟိုးလေးတကျော်ကျော်ဖြစ်တဲ့အချိန်ပေါ့။ ဒေးဗစ်ဆီးမင်းကို မြင်းမြီးကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့နှစ်။ အဲဒီတုန်းက ကျောင်းကပြန်အလာ ရပ်ကွက်ထဲက တီဗီရှိတဲ့အိမ်မှာ ဝင်ကြည့်ရတာ။ လူတွေကပြည့်လို့။ ဘက်ခမ်းတို့စိတ်ပျက်လက်ပျက်ဖြစ်တော့ သနားမိသေးတယ်။ သိတဲ့အတိုင်း အင်္ဂလန်က နာမည်ကြီးထမင်းငတ်။ ပရိသတ်ကအမြဲတမ်း စုတ်တသပ်သပ်နဲ့ကျန်ခဲ့ရတာ။ ဗိုလ်လုပွဲမှာ အိုလီဗာခန်းကြီးကိုကြည့်ပြီး သဘောတွေကျခဲ့သေးတာ။ ခြင်္သေ့ကြီးနဲ့တူလို့။ ဒါပေမယ့် ဒိုကြီးက ဦးစဖုတ်ကေနဲ့ လျှမ်းလျှမ်းတောက်တာကို သူ မခံနိုင်ခဲ့ဘူး။ အဲဒီတုန်းက ဒိုကြီးကေကို ဒီမှာတောင် တော်တော်များများလိုက်ညှပ်ကြသေးတယ်။ ရှေ့တလက်မနောက်ပြောင်ဆိုပြီးတော့ ခေါ်ခဲ့ကြသေးတာ။

၂၀၀၆ ကတော့ ကြည့်ခဲ့ဖူးသမျှ ကမ္ဘာ့ဖလားထဲမှာ အမ​ြဲတမ်းအမှတ်အရဆုံးပဲ။ အဲဒီနှစ်ကတော့ ပျော်ခဲ့ရတာပေါ့။ အီတလီဖလားရတယ်လေ။ ကင်နာဗာရိုးတို့ ကမ္ဘာ့အကောင်းဆုံးဆုပါရခဲ့တဲ့အထိပဲ။ ပြင်သစ်ကို ဗိုလ်လုပွဲမှာ ယူရိုရှုံးကြွေးပြန်ဆပ်ခဲ့တယ်။ ဗိုလ်လုပွဲကလည်း ဇီဒန်းရဲ့ မာတာရာဇီကို နာမည်ကျော်ခေါင်းတိုက်ချက်နဲ့ ပွဲစည်ခဲ့တာ။ ပင်နယ်တီအဆုံးအဖြတ်နဲ့ ပြင်သစ်ရှုံးတာ။ ဂရော့ဆိုရဲ့ နောက်ဆုံးပင်နယ်တီကန်ချက်က ရှကီယာရဲ့သီချင်းကို MTV ပြန်လုပ်တော့ စစချင်းပြတဲ့ မြင်ကွင်းဖြစ်လာတယ်။ ဇီဒန်းတို့ပြသနာမှာ ဘယ်သူမှန်တယ်မှားတယ်တော့မသိဘူး။ ဇီဒန်းအနီကတ်ထိသွားတော့ ဝမ်းသာတေ့တာပဲ။ အီတလီကိုဖလားရစေချင်တာကိုး။

၂၀၁၀ ကမ္ဘာ့ဖလားက ရှကီယာရဲ့ Waka Waka က တကမ္ဘာလုံးကို ပေါက်သွားတာ။ တောင်အာဖရိကကမ္ဘာ့ဖလားပေါ့။ ရှကီယာက ကိုလံဘီယာသူ၊ နာမည်ကြီးအဆိုတော်၊ ခန္ဓာကိုယ်ကလည်း အမိုက်စား၊ ကောက်ကြောင်းတွေကလည်း ရင်ဖိုစရာ။ ဒီသကောင့်သားတွေ ဘယ်ခံစားနိုင်မလဲ။ တရက်တရက် သူ့သီချင်းပဲဖွင့်ပြီး ထိုင်ထိုင်ကြည့်နေခဲ့ရတာ။

အမှန်အတိုင်းပြောရရင် အဲဒီနောက်ပိုင်း ကမ္ဘာ့ဖလားပွဲတွေက ပေါ့ပျက်ပျက်နိုင်တယ်လို့ ခံစားရပြီး စိတ်ထဲသိပ်စွဲမကျန်ခဲ့တော့ဘူး။ အပေါ်ကပြောခဲ့တဲ့ ၃ ကြိမ်ကတော့ မှတ်မှတ်ရရတွေအများကြီး ခေါင်းထဲကျန်ခဲ့တယ်။ ၂၀၁၀ ကစလို့ ၂၀၁၈ အထိကို မယ်မယ်ရရပြောစရာက သိပ်မရှိဘူးလို့ပဲ ဆိုရမယ်။ ဒီဘက်ရုပ်သံခေတ်ရောက်တော့မှ အဲဒီလိုတွေဖြစ်တာက ထူးဆန်းတယ်။ ပွဲတိုင်းကြည့်ခဲ့ရလို့လား၊ အလွယ်တကူကြည့်ရလို့လားတော့မသိဘူး။ ဟိုအရင် ခဲရာခဲဆစ်ကြည့်ရတဲ့ပွဲတွေကို ပိုလွမ်းမိတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာပြီဆိုရင်တော့ စိတ်ထဲမှာ တက်ကြွနေတုန်းပဲ။ ၄ နှစ်မှတခါကြည့်ရတာ၊ ဝါရင့်ကစားသမားတွေကို နောက်ဆုံးအကြိမ်တွေ့ရတာ၊ ဘယ်လူငယ်ကြယ်ပွင့်တွေခြေစွမ်းပြမလဲဆိုတာက စိတ်ဝင်စားစရာမဟုတ်လား။ ဟိုးအရင်က ပွဲတော်တွေလောာက် စိတ်ထဲမှာ နင့်နင့်နဲနဲမရှိတော့ပေမယ့် ကမ္ဘာ့ဖလားဆိုတဲ့အသံကြားတိုင်းတော့ မပျက်မကွက်ကြည့်ခဲ့ကြတာပါပဲ။

30/03/2022

ချီလီရော ကိုလမ်ဘီယာရော ကမ္ဘာ့ဖလား၀င်ခွင့်မရခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ ဆန်းချက်၊ဟားမတ်စ် ရိုဒရီဂွတ်တို့လို ကစားသမားတွေကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး 💔

[ESPN]

#မအလဠီးပဲ

21/03/2022

FT: ရီးရဲလ်မက်ဒရစ် ၀-၄ ဘာစီလိုနာ

အော်ဘာမီးယန်း ၂၉' ၅၁'
အာရူဟို ၃၈'
ဖာရန် တောရက်စ် ၄၇'

ဒုတိယပိုင်းကခြေစွမ်းဟာ ပထမပိုင်းကခြေစွမ်းနဲ့ယှဥ်လိုက်ရင် တော်တော်သိသိသာသာကွာဟသွားခဲ့ပြီး ပြိုင်ဘက်အသင်းကို ဂိုးပေါက်ချိန်းခြောက်မှု
တွေပိုမိုပြုလုပ်လာနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုကိုလည်း ပိုပြီးတော့ထိန်းထားနိုင်ခဲ့ပါတယ် ။

အော်ဘာမီးယန်းဟာ Hattrick ဖြစ်သွားနိုင်မဲ့အခွင့်အရေးတစ်ချို့ကိုရရှိခဲ့ပေမဲ့ အဆုံးသတ်မသေချာတာတွေ၊ တောရက်စ်ရဲ့ GK နဲ့ 1 vs 1 တွေ့တာကို ဝင်အောင်မသွင်းနိုင်ခဲ့တာတွေအပြင် ဒမ်ဘီလီရဲ့
အဆုံးသတ်မသေချာတာတွေကြောင့်သာ ၄ ဂိုးနဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ် ။

( တစ်ကယ်သာ အဆုံးသတ်တွေသေချာခဲ့ရင် ၇ ဂိုး ၈ ဂိုး လောက်အထိကို ပြတ်သွားနိုင်ပါတယ် )

ဘာပဲဖြစ်ဖြစ် ဒီညချမ်းလေးကတော့ အချိုပေါ်ကိုသကာဆင့်လောင်းလိုက်သလိုမျိုး အလွန်ချိုမြိန်ခဲ့တဲ့ညချမ်းလေးဖြစ်ပြီး ဘာစီလိုနာပြန်လာပြီဆိုတဲ့အကြောင်းကိုလည်း တစ်ကမ္ဘာလုံးကိုသက်သေပြနိုင်ခဲ့တဲ့ညလေးတစ်ညဖြစ်လာခဲ့ပြီလို့ဆိုရမှာပါ ။

THE XAVI BALL EFFECTS 😎🔥

Want your business to be the top-listed Gym/sports Facility?

Telephone

Website