COBRA Badminton Club

COBRA Badminton Club

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from COBRA Badminton Club, Sports Team, Yangon, .

02/06/2026

4.6.2026 မှ 8.6.2026 အထိ
အပျော်တမ်းကစားမည့် အချိန်ဇယားပါခင်ဗျာ။

Terms & Conditions များနှင့်
Billing System များကို Comment Boxတွင်
ကြည့်ရှုနိုင်ပါတယ်။

လူဦးရေ ကန့်သတ်ထားသောကြောင့်
လာရောက်ကစားမည့်နေ့ကို တစ်ရက်ကြိုတင်၍
စာရင်းပေးထားရန် လိုအပ်ပါတယ်ခင်ဗျာ❤️

Facebook - https://www.facebook.com/share/16sacXB7hg/

Viber Link - https://invite.viber.com/?g=vmmyHIJZDFVBwhKqyeOUzaT1-OhG9Z7Y

Telegram Link - https://t.me/+WXAadZkCroA2MTJl

Tiktok - https://www.tiktok.com/.badminton.c?_t=ZS-8yEiQShAcfX&_r=1

COBRA BADMINTON CLUB
📞PH - 09760244748, 09785097060
📍Court - THE ZAWANA (အမှတ်၃၁၊ဇဝနလမ်းနှင့်သီရိဧရာလမ်းထောင့်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။⁣⁣⁣⁣⁣⁣)

#ကြက်တောင်

01/06/2026

Racket ကျိုးသွားခဲ့ရင်
ဘာလို့ ကြိုးမဖြတ်သင့်တာလဲ ?
#ကြက်တောင်

01/06/2026

မိုးရာသီမှာ ကြက်တောင်ရိုက်ရင်း ကျန်းမာကြံ့ခိုင်ဖို့
အမိုက်စား Promotion ကြီး လာပါပြီ

မိုးရွာလို့ အပြင်မထွက်ချင်ဘူးဆိုပြီး အိမ်မှာပဲ ငြီးငွေ့နေတော့မှာလား။
အခုလို မိုးရာသီမှာ မိုးလုံလေလုံနဲ့ စိတ်ကြိုက်ကစားလို့ရမယ့်
ကြက်တောင်အားကစားနည်းကို စနစ်တကျ သင်ယူချင်သူများအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။

Cobra Badminton Club ကနေပြီးတော့ အထူးအစီအစဉ်အနေနဲ့
၃လ သင်တန်းတွေကို ထပ်မံဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သလို၊
စိတ်လှုပ်ရှားစရာ မိုးရာသီ Promotion တွေကိုပါ
စီစဉ်ပေးထားပါတယ်ခင်ဗျာ။

ဒီတစ်ခေါက်မှာတော့ ၃ လစာ တစ်ခါတည်း အပ်မယ့်သူတွေတင်မကဘဲ
တစ်လချင်း အပ်နှံလိုသူတွေအတွက်ပါ အခွင့်အရေးတွေ ရှိနေမှာပါ။

အသစ်တက်ရောက်မယ့် သင်တန်းသားများအတွက် အထူးခံစားခွင့်များ

🔴၃ လစာ သင်တန်းကြေး တစ်ခါတည်းပေးသွင်းသူများအတွက်
Cash Back ၁၀၀,၀၀၀ ကျပ် တိတိ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

🔴၁ လစာ သင်တန်းတက်ရောက်လိုသူများအတွက် -
သင်တန်းကြေးရဲ့ 5% Discount ကို အထူးခံစားခွင့် ပေးသွားမှာပါ။

🔴သင်တန်းသားဟောင်းများအတွက် သီးသန့်အစီအစဉ်
ကျွန်တော်တို့ ကလပ်မှာ အမြဲတမ်းအားပေးခဲ့ကြတဲ့
သင်တန်းသားဟောင်းတွေကိုလည်း မေ့မထားပါဘူး။
သင်တန်းသားဟောင်းများအနေနဲ့
အထက်ပါ မိုးရာသီ Promotion အပြင်၊
နောက်ထပ် ထပ်ဆောင်း 10% Discount ကိုပါ ရရှိဦးမှာ ဖြစ်ပါတယ်။

🔴အမြန်ဆုံး အပ်နှံဖို့ လိုအပ်မယ့်အကြောင်းရင်း
အခုပေးထားတဲ့ Promotion တွေကို
သင်တန်းသားဦးရေ အကန့်အသတ်နဲ့သာ စီစဉ်ထားတာ ဖြစ်လို့
အပ်နှံမှု နောက်ကျသွားပြီး အခွင့်အရေးတွေ ဆုံးရှုံးမသွားရအောင်
အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်။

🔴သင်တန်းအပ်နှံနိုင်မည့် နည်းလမ်းများ
သင်တန်းလာရောက်အပ်နှံလိုပါက အောက်ပါနည်းလမ်းများအတိုင်း
မိမိအဆင်ပြေရာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ် -

၁။ ကလပ်ရဲ့ page Messenger ကနေတစ်ဆင့်
စာရင်းပေးသွင်းခြင်း၊

၂။ ဖုန်းနံပါတ် 09760244748 သို့မဟုတ် 09785097060 သို့
တိုက်ရိုက်ဖုန်းဆက်ပြီး အပ်နှံခြင်း၊

၃။ သင်တန်းဖွင့်လှစ်ထားသည့် အချိန်များအတွင်း
ကလပ်သို့ လူကိုယ်တိုင်လာရောက်ပြီး စာရင်းပေးသွင်းအပ်နှံခြင်း။

ကြက်တောင်အားကစားကို စနစ်တကျနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူရင်း
ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
အခုပဲ အမြန်ဆုံး လာရောက်စုံစမ်း အပ်နှံလိုက်ပါ။
သင်တန်းမှာ ပြန်တွေ့ကြမယ်နော်။

30/05/2026

Happy moments ❤️❤️❤️

#ကြက်တောင်

Photos from COBRA Badminton Club's post 30/05/2026

🏆 တစ်ဦးချင်းစီရဲ့ ကြိုးစားမှုနဲ့ အပြုံးတွေက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါ 🏆

အားလုံးပဲ မင်္ဂလာပါဗျာ...

ပြိုင်ပွဲနေ့က ကွင်းထဲမှာ ရယ်လိုက် မောလိုက်၊ အောင်ပွဲခံ ပျော်ရွှင်လိုက်၊ အချင်းချင်း အားပေးလိုက်နဲ့ တကယ့်ကို အနှစ်သာရရှိတဲ့
နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

နိုင်တာ ရှုံးတာထက် ဝါသနာတူသူတွေ အားလုံး တူတူဆုံတွေ့ပြီး
ပျော်ပျော်ပါးပါးနဲ့ လက်ရည်ချင်း စမ်းခွင့်ရခဲ့တာက
အကြီးမားဆုံး အောင်မြင်မှုပါပဲ။ ❤️

ဒီလို အမှတ်တရတွေကို အတူတူ ဖန်တီးပေးခဲ့ကြတဲ့
Badminton မိသားစုဝင် အားလုံးနဲ့
တက်ကြွစွာ ပါဝင်ပေးခဲ့ကြတဲ့ ကစားသမားတစ်ဦးချင်းစီကို
အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ။

ပြိုင်ပွဲနေ့က ကစားသမားတွေရဲ့ လျပ်တပြတ် အခိုက်အတန့်တွေနဲ့
ချစ်စရာ ပုံရိပ်တွေကို စုစည်းပြီး တင်ပေးလိုက်တာမို့
မိမိပုံလေးတွေပါရင်လည်း Mention ခေါ်ပြီး
Share သွားလို့ရပါတယ်ခင်ဗျာ။ 🥰📸

နောက်ပွဲတွေမှာလည်း အခုလိုပဲ ပျော်ပျော်ပါးပါး ပြန်ဆုံကြမယ်နော်။ 👋🏸

Photos from COBRA Badminton Club's post 28/05/2026

🏆 အပြုံးတွေ၊ အောင်ပွဲတွေနဲ့အတူ
Cobra Badminton Club ရဲ့ ပြိုင်ပွဲပုံရိပ်များ 🏆

အားလုံးပဲ မင်္ဂလာပါဗျာ...
ဒီရက်ပိုင်းအတွင်း ကျင်းပပေးခဲ့တဲ့
"COBRA'S INTER-CLUB TOURNAMENT 2026"
ကြက်တောင်ရိုက်ပြိုင်ပွဲကြီးကတော့
အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။
"ရှုံးရင်တန်းပြန်" မဟုတ်ဘဲ
အုပ်စုပတ်လည် ဆွဲခေါ်ပေးခဲ့တာမို့
ကစားသမားတွေအားလုံးလည်း ချွေးတပြိတ်ပြိတ်နဲ့
အားရကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်!

ကွင်းထဲမှာ မောလိုက်၊ ရယ်လိုက်၊ လက်ရည်ချင်း စမ်းလိုက်နဲ့
တကယ်ကို ပျော်စရာကောင်းတဲ့
Badminton မိသားစု ဆုံဆည်းမှုကြီး ဖြစ်ခဲ့ရလို့
COBRA BADMINTON CLUB အနေနဲ့
အရမ်းကို ကြည်နူးရပါတယ်။

ကဲ... ဒါကတော့ ကျွန်တော်တို့ပြိုင်ပွဲမှာ
အစွမ်းကုန်ကြိုးစားပြီး ထိုက်ထိုက်တန်တန်နဲ့
ဆုဖလားတွေ ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ချန်ပီယံလေးတွေရဲ့ အောင်ပွဲခံ အမှတ်တရပုံရိပ်လေးပါ။
ဆုရရှိသွားတဲ့သူတွေအားလုံးကို Cobra မိသားစုကနေ
ထပ်ဆင့် ဂုဏ်ပြုလိုက်ပါတယ်ဗျာ။ 🥳🎉

ဆုမရခဲ့တဲ့ ဝါသနာအိုးတွေလည်း
စိတ်မကောင်းဖြစ်စရာ မလိုပါဘူးနော်။
နောက်လည်း ဒီလို ပျော်စရာပွဲစဉ်တွေ
ထပ်ပြီး စီစဉ်ပေးဦးမှာမို့ လက်ရည်တွေ ထပ်မြှင့်ပြီး
စောင့်နေကြပါဦး။

ပြိုင်ပွဲဖြစ်မြောက်အောင်
အဘက်ဘက်မှ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးကြပါသော
မိတ်ဆွေ၊ ညီအကို၊ မောင်နှမများနှင့်တကွ
တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့
ကစားသမားတစ်ဦးတစ်ယောက်ချင်းစီကို
အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
နောက်ပွဲတွေမှာလည်း အခုလိုပဲ ပျော်ပျော်ပါးပါး
ပြန်ဆုံကြမယ်နော်။
Cobra Badminton Club မှာ အမြဲ ကြိုဆိုနေပါတယ်! 🏸✨

28/05/2026

ဒုတိယအကြိမ် Inter Club Tournament ပွဲလေး စည်စည်ကားကားနဲ့ အဆင်ပြေပြေပြီးသွားခဲ့ပါပြီ🏆🏆🏆

အဘက်ဘက်ကနေ ကူညီပေးခဲ့ကြတဲ့ အကို/အမ များနဲ့မောင်လေး/ညီမလေးများကို ကျေးဇူးတင်ပါတယ်ရှင့်.....


28/05/2026

ကြက်တောင် ဝါသနာအိုးလေးတွေ အားလုံး Ready ပဲလားခင်ဗျာ...
အားလုံး မျှော်လင့်တောင်းဆိုနေကြတဲ့ ပြိုင်ပွဲလေး ဖြစ်မြောက်လာပြီဆိုတော့ ရင်ထဲမှာ တကယ်ကို စိတ်လှုပ်ရှားနေပါပြီ။ ရှုံးရင် တန်းပြန်ရမှာမျိုး မဟုတ်ဘဲ အုပ်စုပတ်လည် ပွဲစဉ်တွေနဲ့ အားရပါးရ ကစားခွင့်ရအောင် စီစဉ်ပေးထားတာမို့ ပွဲစကတည်းက အပီအပြင် အားထုတ်သွားမှာပါ။
ဒီပွဲလေးက Club မှာ အမြဲတမ်း ဆုံတွေ့ပြီး ကစားလေ့ရှိတဲ့ ကျွန်တော်တို့ Badminton မိသားစုဝင်တွေ အချင်းချင်း လက်ရည်ချင်းလည်း စမ်း၊ ပျော်ပျော်ပါးပါးနဲ့ အမှတ်တရတွေ ဖန်တီးမယ့် ပွဲလေးဆိုရင်လည်း မမှားပါဘူး။
နိုင်တာ ရှုံးတာထက် တူတူ ဆုံတွေ့ပြီး ပျော်ပျော်ပါးပါး ကစားကြဖို့က ပိုအရေးကြီးတာမို့ ကွင်းထဲမှာ အတူတူ ဆုံကြမယ်နော်။
အားလုံးပဲ အကောင်းဆုံး ကြိုးစားကြရအောင်။


#ကြက်တောင်

27/05/2026

⏱️ Match Schedule for
COBRA Inter-Club Tournament 2026 ⏱️

Cobra Badminton Club ရဲ့
အားကစားသမားများနှင့် ဝါသနာရှင်များ အားလုံးအတွက်
ပြိုင်ပွဲနေ့တွင် ကစားရမည့် Official Match Schedule
(ပွဲစဉ်အချိန်ဇယား) ထွက်ရှိလို့လာပါပြီဗျ! 🏸🔥

ကျွန်ုပ်တို့ Cobra Club အနေဖြင့်
ပြိုင်ပွဲဝင် အားကစားသမားများအားလုံး
ပွဲအစကနေ အဆုံးအထိ အကြာကြီး ထိုင်စောင့်ပြီး
ပျင်းနေရတာမျိုး၊ သွေးအေးသွားတာမျိုး
လုံးဝ(လုံးဝ) မရှိစေဘဲ တစ်ပွဲပြီးတစ်ပွဲ အင်တိုက်အားတိုက်
စဥ်ဆက်မပြတ် ကစားနိုင်အောင် ပွဲစဉ် Flow ကို
မိနစ်ပိုင်းအလိုက် သေသေချာချာ အကွက်ချ
စီစဉ်ပေးထားပါတယ်ဗျ။

ပြိုင်ပွဲစဉ်များ ကြန့်ကြာမှုမရှိဘဲ
သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း
ကွက်တိစတင်နိုင်ရန်အတွက် အလွန်အရေးကြီးသဖြင့် အားကစားသမားများအားလုံး
မနက် (၈:၀၀) နာရီအတိအရောက်
မပျက်မကွက် လာရောက်ပေးကြပါရန် အထူးလေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။ ⏱️⚠️

📌 ပြိုင်ပွဲဝင်များ သတိပြုရန် အချက်အလက်များ -

📍 နေရာ: Legacy Sports Arena
⏰ အချိန်: မနက် ၈:၀၀နာရီ အရောက်
(ပွဲစဉ်များကို ဇယားအတိုင်း ဆက်တိုက် ကစားသွားပါမည်)

🏸 မိမိတို့ ကစားရမည့်
Match နံပါတ်နှင့် အချိန်များကို
အောက်ပါဇယားတွင် အသေးစိတ် ကြိုတင်ဖတ်ရှု
စစ်ဆေးထားပေးကြပါဗျ။

အချင်းချင်း လက်ရည်စမ်းရင်း အားကစားစိတ်ဓာတ်အပြည့်နဲ့ ကွင်းထဲမှာ အပီအပြင် ကြိုးစားဆင်နွှဲလိုက်ကြရအောင်! 💪🏆
(မိမိတို့ ကစားရမည့် Match Schedule အပြည့်အစုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါပြီ)။ 👇

Photos from COBRA Badminton Club's post 27/05/2026

🏸 Fixtures for COBRA Inter-Club Tournament 2026 🏸

Cobra Badminton Club ရဲ့
အားကစားသမားများနှင့် ဝါသနာရှင်များ စောင့်မျှော်နေကြတဲ့ Inter-Club Tournament 2026 ရဲ့ Official ပွဲစဉ်ဇယား (Fixtures) များ ထွက်ရှိလို့လာပါပြီဗျ! 🔥

ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကစားရမည့် ပွဲစဉ်များနှင့် အမှတ်ပေးစနစ် စည်းကမ်းချက်များကို အောက်ပါအတိုင်း သေသေချာချာ ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📊 ပြိုင်ပွဲအမျိုးအစားအလိုက်
အမှတ်ပေးစနစ် (Scoring System)

၁။ Single (တစ်ဦးချင်းပြိုင်ပွဲ) - Level A & B

🏸 ပွဲစဉ်အားလုံးကို (၁၅) မှတ် ၃ ပွဲစနစ်
(Best of 3) ဖြင့် အနိုင်၊ အရှုံး ဆုံးဖြတ် ကစားသွားပါမည်။

၂။ Double (စုံတွဲပြိုင်ပွဲ)

🏸 အုပ်စုပတ်လည် (Group Stage) ပွဲစဉ်များ:
(၃၁) မှတ် တစ်ပွဲစနစ် ဖြင့် ကစားရပါမည်။

🏸 Round of 16 (ရှုံးထွက်အဆင့်) မှစတင်၍
ပွဲစဉ်အားလုံးကို (၁၅) မှတ် ၃ ပွဲစနစ် (Best of 3) ဖြင့် ပြောင်းလဲကစားသွားပါမည်။

🏆 အုပ်စုအဆင့် တက်လှမ်းခွင့် သတ်မှတ်ချက်
(Tie-Breaker Rules)

Double ပွဲစဉ်များ၏ အုပ်စုပတ်လည်တွင်
တစ်အုပ်စုလျှင် (၄) တွဲစီ ရှိပြီး
အုပ်စုပထမနှင့် ဒုတိယအသင်းများသာ
နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိပါမည်။

အုပ်စုတွင်း နိုင်ပွဲအများဆုံးအသင်းများကို
ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး၊ နိုင်ပွဲများ တူညီနေပါက
အငြင်းပွားမှုမရှိစေရန် အောက်ပါအတိုင်း
(BWF Standard) အဆင့်ဆင့် စနစ်တကျ တွက်ချက်၍
အနိုင်၊ အရှုံး သတ်မှတ်ပေးသွားပါမည် -

Head-to-Head
(နိုင်ပွဲတူအသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံစဉ်က
နိုင်ခဲ့သည့်အသင်း)

Game Difference
(ရရှိခဲ့သော Game အမှတ် ကွာခြားချက်)

Point Difference
(ရရှိခဲ့သော ရမှတ်စုစုပေါင်း ကွာခြားချက်)

💪 ပြိုင်ပွဲဝင် အားကစားသမားများအားလုံး
မိမိတို့၏ အစွမ်းကုန် လက်ရည်ပြသနိုင်ပြီး
အောင်မြင်မှုများ ရရှိကြပါစေကြောင်း
Cobra Badminton Club မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်ဗျ။

အသေးစိတ်ပွဲစဉ်ဇယားကွက် (Bracket) များကို ပုံနှင့်တကွ အောက်တွင် ကြည့်ရှုနိုင်ပါပြီ!👇

Want your business to be the top-listed Gym/sports Facility?

Telephone

Website