YU Biology FC

  • Home
  • YU Biology FC

YU Biology FC Biology football team
University of Yangon

ကျေးဇူးတင်လွှာ....ယမန်​နေ့က ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် ဘာသာရပ်​ပေါင်းစုံ ​ဘောလုံးပြိုင်ပွ...
27/01/2020

ကျေးဇူးတင်လွှာ....

ယမန်​နေ့က ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် ဘာသာရပ်​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲတွင် Biology ​ဘောလုံးအသင်းသည် Final ပွဲစဥ်တွင် ဘူမိ​ဗေဒ အသင်းအား အ​ရေးနိမ့်ခဲ့ပြီး ဒုတိယ ​ငွေတံဆိပ်ဆုဖြင့်သာ ​ကျေနပ်ခဲ့ရပါသည်။ သို့​သော် ယခု ​ဆွတ်ခူးခဲ့​သော ဒုတိယဆုသည် အသင်းတမိုင်းတ​လျှောက် အ​အောင်မြင်ဆုံး အရာတခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး သမိုင်းသစ်အား ဂုဏ်ယူစွာဖြင့် ​ရေးထိုးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ အသင်းအား အဘက်ဘက်မှ ​ကူညီအား​ပေးခဲ့ပါ​သော
ရန်ကုန်တက္ကသိုလ် သတ္တ​ဗေဒဌာန ပါ​မောက္ခ၊ဌာနမှူး ဆရာမကြီး ​ဒေါက်တာ သီတာ​လေးသွယ် နှင့် ရုက္ခ​ဗေဒ ပါ​မောက္ခ၊ဌာနမှူး ဆရာကြီး ​ဒေါက်တာ​အေး​ဖေ။

သတ္တ​ဗေဒဌာန အားကစား တာဝန်ခံ ​ဆရာဒေါက်တာ မြတ်လွင်​ထွေး (ကထိက)နှင့် ​ဒေါက်တာ ​ဆရာဇော်မျိုးထွန်း။

ရန်ကုန်တက္ကသိုလ် သတ္တ​ဗေဒနှင့် ရုက္ခ​ဓဗဒ ဌာနတို့မှ ဆရာ၊ဆရာမများ။
နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီများ​ပေးခဲ့ပါ​သော ယခင် နည်းပြ​ဟောင်း ​ဆရာ​လေး ​ဒေါက်တာ ဟိန်းထက်လွင် (ခ)ငှက်မြန်​လေူ (ကထိက၊ သတ္တ​​ဗေဒ ဌာန၊ မန္တ​လေး အ​ဝေးသင် တက္ကသိုလ်)။

အသင်းအတွက် ​လိုအပ်​သော Jersey၊ Warm up Suit၊ Training Kit၊ Polo Shirt ၊​ရေသန့်၊​ဆေးဝါး နှင့် အားဖြည့်ဓါတ်စာ များအတွက် အစစအရာ ကူညီ ပံ့ပိုး​ပေးခဲ့ပါ​သော

​ဒေါက်တာမဥ္ဇူမင်း (ဒုတိယ၊ပါ​မောက္ခချုပ်၊ မန္တ​လေး တက္ကသိုလ်)
​ဒေါက်တာ​​ကျော်​ဇေမိုး (တွဲဖက်​ပါ​မောက္ခ၊ ရုက္ခ​ဗေဒ ဌာန၊ မြိတ်တက္ကသိုလ်)
ရန်ကုန်တက္ကသိုလ် သတ္တ​ဗေဒ၊ရုက္ခ​ဗေဒ၊အဏုဇီဝ​ဗေဒ နှင့် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်မှ ​ကျောင်းသား ​ကျောင်းသူများ
ကို​နေထွန်းလင်း (ဒုတိယနှစ် ဂုဏ်ထူးတန် သတ္တ​ဗေဒ)
ကိုသီဟနိုင် (ပထမနှစ် ဂုဏ်ထူးတန်း အဏုဇီဝ​ဗေဒ)
ကိုကြယ်စင်ယံ (ပထမနှစ် အဏုဇီ​ဝ​ဗေဒ)
ကိုဟိန်းထက်နိုင်​ဇော် (ဒုတိယနှစ် ရုက္ခ​ဗေဒ)
​
အသင်းအား ဦး​ဆောင်၍ အဓိက​မောင်းနှင်​ပေး​သော ဆရာ ဦးခွန်​အောင်နိုင်ဦး (လ/ထ ကထိက သတ္တ​ဗေဒ)နှင့် အစစအရာရာ ကူညီ​ပေး​​သော ဇနီး ​ဒေါ်ခင်စန္ဒါဝင်း (အင်္ဂလိပ်စာဌာန)

အသင်းပြိုင်ပွဲဝင်ချိန်မှ ပြီးဆုံးချိန်အထိ အပင်ပန်းခံ ​ဆောင်ရွက်​ပေးခဲ့ကြ​သော နည်းပြများ ဖြစ်ကြသည့် ကိုဟန်မင်းဗဏ် (စတုတ္ထနှစ်၊သတ္တ​ဗေဒ) ကိုပြည့်ဖြိုး​အောင် (ပထမနှစ် မဟာသိပ္ပံ သတ္တ​ဗေဒ)နှင့် ရုက္ခ​ဗေဒ တတိယနှစ် ဂုဏ်ထူးတန်းမှ မသီရိနန္ဒါ​အောင်။

အသင်းအတွက် ကြည်လင်ပြသား​သော ဓါတ်ပုံများအား ​မေတ္တာဖြင့် ရိုက်ကူး​ပေး​သော ကိုစွမ်း​ဆောင်နိုင် (ဒုတိယနှစ်၊ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်)။

အသင်းအား သံ​​ယောဇဥ်ကြီးစွာဖြင့် ကိုယ်တိုင်​သော်လည်း​ကောင်း နယ်​ဝေးမှ​သော်လည်း​ကောင်း အား​ပေးကြသည့် ဂန္တဝင် ကစားသမားကြီးများဖြစ်ကြ​သော ကိုမြတ်ထက်ဟိန်း၊ကို​ဇေယျာလင်းထက်၊ကိုသူရလင်းထက်၊ကိုထိန်လင်း​အောင်၊ကိုဆလိုင်းမင်း​​မော်​ကောင်း တို့အား လည်း​ကောင်း
အသင်း၏ ပွဲစဥ်တိုင်းလာ​ရောက်အား​ပေးကြ​သော Biology Family မှ ညီအကို​မောင်နှမ ပရိတ်သတ်များ ​ကျေးဇူး တင်ထိုက်သူ အားလုံးအား ​ကျေးဇူးအထူး တင်ရှိပါ​သည်။

.

ယမန်​နေ့က ယှဥ်ပြိုင်ကစားခဲ့သည် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် ဘာသာရပ်​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှ အမှ...
27/01/2020

ယမန်​နေ့က ယှဥ်ပြိုင်ကစားခဲ့သည် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် ဘာသာရပ်​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှ အမှတ်တရ ပုံရိပ်များ....

Geology 7-1 Biology

Hein Htet Naing Zaw ⚽️

Photo Swan Saung Naing (S2 N Zone)


.

အရင် နည်းပြ ငှက်မြန်​လေးက စိတ်​ကောက်တတ်​တယ်အခု နည်းပြ Van က _င်နှိုက်တယ်သူတို့၂​ယောက်​ပေါင်း ၅နှစ်တာ ကိုင်တွယ်လိုက်တာအခု...
26/01/2020

အရင် နည်းပြ ငှက်မြန်​လေးက စိတ်​ကောက်တတ်​တယ်
အခု နည်းပြ Van က _င်နှိုက်တယ်

သူတို့၂​ယောက်​ပေါင်း ၅နှစ်တာ ကိုင်တွယ်လိုက်တာ
အခု​​တော့ Biology တသင်းလုံး စိတ်​ကောက်လိုက် _င်နှိုက်ကြလိုက်နဲ့

.
🤣

The FinaleGeology 7-1 BiologyHein Htet Naing Zaw ⚽️Sry guys.... ရှိသမျှ အင်အားနဲ့ အတတ်နိုင်ဆုံး ခုခံ ကြိုးစားခဲ့​ပေမယ့်လ...
26/01/2020

The Finale

Geology 7-1 Biology
Hein Htet Naing Zaw ⚽️

Sry guys.... ရှိသမျှ အင်အားနဲ့ အတတ်နိုင်ဆုံး ခုခံ ကြိုးစားခဲ့​ပေမယ့်လည်း Geology အသင်းရဲ့ တိုက်စစ်ကို မဟန့်တား နိုင်ခဲ့ပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်...။

Congratulation to Geology Team...

လာ​ရောက်အား​ပေးကြတဲ့ ပရိတ်သတ်များကို ​ကျေးဇူးအထူး တင်ရှိပါတယ်။


The Finale...Biology vs GeologyJan 26 2020 (Sunday)- 3pmThahton Stadium
25/01/2020

The Finale...

Biology vs Geology
Jan 26 2020 (Sunday)- 3pm
Thahton Stadium

passing playing style ကို ကောင်းကောင်းမသိတဲ့ …တနှစ်မှ boy 10ယောက်ကျော်လောက်ဝင်တဲ့မေဂျာမှာ ဘောလုံးအတွက်စိတ်ပါလက်ပါ ရူးသွပ...
25/01/2020

passing playing style ကို ကောင်းကောင်းမသိတဲ့ …တနှစ်မှ boy 10ယောက်ကျော်
လောက်ဝင်တဲ့မေဂျာမှာ ဘောလုံးအတွက်စိတ်ပါလက်ပါ ရူးသွပ်တဲ့ကလေး10ယောက်ကျော်လောက်နဲ့အတွေ့အကြုံရှိဖူးတဲ့ အကိုတွေစုဖွဲ့ရင်းး
သူများအသင်းတွေ training မစခင်ထဲက 1လကျော်ကြာ train ပေးခဲ့လို့ဒီအဆင့်ထိရောက်လာတယ်လို့ ယုံကြည်တယ် …
ကိုလဲ ကျွမ်းကျင်အဆင့်မဟုတ်ပေမယ့် ကြုံဖူးတဲ့အတွေ့ကြုံတွေမျှဝေရင်း…သိသလောက်သင်ပေးခဲ့တယ် … အသင်းမှာ ပါရဂူကျောင်းသား ကို့ဆရာ ဝါရင့် ဆရာခွန်ကိုလေးစားသမှုနဲ့ အသင်းကို training ပိုင်းလောက်သာ ဆရာမအားတဲ့အချိန်တွေဖြည့်စည်းရင် ကစားကွက်ပိုင်းကို မစွက်ဖက်ခဲ့ဘူး… ကလေးတွေရဲ့ဆူခံဆဲခံပြောဆိုခံပီး စည်းစည်းလုံးလုံးနဲ့ ကို့အပေါ်သည်းခံပေးခဲ့တာကိုလဲ တော်တော်လေးကျေးဇူးတင်မိတယ် … ဒါကြောင့်လဲ နွဲ့တဲ့တဲ့ လူကောင်သေးသေး အသင်းလေးက final ထိရောက်လာတာပေါ့… ကလေးတွေမူးတော့ပြောတဲ့စကားကိုကြားတော့ စိတ်မကောင်းဘူး… ကိုစံသာ အရင်နှစ်တွေဒီနှစ်လိုတွဲခေါ်ခဲ့ရင် ကျွန်တော်တို့ဒီထက်ပိုသိလာမှာတဲ့ ကိုစံကိုအမြဲအမြင်ကတ်ခဲ့ကြတာတဲ့ … တဂယ်လဲ ကိုအရင်နှစ်တွေက စိတ်မပါခဲ့ဘူး… ကလေးတွေကိုမတူသလိုမတန်သလို ချေခဲ့တော့ အသင်းက ဗျောက်သောက်… ဒီနှစ်တော့ ကို့အမှားကိုပြင်နိုင်ခဲ့လို့ဒီအဆင့်ထိရောက်နိုင်ခဲ့ပီ…
ဘာပဲဖြစ်ဖြစ် မနက်ဖြန် FINAL မှာရှုံးလဲအားမလျော့ပါနဲ့ နိုင်လဲဂုဏ်ယူလိုက်ပါညီတို့… မင်းတို့ရဲ့ သည်းခံမှု စည်းလုံးမှု ငါဆဲဆိုတာ နားလည်ပေးမှု ဆရာခွန်ရဲ့ စကားနားထောင်ခြင်းတွေကြောင့် မင်းတို့နဲ့ထိုက်တန်တာရတာလို့ မှတ်ယူလိုက်ပါ… အားကစားကို စိတ်ပါဝင်စားတဲ့ ယောက်ကျားလေးတွေရှားလာတဲ့ မျိုးဆက်ပြတ်လာတဲ့ ဒီမေဂျာလေးမှာ မင်းတို့လိုညီငယ်တွေရှိတာ ဂုဏ်ယူလျက်ပါ…
Final ကို နိုင်အောင်ကန်ပီး သမိုင်းတွင်အောင်လုပ်ပေးကြမယ်လို့ကိုစံယုံကြည်တယ် … Fighting ညီလေးတို့…

Crd

နှစ် ၁၀၀ ရာပြည့် တက္ကသိုလ်ရဲ့ သမိုင်းတ​လျှောက် အ​ကောင်းဆုံးနဲ့ အမှတ်ရဆုံး  ဖြစ်လာမယ့် ဗိုလ်လုပွဲ....။University of Yango...
25/01/2020

နှစ် ၁၀၀ ရာပြည့် တက္ကသိုလ်ရဲ့ သမိုင်းတ​လျှောက် အ​ကောင်းဆုံးနဲ့ အမှတ်ရဆုံး ဖြစ်လာမယ့် ဗိုလ်လုပွဲ....။

University of Yangon Football Tournament

The Finale

Biology vs Geology

26 January 2020/Sunday
3:00 pm
Thahton Stadium

အချို့​သော အသင်း​တွေဟာ ဂန္တဝင်နည်းပြ​တွေ အနားယူ​သွားချိန် သူ့တို့တပပည့်​တွေ ဆက်လက်ကိုင်​တွေရာမှာ​တော့ အသင်းဟာ တည်ငြိမ်မှုမရှိ​တော့ ပဲ က​မောက်ကမ​တွေ ဖြစ်တတ်လျက်ရှိပါတယ်။

ဒါ​ပေမယ့် Biology အသင်းရဲ့ Geology အသင်းတို့ရဲ့ လက်ရှိ ဦး​ဆောင် ပဲ့ကိုင်ရှင် လူငယ် နည်းပြ​တွေဖြစ်တဲ့ Van နဲ့ ငြိမ်းချမ်းလှဝင်းတို့ဟာ ဆရာဖြစ်သူ​တွေ ယုံကြည်စွာထားခဲ့တဲ့ အသင်းကို အ​ကောင်းဆုံး ဖြစ်​အောင် လုပ်ပြထား နိုင်​နေဆဲ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ​​ဘောလုံးဝါသနာရှင် ကိုယ့်တပည့်​ကျော်​တွေကို ယုံကြည်စွာထားခဲ့ပြီး သက်ဆိုင်ရာ တက္ကသိုလ်​တွေမှာ တာဝန်ထမ်း​ဆောင်​နေကြတဲ့ ဆရာ ​ဒေါက်တာသက်မျိုး​​ဇော် ​ခေါ် ဆရာသက်
(တွဲဖက် ပါ​မောက္ခ၊ ဘူမိ​ဗေဒ ဌာန၊ ပြည်တက္ကသိုလ်)နဲ့ ဆရာ
​ဒေါက်တာဟိန်းထက်လွင် ​ခေါ် ဆရာ​လေး (ကထိက ၊ သတ္တ​ဗေဒဌာန၊ မန္တ​လေးအ​ဝေးသင် တက္ကသိုလ်) တို့ရဲ့ တပည့်​ကျော်​တွေဟာ သူတို့ လက်ကတည်းက ရှိခဲ့တဲ့ အ​ကောင်းဆုံး ဆိုတဲ့ စံနှုန်း တခုကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

ဒါ​အပြင် တချိန်က ရန်ကုန်တက္ကသိုလ် ​​ဘောလုံးအသင်း ရဲ့ အ​ရေးပါခဲ့တဲ့ နည်းပြ အဖွဲ့ဝင် trio အတွဲဖြစ်တဲ့ ​ဆရာသက်- ဆရာ​လေး-Van တို့ကို ရန်ကုန်တက္ကသိုလ်ရဲ့ အိမ်ကွင်း သထုံကွင်းရဲ့ မြက်ခင်း စိမ်း​တွေ​ပေါ်မှာ ပြန်လည် မြင်​တွေ့ရမှာပဲဖြစ်ပါတယ်။



အားလုံးရဲ့ အ​မေ့ခံ အညတရ သူရဲ​ကောင်းတဦးအသင်းတိုင်းမှာ ​ခြေစွမ်းပြတဲ့ ကစားသမား​တွေ ပါရမီရှိတဲ့ လူငယ်​တွေ နည်းပြ​ကောင်း​တွ...
24/01/2020

အားလုံးရဲ့ အ​မေ့ခံ အညတရ သူရဲ​ကောင်းတဦး

အသင်းတိုင်းမှာ ​ခြေစွမ်းပြတဲ့ ကစားသမား​တွေ ပါရမီရှိတဲ့ လူငယ်​တွေ နည်းပြ​ကောင်း​တွေကို ချီးကျူး ကြ​လေ့ ရှိ​ပေမယ့် နည်းပြအဖွဲ့ဝင်​တွေကို ​မေ့​နေတတ်ကြပါတယ်။ ဒါဟာ ​ဘောလုံး​လောကမှာ ဖြစ်​နေကြအရာ တခုပဲမို့ သိပ်ပြီး အထူးအဆန်း​တော့ မဟုတ်ပါဘူး။

ဖာဂူဆန်ရဲ့ နည်းပြ အဖွဲ့ဝင် ကားလို့စ် ကွိ​​ရော့စ် ​မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင် ရူအီ ဖာရီရာတို့ဟာ အသင်းအတွက် တကယ်ကို အကျိုးပြုတဲ့ စံနမူနာထား​လောက်တဲ့ နည်းပြ အဖွဲ့ဝင်​တွေလည်း ဖြစ်ပါတယ်။

ကျ​နော်တို့ရဲ့ အသင်းမှာလည်း ဒီလို နည်းပြတ​ယောက်ရှိ​နေပါတယ်။ သူက​တော့ ​ကျောက်မဲသားကြီး ကိုပြည့်ဖြိုး​အောင်ပါ..။

၂၀၁၅ ခုနှစ်ကတည်းက Biology အသင်းမှာ စတင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ​တော့ ကစားသမား ဘဝက​နေ အနားယူခဲ့ပါတယ်။ အသင်းရဲ့ အနိမ့်အမြင့် အတက်အကျ အ​ခြေအ​နေ​တွေမှာ အသင်းသား​တွေနဲ့ ၆နှစ်တာ အတူတူ ရုန်းကန်​ပေးခဲ့သူ တဦးလည်းဖြစ်ပါတယ်။

ကစားသမားဘဝက အနားယူပြီး အချိန်မှာလည်း နည်းပြအဖွဲ့ဝင် တဦးအဖြစ် ဆက်လက် တာဝန်ယူခဲ့တာ​ကြောင့် လက်ရှိနည်းပြ Van အတွက် များစွာ အကူအညီ အ​ထောက်အပံ့ဖြစ်ခဲ့ပါတယ်။

ဒီနှစ် အသင်းရဲ့ပွဲစဥ်တ​လျှောက်မှာလည်း နည်းပြ Van နဲ့ အတူ ​နောက်ကွယ်က​နေ အ​ကောင်းဆုံး ​မောင်နှင်နိုင်ခဲ့ပြီး အသင်း final တက်​ရောက်​ရာမှာ များစွာ အ​ရေးပါခဲ့သူ တဦးလည်း ဖြစ်ပါတယ်။


.

Address


Website

Alerts

Be the first to know and let us send you an email when YU Biology FC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed gym/sports facility?

Share