Free Acc Free unit များ မဲဖောက်ပေးတဲ့အပြင်နာမည်ကြီး Tips များ Free တင်ပေးမည့် Tele gp link 👇
https://t.me/freetipschannel1
1xbet Myanmar
City - Dedaye
Street - Myat To Ward
Promo Code - KM2580
Viber - 09673539920 တစ်လုံးတည်းသုံးပါသည်
Telegram Ch - https://t.me/freetipschannel1
12/03/2025
ဖလား ၃ လုံးအိပ်မက် ပျက်ပြယ်ခဲ့ရတဲ့ လီဗာပူး
ပီအက်စ်ဂျီကို ရှုံးပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက် အဆုံးသတ်သွားတယ်။ အဝေးကွင်းတုန်းကတောင် အနိုင်ရထားတာကို အိမ်ကွင်းမှာ ရှုံးပြခဲ့တာ အံ့ဩစရာပဲ။ ဒါပေမဲ့ နှစ်ကျော့ပေါင်းစွမ်းဆောင်ရည်ကို ကြည့်ရင်တော့ ချန်ပီယံလိဂ်က လီဗာပူး ထွက်ခဲ့ရတာ အံ့ဩစရာမရှိပါဘူး။
အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ရှုံးခဲ့ရပေမယ့် လီဗာပူး ကစားတာ မညံ့ပါဘူး။ ပထမအကျော့ကထက် သာတယ်။ ဂိုးကန်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးတိုင်ထိတာ ၁ ကြိမ်အပါအဝင် ဂိုးကံခေတာတွေ ရှိခဲ့တယ်။ ပီအက်စ်ဂျီခံစစ်နဲ့ဂိုးသမားရဲ့ ကာကွယ်မှုတွေ ကောင်းခဲ့တာလည်း ထည့်ပြောရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးအနေနဲ့အိမ်ကွင်းမှာ အနိမ့်ဆုံးတော့ သရေကစားနိုင်သင့်ပါတယ်။ ပွဲအစပိုင်းကတည်းက ဂိုးပေးထားရတာကို ပြန်မချေပနိုင်ဘူး။ မိနစ် ၉၀ အတွင်း လီဗာပူး ကောင်းခဲ့ပေမယ့် အချိန်ပိုရောက်တော့ ပီအက်စ်ဂျီက ပိုကောင်းခဲ့တာ ငြင်းလို့မရဘူး။
အချိန်ပိုရောက်တဲ့အထိ လီဗာပူး ချေပဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့အခါ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာ သူရဲကောင်းဖြစ်သွားတယ်။ နူးနက်ဇ်နဲ့ကာတစ်ဂျုံးစ်တို့ရဲ့ကန်ချက်တွေကို သူ ကာကွယ်နိုင်ခဲ့တယ်။ ပထမအကျော့တုန်းက လက်စွမ်းပြခဲ့တဲ့ အယ်လီဆင် ပင်နယ်တီတစ်လုံးမှ မကာကွယ်နိုင်ဘူး။
အခုတော့ လီဗာပူးရဲ့ ဖလား ၃ လုံးမျှော်လင့်ချက် ဇာတ်သိမ်းသွားပါပြီ။ ရာသီဝက်ကျော်ကာလတုန်းက လီဗာပူးမှာ ဖလား ၄ လုံး အိပ်မက်ရှိခဲ့တယ်။ နောက်တော့ ပလိုင်မောက်ကို ရှုံးပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရတော့ ဖလား ၃ လုံးပဲ ကျန်တယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြန်ပြီဆိုတော့ ဖလား ၂ လုံးပဲ မျှော်လင့်စရာ ကျန်တော့တယ်။
Crd Ygn-တုံချွမ်
10/03/2025
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ် ၁၀ ပွဲ
'' ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ် ၁၀ ပွဲ ကျန်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကျွန်တော်တို့ နိုင်ပွဲတွေ ရယူနိုင်ဖို့လိုတယ်။ လက်ကျန် ၁၀ ပွဲက ဗိုလ်လုပွဲတွေပဲ။ ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ်။ ဒီအတိုင်းတော့ နိုင်ပွဲက မိုးပေါ်က ကျမလာဘူး ''
နော်တင်ဟမ်ဖောရက်စ်ကို ရှုံးပြီးတဲ့နောက် ဂွါဒီယိုလာက မန်စီးတီးကစားသမားတွေကို သတိပေးခဲ့တာပါ။ မန်စီးတီးဟာ နော်တင်ဟမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီရှုံးပွဲ ၉ ပွဲ ရှိသွားရတယ်။ မန်စီးတီးကို ဂွါဒီယိုလာ တာဝန်ယူပြီးတဲ့နောက် အဆိုးရွားဆုံးမှတ်တမ်းပဲ။
ဂိုးသမားအီဒါဆင်ရဲ့ အားနည်းချက်က မန်စီးတီးကို ရှုံးပွဲတွေ့သွားစေခဲ့တယ်။ မန်စီးတီးတိုက်စစ်ကလည်း ဂိုးရခွင့်တွေ ရှိခဲ့ပေမယ့် အဆုံးသတ်အားနည်းတာ၊ ဂိုးကံခေတာတွေရှိခဲ့တယ်။ နော်တင်ဟမ်ကို ရှုံးခဲ့တဲ့အတွက် မန်စီးတီးရဲ့လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးကလည်း စိုးရိမ်စရာ ဖြစ်သွားတယ်။
မန်စီးတီးဟာ အဆင့် ၄ မှာတော့ ရပ်တည်နေနိုင်သေးတယ်။ ဒါပေမဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့ မသေချာဘူး။ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဗီလာ၊ နယူးကာဆယ်၊ ဘုန်းမောက်တို့က မန်စီးတီးရဲ့နေရာကို လုယူသွားနိုင်တယ်။ အမှတ်တွေက ဘယ်လောက်မှ မကွာကြဘူး။
ဒါကြောင့်လည်း ဂွါဒီယိုလာက လက်ကျန်ပွဲတွေဟာ ဗိုလ်လုပွဲတွေလိုပဲလို့ တပ်လှန့်နှိုးဆော်ခဲ့တာပါ။ မန်စီးတီးဟာ ၂၀၁၀ ကစလို့ နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာပါ။ ဒီရာသီအဆုံးမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အများကြီးထိခိုက်နစ်နာသွားမယ်။
အခုအချိန်မှာ ဘာကိုမှ အတိအကျပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးအနေနဲ့ဒီအတိုင်းပဲ ဖြစ်နေရင် ချန်ပီယံလိဂ်ဝင်ခွင့် လက်လွတ်သွားရနိုင်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်ရင် လက်ကျန်ပွဲတွေမှာ ဒီထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ဖို့လိုပါလိမ့်မယ်။
Crd ~ Ygn-တုံချွမ်
မော_င်း/ဘော်_ဒီ ဝါသနာရှင် တိုင်း join ထားသင့်တဲ့ နာမည်ကြီး Tips များ Free တင်ပေးမည့် Tele link 👇
https://t.me/freetipschannel1
08/03/2025
အာတီတာလို အချိန်ရချင်တာလား
မန်ယူအသင်းကို တာဝန်ယူရတဲ့အခါ အာဆင်နယ်မှာ အာတီတာ အချိန်ရခဲ့သလိုမျိုး သူရမယ်မထင်ဘူးလို့ အမ်မော်ရင်က ဝန်ခံစကားဆိုလာတယ်။ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် အမ်မော်ရင်က အာတီတာရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးရင်း သူ့ အနာဂတ် မသေချာဘူးလို့ ဖွင့်ဟလိုက်တာပါ။
အာဆင်နယ်ဟာ အာတီတာရဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၈ နေရာပဲ ရခဲ့တယ်။ နောက်ရာသီမှာလည်း အဆင့် ၈ ပဲ။ အာဆင်နယ်အနေနဲ့ချန်ပီယံဆုကို မျှော်လင့်နိုင်ဖို့ဝေးလို့၊ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့ဘူး။ ၃ ရာသီမြောက်ကျတော့မှပဲ အာတီတာဟာ အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရစေခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ပုံမှန်ကစားခွင့်ရတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တကယ်ကြီးမျှော်လင့်လာနိုင်တယ်။ ၂ ရာသီဆက်တိုက် ထိပ်ဆုံးက အမှတ်ပြတ်ဦးဆောင်နိုင်ခဲ့ပြီး ရာသီသိမ်းချိန် အဖျားရှုးသွားတာကြောင့်သာ ဒုတိယဆုတွေနဲ့ကျေနပ်ခဲ့ရတာပါ။
အမ်မော်ရင်ကတော့ စပို့တင်းမှာတုန်းက အဟုတ်သား။ မန်ယူရောက်တော့မှ ဒုက္ခရောက်ရတော့တာပဲ။ မန်ယူအသင်းသမိုင်းနဲ့ချီပြီးပြောရမယ့် အဆိုးဆုံးရလဒ်တွေ၊ အဆိုးဆုံးမှတ်တမ်းတွေ ရကုန်တယ်။ ဒါကြောင့်လည်း အမ်မော်ရင်က မန်ယူမှာ သူ ကြာရှည်ခံမယ်မထင်ဘူးလို့ ပြောခဲ့တာဖြစ်မယ်။
အမ်မော်ရင်က အာတီတာ အချိန်ရခဲ့တာကိုပဲ ပြောသွားတယ်။ အာတီတာဟာ ပထမဆုံးရာသီမှာ အက်ဖ်အေဖလား ရခဲ့တာကို ထည့်မပြောဘူး။ တကယ်လို့ သူသာ မန်ယူနဲ့ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ဖလား ယူပေးနိုင်ခဲ့ရင် အာတီတာလိုမျိုး အသင်းကို အချိန်ယူတည်ဆောက်ခွင့် ရသွားနိုင်တယ်။
ဒီတော့ အမ်မော်ရင်အနေနဲ့လုပ်စရာတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ဒီရာသီမှာ မျှော်လင့်လို့ရနေသေးတဲ့ ယူရိုပါလိဂ်ဖလားကို အရယူပြနိုင်ဖို့ပဲ။
Crd Ygn-တုံချွမ်
06/02/2025
ကျွန်တော်ကသာ Goat အစစ်
ရော်နယ်ဒို သူ့ကိုယ်သူယုံကြည်ချက်လွန်ကဲချက်က ပက်စက်တယ်။ သူကသာ ဘောလုံးသမိုင်းရဲ့ထာဝရအကောင်းဆုံးကစားသမားလို့ ရော်နယ်ဒိုက ကြုံးဝါးလိုက်တယ်။ စပိန်ရုပ်သံ El Chiringuito နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ အဲဒီလို ပြောခဲ့တာပါ။
'' ကျွန်တော်ကသာ ရှိခဲ့သမျှ ဘောလုံးသမားတွေထဲမှာ ပြီးပြည့်စုံမှုအရှိဆုံးပါ။ လူတွေက မက်ဆီ၊ မာရာဒိုနာ၊ ပီလီတို့ကို ကြိုက်ရင်ကြိုက်လိမ့်မယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောမယ်။ ကျွန်တော်ကသာ ပြီးပြည့်စုံမှုအရှိဆုံး ဘောလုံးသမားပါ''
'' ကျွန်တော်ကသာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားပါ။ ဘောလုံးသမိုင်းမှာ ကျွန်တော့်ထက်ပိုကောင်းတဲ့သူကို ကျွန်တော် မမြင်မိဘူး။ ကျွန်တော့်ရဲ့နှလုံးသားနဲ့ရင်းပြီး အမှန်အတိုင်းပြောတာပါ။ ကျွန်တော်က ဘောလုံးလောကမှာ အရာရာကို လုပ်နိုင်တယ် ''
'' ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံးက ဘယ်သူလဲ။ ကျွန်တော်က ခေါင်းတိုက်နိုင်တယ်၊ ဘယ်ခြေကန်နိုင်တယ်။ ပင်နယ်တီ၊ ဖရီးကစ်တွေ ကန်နိုင်တယ်။ ကျွန်တော်က မြန်တယ်။ ကျွန်တော်က သန်မာတယ်။ ကျွန်တော်က ဘယ်ခြေနဲ့ဂိုးသွင်းအများဆုံး ၁၀ ယောက်ထဲမှာလည်း ပါတယ်''
အဲဒီအင်တာဗျူးမှာ ရော်နယ်ဒို ပြောခဲ့တာတွေက တကယ်ကိုရှော့ရစရာတွေချည်းပဲ။ ဆော်ဒီလိဂ်က မေဂျာလိဂ်ထက်ပိုကောင်းတယ်၊ သူနဲ့လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ ဘောလုံးအကြောင်း နားမလည်တဲ့နည်းပြလည်း ရှိတယ်။ စသဖြင့် အဲဒီလိုစကားတွေကိုလည်း ရော်နယ်ဒို ပြောခဲ့ပါသေးတယ်။
ရော်နယ်ဒိုက ဂိုးသွင်းအများဆုံးစံချိန်ရှင်ဖြစ်သလို အခြားသောစံချိန်များစွာကိုလည်း ပိုင်ဆိုင်ထားသူပါ။ ရော်နယ်ဒိုဟာ ကြိုးစားလေ့ကျင့်မှုအပြင်းထန်ဆုံး၊ စိတ်ဓာတ်အခိုင်မာဆုံး၊ အနိုင်ရလိုစိတ်အထက်သန်ဆုံးပါ။ အောင်မြင်မှုမျိုးစုံလည်း ရခဲ့ဖူးတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားတော့ မရခဲ့ပါဘူး။
Crd Ygn-တုံချွမ်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Dalkeith, WA