Red Army Gathering

Red Army Gathering

Share

“ United till We Die “

09/04/2026

မန်ချက်စတာယူနိုက်တက်ရဲ့ Midfield Rebuild အားရကြလား

အကုန်လုံး ဒဏ်ရာကင်းရင် တစ် ပါတ် ၂ ပွဲ ကို Minutes Management အရမ်းအရေးကြီးလာပြီနော် 🤔

အခုကတော့ Tailemans , Kobbie , Bruno နဲ့ ဘဲ တွေ့နေရမယ် ထင်တယ် Andrey Santos နဲ့ Mason Mount ဘယ်တော့ ပွဲ စထွက်မလဲ

ဘယ်လို ပွဲ ထွကိပါစေ အရင်ကလို ကွင်းလယ် မှာSpace အကျယ်ကြီးတွေ မပေးရဖို့ မျှော်လင့်ပါတယ်

09/03/2026

Saka , Son , Salah ???

Forward players တွေလို့ Premier League က သတ်မှတ်ပါတယ်

Bruno top 5 ဝင်နိုင်မလား ???

09/03/2026

🚨🗣️ Bruno Fernandes က Harry Maguire ရဲ့ Professionalism ပီသမှု အပေါ်

“သူ [Harry Maguire] ပြောခဲ့တဲ့ စကားတွေကို အခုထိ မှတ်မိနေတုန်းပါပဲ။ သူက Captain armband ကို ဆုံးရှုံးခဲ့ရတဲ့အချိန်မှာ ကျွန်တော့်ကို ဒီလိုပြောခဲ့တယ်။”

🗣️ “Captaincy ကို တစ်ယောက်ယောက်ဆီ လွှဲပေးရမယ်ဆိုရင်၊ မင်းဆီကို လွှဲပေးရတာကို ငါ ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ မင်းက ဒီတာဝန်နဲ့ ထိုက်တန်တယ်လို့ ငါထင်လို့ပါ။

မင်းက ငါတို့အတွက် Captain ကောင်းတစ်ယောက် ဖြစ်လာမယ်လို့လည်း ငါယုံကြည်တယ်။”

Bruno က ဆက်ပြောခဲ့ပါတယ်—

“အဲဒီအချိန်မှာပဲ ‘ကောင်းပြီ… အခုကစပြီး Captain တစ်ယောက်အနေနဲ့ ရှေ့ဆက်သွားချင်တယ်’ လို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် မင်းကိုတော့ ကျွန်တော့်ဘေးမှာ ဆက်ပြီး Leadership ပေးနေစေချင်တယ်။ ဘာလို့လဲဆိုတော့ Manchester United ရဲ့ Captain ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ မင်းမှာ ရှိနေတယ်လို့ ကျွန်တော်ထင်လို့ပါ။

Captaincy ပြောင်းလဲခဲ့တာက တခြားသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် Harry က အဲဒီအရာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်။

အဲဒါကပဲ Captain တစ်ယောက်အနေနဲ့ ကျွန်တော် ပိုပြီး ရင့်ကျက်လာဖို့၊ ပိုကောင်းလာဖို့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။” ❤️

❤️

09/02/2026

🚨🎙️ ပြောပြတဲ့ ယူနိုက်တက်ဘယ်နောက်ခံလူ (left-back) အခြေအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ယူနိုက်တက်အသင်း ဘာကြောင့် ဘယ်နောက်ခံလူသစ် မခေါ်ခဲ့တာလဲ

“သူတို့က မန်ချက်စတာစီးတီးဆီကနေ (Rayan Aït-Nouri) အတွက် စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါက ကြားခံအကျိုးဆောင်တွေကနေတဆင့် သူတို့ဆီ ရောက်လာတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ယူနိုက်တက်ဘက်ကလည်း စီးတီးဆီမှာ အတည်ပြုစစ်ဆေးခဲ့ပါတယ်။

အဲ့ဒါက အငှားနဲ့ ဖြစ်လာနိုင်ပြီး စီးတီးဘက်က လိုချင်တာကတော့ ဝယ်ယူခွင့် (option) ဒါမှမဟုတ် မဖြစ်မနေဝယ်ယူရမယ့် စည်းကမ်းချက် (obligation) တစ်ခုခု ဖြစ်မယ်ထင်ပါတယ်။ အတိအကျတော့ မသေချာပါဘူး။

ဒါပေမဲ့ မန်ချက်စတီယူနိုက်တက်က အဲ့ဒီအပေါ်မှာ စိတ်မဝင်စားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူက အဲ့ဒီနေရာအတွက် သူတို့ရဲ့ ရည်မှန်းချက် ရေရှည်ပစ်မှတ် မဟုတ်လို့ပါပဲ။ ဒါကလည်း ဒီရာထူးနေရာအတွက် နောက်ထပ် ရေရှည်ပစ်မှတ်တစ်ခု ရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။

ဒါကြောင့် ဘယ်သူက မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ထပ် ဘယ်နောက်ခံလူ ဖြစ်လာမလဲဆိုတာကို ဝိုင်းပြီး ခန့်မှန်းဆွေးနွေးကြတာပေါ့။

ဒါက သူတို့ ဒီနေရာလစ်ဟာမှုကို စောင့်ကြည့်နေတယ်ဆိုတာကို ပြသနေပါတယ်။ ပြီးတော့ သူတို့အနေနဲ့ (Lewis Hall) ကိုလည်း အရင်က စိတ်ဝင်စားခဲ့ဖူးတယ်ဆိုတာ သိထားပါတယ်။ ဒါပေမဲ့ သူက ဒီနွေရာသီမှာ နယူးကာဆယ်ကနေ ဘယ်တော့မှ ထွက်ခွာလာမှာ မဟုတ်ပါဘူး။

ကလပ်အသင်းဘက်က သူ့ကို လုံးဝမလွှတ်ချင်ခဲ့ပါဘူး၊ ဒါကြောင့် ကျန်တဲ့ကစားသမားတွေအကုန် ထွက်သွားကြပြီးနောက်မှာ သူတို့ဘက်က အလွတ်မပေးနိုင်ခဲ့တာပါ။
သူကိုယ်တိုင်ရော ထွက်ချင်ခဲ့သလားဆိုတာတော့ ကျွန်တော် အသေအချာ မသိရသေးပါဘူး။

Myles Lewis-Skelly ကလည်း သူတို့ လေ့လာစုံစမ်းခဲ့တဲ့ ကစားသမားတစ်ဦးပါပဲ။

နောက်ဆုံးအနေနဲ့ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ဘာမှန်းမသိဘဲနဲ့ အလွယ်တကူ ပြီးပြီးရော ဘာမှလုပ်သွားမှာ မဟုတ်ဘူးဆိုတာပါပဲ။

သူတို့အနေနဲ့ ပိုပြီး စည်းကမ်းရှိရှိ၊ ဆင်ခြင်တုံတရားရှိရှိနဲ့ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကလည်း အရင်တုန်းက အချို့သော အချိန်တွေနဲ့ ယှဉ်ရင် သိသိသာသာ ပြောင်းလဲလာတာဖြစ်တယ်လို့ အချို့က ဆိုကြပါလိမ့်မယ်။

Luke Shaw Dorgu Harry Amass တို့အပြင် (Mazraoui) ပါ အဲ့ဒီဘက်ခြမ်းမှာ ဝင်ကစားပေးနိုင်စွမ်းရှိတာကြောင့် သူတို့အတွက် အဆင်ပြေပါတယ်လို့ အသင်းက ခံစားရမှာပါပဲ။”

09/02/2026

🚨🎙️ Wayne Rooney က Manchester City နဲ့ Manchester United တို့ရဲ့ Midfield အကြောင်း စိတ်ဝင်စားစရာ ဒီလိုပြောခဲ့ပါတယ်

🗣️ “ဒီနွေရာသီ Transfer Market မှာ Manchester City လုပ်ဆောင်ခဲ့တာတွေကို ကျွန်တော် တကယ်သဘောကျပါတယ်။ အထူးသဖြင့် Midfield ကစားသမားတွေ ခေါ်ယူထားတာကိုပေါ့။

ဒါပေမယ့် ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး… အမှန်အတိုင်းပြောရရင် အဲဒီ Midfield ကိုတော့ ကျွန်တော် လုံးဝကြောက်ရွံ့မနေပါဘူး။

Anderson၊ Enzo နဲ့ Byyoud တို့က အရမ်းကောင်းတဲ့ ကစားသမားတွေဆိုတာ သံသယမရှိပါဘူး။

ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အဲဒီ Midfield က Manchester United က ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ လက်ရှိရှိပြီးသား Midfield ထက် ပိုကောင်းတယ်လို့တော့ ကျွန်တော် မယုံကြည်ပါဘူး။

City က အသင်းကို အားဖြည့်ထားသလို United လည်း အားဖြည့်ထားပါတယ်။

အခု Manchester United ရဲ့ Midfield မှာရှိနေတဲ့ အရည်အသွေး၊ Physicality နဲ့ Balance ကို ကြည့်မယ်ဆိုရင် City ကို ကြောက်စရာအကြောင်း လုံးဝမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။” 👀🔴

09/02/2026

🔴 INEOS လက်ထက် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားခေါ်ယူမှုများ — Transfer Fees & Weekly Wages 📊

Sir Jim Ratcliffe ဦးဆောင်တဲ့ INEOS ဘက်က Manchester United ရဲ့ Football Operations ကို စတင်တာဝန်ယူလာပြီးနောက်ပိုင်း၊ အသင်းရဲ့ transfer policy နဲ့ wage structure မှာ အပြောင်းအလဲတွေ မြင်တွေ့လာရပါတယ်။

အောက်မှာ INEOS ခေတ်အတွင်း အဓိကခေါ်ယူထားတဲ့ ကစားသမားများ ရဲ့ ပြောင်းရွှေ့ကြေးနဲ့ တစ်ပတ်လုပ်ခကို စုစည်းဖော်ပြထားပါတယ်👇

🔴 2024/25 — INEOS ခေတ်ရဲ့ အဓိကအစ

1️⃣ Leny Yoro 🇫🇷
💰 Transfer Fee — £52m + add ons
💷 Weekly Wage — £115,000

2️⃣ Matthijs de Ligt 🇳🇱
💰 Transfer Fee — £38m + add ons
💷 Weekly Wage — £195,000

3️⃣ Joshua Zirkzee 🇳🇱
💰 Transfer Fee — £36.5m
💷 Weekly Wage — £105,000

4️⃣ Manuel Ugarte 🇺🇾
💰 Transfer Fee — £42m + add-ons
💷 Weekly Wage — £120,000

5️⃣ Noussair Mazraoui 🇲🇦
💰 Transfer Fee — £15m
💷 Weekly Wage — £135,000

6️⃣ Patrick Dorgu 🇩🇰
💰 Transfer Fee — £25m ခန့် + add-ons
💷 Weekly Wage — £40,000

🔴 2025/26 — တိုက်စစ်ပိုင်းကို အကြီးအကျယ်ပြင်ဆင်ခဲ့တဲ့နှစ်

7️⃣ Matheus Cunha 🇧🇷
💰 Transfer Fee — £62.5m
💷 Weekly Wage — £180,000

8️⃣ Bryan Mbeumo 🇨🇲
💰 Transfer Fee — £65m + £6m add-ons
💷 Weekly Wage — £150,000

9️⃣ Benjamin Šeško 🇸🇮
💰 Transfer Fee — £73.7m
💷 Weekly Wage — £160,000–£200,000

🔟 Senne Lammens 🇧🇪
💰 Transfer Fee — £18m ခန့် + add-ons
💷 Weekly Wage — £60,000

1️⃣1️⃣ Diego León 🇵🇾
💰 Transfer Fee — £4m–£6m ခန့်
💷 Weekly Wage — လူငယ်ကစားသမားအဆင့် / official figure မရှိသေး

🔴 2026/27 — နောက်ဆုံး Update 🔥

1️⃣2️⃣ Carlos Baleba 🇨🇲
💰 Transfer Fee — £70m
💷 Weekly Wage — £90,000

1️⃣3️⃣ Andrey Santos 🇧🇷
💰 Transfer Fee — £48m
📈 Add-ons ပါဝင်လျှင် £50m
💷 Weekly Wage — £75,000

1️⃣4️⃣ Youri Tielemans 🇧🇪
💰 Transfer Fee — £35m
💷 Weekly Wage — £200,000

1️⃣5️⃣ Karl Darlow 🏴
💰 Transfer Fee — Free Transfer
💷 Weekly Wage — £30,000

2026 နွေရာသီ နောက်ဆုံး window မှာ United ဟာ Baleba, Andrey Santos နဲ့ Tielemans တို့ကို midfield အားဖြည့်ဖို့ ခေါ်ယူခဲ့ပြီး Darlow ကို free transfer နဲ့ ရရှိခဲ့ပါတယ်။

09/02/2026

🔴 INEOS က Manchester United ကို Transfer Market မှာ ဘာကြောင့် Budget အရမ်းထိန်းချုပ်နေတာလဲ? “Cheap” ဖြစ်နေတာလား?

Manchester United ပရိသတ်တွေကြားမှာ မကြာခဏ ကြားရတဲ့ မေးခွန်းတစ်ခုကတော့—

“INEOS ရောက်လာပြီးနောက် ဘာလို့ Transfer Market မှာ ပိုက်ဆံသုံးတာကို အရမ်းသတိထားနေတာလဲ?” 🤔

တကယ်တော့ ဒီအခြေအနေကို “ပိုက်ဆံမသုံးချင်လို့” လို့ပဲ တစ်ဖက်သတ်ပြောလို့ မရပါဘူး။

INEOS လက်ထက် Manchester United ရဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ Club ရဲ့ ဘဏ္ဍာရေးစနစ်၊ ကစားသမားလစာဖွဲ့စည်းပုံနဲ့ Transfer Recruitment ပိုင်းကို ပိုမိုစနစ်ကျအောင် ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။

🔹 အရင်နှစ်တွေမှာ Manchester United ဟာ Transfer Fee ကြီးကြီးမားမားပေးခဲ့တဲ့ deal တွေ ရှိခဲ့တယ်။
🔹 လစာမြင့်မားတဲ့ Player Contract တွေလည်း ရှိခဲ့တယ်။
🔹 ကစားသမားတစ်ယောက် ဝယ်ယူတဲ့အခါ Transfer Fee တစ်ခုတည်းမဟုတ်ဘဲ လစာ၊ Bonus နဲ့ အခြားကုန်ကျစရိတ်တွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။

ဒါကြောင့် INEOS ရဲ့ပုံစံက—

“လိုချင်တဲ့ Player ဆိုတိုင်း ဘယ်လောက်ပဲဈေးကြီးကြီး ဝယ်မယ်” ဆိုတဲ့ပုံစံထက်၊ သတ်မှတ်ထားတဲ့ Value နဲ့ Budget အတွင်းမှာ Deal လုပ်ဖို့ ပိုအာရုံစိုက်လာတာ လို့ မြင်နိုင်ပါတယ်။

ဒါက တစ်ဖက်ကကြည့်ရင် Smart Financial Management ဖြစ်နိုင်ပါတယ်။ 💰

ဒါပေမယ့် တစ်ဖက်မှာတော့ ပရိသတ်တွေရဲ့ စိုးရိမ်မှုလည်း ရှိပါတယ်။

အသင်းမှာ အရေးကြီးတဲ့ Position တစ်ခု လိုအပ်နေတဲ့အချိန်၊ အရမ်းတင်းကျပ်တဲ့ Budget Control ကြောင့် လိုအပ်တဲ့ Reinforcement မရခဲ့ဘူးဆိုရင်—

“စနစ်တကျသုံးစွဲတာ” နဲ့ “လိုအပ်တာကို မရင်းနှီးတာ” ကြားက မျဉ်းက အရမ်းပါးပါတယ်။ smart strategy ဆိုတာ ပရိတ်သတ်က မြင်ဖို့ ဆိုရင် အောင်မြင်မှု တစ်ခုခု ရယူပြဖို့ လိုပါတယ်

အဒီလို အောင်မြင်မှု ရယူဖို့က အခုလို ခေါ်ယူမှု ပုံစံနဲ့ အလုပ်ဖြစ်ပါ့မလား

INEOS ရဲ့ Strategy ကို အခုချိန်မှာ “Cheap ဖြစ်နေတာ” လို့ တိုက်ရိုက်ဆုံးဖြတ်ဖို့ထက်—

Manchester United ကို အရင်ကလို အလွန်အကျွံသုံးစွဲတဲ့ပုံစံကနေ၊ ပိုမိုထိန်းချုပ်ထားတဲ့ Transfer Model တစ်ခုဆီ ပြောင်းလဲဖို့ ကြိုးစားနေတယ် လို့ မြင်ရနိုင်ပါတယ်။

ဒါပေမယ့် Football Club တစ်သင်းအတွက် Budget ထိန်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

🔥 မှန်ကန်တဲ့ Player ကို မှန်ကန်တဲ့ဈေးနဲ့ ခေါ်ယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။

အခုတော့ မေးခွန်းက တစ်ခုပဲ—

INEOS က Manchester United ကို Smart ဖြစ်အောင် တည်ဆောက်နေတာလား? ဒါမှမဟုတ် Budget ထိန်းလွန်းပြီး အသင်းလိုအပ်ချက်တွေကို လျစ်လျူရှုနေတာလား

09/02/2026

Sesko က ပြီးခဲ့တဲ့နှစ်က ၁၁ ဂိုးသွင်းပြီး Mbeumo နဲ့အတူ Club Top Scorer ဖြစ်ခဲ့တယ်။

သာမန်ကြည့်လိုက်ရင်တော့ ကျေနပ်စရာပါပဲ။ ဒါပေမယ့် ဒီနှစ်မှာ Sesko က Carrick လက်ထက်မှာ Super Sub အဆင့်ကနေ တစ်ဆင့်မြှင့်ပြီး အဓိကကစားသမားတစ်ယောက် ဖြစ်လာဖို့လိုနေပြီ။

ဂိုးတွေကိုလည်း ပုံမှန်သွင်းပြနိုင်ရတော့မယ်။ ဒါက Sesko လို ကစားသမားတစ်ယောက်အပေါ် ပရိသတ်တွေထားရှိတဲ့ မျှော်လင့်ချက်ပဲ။

Champions League၊ Carabao Cup၊ FA Cup နဲ့ Premier League အပါအဝင် ပွဲ ၅၀-၆၀ လောက် ကစားရမယ့် Season မှာ Sesko က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Haaland လောက် မဟုတ်တောင် Isak၊ João Pedro၊ Kai Havertz တို့လောက်တော့ မျှော်လင့်ချင်ပါတယ်။ ဂိုးအရေအတွက် ၂၀ ကျော် မျှော်လင့်ခြင်ပါတယ် Bruno ကိုယ်တိုင်က ဒီနှစ်မှာ Sesko ကို ဂိုးတွေအတွက် ပိုမို ပါဝင်အောင်ကြိုးစားမယ်လို့ ပြောထားပါတယ်

Sesko ဒီရာသီ ဘယ်နှစ် ဂိုးသွင်းမယ် ထင်သလဲ
ပွဲ ၆၀ ရဲ့ ဘယ်လောက် % ပါဝင်နိုင်မယ် ထင်သလဲ ပြောပေးသွားပါဦး

09/02/2026

အခြေအနေကတော့ ဒဏ်ရာ တစ်ယောက်ယောက်သာ ရခဲ့ရင်လို့ တွေးလိုက်ရင်ကို အဆင် မပြေတော့ဘူး

ဒီ Squad က Champions ဖြစ်စေနိုင်တဲ့ Squad တောင့်တင်းမှုမျိုး မဟုတ်ဘူး နောက်ထပ် Upgrade တွေ အများကြီးလုပ်ရဦးမယ်

ဒါပေမယ့် ဖာဂူဆန် လက်ထက်မှာ အဓိက ကစားသမားတွေနဲ့ ဒီလို သာမန် Squad Players တွေနဲ့ ကို ရောစပ်ပြီး အုပ်စိုးခဲ့တာဘဲ

BRUNO, Cunha , Mbeumo , Maguire , Mainoo , Amad တို့က
Paul Scholes , Giggs, Rooney , Ronaldo , Rio , Vedic တို့လိုမျိုး ဦးဆောင်သွားနိုင်မလား ပွဲ အဖြေ ပြောင်းသွားနိုငိမလား Carrick ကသာမန် Squad Player တွေကို upgrade လုပ်နိုင်သွားမလား

ဒါက ဖြစ်နိုင်ခြေ က တော့ အရမ်းနည်းပေမယ့် မျှော်လင့်တာက ကိုယ်တွေလုပ်ရမယ့် အရာဘဲ မလား

07/16/2026

🚨World Cup back-to-back ရခဲ့သောနိုင်ငံများ

🇧🇷 Brazil - 1958 & 1962
🇮🇹 Italy - 1934 & 1938
🇦🇷 Argentina - 2022 & 2026 ???

Messi ကတော့ ဘောလုံးချစ်မြတ်နိုးသူတိုင်း က လေးစားရမယ့် ကစားသမား မျိုးလို့ ကိုယုံကြည်ပါတယ်

နှိုင်းယှဉ်တာမျိုးတွေ ကျွန်တော် လုပ်လေ့မရှိပါဘူး Messi ကတော့ အသက် ၃၉ နှစ် ထိကို အသင်းကို ဆွဲတင်နိုင်တဲ့ ခြေစွမ်းမျိုး ပြသဆဲပါ

မနေ့ကဆို အင်္ဂလန်ကို နိုင်စေချင်ပေမယ့် သူ လုပ်ပြသွားတာက အင်္ဂလန်ရဲ့ သန်း ရာချီတန် တဲ့ ကစားသမားတွေကိုပါ သေးငယ်သွားစေပါတယ်

Messi ကို ကျွန်တော်တို့ Live ကြည့်ခဲ့ရတာက ကံကောင်းခြင်းတစ်ခုပါဘဲ

Want your business to be the top-listed Gym/sports Facility in Fredericton?

Click here to claim your Sponsored Listing.

Location

Telephone

Address


No 507 Dufferin Street
Fredericton, NB
E3B3A8

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 6am - 9pm
Thursday 6am - 9pm
Friday 9am - 9pm
Saturday 6am - 9pm
Sunday 9am - 5pm