12/15/2025
မင်းသမီး မျက်လုံးကြီးကကွာ ကြက်သီးတွေပါ ထတယ် 🫣
မက်ဆီလည်း ကြက်သီးတွေ ထနေလောက်ပါတယ်။ အိမ်ပြန်ရောက်ရင် စူပုပ်နေမယ့် မိန်းမမျက်နှာ မြင်ယောင်ပြီးတော့ 🤭
Photo credit to owner
Football News များတင်ဆက်ရာ
12/15/2025
မင်းသမီး မျက်လုံးကြီးကကွာ ကြက်သီးတွေပါ ထတယ် 🫣
မက်ဆီလည်း ကြက်သီးတွေ ထနေလောက်ပါတယ်။ အိမ်ပြန်ရောက်ရင် စူပုပ်နေမယ့် မိန်းမမျက်နှာ မြင်ယောင်ပြီးတော့ 🤭
Photo credit to owner
12/10/2025
ဂန်းနားဟောင်း တိုမီယာဆုဟာ ဒီရာသီကုန်အထိ စာချုပ်တိုတစ်ခု နဲ့အတူ အိုင်းယက်စ်အသင်းမှာ ကစားသွားပါမယ်။
တိုမီ အနေနဲ့ အဆိုပါ ကာလ အပိုင်းအခြားမှာ သူ့ရဲ့ ကြံ့ခိုင်မှုကိုသာ သက်သေပြနိုင်ခဲ့ရင် အိုင်းယက်စ် အသင်းဘက်က နှစ်ရှည် စာချုပ် နဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
Source - Hand of arsenal
12/07/2025
အခုညကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုရွေးချယ်ပွဲမှာ ပေါ်တူဂီအသင်းဟာ -
မဲအိုး ၁ က အသင်းတွေနဲ့ ဆုံတွေ့မှာမဟုတ်ပါဘူး
မဲအိုး နံပါတ် ၂ နဲ့ ၃ က European Team တွေနဲ့လည်း အတူကစားရမှာမဟုတ်ပါဘူး
ပေါ်တူဂီအသင်းအတွက် ဖြစ်နိုင်ချေရှိတဲ့ အခက်ခဲဆုံးအုပ်စု - ပေါ်တူဂီ ၊ မော်ရိုကို ၊ ဆော်ဒီအာရေဗျ ၊ အီတလီ
အလွယ်ကူနိုင်ဆုံးအုပ်စုအနေအထား - ပေါ်တူဂီ ၊ အီရန် ၊ ပနားမား ၊ ကိပ်ဗာဒီ
ရိုနယ်ဒိုတို့ ဘယ်အသင်းတွေနဲ့အတူ ကစားရနိုင်ချေရှိမယ်ထင်လဲဗျာ . . .အပေါ်က အချက် ၂ ချက်ကို ကြည့်ပြီး ရွေးချယ်ပေးကြပါဦး ။
12/07/2025
မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာ
UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျော့ရှုဝါဗန်က လက်ရှိ ချန်ပီယံ ပန်တိုဂျာကို အလဲထိုး TKO နဲ့ အနိုင်ရရှိသွားပါပြီ။
ပန်တိုဂျာဟာ ပွဲစအပြီး စက္ကန့်ပိုင်းအကြာမှာပဲ လက်တံဒေါင်စစ်လွဲသွားခဲ့ပြီး ဒိုင်အနားပေးခံခဲ့ရတာပါ။ ။
ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာတို့ဟာ UFC 323 ပြိုင်ပွဲ ရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။
ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်လာပြီးတဲ့နောက် မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ တွေ့တဲ့အချိန်မှာ ပန်တိုဂျာက သူ့ရဲ့ ချန်ပီယံခါးပတ် ကို လက်လွှတ်ခဲ့ရတာပါ။
ကမ္ဘာတဝန်းပရိတ်တွေအခိုင်အမာရှိပြီး ထင်ရှားကျော်ကြားလှတဲ့ UFC သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာဖိုက်တာ တစ်ဦး ချန်ပီယံဖြစ်လာတာပါ။
UFC မှာ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာလည်း မြန်မာကိုယ်စားပြု ဖိုက်တာ ဂျော့ရှုဝါဗန်က ပထမဆုံး ချန်ပီယံ ဖြစ်လာတာပါ။
#မြန်မာ
12/07/2025
ကျွန်တော့်ကို ရလဒ်ဆိုးတွေအတွက် ခုတုံးလုပ်နေကြတာလို့ ဒေါသတကြီး ပြစ်တင်လိုက်တဲ့ ဆာလား
မိုဟာမက် ဆာလားက လီဗာပူးအသင်းဟာ သူ့ကို ရလဒ်ဆိုးတွေအတွက် ခုတုံးလုပ်ခဲ့ပြီး တစ်စုံတယောက်က အသင်းမှာ ကျွန်တော့်ကို မရှိစေချင်နေတာဖြစ်တယ်လို့ ဒေါသတကြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဆာလားဟာ လိဒ်စ်ယူနိုက်တက်ကို စနေနေ့ညက ၃-၃ သရေကျခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာပဲ နောက်ထပ်တကြိမ် ချန်လှပ်ခံခဲ့ရပြီး ပွဲအပြီးမှာ သူ့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလားဟာ လီဗာပူးနဲ့အတူ သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို အနိုင်မရခင် ဧပြီလကမှ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အာနေး စလော့နဲ့ ဘာဆက်ဆံရေးမှမရှိသလို ဇန်နဝါရီလမှာ အန်းဖီးကို စွန့်ခွာဖို့ ကြိုးပမ်းသွားမယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်တာဖြစ်ပါတယ်။
"ကျွန်တော် အရန်ခုံမှာပဲ မိနစ် ၉၀ စလုံး ထိုင်နေခဲ့ရတာကို မယုံနိုင်ခဲ့ပါဘူး။ အရန်ခုံမှာ ထိုုင်နေခဲ့ရတာ ၃ ကြိမ်ရှိခဲ့ပြီလို့ ထင်ပါတယ်။ အဲဒါက ကျွန်တော့် ကစားသမားဘဝမှာ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။
အမှန်တိုင်း ပြောရရင် ကျွန််တော် အရမ်း အရမ်းစိတ်ပျက်မိခဲ့တယ်။ ကျွန်တော် ဒီအသင်းအတွက် အများကြီး လုပ်ပေးခဲ့တာပါ။ အားလုံးက ဒီနှစ်ထဲမှာ၊ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော် ဘာလုပ်ပေးခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။
အရန်ခုံမှာ ထိုင်နေရတာက ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ ကြည့်ရတာတော့ အသင်းက ကျွန်တော့်ကို ခုတုံးလုပ်နေတဲ့ပုံပေါ်ပြီး အဲဒီလိုပဲ ကျွန်တော် ခံစားရတယ်။ တစ်စုံတယောက်က ကျွန်တော့်အပေါ်မှာပဲ အပြစ်တွေအားလုံး ပုံချချင်နေတယ်ဆိုတာ အရမ်းကို ရှင်းပါတယ်။ အသင်းက ကျွန်တော့်ကို နွေရာသီတုန်းက ကတိတွေအများကြီးပေးခဲ့ပြီး အခုအချိန်အထိ အဲဒီကတိတွေ ဘာမှ မတည်သေးဘူး။ ကျွန်တော် ၃ ပွဲအထိ အရန်ခုံထိုင်ခဲ့ရတာကြောင့် သူတို့ ကတိကို သူတို့ မတည်ခဲ့ဘူးဆိုတာတော့ ပြောနိုင်ပါတယ်။
ကျွန်တော် အရင်တုန်းက နည်းပြနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ ရုတ်တရက်ဆိုသလိုပဲ အခုတော့ ကျွန်တော်တို့ကြား ဘာဆက်ဆံရေးမှ မရှိတော့ပါဘူး။ ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ တစ်စုံတယောက်က ကျွန်တော့်ကို အသင်းမှာ ဆက်ပြီး ရရှိမနေစေချင်တော့တဲ့ပုံပါပဲ။ ကျွန်တော် အသင်းကို အရမ်းချစ်ပါတယ်။
အဲဒါကတေ့ ကျွန်တော့်အတွက် လက်ခံနိုင်စရာမဟုတ်ပါဘူး။ ဘာကြောင့် အမြဲတမ်း ကျွန်တော့်ကိုပဲ အဲဒီလိုတွေ ဖြစ်နေတာလဲမသိပါဘူး။ ကျွန်တော် နားမလည်နိုင်ဘူး။ အခြားအသင်းတွေမှာသာဆိုရင် သူတို့ရဲ့ ကစားသမားတွေကို ကာကွယ်ပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့် အခု ကျွန်တော်က ဒီလိုအခြေအနေမှာရှိနေရတာလဲဆိုတာကို မသိပါဘူး။ ဒါပေမယ့် နောက်ထပ်တကြိမ် ပြောရရင် ကျွန်တော်ကတော့ ဒီကိစ္စက မိုကို ခုတုံး လုပ်လိုက်စမ်းကွာ၊ ဘာလို့လဲဆိုတော့ သူက အခု အသင်းမှာ ပြဿနာကောင်ဖြစ်နေလို့ပဲဆိုပြီး လုပ်နေသလို ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်က ပြဿနာကောင်လို့ မထင်ပါဘူး။
ကျွန်တော် ဒီအသင်းအတွက် အများကြီး လုပ်ပေးခဲ့လို့ ကျွန်တော် ရသင့်တဲ့ လေးစားမှုတော့ ရချင်ပြီး နေ့တိုင်း ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်နေစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်နေရာကို ရှာဖွေထားခဲ့ပြီးသားမို့လို့ပါ။ လူတွေက မင်းက အသင်းထက်ပိုပြီး မကြီးမားဘူး၊ ဘယ်သူ့ထက်မှ ပိုပြီး မကြီးမားဘူးလို့ ပြောကြပါလိမ့်မယ်။ ကျွန်တော်က ကိုယ့်နေရာကိုယ် ရှာဖွေနေရုံပါ။ ဒါက ဘောလုံးပါ။ ဖြစ်နေတာတွေ့ကတော့ အဲဒီအတိုင်းပါပဲ။"
ဇန်နဝါရီလမှာ အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားသွားမလားလို့ မေးမြန်းခဲ့ရာမှာ ဆာလားက "ဘောလုံးာမှက ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီအခြေအနေကို လက်မခံနိုင်ပါဘူး။ ဒီမေးခွန်းကို(ဆော်ဒီပရိုလိဂ် ပြောင်းရွှေ့မလား)ကျွန်တော် မဖြေချင်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းက ကျွန်တော့်ကို မတူညီတဲ့ ဦးတည်ချက်ကို ပို့ဆောင်ပေးနေတာမို့လို့ပါ။
ကျွန်တော် အသင်းအတွက် လုပ်ပေးခဲ့တာတွေအပြီးမှာ ခုဖြစ်နေတာတွေက တကယ် နာကျင်ရပါတယ်။ ခင်ဗျား တွေးကြည့်လို့ ရပါတယ်။ အိမ်ကနေ အသင်းကို လာခဲ့ပြီး ခင်ဗျားက ပွဲထွက်ပါဝင်ကစားပေးရမလားဆိုတာကို မသိတဲ့နောက်မှာ ခင်ဗျား ဘယ်လို ခံစားရမလဲ။ အသင်းအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော် ဒီမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ။ မနက်ဖြန် ကာရေဂါက ကျွန်တော့်ကို နောက်ထပ်တကြိမ် ဝေဖန်ဦးမှာဖြစ်ပြီး အဲဒါက အဆင်ပြေပါတယ်။
ကျွန်တော် ဒီအသင်းမှာ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကို ကျွန်တော် ရောက်လာခဲ့တဲ့အချိန်ကတည်းက ဒီမျိုးဆက်ထဲက ဘယ်သူ့ထက်မဆို ဂိုးပိုသွင်းယူနိုင်ခဲ့တယ်။ ဘယ်သူကမှ ကျွန်တော့်ထက်ပိုပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပိုပြီး ပြုလုပ်နိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ပရီးမီးယားလိဂ်တစ်ခုလုံးကို ပြောတာပါ။ ကျွန်တော်သာ တခြားနေရာမှာဆိုရင် အားလုံးက မီဒီယာတွေကို ပြစ်တင်ပြီး ကစားသမားတွေကို ကာကွယ်မှာပါ။ အခု ဒီအခြေအနေမှာ ရှိနေတာ ကျွန်တော်တစ်ယောက်တည်းပါပဲ။
ခင်ဗျားကို ဥပမာတစ်ခု ပေးလို့ရနိုင်မလား။ အဲဒါက မိုက်မဲပေမယ့် ကျွန်တော် တောင်းပန်ပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် မှတ်မိသေးတယ်။ ဟာရီ ကိန်းက ၁၀ ပွဲလောက် ဂိုးမသွင်းနိုင်ခဲ့ဘဲ မီဒီယာကလူတွေအားလုံးက 'အိုး ဟာရီက ဂိုးသွင်းနိုင်မှာ သေချာတယ်'ဆိုပြီးပြောခဲ့ကြတယ်။ မိုအလှည့်လည်းကျတော့ အားလုံးက'သူ့ကို အရန်ခုံမှာ ထားထားဖို့ လိုအပ်တယ်'ဆိုပြီး ဖြစ်သွားရော။ ကျွန်တော် တောင်းပန်ပါတယ် ဟာရီရေ၊ ခင်ဗျားကို ဥပမာအနေနဲ့ ပြောမိလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။
Photo credit to owner
12/05/2025
🏆 Football Odds များအရ UCL ဖလားရရှိရန် လက်ရှိရေပန်းစားမှုများ
🔴 Arsenal : 18%
🔴 Bayern Munich : 13%
🔵 PSG : 11%
🔵 Man City : 9%
⚪️ Real Madrid : 9%
🔵 Barcelona : 8%
🔴 Liverpool : 6%
🔵 Chelsea : 4%
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊
Page ကိုလည်း
Like & Follow လုပ်ပေးခဲ့ကြပါဦး
12/05/2025
🚨 အာဆင်နယ်ကြယ်ပွင့် ကိုင်ဟာဗတ်ဇ်က ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီဖြစ်ပြီး အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေချိန်မှာ အသင်းအတွက် ကွင်းပြင်ပ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။
မနေ့က လန်ဒန် အရှေ့ပိုင်းမှာရှိတဲ့ ဘော်ဘီမိုး အကယ်ဒမီကို ဂျာမနီသမ္မတ ဖရန့်ခ်-ဝေါ်တာ စတိုင်မီယာနဲ့ သမ္မတကတော် အယ်ကီ ဘူဒန်ဘန်ဒါတို့က လာရောက် လည်ပတ်ခဲ့ပါတယ်။
အာဆင်နယ်အသင်း ကိုယ်စားပြု တာဝန်ရှိသူတွေအဖြစ် မာတီဆက်ကာနဲ့ ကိုင် ဟာဗတ်ဇ်တို့က ဂျာမန်ကစားသမားတွေဖြစ်တာနဲ့အညီ ဂျာမနီသမ္မတနဲ့ သမ္မတကတော်တို့ကို ဧည့်ခံကြိုဆိုခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။🇩🇪 🦒
12/05/2025
ဘူကာယိုဆာကာ 🗣️ “လူတော်တော်များများက ကျနော်တို့ရဲ့ဘောစ့် အာတေတာရောက်လာပြီးတည်း ဖလားရအောင် မလုပ်နိုင်သေးဘူးလို့ ပြောနေကြတယ်။ ဒါပေမယ့် ကျနော်တို့အခု ဘယ်အနေအထားကို ရောက်နေပြီလဲဆိုတာတော့ သူတို့မေ့နေကြပါတယ်။ ချဲလ်ဆီးနဲ့ စပါးအသင်း ပရိတ်သတ်တွေဟာ ကျနော်တို့ချင်း ထိပ်တိုက်ဆုံကြတဲ့အချိန်တွေမှာ ဆွ'ပေးတဲ့သီချင်းတွေဆိုပြီး ထူးထူးဆန်းဆန်းတွေ ဖန်တီးပြီး ကျနော်တို့ကို အရှုံးသမားတွေလို့ ထင်နေအောင်လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ကိုယ့်အနေအထား ကိုယ်သိတာပေါ့ဗျာ။
ကျနော်တို့ဟာ လန်ဒန်အသင်းတွေထဲမှာ စွမ်းဆောင်အားဖြင့် အကောင်းဆုံးအသင်းဆိုတာကို သူတို့မေ့နေကြပါတယ်။ ပိုပြီးအရေးကြီးတာက ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိနေပါတယ်။ ကျနော်တို့ ဆုဖလားတလုံး စသိမ်းပိုက်ပြီဆိုတာနဲ့ ကျနော်တို့ကို ရပ်တန့်နိုင်တော့မှာ မဟုတ်ပါဘူး။”
12/04/2025
📊 ဒီဇင်ဘာမှာ ပွဲကြပ်လား ပွဲချောင်လား ??
Opta ရဲ့အချက်အလက်တွေအရ ဒီဇင်ဘာမှာကန်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေရဲ့ခက်ခဲမှုအဆင့်ကို တိုင်းတာရာမှာ ကိုယ်တွေ အာဆင်နယ်အသင်းက အဆင့် (10) မှာရှိနေပြီး မချောင်မကြပ်အနေအထားမျိုးဖြစ်နေတာတွေ့ရပါတယ် ။
ဒါပေမယ့် တခုရှိတာက ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စီးတီးနဲ့ လီဗာပူးလ်တို့လိုအသင်းတွေက ဒီဇင်ဘာမှာ ပွဲအချောင်ဆုံးဖြစ်နေတာပါ ။
သို့သော်လည်း ဘောလုံးဆိုတာက သိတဲ့အတိုင်း ဘာမဆိုဖြစ်သွားနိုင်လို့ ကိုယ့်အလုပ်ကိုယ် ပြီးစီးအောင်လုပ်သွားဖို့ပဲလိုပါတယ် ။