𝖨𝖻𝖾𝗍 789 𝖠𝗀𝖾𝗇𝗍 𝖭𝗀𝖺 𝖢𝗁𝖺𝗇

𝖨𝖻𝖾𝗍 789 𝖠𝗀𝖾𝗇𝗍 𝖭𝗀𝖺 𝖢𝗁𝖺𝗇

Partager

🙏Super Senior Maung Maung🙏 လက်ခွဲ

ibet789/Moung556ကြိုက်နှစ်သက်ရာကို 5000ကျပ်မှ စတင်အကောင့်ဖွင့်ကစားနိုင်ပါသည်။

Viber/Telegram 09668770227

Fonctionnement normal

02/01/2025

"ပွဲမစခင်မှာ သူက ကျနော့်ကို ပေါင်ကြားထဲက ထည့်မယ်ဆိုပြီးတော့ စနောက်ပြောဖူးတယ်၊ ကျနော့်အသင်းဖော်နှစ်ယောက်ကိုလည်း သူ ပေါင်ကြားထဲကနေ ဘောလုံးကို ထည့်ပြီးပြီဆိုတော့ ဒီတခါကျနော့်အလှည့်ပဲလို့ ထင်နေတာပဲ။ သူ ကျနော့်နားကို ရောက်လာချိန်မှာ ကျေးဇူပြုပြိး ငါ့ကိုမလုပ်ပါနဲ့ဆိုပြီး အော်လိုက်တယ်၊ ကျနော့်မိသားစုရှေ့မှာ ကျနော်အရှက်ရမိမှာကို ကြောက်မိတယ်လေ"

- ယာယာတိုရေး
Credit

02/01/2025

ပရီးမီးယားလိဂ်မှာ ‌ခြေစွမ်းတည်ငြိမ်တဲ့ ယူနိုက်တက်
------------
- သြဂုတ် လ မှာ (၁) ပွဲနိုင်

- စက်တင်ဘာ လ မှာ (၁) ပွဲနိုင်

- အောက်တိုဘာ လ မှာ (၁) ပွဲနိုင်

- နိုဝင်ဘာ လ မှာ (၁) ပွဲနိုင်

- ဒီဇင်ဘာ လ မှာ (၁) ပွဲနိုင်

တစ်လမှာ (၁) ပွဲပဲနိုင်တော့ နာမည်တောင် တွင်နေပြီ😞
Credit

02/01/2025

ဘာစီလိုနာကတော့ သူတို့အတွက် ခြေစွမ်းပြနေတဲ့ အိုလ်မိုကို ဆုံးရှုံးရမယ့် အနေအထားမျိုး ရောက်နေပါပြီ။ လက်ကျန်ရာသီဝက်အတွက် လာလီဂါ ကစားသမားစာရင်းမှာ အိုလ်မို ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် အိုလ်မိုကို လာလီဂါက ဘာစီလိုနာရဲ့ ကစားသမားစာရင်းကနေ ဖယ်ရှားလိုက်ပါတယ်။ ကစားသမားဘက်က အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ရောက်လာပြီး အသင်းဘက်ကလည်း ဒီအတွက် ဖြေရှင်းနည်း ရှာဖွေနေပါတယ်။

လက်ရှိအနေအထားအရတော့ ဘာစီလိုနာတို့ အိုလ်မိုကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အခက်တွေ့နေပြီး အဆင်မပြေဖြစ်ခဲ့ရင် စာချုပ်ဖျက်သိမ်းခ လျော်ကြေးရော၊ ကစားသမားကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်အရေးနဲ့ပါ ရင်ဆိုင်ရမှာပါ။
Credit

30/12/2024

လီဗာပူးရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ မနေ့ကလည်း ဝက်စ်ဟမ်းကွင်းမှာ တစ်ချက်မယိုင်သွားဘဲ ငါးဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

အကောင်းဆုံး ခြေစွမ်းပြခဲ့တာကတော့ ဆာလာဖြစ်ပြီး တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ပါဝင်ပတ်သက်မှု (၂၈) ကြိမ်ရှိခဲ့တဲ့ ဆာလာက အခု ဒီရာသီမှာ အကြိမ် (၃၀) ဖြစ်သွားပါပြီ။

အနီးဆုံး ပြိုင်ဘက် ဒုတိယနေရာက နော်တင်ဟမ်ဖောရက်စ်ကို (၈) မှတ်ဖြတ်ထားသလို အာဆင်နယ်တို့ ဒီညနိုင်ရင်လည်း (၆) မှတ်ဖြတ်ထားဦးမှာပါ။ ဒါ့အပြင် ပွဲကျန်တစ်ပွဲရှိသေးတာကြောင့် လီဗာပူးအတွက် နယူးရီးယားကာလကတော့ လှပနေပြီလို့ ပြောနိုင်ပါတယ်။
Credit

29/12/2024

Globe Soccer ဆုပေးပွဲမှာ ကလေးတဦးက ရော်နယ်ဒိုရှိရာဆီ သွားပြီး လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီအချိန်မှာ လုံခြုံရေးတဦး ရောက်လာပြီး ဟန့်တားဖို့လုပ်ပေမယ့် ဂုတ်ကြီးက မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

ပြီးတော့ ကလေးအတွက် လက်မှတ်ထိုးပေးပြီး နောက်ပြောင်တာတွေတောင် လုပ်လိုက်ပါတယ်။ ကလေးပရိသတ်တွေကိုဆို အချိန်ပေးပြီးတော့ ပြန်တုံ့ပြန်တတ်တဲ့ သူ့အကျင့်အတိုင်းပါပဲ။ သူ့ ကစားသမားဘ၀မှာ ကလေးငယ်တွေ တောင်းဆိုရင် ဂုတ်ကြီးဘက်က ငြင်းတယ်ဆိုတာ အရမ်းရှားပါတယ်။

ညက ဆုပေးပွဲမှာလည်း သူ မငြင်းဆန်ခဲ့ဘဲ လုပ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
Credit

28/12/2024

ဒီဇင်ဘာလအတွင်း ရီးရဲလ်ကြယ်ပွင့် ဗီနီရရှိခဲ့တဲ့ တစ်ဦးချင်းဆုတံဆိပ်များ

ဖီဖာတစ်နှစ်တာ အကောင်းဆုံးကစားသမား
ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်း
ဖီဖာ တိုက်ကြီးများဖလား ရွှေဘောလုံးဆု
ဖီဖာ တိုက်ကြီးများဖလား ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု
ဖီဖာ တိုက်ကြီးများဖလား ဗိုလ်လုပွဲ အကောင်းဆုံးကစားသမားဆု

ဗီနီအတွက်တော့ အမှတ်ရစရာ ဒီဇင်ဘာလဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုက ဘလွန်းဒီအော်နဲ့ လွဲချော်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာအတွင်းမှာတော့ တစ်ဦးချင်းဆုတံဆိပ်တွေကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Credit

27/12/2024

မက်ဆီငယ်ငယ်တုန်းက ကျနော် အဖေ့ကို Dodge ကားတွေကို ကြိုက်တယ်၊ အဲဒီကားတစီးလောက် လိုချင်တယ်ဆိုပြီးတော့ ပြောဖူးတာကို သူ ကြားခဲ့ပါတယ်၊ အဖေကတော့ မင်းရဲ့ ညီလေးကို ဆေးကုပေးချင်တယ် (ဟော်မုန်းချို့တဲ့တဲ့ ရောဂါ)၊ ဒါပေမယ့် ငါတို့မှာပိုက်ဆံမရှိဘူးတဲ့။

ဘာစီလိုနာကို သွားခဲ့တဲ့ ပထမဆုံးရာသီမှာ မက်ဆီက ရိုဆာရီယိုကို ပြန်လာပြီးတော့ ပိုက်ဆံထုပ်တထုပ်ပေးခဲ့တယ်၊ ပြီးတော့ အခု မင်း ကိုယ်ပိုင် Dodge ရပြီလို့ ကျနော့်ကို ပြောခဲ့တယ်။ ကျနော် မယုံနိုင်ခဲ့ဘူး။ ကြီးထွားလာဖို့အတွက် ခက်ခဲတဲ့ ကျနော့်ညီလေး ဆေးကုဖို့အတွက် ကျနော့်တဘ၀လုံး အလုပ်လုပ်ရမယ်လို့ ထင်ခဲ့တာပါ။

ဒါပေမယ့် သူက ကျနော်တို့အတွက် ပေးဆပ်သူ ဖြစ်လာခဲ့ပါတယ်။ ကျနော့်အတွက် အိမ်တလုံးနဲ့ ကားတွေအများကြီးဝယ်ပေးခဲ့တယ်။ သူ့အပေါ်မှာ ကျနော် အကြွေးတွေအများကြီးတင်နေတာပါ၊ ကျနော်တို့အတွက် သူက အံ့ဖွယ်အမှုတွေကို လုပ်ပေးခဲ့တယ်။ သူ့နာမည်က လီယိုပါ။

- မက်ဆီရဲ့ အကို မက်တီးယက်စ်
Credit

27/12/2024

ယူနိုက်တက်တို့ တန်းဆင်းဇုန်ထဲ ဆင်းရမယ့် အနေအထားကိုပါ ရောက်လာပြီ။ ဒီတိုင်းသာ သူတို့ ဆက်ရှုံးနေမယ်ဆိုရင် အဲဒီနေ့ကို မလွဲမသွေရင်ဆိုင်ရတော့မှာပါ။ အခုတောင် တန်းဆင်းဇုန်ထိပ်ဆုံးက အသင်းနဲ့ ၈ မှတ်ပဲကွာပါတော့တယ်။ ၀ုလ်ဗ်ကို အဝေးကွင်းမှာ ထပ်ရှုံးခဲ့ပြီး အမော်ရင်လည်း အိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေရပါပြီ။

အမော်ရင်လည်း ဒီအသင်းကို မကယ်တင်နိုင်တော့ဘူးလို့ပဲ ပြောရမယ်။ တော်တော်လေးစိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်း၊ ပုံစံ၊ စိတ်ဓာတ်တွေကို ယူနိုက်တက်မှာ မြင်နေရတာပါ။ သူ့လက်ထက်မှာ အသင်းက ပိုဆိုးလာပြီးတော့ ခံစစ်ပိုင်းက ဂိုးတွေလှူ၊ တိုက်စစ်ပိုင်းက ဂိုးမရနဲ့ ရှုံးပွဲဆက်နေတာပါ။ ဒီအသင်းအခြေအနေက တော်တော်လေးကို ဆိုးရွားလာတာပါ။

ဒီကြားထဲ ထောင့်ကန်ဘောကနေ နှစ်ပွဲဆက်တိုက် တိုက်ရိုက်ဂိုးတွေ ပေးနေရပါသေးတယ်။ တိုက်စစ်ပိုင်းကလည်း ဘယ်သူပဲ ထည့်ကန်ကန် ဂိုးမရဘဲ ရုန်းကန်နေရတာပါ။ ဇန်နဝါရီစျေးကွက်ကို တချက်စောင့်ကြည့်ရမယ်။ အမော်ရင်အတွက် လူခေါ်ပေးပြီး အသင်းကို ပြုပြင်နိုင်မယ်ဆိုရင်တော့ မပြောတတ်ဘူး။ လက်ရှိအတိုင်းကတော့ ယူနိုက်တက်တို့ ဆက်ရှုံးရင် တန်းဆင်းဇုန်အိပ်မက်ဆိုးတွေပါ ရင်ဆိုင်ရပါတော့မယ်။
Credit

26/12/2024

ဒီခရစ္စမတ်က လီဗာပူးအတွက် အကောင်းဆုံး ခရစ္စမတ်ကာလတစ်ခုလို့ ပြောနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အမှတ်ပေးဇယားကို ဦးဆောင်ပြီး ခရစ္စမတ်ကာလကို ဖြတ်သန်းခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက ချဲလ်ဆီးထက် တစ်ပွဲလျော့၊ (၄) မှတ်အသာရထားပြီး ချန်ပီယံလိဂ်မှာလည်း ဒုတိယနေရာက ဘာစီလိုနာထက် (၃) မှတ် အသာရထားပါတယ်။

အာနေးဆလော့လက်ထက် ဒီအသင်းက အကောင်းဆုံးကာလတစ်ခုကို ဖြတ်သန်းနေရပြီး ဘောက်ဆင်းဒေးနဲ့ နယူးရီးယားကာလတွေကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ လိုအပ်နေပါတယ်။
Credit

26/12/2024

ခရစ္စမတ်နေ့ရဲ့ ကစားသမားခေါ်ယူမှုတွေထဲမှာ အထင်ကရဖြစ်ခဲ့တာက ဗန်ဒိုက်ချ်နဲ့ ဗီဒစ်တို့ပါပဲ။ ဗန်ဒိုက်ချ်က လီဗာပူး၊ ဗီဒစ်က ယူနိုက်တက်ကို ရောက်ခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးက သက်ဆိုင်ရာအသင်းတွေအတွက် အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ဗန်ဒိုက်ချ်က လီဗာပူးနဲ့အတူ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့အထိ နီးစပ်ခဲ့ပြီး ဗီဒစ်ကလည်း ယူနိုက်တက် နောက်တန်းရဲ့ အမာခံကျောက်ဆောင်ကြီးတစ်ခုလို ဖြစ်ခဲ့တာပါ။

ဇန်နဝါရီအပြောင်းအရွှေ့အတွက် အထင်ကရ အကောင်းဆုံး ခေါ်ယူမှုတွေဖြစ်ခဲ့ပြီး ဒီနောက်ပိုင်းမှာ သူတို့လောက် အကျိုးပြုတဲ့ ဆောင်းရာသီခေါ်ယူမှုတွေက မရှိသလောက် နည်းသွားခဲ့ပါပြီ။
Credit

26/12/2024

နိုဝင်ဘာ ၁၄ ရက်နေ့မှာ ရာနီရေးနီက ရိုးမားနည်းပြဖြစ်လာခဲ့ပါတယ်။ ရိုးမားနည်းပြဘ၀ ပထမဆုံး ၃ ပွဲမှာ သူ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အခြေအနေတွေ ဆိုးရွားနေတဲ့ ဒီအသင်းကို တည့်မတ်နိုင်ပါ့မလားလို့ အားလုံးက သံသယဝင်လာကြပါတယ်။

အခုဆိုရင်တော့ ရိုးမားဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ တပွဲတည်းသာ အရေးနိမ့်ထားပြီး ၄ ပွဲအထိ အနိုင်ရထားပါတယ်။ နောက်ဆုံး ၂ ပွဲဆက်တိုက် ၄ ဂိုးနဲ့အထက်သွင်းယူထားပြီး နောက်ဆုံး ၅ ပွဲမှာဆိုရင် ကိုမိုကို ၂-၀ နဲ့ အရေးနိမ့်တာကလွဲရင် ကျန် ၄ပွဲစလုံးကို ၃ဂိုးနဲ့အထက် သွင်းယူထားနိုင်ခဲ့ပါတယ်။

ရာနီရေးနီလက်အောက်မှာ ရိုးမားတိုက်စစ်က တော်တော်လေးကို ကောင်းမွန်လာပါတယ်။ ဂိုးတွေအများကြီး ပိုသွင်းလာနိုင်ပြီး ဒီဘာလာတို့အုပ်စု ခြေစွမ်းပြန်ပြနေပါပြီ။ အသက် ၈၀ နားကပ်နေတဲ့ နည်းပြအိုကြီးရဲ့ စွမ်းဆောင်ရည်ပါပဲ။
Credit

25/12/2024

“ကျနော်တို့ ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ပွဲတစ်ပွဲမှာ ရော်နယ်ဒိုကို ဖာဂူဆန် ဆူပူကြိမ်းမောင်းခဲ့တာ ကျနော် မှတ်မိပါသေးတယ်။ သူက ရော်နယ်ဒိုကို မင်းကိုယ်မင်း ဘာထင်နေလဲ? မင်းက ဒီမှာ လူတိုင်းကို သက်သေပြဖို့အတွက် ကြိုးစားနေရတုန်း”

“ဒါကို မင်းက ကိုယ့်ကိုယ်ကိုယ် စူပါစတားထင်နေတယ် ဆိုပြီးတော့ကို ပြောခဲ့တာပါ။ ရော်နယ်ဒိုကို အဝတ်လဲခန်းထဲမှာ မျက်ရည်တွေနဲ့ မြင်ခဲ့ရတာကို ကျနော် မှတ်မိနေပါသေးတယ်”

“ကျနော့်စိတ်ထဲတော့ ဖာဂူဆန်က ဘယ်သူ့ကိုမှ ဂရုမစိုက်တာပဲဟ။ မင်း ဘယ်သူလဲဆိုတာ သူက ဂရုမစိုက်ဘူးပဲဆိုပြီး ဖြစ်နေခဲ့တာပေါ့”

-ဖာဒီနန်
Credit

24/12/2024

နဂိုကတည်းကမှ ဆောင်းရာသီရောက်ရင် ယိုင်နဲ့နဲ့ဖြစ်နေတဲ့ အာဆင်နယ်ကတော့ အခုလည်း ကြယ်ပွင့် ဆာကာကို ကာလရှည် လက်လွှတ်ရဖို့ရှိနေပါတယ်။ ဒီကောင်လေးက ပဲလေ့စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာက ပြင်းထန်ခဲ့ပုံရပြီး အရွတ်ပါ ထိခိုက်မိခဲ့ပုံရှိပါတယ်။ အဲ့ဒါကြောင့်လည်း အာတီတာက ဆာကာကို ရက်သတ္တပတ်ပေါင်းများစွာ လက်လွှတ်ရမယ်လို့ အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က အမှတ်ပေးချန်ပီယံဆုအတွက် လီဗာပူး၊ ချဲလ်ဆီးတို့နောက်ကလိုက်နေပြီး ဆာကာကို လက်လွှတ်လိုက်ရတာကြောင့် တိုက်စစ်ပိုင်းက သေချာပေါက် အားနည်းသွားတော့မှာပါ။
Credit

24/12/2024

မက်ဆီ 🗣 အင်္ဂလန်မျိုးဆက်ကစားသမားတွေထဲမှာ ကျနော့်အတွက်တော့ ရွန်နီက အကြီးကျယ်အခမ်းနားဆုံးပဲ။

အာစင်ဝင်းဂါး 🗣 အင်္ဂလန်ကို ကျနော်စရောက်ချိန်ကစပြီး အရည်အသွေးအရှိဆုံးကစားသမားက ရွန်နီပါပဲ။

ရွန်နီက ယူနိုက်တက်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သူပါ။ ဒါတောင်မှ သူက တိုက်စစ်မှူးစစ်စစ်နေရာကို ကစားရတာမဟုတ်ခဲ့သလို အသင်းဖော်တွေကို ပံ့ပိုးပေးခဲ့ရတာပါ။

တကယ်လို့သာ သူ့ကိုဦးစားပေးပြီး ကစားစေခဲ့မယ်ဆိုရင် ရွန်နီဆီက ဒီထက်မကတဲ့ သွင်းဂိုးတွေကို မြင်တွေ့ရဖွယ်ရှိပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရွန်နီက အသင်းဂန္ထဝင်တဦးဆိုတာထက် ပိုတဲ့ ကစားသမားတဦးဖြစ်ခဲ့ပါတယ်။

သူ့ကိုသာ အသင်းက ဦးစားပေးကစားခဲ့မယ်ဆိုရင် ရွန်နီဟာ ဒီထက်မကတဲ့ စံချိန်မှတ်တမ်းတွေကို လုပ်ပြနိုင်ခဲ့မှာ အသေအချာပါပဲ။ ဒါပေမယ့် သူဟာ တွဲဖက်တိုက်စစ်မှူးတွေကို ပါရမီဖြည့်ပေးရင်းနဲ့ပဲ ကျင်လည်ခဲ့ပြီး သူကိုယ်တိုင်ကလည်း အဲလိုမျီုး ကစားရတာကို နှစ်သက်ခဲ့ပါတယ်။
Credit

24/12/2024

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ နိုင်ခဲ့တဲ့နောက် ဘုန်းမောက်က ဒီရာသီ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းကို အနိုင်ယူထားနိုင်ခဲ့ပါပြီ။ ယူနိုက်တက်နဲ့ မတိုင်ခင် ဘုန်းမောက် မန်စီးတီး၊ အာဆင်နယ်၊ စပါးတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးပါပြီ။

ဒီပွဲတွေမှာလည်း နည်းပြအီရိုလာရဲ့ ဘုန်းမောက်က နိုင်ပွဲတွေရယူနိုင်ခဲ့ပြီး ပေးဂိုးရှိခဲ့တာကလည်း မန်စီးတီးနဲ့ပွဲမှာ တစ်ဂိုးတည်းပေးခဲ့ရပါတယ်။ အာဆင်နယ်ကို နှစ်ဂိုးပြတ်၊ စပါးကို တစ်ဂိုး၊ ယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

အရင်ကတည်းက အိမ်ကွင်းဆိုရင် မာဂုဏ်ရှိတဲ့ ဘုန်းမောက်တို့ အိမ်ကွင်းသုံးပွဲမှာ နိုင်ပွဲရအောင် ယူထားပြီး ယူနိုက်တက်ကိုလည်း အိုးထရက်ဖို့ဒ်မှာ နှစ်နှစ်ဆက်တိုက် အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Credit

23/12/2024

ဘာစီလိုနာကို ကျနော်ပြောင်းရွှေ့ချိန်မှာ သူတို့က ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုပြီးတော့ မေးခဲ့တယ်။ ကျနော်လည်း မက်ဆီလို့ပဲ ပြန်ဖြေခဲ့တာပေါ့။ အဲဒါက အကြီးမားဆုံးလိမ်လည်မှုတွေထဲက တခုဖြစ်ခဲ့ပါတယ်။ နူးကမ့်မှာ ဘာစီလိုနာဂျာစီကို ဝတ်ဆင်ကစားခွင့်ရဖို့အတွက် ကျနော်လိမ်ခဲ့ရပါတယ်။

- ကီဗင်ပရင့်ဘိုတန်
Credit

22/12/2024

အေတီကိုကတော့ နူးကမ့်မှာ ဘာကာကို အနိုင်ယူသွားခဲ့ပါပြီ။ ဆိုလော့ချ်ရဲ့ ၉၆ မိနစ်သွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးကိုပါ တက်သွားတာပါ။ ဘာကာတို့ အိမ်ကွင်းမှာ ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း မထိန်းထားနိုင်ခဲ့ပါဘူး ။ခြေစွမ်းပြနေတဲ့ ဆီမြန်နီရဲ့ အသင်းဟာ လာလီဂါဖလားအတွက် သူတို့ကိုလည်း မေ့မထားဖို့ သတိပေးနေပါပြီ။

ဆီမြွန်နီဟာ သူ့အသင်းကို ၁၂ပွဲဆက်တိုက်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဘာကာနဲ့ ရီးရဲလ်တို့ အမှတ်တွေလျော့တိုင်းမှာ အနိုင်ကစားပြီး အခွင့်အရေးယူခဲ့တဲ့နောက် အခုဆိုရင် ဘာကာထက် တပွဲလျော့ကစားပြီး ၃ မှတ်တောင် ပြန်ဖြတ်လိုက်ပါတယ်။ ရီးရဲလ်ထက် တပွဲပိုကစားပြီး ၄ မှတ်ဖြတ်ထားပါတယ်။

ဘာကာကတော့ ရီးရဲလ်သာ ပွဲကျန်တွေနိုင်ရင် အဆင့် ၃ အထိ ဆင်းပေးရတော့မှာပါ။ ဟန်ဆီဖလစ်လက်ထက် ခြေစွမ်းပြနေတာတွေက ကုန်ဆုံးသွားပြီလားမသိဘူး။ ဆက်တိုက်ကို ရှုံးနေပြီး အမှတ်တွေ လျော့နေတာက အခုဆို ပြိုင်ဘက်တွေကို အမီပြန်လိုက်ရပါတော့မယ်။ ဟန်ဆီဖလစ်အတွက်လည်း ဖိအားတွေ ရှိလာခဲ့ပါပြီ။
Credit

22/12/2024

“သိပ်မကြာခင် ဒါမှမဟုတ် နောက်ကျမှပဲ ကျနော်တို့ ပြန်လာနိုင်မလား ကြည့်ရပါမယ်။ သေချာတာက ကျနော်တို့ ဒီအခြေအနေတွေကို ပြောင်းလဲပစ်မှာပါ။ ဘယ်အချိန်မှာ ဖြစ်နိုင်မလဲတော့ ကျနော်လည်း မသိပါဘူး” လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

မန်စီးတီးရဲ့ လက်ရှိအခြေအနေဆိုးတွေကို ဂွါဒီယိုလာတစ်ယောက် ဘယ်လိုမှ ပြောင်းလဲနိုင်စွမ်း မရှိသေးပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး (၁၁) ပွဲမှာ တစ်ပွဲသာနိုင်တဲ့အထိ မန်စီးတီးတို့ အခြေအနေဆိုးနေတာပါ။

ဂွါဒီယိုလာလည်း တစ်သက်နဲ့တစ်ကိုယ် ဒါမျိုး တစ်ခါမှမကြုံဖူးဘဲ သူ့မျက်နှာမှာ ဖိအားတော်တော်များနေတဲ့ပုံရိပ်တွေကိုလည်း မြင်တွေ့နေရပါတယ်။
Credit

Vous voulez que votre entreprise soit Gym la plus cotĂŠe Ă  Democratic Republic of the ?

Cliquez ici pour rĂŠclamer votre Listage Commercial.

Type

Site Web

Adresse


Democratic Republic Of The
Undefined variable: isMonitored
    Return to your account