Max in Deutschland.Eu

Max in Deutschland.Eu

Share

🇨🇳🇦🇪🇴🇲🇩🇪🇨🇭🇦🇹🇨🇿🇳🇱🇧🇪🇮🇹 🇭🇺🇸🇰🇱🇮🇪🇸🇫🇷🇱🇺 🇵🇹🇩🇰🇳🇴🇸🇪🇸🇮 German Language Instructor

Photos from Max in Deutschland.Eu's post 06/09/2026

အခု ဌာနမှာ private လူနာတွေ တွေ့ရတယ်၊ အဲလိုလူနာတွေက သီးသန့် အခန်းနဲ့နေရတယ်၊ မရရင်တော့ ၂ယောက်ခန်းနေရတယ်။ အစားအစာကတော့ တမူထူးခြားတာပေါ့ ၊သူတို့ကို ဘာစားချင်လဲဆိုပြီး သီးသန့် စာရင်းလာကောက်ယူရတယ်။ Private Insurance ထားနိုင်တဲ့သူတွေက လစာ ဝင်ငွေ ၆၀၀၀€ ကျော်ရမှ ၊ ဝယ်ချင်တိုင်း ဝယ်လို့မရ။

Photos from Max in Deutschland.Eu's post 04/09/2026

ဩဂုတ်လ ၂၀၂၆ ခုနှစ်က စပြီး ဟင်းတွေကို ဆီမပါဘဲ ချက်စားမယ်၊ သကြား လျှော့နိုင်သမျှ လျှော့မယ်၊ ထမင်းကို နေ့လည် နဲ့ ညနေစာ ပဲစားပြီး မနက်စာကို Haffenfloker , ချီယာစေ့ရယ် ၊ဒိန်ချဉ်၊ အသီး ပဲ စားမယ်၊ ခန္ဓာကိုယ် ကြိုက်တာပဲ စားမယ်၊ 😁😁
ဒီနေ့ နေ့လည်စာ ဝက်သား၊ သခွါးသီးကို ငပိထောင်းနဲ့ သံပုရာသီးရွှဲရွှဲလေး ညှစ်ပြီးသုပ်၊ ပဲနောက်ဟင်း ရည်၊ ဆီလုံးဝ မပါသော ဟင်းလျာ။

30/08/2026

ပဲခေါက်ဆွဲ ၊ တော့ပိုးကီ၊ ငါးအသားပြား၊ အပ်မှို၊ ငါးအသားလုံး၊ ရေညှိ၊ ပဲပြား ၊ ဗိုက်ဆာဆာနဲ့ အားရပါးရလွေး😁😁
#

Photos from Max in Deutschland.Eu's post 29/08/2026

မနေ့က ဒီထမင်းဝိုင်းလေးက Max ရဲ့ အတွေးထဲကို လာပြီး တီးတိုး စကားပြောလေရဲ့၊ သူပြောတာက ဒီနိုင်ငံမှာလည်း တို့တွေ မြန်မာနိုင်ငံကလို မြန်မာ ထမင်း၊ဟင်း စစ်စစ်၊ အမြဲတမ်းတော့ မဟုတ်ပေမဲ့၊ ထမင်းအတူတူ၊ လက်ရည်တပြင်တည်း စားလို့ရတယ်ဆိုတာ၊ စိတ်ရဲ့ လွမ်းဆွတ် မှုကိုလုံးဝ ကျေနပ်သည်အထိ၊ ထမင်းဝိုင်းလေးက အဓိပ္ပါယ်ဖော်ဆောင်နိုင်ရုံမက၊ စိတ်ကိုကျေနပ်သည်အထိ ပေးစွမ်းနိုင်ခဲ့လေရဲ့။ စားရတဲ့ ၁၀ မိနစ် က ခဏလေးဆိုပေမဲ့ အဲ့ဒီ ၁၀မိနစ်ဟာ အရမ်း အရမ်းတန်ဖိုးလုံးဝ ရှိတဲ့ အခိုက်အတန့်ဆိုတာ Max တို့ပဲသိတယ်။

ထမင်းဝိုင်းရဲ့ ဟင်းလျာကတော့ မြန်မာနိုင်ငံမှာ စားရတာထက် ကို ပိုပြီးပြည့်စုံတဲ့ဟင်းလျာတွေပါ၊ ငပိရည်ချို၊ ဝက်သားအချိုချက်၊ ဘဲဥချက်၊ သီးစုံ ပဲဟင်း၊ ဒညင်းဝက်ကြော်၊ သရက်ချဉ်သုပ်၊ မှိုကန်စွန်းရွက်ကြော်၊ အဲလိုအမယ်စုံနဲ့ ချက်ကျွေးဖို့ဆိုတာ တော်ရုံစေတနာနဲ့ မရနိုင်ဘူး၊ အာ့ကြောင့် Max က ထမင်းကို အားရပါးရ ၃ ပန်းကန် လွေးခဲ့တယ်။ 🤣🤣🤣

Photos from Max in Deutschland.Eu's post 28/08/2026

Max ကို အရမ်းပေါ့ပါး ၊သွက်လက်တယ်လို့ ထင်မြင်ကြသူအတွက် Max ရဲ့ နည်းလမ်းကို မျှဝေပေးချင်တယ်။ Max gym ကို ၁လမှာ အနည်းဆုံး ၁၂ နဲ့ အများဆုံး ရက် ၂၀ အားကစားလုပ်ဖြစ်တယ်။ စားသောက်မှုကို ၈ လပိုင်း၁ရက် နေ့ကစပြီး Carbonhydreate အများဆုံးပါတဲ့ ထမင်းကို ၁နပ်လျှော့စားတယ်။ သကြား တတ်နိုင်သလောက် လျှော့စား အထူးသဖြင့် ချောကလပ်၊ ကိတ်မုန့် တွေမှာပါတဲ့ သကြားဓာတ်၊ ဆီ လုံးဝ အတတ်နိုင်ဆုံး မစားဘဲနေတယ်၊ ဟင်းချက်လည်း ဆီမထည့်ဘဲ ချက်တယ်၊ အထူးသဖြင့် နန်းကြီးသုတ်၊ လက်ဖက် သုပ်စားတာက လွဲ၍ ။ နေ့တိုင်းတော့ မစားဖြစ်တော့ဘူး စားလည်း နည်း၂ပေါ့။ အခု gym ကစားလိုက်ဦးမယ်။ အားလုံးကို ကျေးဇူးတင်လျက်။

27/08/2026

ဂျပန် နဲ့ စင်ကာပူမှာ Healthcare အနေနဲ့ အလုပ်လုပ်နေသော မြန်မာလူမျိုးများအတွက်၊ ဂျာမနီမှာ အခြေချချင်သူများ အတွက် Max ရဲ့ ကိုယ်ပိုင် idea နဲ့စဉ်းစားထားတဲ့ နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ TikTok မှာလည်း Followers တွေ နေတိုင်း တိုးနေလို့ ဖေ့ဘွတ်ကို အာရုံ မထားနိုင်။ 😁😁😁

27/08/2026

အရင် ဌာနက ဌာနမှူးက Max ဌာနအသစ် မပြောင်းခင် ညဆိုင်း ၂ရက် ထည့်ဆင်းပေးခိုင်းတာ ၊ပိုရအောင်လို့တဲ့၊ ၇ လပိုင်းမှာ အားလပ်ရက် ၅ ရက်နဲ့ ပိတ်ရက်ကများလို့ ၇လပိုင်းမှာ ၉ ရက်ပဲလုပ်ရတာ ၊ ဒါတောင်ပိတ်ရက်မှာ ၁ရက် အလုပ်ဆင်းပေး ၁၅၀€ အပိုလိုချင်တာလေ😁😁၊ ဒီလ လစာ ယူရို ၃၃၀၀ နီးပါးရလို့ ၊ ၁၀ ရက်ပဲ လုပ်ပြီး 😁😁 ၉ ရက် ၁၀ ရက်ဆိုတာ လတိုင်း မဟုတ်ပါ။ သူ့ရဲ့ အားလပ်ရက်၊ ပိတ်
ရက်ပေါ်မူတည်ပြီး ဌာနမှူးက အလုပ်ချိန် စီမံပေးတာပါ။
ဒီဌာန အသစ်မှာလည်း လူနာက မုန့်ဖိုး သုံးကြိမ်ပေး ယူရို ၁၃၀ ရ😁။ အာ့ကြောင့် တနင်္လာ သားသမီးတွေအနားကပ်ရင် ငွေနံ့ နံမယ်လို့ ဗေဒင်ပညာရှင်တွေကသုံးသပ်ကြတတာကိုး😊 အခုထိတော့ သူနာပြုအလုပ်ကို လက်မလွှတ်ချင်သေး၊ အားလုံးကို ကျေးဇူးတင်လျက်

Photos from Max in Deutschland.Eu's post 24/08/2026

Wenn dein Pat. mit 7 Stücken LV Taschen auf der Station kommt, du bist für deinen privaten Pat zuständig, du nimmst eine Genehmigung, denn ein kleines Spaß für Bild, um jeder Lachen zu bringen.😊😊jeder Tag ist Wunderschön für mich.

21/08/2026

၂၁. ဩဂုတ်လ မှာ မြန်မာနိုင်ကနေ စတင်ထွက်ခွါးပြီး ၂၂ ရက် ဂျာမနီကို မနက် ၈ နာရီ စတင်ခြေချခဲ့ပြီး နက်ဖြန်ဆို ၄ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ လူနာဆီက စာမေးပွဲအောင်တာကြားပြီး မတွေလို့ မပေးဖြစ်ခဲ့တဲ့ လက်ဆောင်လေးလည်း ရလို့ ၄ နှစ်ပြည့်ဟာ ပိုမို အဓိပါယ်ရှိသွားတာပေါ့။😊😊

Photos from Max in Deutschland.Eu's post 20/08/2026

မနက်စာ နန်းကြီးသုပ် ၊ နေ့လည်စာ အလုပ်အတွက် ချဉ်ပေါင် ပုစွန်ကြော်၊

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Frankfurter Straße
Yangon
35037