FotStats

Directions

FotStats Bringing you fascinating football facts and daily updates from the world of soccer.
(307)

Congratulations Harry Kane!2026 Ballon D’or Winner၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင်နောက်ပိုင်း အင်္ဂလန်ကစားသမားတွေထဲက ပထမဆုံးသ...
26/10/2026

Congratulations Harry Kane!
2026 Ballon D’or Winner

၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင်နောက်ပိုင်း အင်္ဂလန်ကစားသမားတွေထဲက ပထမဆုံးသော ရွှေဘောလုံးဆုရှင်ဖြစ်လာခဲ့ပါပြီ ။

ဆာကာရဲ့ ပွဲ၅၀ကျော် ကြိုးစားထားတဲ့ ဂိုးနဲ့ ဖန်တီးမှု အရေအတွက်ကို ၁၃ပွဲတည်းနဲ့ လိုက်မီထားတဲ့ ယာမဲလ်
20/10/2026

ဆာကာရဲ့ ပွဲ၅၀ကျော် ကြိုးစားထားတဲ့ ဂိုးနဲ့ ဖန်တီးမှု အရေအတွက်ကို ၁၃ပွဲတည်းနဲ့ လိုက်မီထားတဲ့ ယာမဲလ်

သင်သိပါသလား? ( Do you know? )အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီ ...
18/10/2026

သင်သိပါသလား? ( Do you know? )

အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီ အသင်းရဲ့ သမိုင်းတလျှောက် သွင်းဂိုး အများဆုံး၊ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာပါ။

ဒီလိုမျိုး လုပ်ပြနိုင်တဲ့ ကစားသမား သမိုင်းမှာ အနည်းအကျဉ်းသာ ရှိပါတယ်။

ဘုရားစူး ကောင်းတဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် ဘရူနိုရဲ့ အက်သလက်တီကိုနဲ့ ပွဲက ခြေစွမ်းမန်ချက်စတာယူ...
14/10/2026

ဘုရားစူး ကောင်းတဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် ဘရူနိုရဲ့ အက်သလက်တီကိုနဲ့ ပွဲက ခြေစွမ်း

မန်ချက်စတာယူနိုက်တက် အသင်းကပ္ပတိန် ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီအတွက် ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့်၊ ဒီရာသီတော့ ခြေစွမ်းကောင်း ပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ယနေ့မနက်က ချန်ပီယံလိဂ်ပွဲမှာလည်း ဘရူနို တယောက် ခြေမပေါ်ခဲ့ပါပြန်ပါဘူး။ ထိုပွဲစဉ်အတွင်း ၄င်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဓိက အခွင့်အရေး ဖန်တီးမှု: (၁) ကြိမ်
အဓိကပေးပို့မှု (Key Pass): (၁) ကြိမ်
ဘောလုံးပေးပို့မှု တိကျနှုန်း: (၈၁%)
မြေပြင်ဘောလုံးလုပွဲ အနိုင်ရမှု: (၄/၄) ကြိမ်

နောက်ဆုံးအကြိမ် ချန်ပီယံလိဂ် ရအပြီး ဥရောပထိပ်သီးအသင်းတွေ ကျော်ဖြတ်ထားတဲ့ နေ့ရက်အရေအတွက်ချန်ပီယံလိဂ် ဖလားဟာ ဥရောပ ထိပ်သီး...
13/10/2026

နောက်ဆုံးအကြိမ် ချန်ပီယံလိဂ် ရအပြီး ဥရောပထိပ်သီးအသင်းတွေ ကျော်ဖြတ်ထားတဲ့ နေ့ရက်အရေအတွက်

ချန်ပီယံလိဂ် ဖလားဟာ ဥရောပ ထိပ်သီး အသင်းတွေရဲ့ အောင်မြင်မှုတွေကို တိုင်းတာတဲ့ ဖလားတလုံး ဖြစ်ပြီး၊ လက်ရှိ ချန်ပီယံကတော့ ၂နှစ်ဆက် ဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီပါ။ ဥရောပ ထိပ်သီးအသင်း တချို့ရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေတဲ့ နေ့ရက် အရေအတွင်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။

အာဆင်နယ် (Arsenal): လုံးဝ (လုံးဝ) မဆွတ်ခူးဖူးသေးပါ။

အေစီမီလန် (AC Milan): ရက်ပေါင်း ၇,၀၈၂ ရက်။

မန်ချက်စတာယူနိုက်တက် (Manchester United): ရက်ပေါင်း ၆,၇၁၃ ရက်။

ဘာစီလိုနာ (Barcelona): ရက်ပေါင်း ၄,၁၄၆ ရက်။

လီဗာပူးလ် (Liverpool): ရက်ပေါင်း ၂,၆၉၀ ရက်။

ဘိုင်ယန်မြူးနစ် (Bayern Munich): ရက်ပေါင်း ၂,၂၄၁ ရက်။

ချဲလ်ဆီး (Chelsea): ရက်ပေါင်း ၁,၉၆၀ ရက်။

ရီးရဲလ်မက်ဒရစ် (Real Madrid): ရက်ပေါင်း ၈၆၃ ရက်။

ပီအက်စ်ဂျီ (PSG): ရက်ပေါင်း ၁၃၅ ရက်။

လစ္စဘွန်းမှာ ဝယ်ထားတဲ့ ရော်နယ်ဒိုရဲ့ ဇိမ်ခံ စံအိမ်ကြီးပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့နဲ့ မိုင် ၃၀ အကွာအဝေးမှာ တည်ရှိတဲ့ ...
13/10/2026

လစ္စဘွန်းမှာ ဝယ်ထားတဲ့ ရော်နယ်ဒိုရဲ့ ဇိမ်ခံ စံအိမ်ကြီး

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့နဲ့ မိုင် ၃၀ အကွာအဝေးမှာ တည်ရှိတဲ့ ယူရိုသန်း ၃၀ တန် ဇိမ်ခံတိုက်ကြီးတစ်လုံးကို ပေါ်တူဂီစူပါစတား ခရစ်တီယာနို ရော်နယ်ဒို ဝယ်ယူထားပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ အဆိုပါ ဇိမ်ခံအိမ်ဟာ ရော်နယ်ဒိုအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံသမား ဘဝကနေ အနားယူတဲ့အခါမှာ အဓိကထား နေထိုင်ဖို့ စီစဉ်ထားတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီး ရှေ့တန်းအတွဲ JP Morgan ရဲ့ ဘုန်းမောက်နဲ့ ပွဲက အံ့မခန်း စွမ်းဆောင်ရည်ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ဘုန်းမေ...
11/10/2026

ချဲလ်ဆီး ရှေ့တန်းအတွဲ JP Morgan ရဲ့ ဘုန်းမောက်နဲ့ ပွဲက အံ့မခန်း စွမ်းဆောင်ရည်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ဘုန်းမောက်နဲ့ ပွဲမှာ ၅-၁ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ရာ၊ ထုံးစံအတိုင်း JP Morgan ( ပါလ်မာ-ပတ်ဒရို-ရော်ဂျာစ် ) အတွဲရဲ့ အံ့ဖွယ် ခြေစွမ်းကို အောက်ပါအတိုင်း မြင်ခဲ့ရပါတယ်။

ကိုးလ်ပါလ်မာရဲ့ ဘုန်းမောက်နဲ့ ပွဲက စွမ်းဆောင်ရည်

ဂိုးဖန်တီးမှု - ၁ ကြိမ်
ဘောလုံးထိတွေ့မှု - ၄၄ ကြိမ်
အခွင့်အရေး ဖန်တီးမှု - ၁ ကြိမ်
Key Passes - ၂ ကြိမ်

မော်ဂန် ရော်ဂျာစ်ရဲ့ ဘုန်းမောက်နဲ့ ပွဲက စွမ်းဆောင်ရည်

သွင်းဂိုး - ၁ ဂိုး
ဂိုးကန်သွင်းမှု - ၂ ကြိမ်
ဘောလုံးလုယူမှု အောင်မြင်မှု - ၂/၃ ကြိမ်
တဦးချင်း ယှဉ်လုနိုင်မှု - ၅/၁၀ ကြိမ်

ဂျောင်ပတ်ဒရိုရဲ့ ဘုန်းမောက်နဲ့ ပွဲက စွမ်းဆောင်ရည်

သွင်းဂိုး - ၂ ဂိုး
ဂိုးကန်သွင်းမှု - ၂ ကြိမ်
ဘောလုံးဆယ်ယူနိုင်မှု - ၅ ကြိမ်
တဦးချင်း ယှဉ်လုနိုင်မှု - ၂/၄ ကြိမ်

ဆော်ဒီလိဂ်မှာ ရော်နယ်ဒို ဂိုးမသွင်းရသေးတဲ့ ကလပ် တသင်းသာ ကျန်တော့မနေ့ည နှောင်းပိုင်းမှာ ကစားသွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ...
10/10/2026

ဆော်ဒီလိဂ်မှာ ရော်နယ်ဒို ဂိုးမသွင်းရသေးတဲ့ ကလပ် တသင်းသာ ကျန်တော့

မနေ့ည နှောင်းပိုင်းမှာ ကစားသွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်နက်ဆာ အသင်းဟာ အယ်ဒီရီယာ အသင်းကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး၊ ဒီနိုင်ပွဲမှာ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒို တယောက် အဖွင့်ဂိုး သွင်းယူပေးခဲ့ကာ၊ ဂိုးတထောင်ပြည့်ဖို့ ဂိုး၂၀သာ လိုတော့တဲ့ အနေအထားကို ရောက်လာပါတယ်။

အယ်ဒီရီယာဖက်ကို ဂိုးသွင်းပြီးတဲ့နောက် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် ၂၄သင်းအထိ ဂိုးသွင်းထားကာ၊ ၄င်း ဂိုးမသွင်းရသေးတဲ့ အသင်းဆိုလို့ အယ်ဘက်တင် တသင်းတည်းသာ ကျန်ပါတော့တယ်။

၁၆နှစ်တည်းနဲ့ ဂင်းနစ်စံချိန် ၃ခု ချိုးထားတဲ့ ဒေါင်းမန်းအာဆင်နယ် အကယ်ဒမီထွက် ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်လေး မက်စ်ဒေါင်းမန်...
09/10/2026

၁၆နှစ်တည်းနဲ့ ဂင်းနစ်စံချိန် ၃ခု ချိုးထားတဲ့ ဒေါင်းမန်း

အာဆင်နယ် အကယ်ဒမီထွက် ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်လေး မက်စ်ဒေါင်းမန်းဟာ အသက် ၁၆ နှစ်အရွယ်မှာတင် ဂင်းနစ်ကမ္ဘာ့စံချိန်တင် လက်မှတ် ၃ ခုအထိ ဆွတ်ခူးရရှိထားပါတယ်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ဖွား ဒေါင်းမန်းဟာ ဘောလုံးကမ္ဘာမှာ အရွယ်နဲ့ မလိုက်တဲ့ အံ့အားသင့်စရာ စံချိန်တွေကို တသီတတန်းကြီး စိုက်ထူထားပြီး၊ သူ စိုက်ထူထားနိုင်ခဲ့တဲ့ အံ့ဖွယ်စံချိန် ၃ ခုကတော့ -

စံချိန် (၁) - ချန်ပီယံလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ပါဝင်ကစားခွင့်ရသူ (အသက် ၁၅ နှစ်၊ ရက်ပေါင်း ၃၀၈ ရက်)
စံချိန် (၂) - ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ (အသက် ၁၆ နှစ်၊ ရက်ပေါင်း ၇၃ ရက်)
စံချိန် (၃) - ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ချန်ပီယံဖြစ်သူ (အသက် ၁၆ နှစ်၊ ရက်ပေါင်း ၁၄၄ ရက်) ဆိုတဲ့ မှတ်တမ်းတွေပါပဲ။

007 မဟုတ်ပဲ 009 အထိ ဖြစ်နေတဲ့ ဘာကိုလာပီအက်စ်ဂျီကနေ လီဗာပူးတို့ ယူရိုသန်း ၁၄၀ အထိ ပေးချေကာ ခေါ်ယူထားတဲ့ တောင်ပံကစားသမား ဘ...
08/10/2026

007 မဟုတ်ပဲ 009 အထိ ဖြစ်နေတဲ့ ဘာကိုလာ

ပီအက်စ်ဂျီကနေ လီဗာပူးတို့ ယူရိုသန်း ၁၄၀ အထိ ပေးချေကာ ခေါ်ယူထားတဲ့ တောင်ပံကစားသမား ဘရက်ဒလီ ဘာကိုလာဟာ ဒီရာသီမှာ နိုင်ငံပွဲ အပါအဝင် ပြိုင်ပွဲစုံ ၉ပွဲအထိ ပါဝင်ကစားပေးထားပြီး ဖြစ်ပေမယ့် ဂိုးမရသေးသလို၊ ဂိုးဖန်တီးမှုလည်း မလုပ်နိုင်သေးပါဘူး။

ဆိုရှယ်မီဒီယာ တခု ဖြစ်တဲ့ တွစ်တာပေါ်မှာတော့ ယင်းပြင်သစ်သားကို ဂျိမ်းစ်ဘွန်းရဲ့ စပါယ်ရှယ်အေးဂျင့်နံပါတ် 007 ထက် ကျော်လွန်ပြီး 009 တောင် ဖြစ်နေတယ်လို့ စနောက်ပြီး troll နေကြပါတယ်။

Address

48 Alfred Knight Way
Birmingham
B152BH

Website

Alerts

Be the first to know and let us send you an email when FotStats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category