Thuma Coaching

Thuma Coaching

Share

• Personal Branding
• Personal Development
• Marketing

Thuma Coaching is a 𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠, 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 𝐟𝐢𝐫𝐦 supporting professionals, founders, entrepreneurs, and leaders in their professional and leadership development. We work with individuals and organisations to build clarity, confidence, and direction across personal development, personal branding, and marketing. To date, we’ve supported 𝟏,𝟓𝟎𝟎+ 𝐥𝐞𝐚𝐫𝐧𝐞𝐫𝐬 and worked with 𝟏𝟎𝟎+ 𝐜𝐥𝐢𝐞𝐧𝐭𝐬 through

01/06/2026

Thuma Coaching ရဲ့ Communicate to Lead Zoom Webinar Course အတွက် Ma Khaing Thazin Myint ရဲ့ Review လေးဖြစ်ပါတယ်။

“introvert တစ်ယောက်ဖြစ်တဲ့အပြင် Leadership နဲ့ပတ်သက်ရင်လည်း အတွေ့အကြုံအများကြီးမရှိသေးတာကြောင့် သင်ယူနေဆဲကာလမှာ ဒီသင်တန်းလေးကိုတက်မယ်ဆိုပြီး join ဖြစ်ခဲ့တာပါ ကိုယ်ကဦးဆောင်နေပေမယ့် ကိုယ်လုပ်တာမှန်နေရလို့ ထောက်ပြပေးမယ့်လူမရှိတဲ့အခါ guide လုပ်ပေးမယ့်လူမရှိဘဲ ကိုယ်တိုင်ပဲ ရှာဖွေးတဲ့အခါ ကိုယ့်ကိုယ်ကို သံသယဝင်စိတ်တွေအများကြီးဝင်လာခဲ့ဖူးပါတယ် ကိုယ်ရဲ့ strategy အတွက် feedback တောင်းအခါလည်းအဆင်ပြေကြတယ်လို့ပဲပြောပေမယ့် တကယ်ပြေနေတာဟုတ်ရဲ့လား နားလည်ကြတာဟုတ်ရဲ့လားဆိုပြီး တွေးတောမိခဲ့ဖူးပါတယ် အခုတော့ အဲ့လိုအတွေးထက် ကိုယ်သိချင်တာမျိုးတွေကို communicate လုပ်ရင်းကတဆင့် သိလာရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း အနည်းနဲ့အများတော့သိသွားရပါတယ်။ ဒါ့အပြင် နောက်တစ်ချက်ကတော့ ကိုယ်နဲ့အမြင်မတူတာမျိုးရှိလာတဲ့အခါ React မလုပ်သေးဘဲ အရင်မေးမြန်းဖို့ရန် စိတ်ရှည်ဖို့လိုတာကိုလည်းသိရပါတယ်။ ကြီးပျင်းလာတဲ့ပတ်ဝန်းကျင်မှာတော့ တစ်ခုခုဆို “အရင်မေးမြန်းတာတဲ့ တုံ့ပြန်မှုတွေ ဆူတာတွေနဲ့ပဲ တွေ့ခဲ့ရတဲ့အပြင်ကို ကိုယ်တိုင်ကလည်း စိတ်မြန်လက်မြန်သမားမို့ စိတ်မရှည်ဘဲ တုံ့ပြန့်မှုတစ်ခုခုကို အလျင်စလိုလုပ်မိတဲ့ ပုံစံမျိုးရှိနေခဲ့ဖူးပါတယ်” ခုတော့ စိတ်ရှည်ဖို့ အရင်ဆုံး တုံ့ပြန့်မှာထက် မေးမြန်းဖို့လည်း သိခဲ့ရပါတယ်။ တခြားလည်အများကြီးရှိပေမယ့် သင်ယူစရာရတာတွေကတော့ အများကြီးပါပဲရှင့်။”

Review ရေးပေးပါသော Ma Khaing Thazin Myint အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

31/05/2026

Thuma Coaching ရဲ့ Communicate to Lead Zoom Webinar Course အတွက် Ma Lydia May ရဲ့ Review လေးဖြစ်ပါတယ်။

“မျှော်လင့်ထားတာထက် ပိုရရှိခဲ့ပါတယ်။ သင်တန်းပြီးတဲ့ နောက်နေ့ အလုပ်ဝင်တဲ့ချိန်ကစပြီး တည်ငြိမ် အေးဆေးနေတာ ကိုယ့်ကိုကိုယ် သတိထားမိတယ်။ သူများလုပ်ရပ်ကို judge မလုပ်ခင် pause လုပ်ပြီးအရင်တွေးပြီးမှ မေးခွန်းမေးပြီး ရလာတဲ့ အဖြေပေါ်မူတည်ပြီး guide လုပ်တတ်တဲ့ အကျင့်ကို ကျင့်သုံးတတ်လာပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။”

Review ရေးပေးပါသော Ma Lydia May အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

30/05/2026

“သင်ခြင်း” နဲ့ “တတ်ခြင်း” ကို မရောထွေးစေလို…

👥 လူတွေထင်နေတာ |

ငါသင်တန်းတက်လိုက်မယ် —> ငါနားလည်သွားပြီ —> ငါတတ်သွားပြီ။

👉 အမှန်တရား |

ဒီ knowledge ကိုငါသုံးကြည့်တယ် —> ငါအမှားလုပ်မိတယ် —> ငါပြန်ပြင်တယ်။ ပြောင်းလုပ်ကြည့်တယ်။ —> ဒီတစ်ခေါက် ငါတိုးတက်လာပြီ။

📌 “သင်တာ” နဲ့ “တတ်တာ” ကိုရောထွေးရင် ပိုက်ဆံတွေကုန်၊ နေ့တိုင်းကြိုးစားပြီး၊ ရလဒ်ကျတော့ မထွက်ပါလားလို့ တွေးပြီးစိတ်ဓာတ်ကျလာပါလိမ့်မယ်။

#သူမ #အတူတူရှင်သန်ကြပါစို့

30/05/2026

Thuma Coaching ရဲ့ One to One Coaching Session အတွက် Ma Kay Thi ရဲ့ Review လေးဖြစ်ပါတယ်။

“One-to-One Section လေးယူပြီး Personal Brand အတွက် တိုင်ပင်ခဲ့ပါတယ်။ အစ်မရဲ့ စိတ်ရှည်မှု ထိရောက်သောမေးခွန်းတွေနဲ့ section အပြီး note summary လေးနဲ့ ကိုယ်တိုင်ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရရှိခဲ့ပါတယ်။”

Review ရေးပေးပါသော Ma Kay Thi အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

29/05/2026

🎙️ ဖန်တီးသူတို့ရဲ့ စကားဝိုင်း - Thuma Coaching Learning Community Vol. 3 ကို June လအတွက် ထပ်မံ မိတ်ဆက်ပေးလိုက်ပါပြီ။

“Marketing Evolution with AI” 🤖

ကိုယ့်ရဲ့ ပင်ကိုယ်ဟန်နဲ့ စစ်မှန်မှုက Brand တစ်ခုကို အသက်ဝင်စေမယ့် အဓိက သော့ချက်ဖြစ်ပြီး၊ နည်းပညာကတော့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးမယ့် အထောက်အကူတစ်ခုပဲ ဖြစ်ပါတယ်။

🖇️ Agenda |
ပထမပိုင်းမှာတော့ Thuma Coaching ရဲ့ founder တစ်ဦးဖြစ်တဲ့ Ma Shwe Su Hlaing ကနေပြီးတော့ တိုးတက်လာတဲ့ နည်းပညာတွေကြားမှာ Branding ရဲ့ အသက်သွေးကြောဖြစ်တဲ့ Authenticity ကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားပါမယ်။

ဒုတိယပိုင်းမှာတော့ “Digital Business with AI” နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပေးသွားဖို့အတွက် နည်းပညာလောကမှာ အတွေ့အကြုံရင့်ကျက်ပြီး AI knowledge ပေါင်းများစွာကို မျှဝေပေးနေတဲ့ အစ်ကိုတစ်ယောက်ကို Guest speaker အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။

ဒီစကားဝိုင်းမှာဘာတွေပြောမလဲ?
▪️ပြီးပြည့်စုံတဲ့ Content တစ်ခုဖြစ်ဖို့ နည်းပညာအပြင် လူသားဆန်မှု နဲ့ စာနာနားလည်မှု အရေးပါပုံ။
▪️AI ရဲ့ ပြီးပြည့်စုံမှုထက် လူသားတစ်ယောက်ရဲ့ စစ်မှန်မှုအပေါ် လူတွေကပိုမိုယုံကြည်ကြပုံ။
▪️AI ဟာ Branding လောကကို ဘယ်လိုမျိုး အလှည့်အပြောင်းတွေ ဖြစ်စေနေပြီလဲ?
▪️AI က Marketing လုပ်ငန်းစဉ်တွေကို မြန်ဆန်စေပေမဲ့ လူတွေရဲ့ Empathy နဲ့ Real Experience က ဘာကြောင့်အစားထိုး မရနိုင်တာလဲ?
▪️Speaker နဲ့ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မယ့် အခွင့်အရေးများ
ဒါ့အပြင် ဒီ Volume မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးနိုင်မယ့် အစီအစဥ်သစ်တွေကိုလည်း ထည့်သွင်းထားလို့ တကယ်ကို ထူးခြားနေမှာပါ။

🗓️ နေ့ရက် - ၂၀၂၆၊ ၆၊ ၁၇ ရက်နေ့
⌚️အချိန် - မြန်မာစံတော်ချိန် ည (၈) နာရီ
📍နေရာ - Zoom Platform

⚠️ မှတ်ချက် - ယခု event ဟာဆိုရင်တော့ Thuma Coaching ရဲ့ သင်တန်းသားဟောင်းများအတွက်သာ သီးသန့်ပြုလုပ်ပေးသော Exclusive Event ဖြစ်ပါတယ်။

👥 ဒီအစီအစဥ်မှာ ပါဝင်ဖို့အတွက် Thuma Coaching Learning Community ထဲမှာ ရှိထားပြီးသား ဖြစ်ရပါမယ်။ သင်တန်းတက်ပြီးသားသူများအနေနဲ့ Community ထဲဝင်ရောက်လိုပါက Page Messenger မှာ လာရောက်ပြောပေးလို့ ရပါတယ်ရှင့်။

Stay tuned and get ready for something truly inspiring!

#သူမ #အတူတူရှင်သန်ကြပါစို့ #ဖန်တီးသူတို့ရဲ့စကားဝိုင်း

29/05/2026

Thuma Coaching ရဲ့ Communicate to Lead Zoom Webinar Course အတွက် Ko Kyaw Min Htwe ရဲ့ Review လေးဖြစ်ပါတယ်။

“The key takeaways from this course are gaining greater self-awareness and understanding the importance of asking questions to improve communication, learning, and collaboration.”

Review ရေးပေးပါသော Ko Kyaw Min Htwe အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

28/05/2026

📌 “အစ” မခက်ရအောင်….

နောက်ဆုံးရုပ်ထွက်ကိုပဲ လူတွေက appreciate လုပ်ကြတယ်ဆိုပေမယ့်၊ နောက်ကွယ်က strategy တွေ၊ theory တွေ၊ relationship တွေ၊ အာရုံစူးစိုက်ခြင်းတွေနဲ့၊ အသေးစိတ်ဒေါင့်စေ့ခြင်းဟာ ဒီ ခရီးစဉ်ရဲ့ အစပါ။

“Personal brand မှာရင်းနှီးမြုပ်နှံပါ”

By Chaw 🤍🎬

#သူမ #အတူတူရှင်သန်ကြပါစို့

28/05/2026

Thuma Coaching ရဲ့ Communicate to Lead Zoom Webinar Course အတွက် Ma Nyein Su San ရဲ့ Review လေးဖြစ်ပါတယ်။

“ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေပေမယ့် တစ်ချို့သော leadership ပုံစံတွေမှာ ဘာလုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ခဏခဏအခက်တွေ့ခဲရပါတယ်။ ခုသင်တန်းမှာ ကိုယ့်ရဲ့ လစ်ဟာမှုတွေနဲ့ အချက်လက်ကျကျ စနစ်မှန်မှန်နဲ့ ဘယ်လိုဦးဆောင်မှု ပြုရမလဲဆိုတာတွေကို အများကြီးသိခဲ့ရတဲ့အတွက် အားရကျေနပ်မှုရှိပါတယ်။ ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။”

Review ရေးပေးပါသော Ma Nyein Su San အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

27/05/2026

ရွှေကိုင်ထားရမလား? မြေကိုင်ထားရမလား?

ဘာကိုင်ထားရမှန်းမသိရင် Personal Brand ကိုင်ထားပါ။

📍 Follower ရှိရုံနဲ့တော့ personal brand မဟုတ်ပါ။

▪️ကျွမ်းကျင်မှု၊ Personal story နဲ့ လုပ်ငန်းအတွေ့အကြုံတွေကို brand အဖြစ်ဖန်တီးပြီး အများကို inspire ဖြစ်ဖို့ အစီအစဉ်ရှိရင်၊

▪️လူထုကို လွှမ်းမိုးနိုင်တဲ့ public figure တစ်ယောက်အဖြစ် profile တည်ဆောက်ချင်ရင်၊

👉စနစ်ကျပြီး ရည်ရွယ်ချက်ရှိတဲ့ Intensive Personal Brand Mastery ၃ ရက်တာသင်တန်းကို join နိုင်ပါတယ်။

ပေါ်လိုက်ပျောက်လိုက် ကောက်ရိုးမီးမဟုတ်ဘဲ၊ ရေရှည်တည်တံ့ပြီး စနစ်ကျတဲ့ Personal Brand ဟာ တစ်ချိန်ချိန်မှာ ကိုယ်ပိုင် ဝန်ဆောင်မှု၊ ကုန်ပစ္စည်း တစ်ခုခုကို ဖန်တီးတည်ဆောက်နိုင်မယ်။

📌 ဘယ်လိုလူတွေ တက်သင့်လဲ?

▪️ကိုယ့်မှာ ဖန်တီးတင်ဆက်စရာ ကျွမ်းကျင်မှု၊ personal story နဲ့အတွေ့အကြုံတွေ ရှိထားတယ်။

▪️ဒါပေမယ့် Personal Brand အဖြစ် ဘယ်လိုဖွဲ့စည်းတင်ဆက်ရမှန်း မသိဘူးဖြစ်နေတယ်။

▪️Content တွေကို တောက်လျှောက် ပြုလုပ်တည်တောက်ရမလဲဆိုတဲ့ content strategy ကို စဉ်းစားကြည့်လို့မရဘူး ဖြစ်နေတယ်။

▪️လက်ရှိကိုယ့် resource တွေကနေ တချိန်မှာ ဘယ်လို product service တွေဖန်တီး ရောင်းချလို့ရလဲ မသိဘူးဖြစ်နေတယ်ဆိုရင် ဒီသင်တန်းက အထောက်အကူပြုပါလိမ့်မယ်။

⚠️ မှတ်ချက်။ ။ဒီသင်တန်းဟာ Personal Brand တည်ဆောက်တဲ့ အတတ်ပညာကိုပဲ ပြသပေးတာဖြစ်ပါတယ်။ ကိုယ့်မှာမူရင်း ကျွမ်းကျင်မှု၊ personal story နဲ့ လုပ်ငန်းအတွေ့အကြုံတွေမရှိရင်၊ ပြသစရာ ဝမ်းစာမရှိတာမလို့ သင်တန်းရဲ့သင်ရိုးနဲ့ မကိုက်ညီတာမျိုး ဖြစ်နိုင်ပါတယ်။

🗓️ သင်တန်းကာလကကတော့ |
▪️July ၁၈၊ ၁၉ ရက်နေ့မှာ ၂ နာရီကြာ Lecture တွေ၊ Reflection တွေ၊ Group discussion တွေနဲ့ ဝေဝေဆာဆာပြုလုပ်သွားမှာဖြစ်ပြီးတော့ …
▪️July လရဲ့ ၂၆ ရက်နေ့မှာတော့ ၂ နာရီခွဲကြာ Group အလိုက် presentation တွေနဲ့ feedback session လေးတွေရှိမှာဖြစ်ပါတယ်။

💸 သင်တန်းကြေးလေးကတော့ |
▪️အစောဆုံးအပ်နှံမယ့် ၁၀ ဦးအတွက် 4 သိန်းကျပ်
▪️May လနဲ့ June လအတွင်းအပ်နှံမယ်ဆိုရင် ၄ သိန်း ၅ သောင်းကျပ်
▪️July လအတွင်းအပ်နှံမယ်ဆိုရင်တော့ ၅ သိန်းကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။

🙌 သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အတွက် Page admin ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။
m.me/thuma-coaching

💡Thuma Coaching ရဲ့ coach trainer profile ကို အောက်ပါ link မှာ ဖတ်နိုင်ပါတယ်။

https://fb.watch/pMAiaVNaq_/?mibextid=v7YzmG

#သူမ #အတူတူရှင်သန်ကြပါစို့

Want your business to be the top-listed Gym/sports Facility in Leeds?

Click here to claim your Sponsored Listing.

Location

Category

Address


Leeds
LS168HL

Opening Hours

Monday 6:30am - 2:30pm
Tuesday 6:30am - 2:30pm
Wednesday 6:30am - 2:30pm
Thursday 6:30am - 2:30pm
Friday 6:30am - 2:30pm
Saturday 6:30am - 2:30pm
Sunday 6:30am - 2:30pm