10/12/2025
ကျွန်တော်ဖြေရင် Bias တွေနဲ့ပြောတယ်ထင်မှာစိုးလို့ ဒီမှာ ဆာလာအကြောင်းကို ဆရာနန္ဒဝန်ငြိမ်းချမ်းကိုပဲ မေးမြန်းထားပါတယ်။ နားထောင်ကြည့်ပါ။
⭕ ဆာလာရဲ့ Power Play ကို လီဗာပူးလ်ဘယ်လိုကိုင်တွယ်မလဲ?
⭕ ဆာလာရဲ့ Power Play ကို လီဗာပူးလ်ဘယ်လိုကိုင်တွယ်မလဲ?ယခုတစ်ပတ်ရဲ့ Soccer House Opinion အပိုင်းသစ်အဖြစ် “ဆာလာရဲ့ Power Play ကို လီဗာပူ...
10/12/2025
ဘောပွဲတွေကို Vibe အရ မဟုတ်ပဲ နည်းဗျူဟာရှုထောင့်အရကြည့်တတ်သူတွေဆိုရင် ဒီ Topic လေးက ပိုလွယ်ကူလာစေလိမ့်မယ်လို့ အာမခံပါတယ်
⚽ နည်းဗျူဟာသီအိုရီ | Expansive Model Of Football
⚽ နည်းဗျူဟာသီအိုရီ | Expansive Model Of Footballယခုတစ်ပတ်ရဲ့ Soccer House Tactical Talk အစီအစဥ် အပိုင်းသစ် အဖြစ် “နည်းဗျူဟာသီအိုရီ | Expansive Model Of Foot...
18/11/2025
⛺
🇪🇬“မိုဆာလာ” ကို Line-Up Out သင့်ပြီလား ?
🇪🇬“မိုဆာလာ” ကို Line-Up Out သင့်ပြီလား ? ယခုတစ်ပတ် Soccer House Opinion အစီအစဥ်အဖြစ် “ဆာလာ ကို Line-Up Out သင့်ပြီလား ? ” ဆိုတဲ့ ခေါင်းစဥ.....
08/11/2025
Gegenpressing ဘယ်လိုအလုပ်လုပ်သလဲ?
⚙️ Long Ball တွေဟာ ယာဂန်ကလော့ပ်ရဲ့ Gegenpressing ထဲက ခွေးသွားစိပ် တစ်ခု
⚙️ Long Ball တွေဟာ ယာဂန်ကလော့ပ်ရဲ့ Gegenpressing ထဲက ခွေးသွားစိပ် တစ်ခုယခုတစ်ပတ်ရဲ့ Soccer House Tactical Talk အစီအစဥ် အပိုင်းသစ် အဖြစ် “Long B...
06/11/2025
Boxing Day 🎁 သမိုင်းအကျဥ်း
Not 🥊
⚽ လှပတဲ့ရိုးရာကို ငွေကြေး တိုက်စားခြင်း
⚽ လှပတဲ့ရိုးရာကို ငွေကြေး တိုက်စားခြင်း ယခုတစ်ပတ် Soccer House Opinion အစီအစဥ်အဖြစ် “လှပတဲ့ရိုးရာကို ငွေကြေးတိုက်စား.....
21/09/2025
Role Modulation ||| ဘောလုံးရဲ့ Key Change
🖋 Tom Riddle 2.0
ဂီတနဲ့အားကစားဆိုတာ ဘယ်လိုမှချိတ်ဆက်လို့မရတဲ့ နယ်ပယ်နှစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ "စည်းချက်ကျတယ်" ဆိုတဲ့ စကားအရ ချိတ်ဆက်လို့မရတာမျိုးတော့မဟုတ်ဘူး. . .ဟာမိုနစ်ခ်ဖြစ်ခြင်းတွေ ရစ်သမ်မစ်ဖြစ်ခြင်းတွေ တမ်ပိုအတင်အချတွေ ဒါတွေဟာ ကျွန်တော်တို့ကြည့်ရှုခံစားနေတဲ့ ဘောလုံးမှာလည်းရှိတယ်။ Modulation ဆိုတာ ဂီတမှာတော့ Key Change ကိုဆိုလိုတယ်။ ဖီးဘီဖီးနစ်ဇ်ပြောတဲ့ Modulation အကြောင်းတွေ ၊ ရေမွန်ရဲ့ Masterpiece တစ်ခုဖြစ်တဲ့ Chord Modulation တွေက လက်ရှိဘောလုံးကမ္ဘာမှာဖြစ်ပျက်နေတာတွေကို မီးမောင်းထိုးပြနေတယ်။ ဘောလုံးမှာ ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ Versatile Player ဆိုတာ ယနေ့ခေတ်မှာပေါများလာတဲ့ တစ်ပွဲတည်းမှာပဲ Role သုံးမျိုးလောက်ကိုရွှေ့ကစားနေတဲ့ကစားသမားတွေ ၊ ဒီ Role တွေနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်ရာ Function တွေကို Role အလိုက် Description လုပ်ပြနေတဲ့ကစားသမားတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ Versatile Player ဆိုတာက ဒီပွဲမှာ ဘယ်တောင်ပံကစားပေမယ့် နောက်ပွဲ လူလိုလို့ ညာတောင်ပံကစားရမယ်ဆိုလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးပါ။
ဆမ်အလာဒိုက်စ်က ခရစ်တိုဖာဆမ်ဘာကို တိုက်စစ်မှုးအဖြစ်သုံးခြင်းက ကျွန်တော်တို့သိတဲ့ Versatile Player ပဲ. . . "ဗဟိုခံစစ်အပြင် တိုက်စစ်မှုးအဖြစ်လည်းသုံးလို့ရတယ်"ဆိုတာမျိုး. . .။ ဒီလိုပဲ အိုရှေးဟာ ကွင်းလယ်ခံစစ်လည်းရတယ် ၊ အစွန်နောက်ခံလူအဖြစ်လည်းအဆင်ပြေတယ် ၊ ဗဟိုခံစစ်မှုးအဖြစ်လည်း ကစားနိုင်တယ်ဆိုတာမျိုးက ကျွန်တော်တို့သိတဲ့ Versatile Player ဖွင့်ဆိုချက်ပဲ. . .။ ဒါပေမယ့် ယနေ့ဘောလုံးကမ္ဘာမှာတော့ ပွဲတစ်ပွဲအတွင်းမှာပဲ မတူညီတဲ့ဇုန်တွေ Role တွေကို ဘောလုံးရောက်နေတဲ့ Phase အပေါ်မူတည်ပြီး ရွေ့လျားကစားနေရတယ်။ ဘက်ကင်ဘောင်ယာ ၊ မားသီးယပ်စ်ဆမ်းမားတို့ကစားခဲ့တဲ့ Libero Role က ဘက်စ်တိုနီကစားနေတဲ့ Extra Frontman ဆိုတဲ့ ကဏ္ဍလောက် Difficulty မြင့်မယ်မထင်မိဘူး။ ဒါဆို ဆမ်ဘာကိုသတ်မှတ်တဲ့ Versatile ဖြစ်မှုနဲ့ ဘက်စ်တိုနီကိုသတ်မှတ်တဲ့ Versatile ဖြစ်မှုမတူကြောင်း သတိထားမိပါလိမ့်မယ်။ ၁၉၈၀ ယိုဟန်ခရိုက်ဖ်ရဲ့ အိုင်းယက်စ် ၊ နယ်သာလန်ကာလတွေမှာ Total Football က ကစားသမားတွေရဲ့ လွတ်လပ်စွာဇုန်တွေကို ကူးပြောင်းကစားခြင်းနဲ့ ၁၉၉၀ ပြည့်နှစ်ကာလ အာချီဂိုဆက်ချီ Era မှာ ဇုန်အလိုက် ဖိအားပေးတာတွေ ၊ Space တွေမပေးရဖို့ ကျဥ်းနိုင်သမျှကျဥ်းပစ်ဖို့အတွက် ကွင်းလယ်ကစားသမားတွေနဲ့ Fullback တွေ အတူတကွ Position Swap တွေနဲ့ ကာကွယ်ကြခြင်းမှာလည်း ဇုန်အများကြီးဆီရွေ့နေတဲ့ ကစားသမားတွေကိုမြင်ရမှာဖြစ်ပေမယ့် ဒါဟာ Role Modulation ရယ်လို့မခေါ်ထိုက်သေးဘူး။
ယနေ့ခေတ်လိုလည်း စနစ်ကျမှာမဟုတ်ဘူး. . .အထူးဖွင့်ဆိုထားတဲ့ False 9 တို့လို Inverted Fullback တို့လို Extra Frontman တို့လို အခေါ်အဝေါ်တွေလည်း ရှိမှာမဟုတ်ဘူး။ ဂျွန်စတုန်းနဲ့ အကန်ဂျီက ခံစစ်နဲ့ ကွင်းလယ်ကို ကူးလူးပြရင်း False CB ဆိုတဲ့ အခေါ်အဝေါ်ကို တွင်ကျယ်စေခဲ့တယ်။ ဒီလို Systematic ဖြစ်တဲ့ Role Modulation တွေဟာ ညင်သာပြီး Game အပေါ် သတိထားကြည့်နေရင်းနဲ့ကို ဘယ်လိုကူးပြောင်းလို့ ကူးပြောင်းသွားမှန်း သတိမထားမိလောက်အောင် ချောမွေ့တယ်။ Music Theory မှာ Chord Modulation တစ်ခုအဖြစ် C ကနေ G ကို ကူးဖို့ Am က Bridge Chord ဖြစ်ပြီး D7 က ဘယ် Key ကို ကူးပြောင်းတော့မယ်ဆိုတာ အတည်ပြုပေးခြင်းဖြစ်တယ်။ C - Am - D7 - G ဆိုပြီးကူးပြောင်းတယ်။ Am က Bridge Chord ဖြစ်ပြီး D7 က Secondary Dominant ဖြစ်တယ်။ ရေမွန်ရဲ့ "တွေ့ရတာ ဝမ်းသာတယ်" သီချင်းက Chord Modulation အလှတရားတွေနဲ့ဖွဲ့စည်းထားတယ်။ Artist အချင်းချင်းမှ သိမယ့် အရာလို့လည်းဆိုတယ်. . .။
သဘောတရားကတော့ Common Chord ကို ရှာပြီး ညင်သာစွာကူးပြောင်းတာပါပဲ. . .။ C ကနေ G အတွက် Common ဟာ Am ဖြစ်တယ်။ C ထဲကို ဝင်သွားလိုက်. . .C Key နဲ့ ပတ်သက်တဲ့ Chord တွေကိုင်ပြီး ပြန်ထွက်လာလိုက် ၊ A ထဲဝင်သွားလိုက် A နဲ့ ပတ်သက်တာတွေ လုပ်ပြီး ပြန်ထွက်လာလိုက် ၊ ဒီလိုပဲ G ထဲဝင်သွားလိုက် G အလုပ်တွေလုပ်လိုက် ပြန်ထွက်လာလိုက်။ ဒါဟာ ဂီတရဲ့ Chord Modulation ဆိုရင် ဇင်ချန်ကိုရဲ့ အရွေ့တွေဟာ ၊ အာနိုးရဲ့ အရွေ့တွေဟာ ၊ လက်ရှိ ဆိုဘော့ဇ်စလိုင်းရဲ့ အရွေ့တွေဟာ Role Modulation ပဲ။ Chord Modulation မှာ ဘယ် Key ကနေ ဘယ် Key ကို ကူးချင်ရင် ဘယ် Bridge Chord ကို ကြားခံပြီးကူးဆိုတဲ့ Music Theory ရှိပေမယ့် မဖြစ်နိုင်တဲ့ အကြမ်းစား Key Change တွေကိုပြုလုပ်ချင်တဲ့အခါ ကူးဖို့ဝင်ပေါက် ရှာရတယ်. . .ထွက်ပေါက်ရှာရတယ်။ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူး။ သင့်တင့်လျောက်ပတ်ပြီး စီလျော်တဲ့ ကြားခံကိုရှာရတယ်။
ဘောလုံးထဲမှာ ဒါကိုထည့်စဥ်းစားတဲ့အခါ ဇင်ချန်ကိုက ခံစစ်အနေအထားဆိုရင် Left Back ဖြစ်မယ်. . .အာနိုးက Right Back ပြန်ဖြစ်ပြီး ဂျွန်စတုန်းက CB ပြန်ဖြစ်မယ်ဆိုတဲ့ ခံစစ်အနေအထားတွေကို ထည့်မစဥ်းစားပဲ In Possession အနေအထားအရပဲ စဥ်းစားကြည့်ပါမယ်။ ဘက်စ်တိုနီကို အင်ဇာဂီက ဆမ်အလာဒိုက်စ်လို တိုက်စစ်မှုးအဖြစ်တိုက်ရိုက် ပွဲမထုတ်ထားပါဘူး. . .။ ဒီလိုပဲ Midfield Overlaod ဖြစ်စေဖို့အတွက်ဆိုပြီး ဂွာဒီယိုလာဟာ ဂျွန်စတုန်း ၊ ဝေါ်ကာတို့ကို ကွင်းလယ်မှာတိုက်ရိုက်သုံးပြီး 3-2-2-3 လေဆိုပြီး Formation မှာမပြခဲ့ဘူး။ အာတီတာကလည်း ဇင်ချန်ကိုကို ဒီပုံစံပါပဲ. . .။ ယာဂင်ကလော့ပ်ကလည်း ဖာမီနိုကို ကွင်းလယ်နဲ့ တိုက်စစ်ရဲ့ Link Man လေဆိုပြီး 4-Diamond-2 (4-4-2 Diamond) အဖြစ် ချမပြပါဘူး။ အာနိုးကိုလည်း ဘောလုံးဖြန့်ဝေတာကောင်းလို့ဆိုပြီး ဆောက်ဂိတ်လို ကွင်းလယ်လူအဖြစ်တိုက်ရိုက်မသုံးပါဘူး။
အင်ဇာဂီရဲ့ Formation မှာ မစ်ခီတာရန် - ဟာနိုဂလူး - ဘာရီလာတို့ကို CB သုံးယောက်အဖြစ်တိုက်ရိုက်ချမပြပါဘူး။ ဒါပေမယ့် Initial Phase ပြီးလို့ Sequence Pass ၅ ကြိမ် ၆ ကြိမ်လောက်ပြီးရင် သူတို့ကွင်းလယ်သုံးယောက်က 1st Phase ကိုဆင်းလာပြီး ဘောလုံးဖြန့်ပါတယ်. . .CB သုံးယောက်က ကွင်းလယ်ကိုတက်ပါတယ်။ ဒီလိုပဲ ဝေါ်ကာက ဂျွန်စတုန်းက ၆ ကိုက်စည်းထိပ်က ဘောလုံးစလွှတ်မယ့် အီဒါဆင်ဘောလုံးတည်နေကတည်းက ကွင်းလယ်ကိုမဝင်(သေး)ပါဘူး. . .။ ဒါကြောင့်နည်းပြတွေဟာ 2-3-5 ကိုကစားနေသည့်တိုင် ဒါမှမဟုတ် 3-2-5 ကိုကစားနေသည့်တိုင် Formation မှာဒီလိုမပြသဘူး။ Box Midfield နဲ့လည်း မပြသဘူး။ ဒါကိုဘောလုံးမှာ Late Shift လို့ခေါ်တယ်။ ဝေါ်ကာက ဇင်ချန်ကိုက အာနိုးက Sequence Pass ၅ ချက်ကျော်လာမှ ကွင်းလယ်ထဲ Drift လုပ်လာတာကို Late Inversion လို့ခေါ်တယ်။ ဒါမှသာ သူတို့ကို Mark လုပ်ထားတဲ့ ပြိုင်ဘက် Winger တွေကို Drag Out လုပ်လာနိုင်မယ်။ ဖာမီနိုလည်းဒီအတိုင်းပဲ. . .ပြိုင်ဘက် CB နှစ်ယောက်ကြား ဝင်နေရာယူပြရင်း အခြေအနေအချိန်အခါအရ Drop တော့မှ သူ့နောက်ကို ပြိုင်ဘက် CB ကလိုက်လာမယ်။
ဇင်ချန်ကိုကို ဒေးဗစ်ရေယာ ၆ ကိုက်စည်းမှာ ဘောလုံးတည်ကတည်းက Secondary Pivot အနေနဲ့ ကွင်းလယ်မှာနေရာယူစေပြီး 3-2-2-3 Shape ကိုတည်လိုက်ရင် ဇင်ချန်ကိုရဲ့ Marking ဟာ ပြိုင်ဘက်ရဲ့ AM ဖြစ်ရင်ဖြစ်နေမယ်။ ဒီလိုပဲ ဖာမီနိုကို အစကတည်းက Deep Drop နေရာယူစေရင် သူ့နောက်ကို ပြိုင်ဘက် CB လိုက်မကပ်တော့ပဲ ပြိုင်ဘက် DM က Mark သွားလိမ့်မယ်။ Box Midfield ပဲထားပါတော့. . .ရှိရင်းစွဲ ကွင်းလယ်သုံးဦးကို နောက်ထပ်တစ်ယောက်က လေးယောက်မြောက်ကွင်းလယ်လူအဖြစ်လာပေါင်းပေးတာကနေ Box Midfield ကိုတည်တယ်။ လာပေါင်းပေးမယ့်သူဟာ ဒီဇာဘီရဲ့ တိုက်စစ်မှုးဝဲလ်ဘတ်လည်းဖြစ်ချင်ဖြစ်မယ်. . .အာတေတာရဲ့ အစွန်နောက်ခံလူ ဇင်ချန်ကိုလည်းဖြစ်ချင်ဖြစ်မယ်. . .ပပ်ရဲ့ ဗဟိုနောက်ခံလူ ဂျွန်စတုန်းလည်းဖြစ်ချင်ဖြစ်မယ်. . .နဂေလ်စ်မန်းရဲ့ ဘယ်တောင်ပံ ဖလော်ရီယန်ဗီယတ်ဇ်လည်းဖြစ်ချင်ဖြစ်မယ်။ သေချာတာက သူတို့တွေဟာ Role နှစ်ခု ၊ Role နဲ့လိုက်ဖက်တဲ့ Function နှစ်ခုကို မတူညီတဲ့အချိန်နှစ်ခုမှာပြုလုပ်ရတယ်။ ဒါမှလည်း 11 v 11 မှာ နည်းပြလိုချင်တဲ့ Emphasize Zone တွေမှာ Numerical Advantage ရမယ်။
ဒါကြောင့်သူတို့ဟာ ရေမွန် လူအဂီတက သီချင်းအများစုရဲ့ Chord Modulation လိုပဲ. . .Fullback နေရာမှာနေလိုက် Fullback အလုပ်တွေလုပ်လိုက် ဘောလုံးပြန်လွှတ်လိုက် ၊ Timely Shift တွေလုပ်ပြီး Holding Midfield ကိုဝင်လာလိုက် Holding Midfielder တစ်ဦးလိုဘောလုံးဖြန့်ဝေပြီး 2nd To 3rd Phase Tranaition တွေလုပ်လိုက် ပြီးရင် 3rd Phase ကိုတက်သွားလိုက်။ 3rd Phase မှာ Attacking Midfielder တစ်ဦးလို ဖန်တီးမှုတွေပြုလုပ်လိုက် ပြီးရင် အစွန်ကိုပြန်ထွက် Overlapper အနေနဲ့ Final Phase အတွက် ကူညီလိုက်. . .တကယ့် Multiple Role - Multiple Move - Multiple Function ပဲ. . .။ C ကနေ G ကို Change ဖို့ Am နဲ့ D7 က Bridge Chord နဲ့ Secondary Dominant ဆိုရင် ဇင်ချန်ကို ၊ အာနိုး ၊ ဘရတ်ဒလေ ၊ ဆိုဘော့ဇ်စလိုင်း ၊ ဂျွန်စတုန်း ၊ ဘတ်စ်တိုနီတို့ရဲ့ အဝင်အထွက်တွေမှန်ဖို့က ဘောလုံး ဘယ် Phase မှာရှိနေသလဲနဲ့ ကိုယ်က ဘယ်အသင်းဖော်ကို Unmark ဖြစ်စေချင်တာလဲ? ဘယ်ပြိုင်ဘက်ကို Drag Out လုပ်ချင်တာလဲ? ဘယ် Space ကိုပေါ်စေချင်တာလဲ? ဆိုတာတွေအပေါ်မူတည်ပြီး ဝင်ရထွက်ရတယ်. . .တက်ရဆင်းရတယ်။ ဒါဟာ Role Modulation ပဲ. . .။
ဂီတမှာ Chord Modulation တွေက သီချင်းတစ်ပုဒ် သံစဥ်တစ်ခု ရဲ့ Tempo ကို Climax ဖြစ်စေတယ်။ Key Change ကို ညင်သာစေဖို့ Key တစ်ခုကနေတစ်ခု အဝင်အထွက်အတွက် သုံးရတဲ့ကြားခံ Bridge Chord တွေကအရေးကြီးသလို ဘောလုံးမှာလည်း ကိုယ့်အသင်းဖော်တွေ Unmark ဖြစ်သွားအောင် ၊ ပြိုင်ဘက်ကစားသမားတွေအတွက် Change Mark တွေအများကြီးဖြစ်သွားအောင် Bridge Chord သုံးရတယ်. . .ဒါဟာ ဒီကစားသမားတွေရဲ့ ဘယ်အချိန်မှာရွှေ့မလဲဆိုတဲ့အရာပဲ. . .။ ဒါကပညာခန်းပဲ။ ဘက်စ်တိုနီ ဂိုးပါဝင်ပတ်သက်မှုတွေကောင်းလို့ ရှေ့တန်းထားလိုက်မယ်. . .အာနိုးက ဘောလုံးဖြန့်ဝေတာကောင်းလို့ ကွင်းလယ်လူအဖြစ် သုံးလိုက်မယ် သူ့နေရာတခြား Fullback သုံးလိုက်မယ်ဆိုတာက ပညာခန်းမဟုတ်ဘူး။
မန်နျူရယ်ဂီယာနဲ့ ကားကို အရေးကြုံလို့ Gear Down ရတယ်ဆိုပါစို့။ 5 ကနေ 3 ကိုကလပ်နင်း ဂီယာထိုးပြီး ကလပ်လွှတ်ချလိုက်တာ ပညာမဟုတ်ဘူး။ ကလပ်ကို ဂီယာဒေါင်းလို့ဒေါင်းမှန်းမသိအောင် ညင်သာစွာ လွှတ်ပြီး ဘရိတ်ကို နည်းနည်းလိုက်ကူနင်းတာကမှ ပညာခန်းဖြစ်တယ်။ Gear Modulation မှာ Gear Down တဲ့အခါ 5 ကနေ 4 , 4 ကနေမှ 3 Down တာက သီအိုရီဆိုရင် 4 ကိုမသွားချင်တဲ့အခါ Bridge Chord အဖြစ် ဘရိတ်ကိုကူခိုင်းရတယ်. . .ကလပ်အလွှတ်ညင်သာရတယ်။ လက်ရှိဘောလုံးကမ္ဘာမှာတော့ Role Modulation ဟာ ခရိုက်ဖ် ၊ ဆက်ချီ ၊ ဘီယဲလ်ဆာတို့ကာလကထက် ပပ်နဲ့အတူ Systematic ဖြစ်လာနေပြီ။ ဒီအချိန်မှာ ဘောလုံးပရိသတ်တွေပြောနေကြတဲ့ 6 Role နဲ့ 6 Function တို့ 10 Role နဲ့ 10 Function တို့ဆိုတာတွေကိုပြုလုပ်နေကြသူတွေက ပုံသေမရှိတော့ဘူး။ DM က 6 Role ရဲ့ Function တွေကိုလုပ်ချင်မှလည်းလုပ်နေလိမ့်မယ်. . .AM အစား Fullback တွေကလည်း Higher Half-Space ထိတက်ပြီး 10 Role အလုပ်တွေကို လုပ်ချင်လုပ်နေလိမ့်မယ်။
ပြီးခဲ့တဲ့ရာသီကဆို ဆိုဘော့ဇ်စလိုင်းက Typical 10 Role ဖြစ်ပေမယ့် AM ဖြစ်ပေမယ့် Zone 14 ရဲ့ ဘယ်နဲ့ ညာခြမ်း Half-Space ကို တကယ် Occupy လုပ်နေကြသူတွေက ဆီမီကတ်စ်တို့ ဘရတ်ဒလေတို့ပါ။ ဒါကြောင့် ပွဲတစ်ပွဲတည်းမှာပဲ နေရာစုံ ဇုန်အစုံကို ချိန်သားကိုက်ရွေ့လျားပြီး ဒီဇုန်နဲ့လိုက်ဖက်တဲ့ Function တွေကို ပြုလုပ်ပေးနိုင်တဲ့ Versatile Player တွေဟာ နည်းပြတွေရဲ့ Tactical Superiority အတွက် အရေးပါလာတယ်။ Overloading အတွက် Weapon ဖြစ်လာတယ်။ သီချင်းတစ်ပုဒ်ရဲ့ Tempo ကို Climax ဖြစ်စေတဲ့ Chord Modulation တွေလိုပဲ တိုက်စစ်မှာ ဒါမှမဟုတ် ကွင်းလယ်မှာလူပိုသုံးချင်လို့ Phase By Phase, Zone By Zone အသာယူတဲ့ Shape တွေအတွက် Role Modulation ကို ပိုင်နိုင်တဲ့ ကစားသမားတွေဟာ တခြားကစားသမားတွေထက် တန်းတစ်တန်းပိုမြင့်လာခဲ့တယ်။ False 9 နဲ့ Pure 9 ကြားဟန်ချက်ညီစွာကစားတတ်တဲ့ Deep Drop လည်းရမယ်. . .Box Threat လည်းမကျစေရဘူးဆိုတဲ့ အီဆက်ခ် ၊ ဂျာအိုပက်ဒရို ၊ အကီတီကေတို့ဟာ Modern 9 ဆိုပြီးဖြစ်လာတယ်. . .။ Modern Football မှာ ကစားသမားတွေအတွက် Technical Ability အပြင် Tactical Awareness ကပါ တန်းတူအရေးကြီးလာတယ်။
04/09/2025
Part 1 - GK
လီဗာပူးရဲ့ပရီးမီးယားလိဂ်ဖလားကာကွယ်မှုနှင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့မျှော်လင့်ချက်
__________________________________________
ဒီကဏ္ဍမှာ အပိုင်းပိုင်းခွဲပြောပြရဖို့ ရှိပါတယ်။
ပထမဆုံး ကဏ္ဍကတော့ အပြောင်းအရွှေ့ကဏ္ဍဖြစ်ပါတယ်။
ဒုတိယကဏ္ဍကတော့ ကစားသမားပိုင်းဆိုင်ရာနှင့် အသင်းရဲ့နည်းပြကဏ္ဍပိုင်း ဖြစ်ပါတယ်။
တတိယကတော့ ပွဲစဉ်ဇယားအပိုင်းပဲဖြစ်ပါတယ်။
ဆိုတော့ ပထမဆုံးအနေနဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာကို စတင် ဆွေးနွေးကြည့်ကြရအောင်ပါ။
စကားမစပ် ကျွန်တော် စာမရေးတာကြာတဲ့အတွက် အရေးအသားပိုင်းဆိုင်ရာတွေမှာ အဆင်မပြေတာမျိုးတွေရှိရင် သည်းခံပေးကြပါလို့ ကနဦးအနေနဲ့ တောင်းဆိုချင်ပါတယ်။
ကဲ စလိုက်ရအောင်။
ကျွန်တော်တို့ အပြောင်းအရွှေ့ကို နေရာအလိုက်အပြောင်းအရွှေ့လေးနဲ့ စလိုက်ကြရင်ပိုကောင်းမယ်ထင်ပါတယ်။
ဂိုးသမားနေရာက စကြမယ်ဗျာ။
ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးဂိုးပေါက်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုးသမားလေးဦး ရှိပါတယ်။ သူတို့ကတော့ အလီဆန်၊ ကလယ်ဟာ၊ ဂျာရောစ့်နဲ့ ဟာဗေးဒေးဗီးစ် တို့ပဲဖြစ်ပါတယ်။ ဒီလေးယောက်ထဲမှာတော့ အလီဆန်တယောက်သာ ကျန်ရှိခဲ့ပြီး ကျန်တဲ့ သုံးယောက်မှာတော့ ကလယ်ဟာဟာ ဘရန့်ဖိုဒ့်အသင်းကို ပေါင် ၁၂.၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီး ဂျာရော့စ်နဲ့ ဟာဗေးတို့ကတော့ အငှားနဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။
ကစားသမားအဝင်အနေနဲ့ ပြီးခဲ့တဲ့ရာသီထဲက ဗလင်စီယာကခေါ်ယူထားတဲ့ မာမာဒါရှက်ဗီလီနဲ့ ဒီရာသီမှာ ပရက်စတန်အသင်းက ခေါ်ယူထားတဲ့ ဖရက်ဒီဝုဒ်မန်းနဲ့ ဟန်ဂေရီကလပ်အသင်းဖြစ်တဲ့ ပွတ်စ်ကက်စ် အသင်းမှ ခေါ်ယူထားတဲ့ အာမင်ပက်စီတို့ ရှိပါတယ်။ ၃ ယောက်ထွက်ပြီး ၃ ယောက်ပြန်လည်အစားထိုးတာဖြစ်တဲ့အတွက် ဂိုးသမားအင်အားကတော့ လျော့နည်းသွားခြင်းမရှိဘူးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါက squad depth ( လူအင်အားအရ ) ပြောဆိုခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ Squad quality ( အရည်အသွေးပိုင်းဆိုင်ရာ ) ကို ကြည့်ကြရအောင်။
အလီဆန်က အလီဆန် ဖြစ်နေဆဲပဲဆိုတာကတော့ နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲကို ကြည့်ရင် သိသာပါတယ်။ အလီဆန်ရဲ့ ပထမနေရာကို လုယူဖို့လည်း လက်ရှိအချိန်မှာ မလွယ်ကူသေးပါဘူး။ အသင်းသားတွေနဲ့ နားလည်မှု၊ အသင်းအပေါ် ဩဇာညောင်းမှု၊ ပြိုင်ပွဲရဲ့ဖိအား၊ ပုံမှန်ပြသနေဆဲဖြစ်တဲ့ လက်စွမ်းတွေကြောင့် လီဗာပူးရဲ့ နံပါတ် ၁ ဟာ အလီဆန်အတွက်ပဲ ဆက်လက်ဖြစ်တည်နေဦးမယ်ဆိုတာ သေချာပါတယ်။ အားနည်းချက်အနေနဲ့က ဒဏ်ရာရလွယ်တာဖြစ်ပြီး ဂိုးသမားတယောက်အနေနဲ့ဆို အလီဆန်ဟာ ဒဏ်ရာရလွယ်တယ်လို့ပြောလို့ရနိုင်ပါတယ်။ အလီဆန်အနေနဲ့ လီဗာပူးကိုရောက်ရှိချိန်ကစပြီး ခုချိန်ထိ ဒဏ်ရာရမှတ်တမ်း ၆ ကြိမ်ရှိခဲ့ပြီး ကျန်းမာရေးပြဿနာ ၄ ကြိမ်ထိရှိခဲ့ပါတယ်။ လီဗာပူးအတွက် ပွဲ ၄၀ လောက်ကို လွဲချော်ခဲ့ပါတယ်။ ဒါဟာ ဂိုးသမားတယောက်အနေနဲ့ဆိုရင် မများရင်တောင် မနည်းလှတဲ့ ပွဲအရေအတွက်ဖြစ်ပါတယ်။ အဆိုပါ အားနည်းချက်ကလွဲရင် အလီဆန်ဟာ လီဗာပူးအတွက်တော့ အကောင်းဆုံးဂိုးသမားဆိုတာကတော့ ငြင်းစရာရှိမနေပါဘူး။
ဒုတိယဂိုးသမား - သေချာပါတယ်ဒီနေရာကတော့ မာမာရဲ့ နေရာပဲ ဖြစ်နေမှာပါ။ ဂျော်ဂျီယာဂိုးသမားဟာ ဗလင်စီယာနဲ့အတူ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလို ယူရို ၂၀၂၄ မှာ ဂျော်ဂျီယာအတွက် အထူးလက်စွမ်းပြခဲ့သူပါ။ နောင်တချိန်မှာ အလီဆန်နေရာအတွက် အကောင်းဆုံးဆက်ခံနိုင်တဲ့သူဖြစ်လာဖို့လည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က sqaud quality ကို ရည်ညွှန်းထားတဲ့အတွက် ထွက်သွားတဲ့ ကလယ်ဟာနဲ့ နှိုင်းယှဉ်ရတော့မှာပါ။
ကလယ်ဟာနဲ့ နှိုင်းယှဉ်ရင် ဘယ်သူသာသလဲဆိုတာထက် ကလယ်ဟာရဲ့နေရာကို အပြည့်အဝတာဝန်ယူနိုင်မလားဆိုတာမျိုးက ပိုသင့်တော်မယ်ထင်ပါတယ်။
လက်ရှိ မာမာ တာဝန်ယူရမယ့်နေရာက လီဗာပူးရဲ့ဒုတိယ ဂိုးသမားဆိုတဲ့နေရာပါ။ အသေအချာပြန်ကြည့်ရင် ဖိအားဆိုတာနည်းတယ်လို့ ပြောနိုင်ပေမယ့်
ကာရာဘောင်လိုဖလားမျိုးမှာတော့ ပထမဂိုးသမားလို့ပြောရမယ့် နေရာမျိုးပါ။ ကလယ်ဟာဟာ ဒီနေရာမှာ အချိန်တော်တော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီး လီဗာပူးကို ဆုဖလား ၂ ကြိမ်ရအောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။ ဆိုတော့ ဖိအားနည်းတယ်ဆိုသော်ငြား ဖိအားရှိမနေတာမျိုးလည်း မဟုတ်ပါဘူး။ မော်ဒန်ဘောလုံးလောကမှာ ဆုဖလားရရှိဖို့အတွက် အသင်းကြီးတိုင်းက အားထုတ်လာကြပါပြီ။ တချိန်က ကာရာဘောင်လိုဖလားကို အလေးမထားပေမယ့် ခုနောက်ပိုင်းမှာတော့ ဒီဆုဖလားဟာလည်း ဂုဏ်သိက္ခာဆုဖလားအဖြစ် သတ်မှတ်လာကြပါပြီ။ ဒီလိုအချိန်မှာ ဒီဆုဖလားကို ၂ ကြိမ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးသမားနေရာကို အစားဝင်ရတာဖြစ်တဲ့အတွက် ဖိအားမရှိဘူးဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ ဆိုတော့ မာမာက ဒီနေရာမှာ တာဝန်ကျေနိုင်ပါ့မလားဆိုတာမျိုးကို စောင့်ကြည့်ကြရတော့မှာပါ။
ကျွန်တော် တဦးရဲ့အမြင်ကတော့ မာမာရဲ့လက်ရှိလက်စွမ်းဟာ အတော်လေးကိုကောင်းမွန်တဲ့အနေအထားမှာ ရှိနေတယ်လို့မြင်ပါတယ်။ သို့သော် ဒီဂီယာလို ကစားသမားမျိုးတောင် ပထမရာသီမှာ အဆင်မပြေခဲ့တဲ့ ပရီးမီးယားလိဂ်ဖြစ်တာကြောင့် မာမာကို အများကြီးလည်း မမျှော်လင့်ထားရဲသေးပါဘူး။
တခုရှိတာ ကျွန်တော်တို့မှာ အလီဆန်လို ဂိုးသမားမျိုးရှိနေပြီး အသင်းရဲ့ပထမဂိုးသမားဆိုတဲ့ ဖိအားမျိုးလည်းပေးမထားတာကြောင့် မာမာရဲ့အခြေအနေက ဒီဂီယာထက် အများကြီး ကောင်းမွန်တယ်လို့တော့ ဆိုနိုင်ပါတယ်။ အနှစ်ချုပ်ဆိုရမယ်ဆိုရင် မာမာနဲ့ ကလယ်ဟာမှာ မာမာက ကလယ်ဟာထက် ပိုသာတယ်လို့ပဲ ကောက်ချက်ချရမှာပါ။
ပထမတချက် ပွဲကစားခွင့်ပါ။ ကလယ်ဟာဟာ လီဗာပူးမှာ အရံဂိုးသမားအနေနဲ့ နှစ်ပေါင်းများစွာနေလာခဲ့ရပါတယ်( ပွဲထွက်ခွင့်ရတိုင်လည်း ကောင်းပါတယ် )။
မာမာကတော့ ကလယ်ဟာထက် ပွဲထွက်ခွင့်ပိုရပြီး ကစားပွဲတွေအများကြီး ကစားထားနိုင်ပါတယ်။ ဒီအတွက် ပွဲအတွေ့အကြုံပိုင်းမှာ ပိုသာပါတယ်။ နောက်တချက်က အရပ်အမောင်းအားဖြင့်လည်း ၆ ပေ ၆ လက်မရှိတဲ့ မာမာက ကလယ်ဟာထက် ၄ လက်မ ပိုမြင့်ပါတယ်။ ဒါဟာ အမြင့်ဘောအားသန်တဲ့ အသင်းတွေနဲ့ရင်ဆိုင်ရာမှာ အားသာချက်တခုအနေနဲ့ ရှိနေနိုင်ပါတယ်။ နောက်ဆုံးတချက်ကတော့ မာမာဟာ ၂၀၂၄ ခုနစ် ဘောလွန်းဒီအောယာရှင်ဆုမှာ အဆင့် ၇ ချိတ်ထားတဲ့သူ ဖြစ်နေတာပါပဲ ။
တတိယဂိုးသမားကို ကြည့်ရအောင်။
တကယ်တော့ တတိယဂိုးသမားနေရာက တော်ရုံစိတ်ဝင်စားတဲ့နေရာတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဒီနေရာက ဂိုးသမားတွေဟာ တရာသီလုံးအတိုင်းအတာအနေနဲ့ ကစားခွင့်တောင် ရချင်မှရကြတာပါ။ လီဗာပူးဂိုးသမားလေး ဂျာရောစ့်ဆိုရင်လည်း ပြီးခဲ့တဲ့ရာသီမှာ တပွဲသာကစားခဲ့ရပါတယ်။ ဒါတောင် ၇၉ မိနစ်မှာ အလီဆန် ဒဏ်ရာရသွားတာကြောင့် ဝင်ကစားခွင့်ရခဲ့တာပါ။ ဒါကြောင့်လည်း ဝုဒ်မန်း အတွက် ဘယ်လောက်ပွဲထွက်ခွင့်ရမလဲ စောင့်ကြည့်ရုံပဲရှိပါတယ်။
စတုတ္ထဂိုးသမားနေရာကတော့ အတွေ့အကြုံရဖို့ခေါ်ထားတာမျိုးဖြစ်လို့ အထွေအထူးပြောစရာရှိနေမယ်မထင်ပါဘူး။
မှတ်ချက်။ ။ ကျွန်တော်တဦးတယောက်ရဲ့အမြင်မျှသာ။
ထွက်ခွာသွားသောကစားသမားများအားစော်ကားလိုစိတ်မရှိပါကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။