Chelsea MM 08

Chelsea MM 08

Share

We are mainly presenting Chelsea FC news and analysis on YouTube, Facebook, Instagram, and Telegram.

To be introduced, we, CM8 SPORT are mainly presenting sports news quickly and accurately to our audience. We are posting regularly up-to-date news and articles of Premier League football club Chelsea on Facebook and Instagram as a CHELSEA MM 08 and CM8 SPORT on Telegram. For those who like video news, it is regularly presented on YouTube, Facebook, and Instagram under the name of CM8 SPORT, so tha

03/09/2026

ချဲလ်ဆီးပရိသတ်တွေက Moises Caicedo ရဲ့ ကြံ့ခိုင်မှုအခြေအနေကို သိချင်နေကြပေမဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဒီအကြောင်းကို အသိပေးချင်ပုံမရပါဘူး။

ဘာလို့လဲဆိုတော့ ပရိသတ်တွေ သိသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် Mikel Arteta နဲ့ အာဆင်နယ်အသင်းတို့ပါ ကိုင်စေဒိုရဲ့ အခြေအနေကို သိသွားမှာဖြစ်လို့ပါ။ ယခင် နည်းပြဟောင်းတွေနဲ့ ယှဉ်လိုက်ရင် လက်ရှိမှာ အသင်းရဲ့ အချက်အလက်တွေကို ပိုပြီး လျှို့ဝှက်ထားလာတာကို သတင်းထောက်တွေအနေနဲ့ သတိထားမိလာတယ်လို့သိရပါတယ်။

Kieran Gill
Photo Credit

02/09/2026

အက်စ်တီဗာအို ဟာ နည်းပြ အလွန်ဆိုရဲ့ လက်အောက်မှာ ပွဲကစားခွင့် သိပ်ရမှာမဟုတ်ဘူးလို့ ခံစားနေရကြောင်း သူ့ရဲ့ နီးစပ်သူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သူဟာ ကွင်းလယ်အလယ်ပိုင်းမှာ ကစားရတာကို ပိုနှစ်သက်တာဖြစ်ပြီး တောင်ပံမှာ ကစားရတာဟာ ခန္ဓာကိုယ်ထုထည် ပိုမိုတောင့်တင်းအောင် လုပ်ရမှာဖြစ်တဲ့အပြင် Pedro Neto နဲ့ နေရာယှဉ်ပြိုင်ရတာကိုပါ သဘောမကျကြောင်းလည်း ဆိုပါတယ်။

အက်စ်တီဗာအို ဟာ ချဲလ်ဆီး အသင်းမှာ ဆက်နေချင်ပေမယ့် ပွဲကစားခွင့် သိပ်မရဘူးဆိုရင်တော့ လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စဉ်းစားသွားနိုင်ခြေ ရှိနေပါတယ်။

ESPN Brasil

02/09/2026

ချဲလ်ဆီးအသင်းဟာ Georginio Wijnaldum ကို ခေါ်ယူမည် မဟုတ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အသင်းဘက်ကလည်း ဒတ်ချ် ကွင်းလယ်ကစားသမား ဝိုင်နေးဒမ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းဖော်ပြချက်တွေ အားလုံးကို ငြင်းဆန်ပယ်ချထားတာ ဖြစ်ပါတယ်။

Fabrizio Romano

02/09/2026

ချဲလ်ဆီးအသင်းဟာ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်ကစားသမား Georginio Wijnaldum ကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေပြုလုပ်ထားပါတယ်။

Wijnaldum ဟာ Al-Ettifaq အသင်းက ထွက်ခွာပြီးနောက် ဘယ်အသင်းနဲ့မှ စာချုပ်မချုပ်ထားတဲ့ ကစားသမားဖြစ်လို့ အပြောင်းအရွှေ့ပိတ်သိမ်းပေမယ့်လည်း အလွတ်‌ပြောင်းရွှေ‌ကြေးနဲ့ ခေါ်ယူလို့ရနေပါတယ်။

Santi Aouna
Photo Credit

02/09/2026

River Plate အသင်းထံ အငှားချထားမှုကို ဖျက်သိမ်းလိုက်ပြီးနောက် ကွင်းလယ်ကစားသမား Kendry Paez ဟာ ချဲလ်ဆီး အသင်းမှာပဲ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပါတယ်။

ဒီကစားသမားလေးအတွက် Premier League ဒါမှမဟုတ် ထိပ်တန်း Championship ကလပ်အသင်းတွေဆီ အငှားချဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် သင့်တော်တဲ့အသင်းကို ရှာမတွေ့ခဲ့ပါဘူး။

အသင်းရဲ့ နောက်ဆုံးကျန်ရှိနေခဲ့တဲ့ နိုင်ငံတကာအသင်း‌တွေဆီ အငှားချခွင့် နေရာတွေကိုတော့ Dario Essugo နဲ့ Sanchez တို့အတွက် အသုံးပြုလိုက်ပြီဖြစ်တာ‌ကြောင့် Paez ကို အငှားထပ်ချလို့လည်း မရတော့ကြောင်း သိရပါတယ်။

Nizaar Kinsella
Photo Credit

01/09/2026

အဲဗာတန်အသင်းနဲ့ မိုနာကို တိုက်စစ်မှူးဘိုလိုဂန် အပြောင်းအရွှေ့ ပျက်ပြယ်သွားပါတယ်။ ဘိုလိုဂန် ဂာ အဲဗာတန်နဲ့ စာရွက်စာတမ်းကိစ္စတွေပြင်ဆင်ပြီး အပြီးသတ် လက်မှတ်ရေးထိုးခါနီးမှ လက်မှတ်မထိုးပဲ အဲဗာတန် လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

တကယ်တော့ မိုနာကိုအသင်းဘက်က ဘိုလိုဂန်ကို အဲဗာတန်ဆီ ရော-င်းထုတ်လိုက်နိုင်ပြီလို့ယူဆပြီး Lamine Camara အပြောင်းအရွှေ့မှာ နောက်ဆုံးအချိန်မှ စာချုပ်မှာလက်မှတ်မထိုးခဲ့ပဲ ချဲလ်ဆီးအသင်းနဲ့အပြောင်းအရွှေ့ပျက်ပြယ်အောင် လုပ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သူတို့ဘက်က မျှော်မှန်းထားသလို တယောက်မှအသင်းကနေ ရော-င်းမထုတ်နိုင်ခဲ့ပါဘူး။

ဘိုလိုဂန်အပြောင်းအရွှေ့ပျက်သွားပေမယ့်လည်း ကွင်းလယ်ကစားသမား Lamin Camara ကို ချဲလ်ဆီးခေါ်ယူမယ့်ကိစ္စမှာ မိုနာကိုတို့ အချိန်မီ စာရွက်စာတမ်းမှာ လက်မှတ်ထိုးမပေးလို့ အပြောင်းအရွှေ့က လုံးဝကို ပြန်စလို့မရပဲ ပျက်ပြယ်သွားတာဖြစ်ပါတယ်။

01/09/2026

နောက်တန်းကစားသမား Tosin Adarabioyo ဟာ စပါးအသင်းကိုအပြီးသဝ်ပြောင်းရွှေ့သွားပြီပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က တိုဆင်ရဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၁၀ သန်း + အပိုဆုကြေး ၂ သန်းကို ရရှိသွားမှာပဲဖြစ်ပါတယ်။

Photo Credit

01/09/2026

Summer Transfer Review

Deadwood တွေရှင်းထုတ်တာ တချို့ကစားသမားတွေ ရော-င်းထုတ်တာမှာ ဈေးကောင်းရလို့ အားလုံးက ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ကို ဝိုင်ချီးကျူးနေကြခဲ့ပါတယ်။ တကယ်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လူခေါ်တဲ့နေရာမှာ အဖျားရှူးသွားပါတယ်။ တကယ်ဆို အန်ဇိုကို ထွက်ခွင့်ပေးမယ်ဆိုကတည်းက အသင်းမှာ အသင့်သုံးကစားသမားတယောက်ကို ခေါ်ထားသင့်တယ်၊ ပြင်ဆင်ထားသင့်တယ်။ ခုက အန်ဇိုတင်မက Dario Essugo ကိုပါ အငှားထပ်ချလိုက်သေးတယ်ဗျာ။

ခုတော့ အသင်းမှာ တကယ်ကွင်းလယ်နဲ့ ကွင်းလယ်ကစားပေးနိုင်တဲ့သူ ၅ ယောက်ဖြစ်တဲ့ Moises Caicedo ၊ နေရာစုံမှာ ကစားနိုင်တဲ့ အသင်းခေါင်းဆောင် Reece James ၊ Romeo Lavia ၊ Barco နဲ့ Henderson တို့ပဲ ကျန်ခဲ့တယ်။ Reece နဲ့ Lavia ဆိုတာ တရာသီ ဘယ်နှစ်ပွဲကန်နိုင်မလဲဗျာ၊ ကိုင်စေဒိုလည်း ဒဏ်ရာအခြေအနေမသိရသေးဘူး၊ ဒေါင်ဒေါင်မြည်နေမယ့် Barco ကိုပဲ အားကိုးရမယ်၊ ဟန်ဒါဆန်ကလည်း အသက်အရွယ်အရ ဒဏ်ရာမကင်းသေးတဲ့ အခြေအနေဖြစ်နေဆဲပါ။ ဒီ ၅ ယောက် မကစားနိုင်တာ သုံးမရတာမျိုးဆို လူငယ်အကယ်ဒမီက ကလေးတွေ ခေါ်သုံးရတော့မယ် (Gusto လည်းသုံးနိုင်တယ်) တော်တော်ရင်လေးစရာ ကွင်းလယ်ကိစ္စပါပဲ။ ကွင်းလယ်မှာ ရှိနေတဲ့သူတွေကလည်း profile တွေအရ Destroyer, Controller စတာတွေကောင်းကောင်းလုပ်နိုင်ဖို့က ခုချိန်ထိမမြင်ရသေးဘူး

မနှစ်က နောက်တန်းနဲ့ဂိုးသမားကိစ္စစိတ်ပူရတယ် ဒီနှစ်‌တော့ကွင်းလယ်မှာ ဇာတ်လမ်းစပါပြီ၊ အလွန်ဆိုကိုယ်တိုင်ကလည်း ကွင်းလယ်ကစားသမားဘဝနဲ့ ကစားခဲ့တာဆိုတော့ အလွန်ဆိုကိုပဲ နည်းစနစ်နဲ့ ဗျူဟာတွေအပေါ်မှာ အားကိုးရတော့မယ်။ ကစားသမားတွေ ဒဏ်ရာကင်းပြီး ကြံ့ခိုင်နေအောင် နေ့တိုင်းဆုတောင်းပေးကြရမယ် (it's not funny bruh) ပြီးတော့ဇန်နဝါရီအပြောင်းအရွှေ့အထိ စိတ်ရှည်ပြီး ကြည့်ကြတာ‌ပေါ့ဗျာ...

CM8

01/09/2026

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒

မိုနာကိုအသင်းဟာ Lamine Camara အတွက် စာရွက်စာတမ်းကိစ္စတွေနဲ့ ဆေးစစ်မှုများအားလုံးသဘောတူပြီးခါမှ အပြောင်းအရွှေ့ကို ပယ်ဖျက်လိုက်ကြောင်း ချဲလ်ဆီးဘက်ကိုအကြောင်းကြားလာပါတယ်။ အကြောင်းကတော့ အဲဗာတန်အသင်းနဲ့ ဘိုလိုဂန်အပြောင်းအရွှေ့အဆင်ပြေသွားလို့ပါ။

ဒီလိုမျိုး မိုနာကိုအသင်းဘက်က လုပ်ဆောင်ပုံကို ချဲလ်ဆီးဘက်က ဖရော်ဖက်ရှင်နယ်မဆန်ဘူးလို့လည်း ယူဆသွားပါတယ်။

Photo Credit

01/09/2026

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား Lamine Camara ကို ‌ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်းဝန်းကျင်ဖြင့်ခေါ်ယူဖို့သဘောတူညီမှုရရှိသွားပြီပဲဖြစ်ပါတယ်။ Camara ဟာ ချဲလ်ဆီးအသင်းနဲ့ ၆နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

Photo Credit

Want your business to be the top-listed Gym/sports Facility in London?

Click here to claim your Sponsored Listing.

Location

Website

Address


London