Media Fever 9

Directions

Media Fever 9 နိုင်ငံတကာအားကစားသတင်းများ၊ပွဲကြို/ပွဲပြီးသုံးသပ်ချက်များ၊ အားကစားကွင်း လေ့လာရေးအစီအစဥ်ကောင်းများစွာ.
(1)

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ တစ်ဖက်၂ဂိုးစီနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကောင်းဆုံးကစားသမား Player of the mat...
22/10/2026

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ တစ်ဖက်၂ဂိုးစီနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကောင်းဆုံးကစားသမား Player of the match ဖြစ်ခဲ့သူက ဘိုင်ယန်တိုက်စစ်မှူး Harry Kane ပါပဲ။ ဒီပွဲမှာ ဟယ်ရီကိန်းဟာ သူ့ကြောင့်ရခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်အကောင်းဆုံးသွင်းယူခဲ့သလို လှပလွန်းတဲ့ ဂိုးဖန်တီးမှု assist တစ်ကြိမ်ကိုလည်း ပြုလုပ်နိုင်ခဲ့တယ်။

အခုဆို သူဟာ ချန်ပီယံလိဂ်ပွဲစဉ်၁၀ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ဗန်နစ္စတယ်ရွိုင်း၊ ရော်ဘတ်လီ၀န်ဒေါစကီးတို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ပြိုင်ပွဲသမိုင်းမှာ ပွဲဆက်အများဆုံး ဂိုးသွင်းယူထားတာက ခရစ္စတီယာနိုရော်နယ်လ်ဒိုဖြစ်ပြီး ၁၁ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့တာပါ။

ဒါ့ကြောင့် ကိန်းဟာ ရော်နယ်လ်ဒိုကို လိုက်မီဖို့ နောက်ထပ် ချန်ပီယံလိဂ်ပွဲစဉ်၁ပွဲသာ ဂိုးသွင်းဖို့လိုပါတော့တယ်။ တကယ်လို့ နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်၂ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ရင် သူဟာ ရော်နယ်လ်ဒိုရဲ့စံချိန်ကို ကျော်တက်နိုင်တော့မှာပါ။

အခုဆို ကိန်းက နိုင်ငံနဲ့ကလပ်အတွက် ၁၁ပွဲဆက် သွင်းဂိုးပါ၀င်ပတ်သက်မှုပြုလုပ်ထားပြီး ဒီ၁၁ပွဲမှာ ၁၃ဂိုးသွင်း၊ ၈ဂိုးဖန်တီးထားပါပြီ။ ၂၀၂၆ ဘလွန်း‌ဒေါဆုအတွက် ကိန်းဘာလို့ရေပန်းစားနေလဲဆိုတာ အံ့အားသင့်စရာတော့ မရှိပါဘူး။





မန်ယူနိုက်တက်ကို ၄ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုမိုရဲ့ အာဂျင်တီးနားကြယ်ပွင့် နီကိုပါ့ဇ်ရဲ့  မှော်၀င်ခြေစွမ်းကို...
22/10/2026

မန်ယူနိုက်တက်ကို ၄ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုမိုရဲ့ အာဂျင်တီးနားကြယ်ပွင့် နီကိုပါ့ဇ်ရဲ့ မှော်၀င်ခြေစွမ်းကို မြင်ခဲ့ရတယ်။ ကို‌မို‌မှော်ဆရာဟာ တစ်ပွဲလုံးနီးပါး ပြိုင်ဘက်ကို အခက်တွေ့စေခဲ့ပြီး အကောင်းဆုံးခြေစွမ်းတစ်ရပ် ပြသသွားခဲ့တယ်။

အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ဒီပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့အနိုင်ရလဒ်အတွက် အဓိကနေရာကနေ ပါဝင်ပေးခဲ့တာပါ။ Fotmob rating အရ 9.4 အထိ ရှိခဲ့ပြီး နီကိုပါ့ဇ်ရဲ့ ဒီခြေစွမ်းဟာ ဥရောပဘောလုံးလောကမှာ သူ့ရဲ့အရည်အသွေးတွေ ထပ်မံပြသလိုက်တယ်လို့ ဆိုရမယ်။

ကိုမိုနဲ့အတူ သူပြသနေတဲ့ခြေစွမ်းတွေအရ မက်ဆီအနားယူသွားတဲ့နောက် အာဂျင်တီးနားရဲ့ အနာဂတ်နံပါတ် ၁၀ ဂျာစီကို ဆက်ခံနိုင်မယ့်သူတွေထဲမှာ နီကိုပါ့ဇ်ရဲ့နာမည်ကိုလည်း ထည့်သွင်းစဉ်းစားလာကြတာ အံ့ဩစရာတော့ မဟုတ်ဘူး။

ဒီရာသီမှာ ပါ့ဇ်ဟာ ကိုမိုအတွက် ၄ဂိုးသွင်း၊ ၅ဂိုးဖန်တီးထားပြီး တစ်ရာသီထက်တစ်ရာသီ ပိုတိုးတက်လာနေတာကို တွေ့ရတယ်။ အာဂျင်တီးနားအတွက် နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာလည်း သူဟာ ၃ဂိုးသွင်း၊ ၁ဂိုးဖန်တီးထားခဲ့ပါပြီ။ ‌‌ကိုမိုနဲ့ အာဂျင်တီးနားရဲ့မှော်ဆရာလေး ဘယ်အမြင့်အထိ ပျံတက်နိုင်မလဲဆိုတာ‌ ‌ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။


ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ ကီလီယမ်အမ်ဘာပေလိုမျိုး ယန်းဒိုင်အိုမန်ဒီကို ပွေ့ချီထားချင်ကြမယ်ထင်ပါတယ်။မနေ့ညက အသင်းဟောင်း လို...
22/10/2026

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ ကီလီယမ်အမ်ဘာပေလိုမျိုး ယန်းဒိုင်အိုမန်ဒီကို ပွေ့ချီထားချင်ကြမယ်ထင်ပါတယ်။

မနေ့ညက အသင်းဟောင်း လိုက်ပ်ဇစ်နဲ့ ‌ပြန်လည်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယန်းဒိုင်အိုမန်ဒီဟာ လူစား၀င်ကစားသမားအဖြစ်နဲ့ မိနစ်၂၀ကျော်ကြာကစားခဲ့ပြီး ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးနိုင်ခဲ့တယ်။ အခုဆို သူဟာ အသင်းအတွက် ၄ပွဲဆက် သွင်းဂိုးပါ၀င်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့ပြီး ဒီ၄ပွဲမှာ ၃ဂိုးသွင်း ၃ဂိုးဖန်တီးထားခဲ့ပါပြီ။

Fotmob rating အရ ဒီ၄ပွဲလုံးမှာ သူ့ရဲ့ rating ဟာ 8.0 နဲ့အထက်ရှိခဲ့ပြီး RW , LW position ၂ခုလုံးမှာ အကောင်းဆုံးကစားပြထားတယ်။ ပွဲထွက်ကစားသမားအဖြစ်ရော၊ လူစား၀င်ကစားသမားအဖြစ်ပါ သူဟာ ခြေစွမ်းပြထားပြီး ရီးရဲလ်မက်ဒရစ်က ဘာလို့ ၁၉နှစ်အရွယ် ကစားသမားအတွက် ယူရိုသန်း 140 အသုံးပြုခဲ့လဲဆိုတာကို ပြသခဲ့တယ်။

မက်ဒရစ်ကစားသမားဘ၀အဖွင့်၉ပွဲမှာ ၁ဂိုးသာ ဖန်တီးနိုင်ခဲ့ပေမယ့်၊ ၁၀ပွဲမြောက်မှာ ပထမဆုံးဂိုးကို ရှာတွေ့ခဲ့တဲ့ ဒိုင်အိုမန်ဒီဟာ အခုဆို ဘာနေဗျူးမှာ သူ့ကိုယ်သူ အကောင်းဆုံးရှာတွေ့ထားခဲ့ပါပြီ။ လက်ခုပ်သံတွေ ဆက်တိုက် သိမ်းပိုက်နေတဲ့ ဒိုင်အိုမန်ဒီဟာ မော်ရင်ဟိုရဲ့ ပွဲထွက်၁၁ယောက်လူစာရင်းမှာ နေရာတစ်ခုကို အပိုင်သိမ်းပိုက်သွားတော့မလားဆိုတာတော့....




မန်ယူနိုက်တက်ကပ္ပတိန် ဘရူနိုဖာနန်ဒက်စ်ကတော့ ကိုမိုကို ၄/၁ နဲ့ ရှူံးနိမ့်ခဲ့တဲ့ပွဲစဥ်အပြီးမှာ နည်းပြ မိုက်ကယ်ကာရစ်ခ်ရဲ့ က...
22/10/2026

မန်ယူနိုက်တက်ကပ္ပတိန် ဘရူနိုဖာနန်ဒက်စ်ကတော့ ကိုမိုကို ၄/၁ နဲ့ ရှူံးနိမ့်ခဲ့တဲ့ပွဲစဥ်အပြီးမှာ နည်းပြ မိုက်ကယ်ကာရစ်ခ်ရဲ့ ကစားကွက်နဲ့ ဖိအားပေးကစားပုံအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးရာမှာ ယူနိုက်တက်အနေနဲ့ ပိုမိုရဲရင့်ဖို့ လိုအပ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထောက်ပြခဲ့တာပါ။

"ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းကပ်ပြီး ဖိအားမပေးဖို့၊ တစ်ခါတလေ နေရာလွတ်တွေ ချန်ထားပြီး သူတို့ ဘောလုံးပေးပို့လာတာကို စောင့်ဖို့ဆိုတာ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ တစ်ခါတလေ ဒီလိုအသင်းမျိုးကို နေရာလွတ်တွေပေးလိုက်ရင် သူတို့က ယုံကြည်မှု ပိုရှိလာကြတယ်။

ဒါက ကျွန်တော်ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ နည်းပြနဲ့ နည်းပြအဖွဲ့က သုံးသပ်ရမယ့်ကိစ္စပါ။ တစ်ခါတလေမှာ ကျွန်တော်တို့ ပိုပြီးရဲရင့်ဖို့ လိုတယ်။ စွန့်စားပြီး ပြိုင်ဘက်ကို ကွင်းအပေါ်ပိုင်းအထိ တက်ဖိအားပေးရမယ်။ သူတို့ကို သက်သောင့်သက်သာ မကစားနိုင်အောင် လုပ်ရပါမယ်။

ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ သူတို့ရဲ့ ဗဟိုနောက်ခံလူက ကျွန်တော့်ကို လူကပ်ဖို့ ကျွန်တော်တို့ကွင်းဘက်ခြမ်းအထိ တက်လာခဲ့တယ်။ ကျွန်တော်တို့လည်း အသင်းလိုက် အဲဒီလိုလုပ်နိုင်ဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။

သူတို့က ကွင်းလယ်ကနေ အချိတ်အဆက်မိမိနဲ့ ဘောလုံးကစားတတ်တဲ့အသင်းပါ။ ဒီလိုအသင်းမျိုးကို အချိန်နဲ့ နေရာလွတ်တွေ အများကြီးပေးလိုက်ရင် တောင်ပံတွေကနေ ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ မေးခွန်းထုတ်မှုကိုမိုက်ကယ်ကာရစ်ခ်က ခုလိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"တကယ်တော့ ကျွန်တော်တို့ဟာ ဒုတိယပိုင်းမှာ ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းကပ်ပြီး ဖိအားပေးတဲ့ပုံစံကို တစ်စိတ်တစ်ပိုင်း အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုကစားရာကနေပဲ ကျွန်တော်တို့ ဂိုးပြန်ပေးခဲ့ရတာပါ။"

"ခင်ဗျားတို့ ဘယ်လိုကစားကွက်မျိုးပဲ သုံးသုံး၊ ဘယ်လိုနည်းစနစ်မျိုးပဲ အသုံးပြုပါစေ၊ ကစားသမားတွေက မပြေးလွှားဘူး၊ ရှေ့ကိုတက်ပြီး မကစားဘူး၊ နောက်ကိုလည်း ပြန်ဆင်းပြီး မကာကွယ်ဘူးဆိုရင် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။"

ကာရစ်ခ်ကတော့ မန်ယူရဲ့ပြဿနာဟာ နည်းဗျူဂာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကွင်းအတွင်း လှုပ်ရှားကစားပုံတွေမှာလည်း ရှိနေတယ်လို့ ထောက်ပြလိုက်တာပါ

ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ





ပီအက်စ်ဂျီကြယ်ပွင့် ခဗီချာခါဗရာခေလီယောဟာ ACL Injury ရသွားပါသတဲ့။ခဗီချာက ဘာကာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရ...
21/10/2026

ပီအက်စ်ဂျီကြယ်ပွင့် ခဗီချာခါဗရာခေလီယောဟာ ACL Injury ရသွားပါသတဲ့။

ခဗီချာက ဘာကာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာပါ။ ကစားသမားဘ၀ အကောင်းဆုံးအချိန်မှာ အခုလို ACL Injury ရသွားတာက တကယ်ကို စိတ်မကောင်းစရာပါပဲ။

ဒါနဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေကို လူမှုကွန်ရက်ပေါ်ကနေ ခုလို ဖွင့်ဟလာခဲ့ပါတယ်။

“ပွဲတိုင်းမကစားခင်မှာ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ပွဲပြီးရင် အိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆုတောင်းတွေက အချည်းနှီးဖြစ်ခဲ့ရတယ်။

အခုထိ အချိန်အများကြီး မကြာသေးပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းတစ်ခုက ထပ်ခါထပ်ခါ ပေါ်လာနေတုန်းပဲ။ 'ဘာလို့ ကျွန်တော်လဲ။ ဘာကြောင့် ကျွန်တော့်ဆီမှာ ဖြစ်ရတာလဲ' ဆိုတဲ့ မေးခွန်းပါ။

ကျွန်တော် ကြိုးစားအားထုတ်မှုတစ်ခုမှ လျော့ခဲ့တာမရှိဘူး။ ဒီပွဲအတွက် ပြင်ဆင်ခဲ့တာကလည်း အရင်က ဘယ်ပွဲထက်မဆို ပိုကောင်းခဲ့တယ်လို့တောင် ထင်တယ်။
ဘာပဲကြုံလာကြုံလာ ရင်ဆိုင်ဖို့ ကျွန်တော် အသင့်ဖြစ်နေပြီလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးအတွက်တော့ ကျွန်တော် အသင့်မဖြစ်ခဲ့ဘူး။

ဒါပေမဲ့လည်း ဘုရားသခင်က ကျွန်တော့်ကို ရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ကျွန်တော့်အပေါ် ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ကြောင့် ကွင်းထဲက တခြားဘောလုံးသမားတွေ ဒီလိုမျိုး မကြုံတွေ့ရတော့ဘူးဆိုရင် ကျွန်တော် နာကျင်မှုတွေ၊ ခက်ခဲပင်ပန်းမှုတွေ၊ ဒုက္ခတွေ၊ မျက်ရည်တွေကို ခံစားရဖို့ အသင့်ပါပဲ။

ကျွန်တော့်ဘေးမှာ အမြဲတမ်းရှိနေပေးကြတဲ့ ကျွန်တော်ချစ်ရသူတွေအတွက် အရင်ကထက် ပိုပြီးသန်မာတဲ့သူတစ်ယောက်အဖြစ် ပြန်လာရမယ်ဆိုတာ ကျွန်တော် သိတယ်။
ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါကြောင့် ကျွန်တော့်ကို ယုံကြည်စိတ်ချထားနိုင်ပါတယ်။

ခင်ဗျားတို့ကို ကျွန်တော် စိတ်ပျက်အောင် မလုပ်ပါဘူး။ ဒါ ကျွန်တော့်ရဲ့ ကတိပါ။ ကျွန်တော် အချိန်တစ်စက္ကန့်လေးတောင် အလဟဿ မဖြုန်းတီးပါဘူး။ ကျွန်တော့်ကို အားပေးထောက်ခံပေးကြတဲ့ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

မကြာခင်မှာပဲ ကျွန်တော်တို့ ပြန်ဆုံကြမယ်။”

အမြန်ဆုံးပြန်သက်သာပြီး အကောင်းဆုံးပြန်လာနိုင်ပါစေ ခဗီချာခါဗရာခေလီယောရော...




အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကင်မစ်ချ်ဘောလုံးကွင်းထဲမှာ အမြဲတမ်း စိတ်ဓာတ်မာကျောပြီး အသင်းအတွ...
21/10/2026

အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကင်မစ်ချ်

ဘောလုံးကွင်းထဲမှာ အမြဲတမ်း စိတ်ဓာတ်မာကျောပြီး အသင်းအတွက် အစွမ်းကုန်ကြိုးစားပေးတတ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူနဲ့ ကပ္ပတိန် ဂျိုရှူအာကင်မစ်ချ်အတွက်တော့ ဒီနေ့ဟာ ဝမ်းနည်းကြေကွဲစရာ နေ့တစ်နေ့ ဖြစ်လာခဲ့တယ်။

ဂျာမန်သတင်းစာ BILD ရဲ့ ဖော်ပြချက်အရ ကင်မစ်ချ်ရဲ့ဖခင် ဘာသိုးလ်ကင်မစ်ချ်ဟာ အသက် (၅၇) နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဒီလိုမိသားစုအတွင်း ဝမ်းနည်းစရာ အဖြစ်အပျက်ကြောင့် ကင်မစ်ချ်ဟာ ဒီည ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူး။

ဘိုင်ယန်မြူးနစ်ကလည်း ကင်မစ်ချ်ရဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ခဲ့ပြီး ဒီလိုခက်ခဲနေတဲ့အချိန်မှာ သူနဲ့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို လေးစားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါဟာ စိတ်ကောင်းစရာ သတင်းတစ်ပုဒ်ပါပဲ။ ဒီလိုခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ ကင်မစ်ခ်ျတို့မိသားစုဟာ ခွန်အားတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


အသက်ငယ်ပေမယ့် ခြေစွမ်းကတော့ သာမန်မဟုတ်ဘူးဆိုတာ ပြသထားတဲ့လီဗာပူးလ်ရဲ့ လူငယ်ကြယ်ပွင့် 'ရီယိုနူမိုဟာ'ဟာ ချန်ပီယံလိဂ်မှာ ထူး...
20/10/2026

အသက်ငယ်ပေမယ့် ခြေစွမ်းကတော့ သာမန်မဟုတ်ဘူးဆိုတာ ပြသထားတဲ့လီဗာပူးလ်ရဲ့ လူငယ်ကြယ်ပွင့် 'ရီယိုနူမိုဟာ'ဟာ ချန်ပီယံလိဂ်မှာ ထူးခြားတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ သမိုင်း၀င်မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ရေးထိုးနေတယ်။

အသက်၁၈နှစ်သာ ရှိ‌သေးတဲ့ သူဟာ လီဗာပူးလ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ၊ ဥရောပပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားနဲ့ ချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး လီဗာပူးလ်ကစားသမားဆိုတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားပြီ။

ပရီးမီးယားလိဂ်သမိုင်းရဲ့ ပဉ္စမမြောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်တဲ့ နူမိုဟာဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု၂ကြိမ်နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲစဉ်အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုကြောင့် သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ အသက်အသယ်ဆုံး လီဗာပူးလ်ကစားသမား၊ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်တွေကိုလည်း ရထားပြီဖြစ်တယ်။

ပိုပြီးအံ့အားသင့်စရာကောင်းတာက ဒီရာသီ ချန်ပီယံလိဂ်မှာ သူ့ရဲ့ ပြိုင်ဘက်ကစားသမားတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မှုဟာ ၁၆ ကြိမ်အထိ ရှိထားပြီး ယမာလ်နဲ့ အိုလီဆေးတို့လို နာမည်ကျော်ကစားသမားတွေကိုပါ ကျော်ဖြတ်ကာ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ဒါဟာ တကယ်ကို မယုံနိုင်စရာမှတ်တမ်းတစ်ခုပါပဲ။

လီဗာပူးလ်အတွက်တော့ နူမိုဟာကို ရထားတာဟာ အနာဂတ်ကြယ်ပွင့်တစ်ဦးကို ရှာဖွေတွေ့ရှိထားတာထက် ပိုနေပါပြီ။ သူဟာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲမှာ ပါဝင်လာနိုင်ကြောင်း စတင်သက်သေပြနေပြီလို့ပဲ ဆိုရပါမယ်။




ဘာကာကို ဘယ်သူရပ်တန့်မလဲဆိုတဲ့ အဖြေပေါ်လာပါပြီ။ ပီအက်စ်ဂျီဟာ ဘာကာကို ပဲရစ်မြေမှာ ၄ဂိုး၂ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး စာရ...
20/10/2026

ဘာကာကို ဘယ်သူရပ်တန့်မလဲဆိုတဲ့ အဖြေပေါ်လာပါပြီ။ ပီအက်စ်ဂျီဟာ ဘာကာကို ပဲရစ်မြေမှာ ၄ဂိုး၂ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး စာရွက်ပေါ်က ရလဒ်အရရော ကွင်းအတွင်းခြေစွမ်းအရပါ ပြိုင်ဘက်ထက် အငြင်းပွားစရှိ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။

ဒီတော့ မေးစရာဖြစ်လာတာက ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ဘယ်သူရပ်တန့်မလဲဆိုတာပဲ....

ပီအက်စ်ဂျီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ မန်စီးတီးကို သူတို့ရဲ့အိမ်ကွင်း အီးတီဟတ်မှာ ၄/၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့တယ်။ မန်စီးတီးပြီးတဲ့နောက် ဒီရာသီပြိုင်ပွဲစုံမှာ ၁၁ပွဲကစား၊ ၁၁ပွဲလုံး အနိုင်ရထားတဲ့ ဘာကာကိုပါ ဂိုးပြတ်အနိုင်ယူပြခဲ့တယ်။

ကက်တလန်သားတွေကို ဒီရာသီပထမဆုံး ရှူံးပွဲနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဆိုရမယ်။ ကောင်းလှပါတယ်ဆိုတဲ့ ဘာကာဟာ ပီအက်စ်ဂျီကို မယှဉ်ပြိုင်နိုင်ခဲ့ဘဲ ချန်ပီယံလိဂ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၃ကြိမ်ဆက်တိုက် ရှူံးထားခဲ့ပါပြီ။

ချန်ပီယံလိဂ်ဆုဖလားကြီးကို ၂နှစ်ဆက် သိမ်းပိုက်ခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ၃နှစ်ဆက် ဥရောပချန်ပီယံအိပ်မက်အတွက် အသင့်ဖြစ်နေပြီလို့ပဲ ဆိုရမယ်။ အကောင်းဆုံးဆိုတဲ့ ပြိုင်ဘက်တွေကို ဆက်တိုက်အနိုင်ယူပြနေတဲ့ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်စင်မြင့်ထက်မှာ ရပ်တန်နိုင်မယ့်အသင်းရှိပါဦးမလားဆိုတာတော့....




ချန်ပီယံပွဲပြီးရလဒ်များ▪️ ဒီအပတ်ရဲ့အကောင်းဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ဘာကာတို့ရဲ့ ယှဉ်ပြိုင်မှုဟာ တကယ်က...
20/10/2026

ချန်ပီယံပွဲပြီးရလဒ်များ

▪️ ဒီအပတ်ရဲ့အကောင်းဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ဘာကာတို့ရဲ့ ယှဉ်ပြိုင်မှုဟာ တကယ်ကိုအကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်ပဲရစ်မြို့သားတွေက ပိုကောင်းတဲ့ခြေစွမ်းကိုပြသကာ ၄/၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘာကာအတွက်‌ ဒီရာသီပထမဆုံး ရှူံးပွဲဆိုလည်း မမှားခဲ့ဘူး။

▪️ မန်စီးတီးကတော့ ဖိုဒန်ရဲ့ဟက်ထရစ်နဲ့အတူ အေအီးအေအေသင်ကို အီးတီဟတ်မှာ ၅/၁ ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

▪️ လီဗာပူးလ်ဟာ အန်ဖီးမှာ ဗီလာရီးရဲလ်ကို ၂/၀ နဲ့ ရှူံးရာကနေ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပြန်သွင်းပြီး ၄/၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

▪️ ရိုးမားက ဆလိုဗန်ကို ၄/၀ ၊ နာပိုလီက ဘိုဒိုဂလင့်ကို ၄/၂ ဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ယူပြီး ဒီရာသီချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲတွေကို ကိုယ်စီပိုင်ဆိုင်ခဲ့ပါတယ်။

▪️စတုဂတ်နဲ့ အက်သလက်တီကိုကတော့ တစ်ဖက်၁ဂိုးစီနဲ့ သရေကျခဲ့ပြီး ပေါ်တိုကတော့ အိမ်ကွင်းမှာ ပီအက်စ်ဗွီကို အရေးနိမ့်ခဲ့ပါတယ်။


20/10/2026

လီဗာပူး vs ဗီလာရီးရဲလ်
ချန်ပီယံလိဂ် - ပွဲစဉ် ၃ မစမှီ..

Address

London

Website

Alerts

Be the first to know and let us send you an email when Media Fever 9 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share