Media Fever 9

Media Fever 9

Share

နိုင်ငံတကာအားကစားသတင်းများ၊ပွဲကြို/ပွဲပြီးသုံးသပ်ချက်များ၊ အားကစားကွင်း လေ့လာရေးအစီအစဥ်ကောင်းများစွာ.

06/09/2026

ဘောလုံးလောကမှာ အခွင့်အရေးဆိုတာ တစ်ခါတည်းနဲ့ အဆုံးသတ်မသွားပါဘူး။ ဒါကိုသက်သေပြခဲ့သူကတော့ Loris Karius ပါပဲ။

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှားတွေကြောင့် ကစားသမားဘဝရဲ့ အနာကျင်ဆုံးညတစ်ညကို ဖြတ်သန်းခဲ့ရတဲ့ လောရစ်ကာရီးယက်စ်ဟာ ၈ နှစ်အကြာမှာတော့ လုံးဝမတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ရေးသားနေပါပြီ။

၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီ‌ဗာပူးလ်ကို ရှူံးနိမ့်စေမယ့် မယုံနိုင်စရာ အမှား၂ခုပြုလုပ်ခဲ့တဲ့နောက်‌ ကစားသမားဘ၀ကနေ အနားယူဖို့ နီးစပ်ခဲ့ဖူးပေမယ့် ကြိုးစားမှုတွေအတွက်၊ လက်မလျှော့သူတွေအတွက် ဒုတိယအခွင့်အရေးဆိုတာ အမြဲရှိနေတတ်တယ်မဟုတ်လား။

ရှော်ကေးဆီ ရောက်ရှိလာခဲ့ပြီးနောက် ကာရီးရက်စ်ဟာ သူရှာဖွေနေခဲ့တဲ့ second chance ကို ပြန်ရခဲ့တယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့ရာသီမှာ သူဟာ အကောင်းဆုံးလက်စွမ်းပြမှုတွေနဲ့အတူ ရှော်ကေးကို ဘွန်ဒက်စ်လီဂါဆီ တဖန်တန်းတက်နိုင်အောင် အကောင်းဆုံးကူညီပေးခဲ့တယ်။

ဒီရာသီ လိဂ်အဖွင့်ပွဲမှာ ရှော်ကေးဟာ အော့စ်ဘက်ဂ်ကို ၃ဂိုးဂိုးမရှိနဲ့ ရှူံးခဲ့ပေမယ့် ကာရီးရက်စ်ဟာ အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ Karius က အရေးကြီးတဲ့ ကာကွယ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး လက်ရှိချန်ပီယံတွေကို ဂိုးမသွင်းနိုင်အောင် တားဆီးကာ ဂိုးမရှိသရေရလဒ်ရရှိအောင် ကူညီပေးခဲ့တယ်။

တစ်ချိန်က အမှားတစ်ခုကြောင့် အပြစ်တင်ခံခဲ့ရသူက ဒီနေ့မှာတော့ အသင်းအတွက် သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဘောလုံးက မင်းကို နောက်တစ်ခါလဲကျရင် တစ်ခါပြန်ထဖို့ အခွင့်အရေးပေးနေဆဲပါပဲ။

06/09/2026

ဒီရာသီ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်း ၃ သင်းထဲမှာ Hull City ကို အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခဲ့ကြတာ မဆန်းပါဘူး။ Coventry City က ချန်ပီယံအဖြစ်၊ Ipswich Town က အဆင့် ၂ နဲ့ တန်းတက်လာခဲ့ချိန်မှာ Hull City ကတော့ အဆင့် ၆ နဲ့ရာသီသိမ်းပြီး Play off ကနေတစ်ဆင့် ပရီးမီးယားလိဂ်ကို ရောက်လာတာပါ။

ဒါပေမယ့် ဘောလုံးမှာ စာရွက်ပေါ်က ခန့်မှန်းချက်တွေထက် လက်တွေ့ကွင်းထဲက ရလဒ်တွေက ပိုအရေးကြီးပါတယ်။

ရာသီအစ ၃ ပွဲအပြီးမှာ Hull City က ရမှတ် ၇ မှတ်အထိ စုဆောင်းထားပြီး တန်းတက်အသင်းတွေအနက် အထင်ကြီးစရာအကောင်းဆုံး စတင်မှုကို ပိုင်ဆိုင်ထားပါတယ်။ အဖွင့်ပွဲမှာ မန်ယူကို အနိုင်ယူခဲ့ပြီး Coventry City ကိုလည်း ဆက်လက်အနိုင်ယူနိုင်ခဲ့သလို Aston Villa နဲ့ပွဲမှာလည်း အဝေးကွင်းကနေ သရေတစ်မှတ် ပြန်ယူနိုင်ခဲ့တယ်။

တစ်ဖက်မှာတော့ တန်းတက်ဖော် Coventry City နဲ့ Ipswich Town တို့က ရာသီအစမှာ ရုန်းကန်နေရချိန်၊ Hull City ကတော့ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ အစပြုမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့နေရာကို ခိုင်မာအောင် စတင်တည်ဆောက်နေပါပြီ။

ရာသီက ရှည်လျားနေသေးတာကြောင့် အခုရမှတ် ၇ မှတ်တည်းနဲ့ တင်ကျန်မယ်လို့ ပြောလို့မရသေးပေမယ့် Hull City ရဲ့ အစကတော့ တန်းတက်အသင်းတစ်သင်းအတွက် အိပ်မက်ကောင်းကောင်းမက်နိုင်စရာ ဖြစ်နေပါတယ်။ 🔥



05/09/2026

ဘောလုံးသမိုင်းမှာ အသက်အရွယ်နဲ့ စွမ်းဆောင်ရည်ကို တစ်ထပ်တည်းတိုင်းတာလို့မရကြောင်း သက်သေပြနေသူကတော့ လူကာမိုဒရစ်ပါပဲ။ အသက် ၄၁ နှစ် ရှိနေပြီဖြစ်ပေမယ့် သူဟာ ခရိုအေးရှားရဲ့ အသည်းနှလုံးတစ်ခုအဖြစ် ဆက်လက်ရှင်သန်နေဆဲပါပဲ။

လာမယ့် စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေမှာ ချက်၊ စပိန်နဲ့ အင်္ဂလန်တို့ကို ရင်ဆိုင်ရမယ့် ခရိုအေးရှားလူစာရင်းထဲ မိုဒရစ် ပါဝင်လာမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြီးဆုံးသွားတဲ့နောက် လက်ရွေးစင်ကစားသမားဘဝကို ချက်ချင်းမပိတ်သိမ်းသေးဘဲ နိုင်ငံအသင်းအတွက် ဆက်လက်ပေးဆပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

တစ်ချိန်က လူငယ်ကစားသမားတစ်ယောက်အဖြစ် ခရိုအေးရှားဂျာစီကို ၀တ်ဆင်ခဲ့တဲ့ မိုဒရစ်ဟာ အခုတော့ အသင်းရဲ့ခေါင်းဆောင်၊ နိုင်ငံရဲ့သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါပြီ။

အသက်က ၄၁နှစ်. ဘောလုံးသမားအများစုက ဒီအရွယ်မှာ ဘောလုံးမကစားတော့ပေမယ့် မိုဒရစ်ကရော ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ပေးဆပ်ကစားဖို့ စိတ်အားထက်သန်နေဆဲ... ဘောလုံးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုက ပြင်းပျနေဆဲပါပဲ။



05/09/2026

ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဖီလီပီလူးဝစ်ကတော့ မန်နေဂျာကောင်းတစ်ယောက်အဖြစ်နဲ့ အမြင့်ပျံတက်ပြနေပါပြီ။ တစ်ချိန်က ဘယ်နောက်ခံလူကောင်းတစ်ဦးအဖြစ် နာမည်ကျော်ခဲ့တဲ့ ဖီလီပီလူးဝစ်ဟာ အခုတော့ မန်နေဂျာဘဝမှာပါ သူ့ရဲ့အရည်အချင်းကို ပြသနေပြီလို့ဆိုရမယိ။

ဖလာမင်ဂိုမှာ ယာယီနည်းပြအဖြစ် စတင်ခဲ့ပြီးနောက် U17 နဲ့ U20 အသင်းတွေကို ကိုင်တွယ်ကာ နောက်ဆုံး အသင်းကြီးနည်းပြအထိ တစ်ဆင့်ချင်း တက်လှမ်းခဲ့ပြီး ဘရာဇီးလ်မြေမှာ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။

အခုတော့ ဥရောပမြေဆီ နည်းပြအဖြစ်နဲ့ ပြန်ရောက်လာတဲ့ ဖိလစ်ပီလူး၀စ်ဟာ မိုနာကိုနဲ့ အခန်းသစ်စတင်နေတယ်။ လက်ရှိဥရောပချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ယူခဲ့ပြီးနောက် အသင်းဟာ ၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်းနဲ့အတူ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

မိုနာကိုအသင်းကို ဘယ်အမြင့်အထိ ရောက်အောင် ဖိလစ်ပီလူးဝစ် ပို့ဆောင်ပေးမလဲဆိုတာ စိတ်၀င်စားဖို့တော့ ကောင်းနေပါပြီ။


04/09/2026

လက်ရှိပြင်သစ်နဲ့ ဥရောပရဲ့ ချန်ပီယံကလပ် ပီအက်စ်ဂျီကတော့ ဒီရာသီအစပိုင်းမှာ ရလဒ်ပိုင်း၊ ခြေစွမ်းပိုင်း အတော်လေးကျဆင်းသွားတာ တွေ့ရတယ်။ မိုနာကိုကို ပဲရစ်မြေမှာ ၂ဂိုး၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှူံးနိမ့်ခဲ့ပြီးနောက် PSG ဟာ ပြိုင်ပွဲစုံ၄ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါပြီ။

ရာသီအဖွင့်၊ ပြင်သစ်စူပါဖလားဗိုလ်လုပွဲမှာ ရှူံးနိမ့်ခဲ့တဲ့ ပဲရစ်မြို့သားတွေဟာ လိဂ်ပွဲ၃ပွဲ ကစားပြီးချိန်မှာလည်း နိုင်ပွဲမရသေးဘဲ ရမှတ် ၂မှတ်သာ ပိုင်ဆိုင်ထားတယ်။ မိုနာကိုကို ပဲရစ်မြို့မှာ ရှူံးနိမ့်ခဲ့ပြီးနောက် PSG ဟာ ဒီရာသီ သူတို့ရဲ့ပထမဆုံး လိဂ်အိမ်ကွင်းပွဲစဉ်မှာ အရှူံးကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်တယ်။

၂နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့၊ လက်ရှိဥရောပရဲ့ အကောင်းဆုံး ပီအက်စ်ဂျီဟာ ဒီရာသီမှာတော့ တာထွက်မကောင်းသေးပါဘူး။ သူတို့ရဲ့ နိမ့်ပါးချိန်တွေဆီ ရောက်ရှိလာပြီလား...ယာယီ ခြေစွမ်းမပြနိုင်မှု၊ ရလဒ်ကျဆင်းမှုသက်သက်ပဲလားဆိုတာတော့ ကျွန်တော်တို့ ဆက််လက်စောင့်ကြည့်ရဦးမှာပါ။

တစ်ဖက်မှာတော့ မိုနာကိုဟာ လိဂ်ပွဲ၃ပွဲကစားပြီး ၃ပွဲလုံး အနိုင်ရကာ လီဂူး၀မ်းအမှတ်ပေးဇယားကို ပထမနေရာကနေ ယာယီဦးဆောင်နေခဲ့ပါပြီ။




Photos from Media Fever 9's post 04/09/2026

အစ်၀စ်ချ်တောင်း ၀/၂ လီဗာပူးလ် (Full Time)

လီဗာပူးလ်ကတော့ အစ်၀စ်ခ်ျတောင်းကို ပွဲအစ၁၀မိနစ်အတွင်းမှာ သွင်းယူခဲ့တဲ့ အီဆက်ခ်နဲ့သွင်းဂိုး၂ဂိုးနဲ့အတူ ၂ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Portman Road မှာ ရခဲ့တဲ့ နိုင်ပွဲက ဒီရာသီမှာ လီဗာပူးလ်ရဲ့ပထမဆုံးအောင်ပွဲ၊ အီရာအိုလာလက်ထက် ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။



04/09/2026

လာမယ့်စူပါဆန်းဒေးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်၃ရဲ့ အကောင်းဆုံး ယှဉ်ပြိုင်မှုအဖြစ် အာဆင်နယ် Vs ချဲလ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ရှုစားရမှာပါ။ ၂ပွဲကစား၂ပွဲလုံး အနိုင်ထားတဲ့ လန်‌ဒန်၂သင်းရဲ့ အားပြိုင်မှုမှာ ဘယ်သူအသာရမလဲဆိုတာ စိတ်၀င်စားဖို့ ကောင်းတယ်။

အာဆင်နယ်နဲ့ ယှဥ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဥ်မတိုင်မီ ချယ်လ်ဆီးတို့ရဲ့ လေ့ကျင့်ရေးအစီအစဥ်ကလည်း ပုံမှန်နဲ့မတူ ထူးခြားနေတယ်။ ချယ်လ်ဆီးကစားသမားတွေဟာ ပုံမှန်လေ့ကျင့်ခန်းတွေအပြင် Rugby Tackle Bag တွေကို အသုံးပြုပြီး ခန္ဓာကိုယ်ချင်းထိတွေ့မှု၊ ခွန်အားနဲ့ တိုက်ပွဲဝင်နိုင်စွမ်းတွေကို အထူးအလေးထား လေ့ကျင့်နေကြတာကို တွေ့ရတယ်။

ပွဲကြီးတွေမှာ ဘောလုံးနည်းစနစ်တင်မကဘဲ Physical Battle ကိုပါ အနိုင်ယူနိုင်ဖို့ လိုအပ်တာကြောင့် ဒီလိုလေ့ကျင့်မှုတွေက ပွဲအတွင်း အရေးပါလာနိုင်ပါတယ်။ အထူးသဖြင့် Set Piece တွေမှာ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိတဲ့ အာဆင်နယ်ကို တားဆီးဖို့ဆိုတာ ပြိုင်ဘက်အသင်းတွေအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။

ချဲလ်ဆီးဟာ လန်ဒန်ဒါဘီပွဲစဉ်တွေမှာ အာဆင်နယ်ကို အနိုင်မရတာ ကြာပါပြီ။ Front line အားကောင်းနေတဲ့ ချဲလ်ဆီး၊ နောက်ဆုံး လုံခြုံလွန်းနေတဲ့ အာဆင်နယ်၊ စပိန်နည်းပြ၂ဦးရဲ့အားပြိုင်မှုမှာ ဘယ်သူအနိုင်ရသွားမလဲ၊ အာဆင်နယ်က မှတ်တမ်းကောင်းကို ထိန်းသိမ်းထားနိုင်မလား၊ ချဲလ်ဆီးက မြောက်လန်ဒန်သားတွေကို အချိန်အကြာကြီးနေမှ အနိုင်ယူသွားနိုင်မလားဆိုတာတော့....

01/09/2026

Julian Alvarez ကတော့ ဒီရာသီမှာ Atletico Madrid နဲ့အတူ ဆက်ရှိနေတော့မှာပါ။ ဒီနွေမှာ ဘာကာက ယူလီယံအဲဗာရက်ဇ်ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အာဆင်နယ်ကလည်း နောက်ဆုံးအချိန်အထိ အဲဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့ဘူး။

အဲဗာရက်ဇ်က အသင်းကနေ ထွက်ခွာခွင့်ရဖို့ အက်သလက်တီကိုရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို မပူးပေါင်းတဲ့အထိ လုပ်ပြခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူကံကြမ္မာကို လက်ခံလိုက်ပါပြီ။ ပရိသတ်တွေကတော့ မက်ဒရစ်မြို့ကနေ ထွက်ခွာချင်ခဲ့တဲ့သူ့ကို ချက်ချင်းပြန်ကြိုဆိုမှာ‌တော့ မဟုတ်ပါဘူး။

အက်သလက်တီကိုဂျာစီကို၀တ်ဆင်ပြီး မက်ဒရစ်မြို့မှာ တတိယမြောက်ရာသီကို ဖြတ်သန်းမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ လာမယ့်အပြောင်းအရွှေ့ရာသီတွေမှာတော့ အက်သလက်တီကိုကနေ ထွက်ခွာကောင်း ထွက်ခွာနိုင်ပါတယ်။

တကယ်လို့ အေတီကိုကနေ အဲဗာရက်ဇ် ထွက်ခွာခဲ့ရင် သူရဲ့အသင်းသစ်ဟာ ဘာကာပဲ ဖြစ်ပါလိမ့်မယ်။ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်ကလည်း သူ့ကို စိတ်၀င်စားခဲ့ပေမယ့် အဲဗာရက်ဇ်ကတော့ ဘာကာမှမဟုတ်ရင် အခြားအသင်းဆီ မပြောင်းဘူးလို့ ဆုံးဖြတ်ထားခဲ့တာပါ။





31/08/2026

“ဗိုလ်လုပွဲပြီးသွားတာ အချိန်တစ်ခုကြာပြီဆိုတော့ ဒီအနားယူဖို့ကိစ္စကို အများကြီးစဉ်းစားခဲ့ပါတယ်။ အခုတော့ အားလုံးကို ပြောချင်တာက ကျွန်တော် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို တကယ်ကို နာကျင်စေခဲ့ပါတယ်။ အခုထိလည်း ရင်ထဲမှာ နာကျင်နေတုန်းပါပဲ။ ဒါပေမယ့် အချိန်ကျလာပြီဆိုတာကိုတော့ နားလည်ပါတယ်။

ကျွန်တော် ကတိပေးပါတယ်။ ဒီနှစ်တွေအတွင်း အာဂျင်တီးနားအတွက် ကျွန်တော် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာတင် မဟုတ်ဘဲ အဲဒီမတိုင်ခင်ကတည်းက ဒီဂျာစီအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ဘောလုံးကစားခြင်းကနေတစ်ဆင့် အာဂျင်တီးနားသားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနိုင်အောင်၊ ခင်ဗျားတို့ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေနိုင်အောင် ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီ။ ဘဝရဲ့ အခန်းတချို့ကလည်း တစ်ခန်းပြီးတစ်ခန်း ပြီးဆုံးသွားကြပါပြီ။ ဒီchapter ပြီးသွားတာကတော့ ကျွန်တော့်အတွက် အရမ်းကို နာကျင်စရာကောင်းပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို ကျွန်တော် ချစ်တယ်။ အရင်ကလည်း ချစ်ခဲ့တယ်။ နောင်လည်း အမြဲတမ်း ချစ်နေမှာပါ။

အသင်းတွက် ကျွန်တော် ပေးနိုင်သမျှ အရာအားလုံးကို ပေးခဲ့ပြီးပါပြီ။ အခုတော့ ပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါ့အပြင် အသင်းထဲကို ဝင်လာနေတဲ့ လူငယ်ကစားသမားကောင်းတွေ အများကြီးရှိနေပြီး သူတို့ကလည်း ဒီနေရာမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ကျွန်တော့်အပေါ် ပေးခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ခင်ဗျားတို့ရဲ့ အားပေးသံတွေကို ကြားရတာကို ကျွန်တော် အရမ်းလွမ်းနေမှာပါ။

အခုကစပြီးတော့ ကျွန်တော်လည်း ခင်ဗျားတို့ထဲက တစ်ယောက်ပဲ ဖြစ်တော့မှာပါ။ အပြင်ကနေ အာဂျင်တီးနားအသင်းကို အားပေးပြီး ကူညီပံ့ပိုးနေမှာပါ။ အောင်မြင်တဲ့အချိန်တွေမှာရော၊ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာပါ အားပေးနေမှာပါ။

ကျွန်တော့်ဘဝရဲ့ ဒီခရီးတစ်လျှောက်လုံးမှာ အမြဲတမ်း အတူရှိပေးခဲ့တဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီခရီးက အရမ်းလှပခဲ့သလို တစ်ဖက်မှာလည်း အရမ်းခက်ခဲခဲ့ပါတယ်။ အဲဒီခရီးကို ကျွန်တော်နဲ့အတူ လိုက်ပါပေးခဲ့တဲ့ နည်းပြတိုင်း၊ အသင်းဖော်တိုင်းနဲ့ တာဝန်ရှိသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အချိန်ကာလတွေကို သယ်ဆောင်သွားမှာပါ။

ကျွန်တော့်ရင်ထဲမှာ အေးချမ်းမှုနဲ့ ဂုဏ်ယူမှုအပြည့်နဲ့ ထွက်ခွာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အသင်းဖော်တွေနဲ့အတူ တစ်ချိန်က အိပ်မက်ထဲမှာပဲ ရှိခဲ့တဲ့ အခိုက်အတန့်တွေကို ခင်ဗျားတို့အတွက် ပေးနိုင်ခဲ့လို့ပါ။

ခင်ဗျားတို့အားလုံးနဲ့အတူ ဒီအရာတွေကို ဖြတ်သန်းခွင့်ရခဲ့တာဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။

အားလုံးကို ချစ်ပါတယ်! ❤️

ကျေးဇူးတင်ပါတယ် ဘုရားသခင်… ကျွန်တော့်ကို အာဂျင်တီးနားသားတစ်ယောက်အဖြစ် မွေးဖွားပေးခဲ့လို့။ 🇦🇷

Vamos Argentina! 🇦🇷💙🤍

ဒီစာကိုတော့ ကျွန်တော် ဇူလိုင် ၂၁ ရက်နေ့၊ ဗိုလ်လုပွဲပြီးပြီးချင်း နှစ်ရက်အကြာမှာ ရေးခဲ့တာပါ။ အခုတော့ အဖေနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေပြီးနောက်မှာတော့ အရင်ကထက်တောင် ဒီဆုံးဖြတ်ချက်အပေါ် ပိုပြီးယုံကြည်လာပါပြီ။

🗣️ လီယွန်နယ်မက်ဆီ



31/08/2026

စပါယ်ရှယ်၀မ်းရဲ့ Real Madrid ကတော့ လာလီဂါပွဲစဉ် ၃ပွဲအပြီးမှာ ၃ပွဲလုံးအနိုင်ရထားပြီ။ တာထွက်ကောင်းနေခဲ့တယ် သွင်းဂိုး၁၀ဂိုး၊ ပေးဂိုး၂ဂိုး၊ ရမှတ်၉မှတ်နဲ့အတူ လာလီဂါအမှတ်ပေးဇယားရဲ့ ပထမနေရာကိုလည်း ယာယီသိမ်းပိုက်ထားပြီး ဒါဟာ မော်ရင်ဟို ပြန်ယူလာတဲ့ ရီးရဲလ်မက်‌ဒရစ်ပါပဲ။

ပြီးခဲ့တဲ့၂ရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီကနေ ဒီလိုကစားဟန်၊ ယုံကြည်မှုနဲ့ စည်းလုံးမှုမျိုးကို မမြင်ခဲ့ရဘူး။ ဟိုဆေးမော်ရင်ဟိုက ဘာနေဗျူးဆီ တကျော့ပြန် ခြေချချိန်မှာ Kylian Mbappe, Vinicius Junior, Jude Bellingham တို့လို စူပါစတားတွေကနေ အကောင်းဆုံးခြေစွမ်းတွေကို ဆွဲထုတ်ပေးခဲ့တယ်။

နွေမှာ ကောင်းကောင်း အလုပ်လုပ်ခဲ့တာကလည်း မက်ဒရစ်ကို တာထွက်ကောင်းစေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ အားအနည်းဆုံးနေရာဖြစ်တဲ့ နောက်တန်းအတွက် ဒန်ဖရိုင်းစ်၊ ကူကူရယ်လာ၊ ကိုနာတေးတို့ကို ခေါ်ယူခဲ့တယ်။ ကွင်းလယ်အတွက်လည်း ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူခဲ့ပြီး အင်အားတောင့်ပြီးသား front line အတွက် ယန်းဒိုင်အိုမန်ဒီကို ခေါ်ယူကာ ပိုအားကောင်းစေခဲ့တယ်။

အ၀တ်လဲခန်းထဲမှာ ကစားသမားတွေကို ကောင်းကောင်း ကိုင်တွယ်စည်းရုံးနိုင်တာက အသင်းရဲ့ကစားပုံ ပို‌ကောင်းစေသလို ကစားသမားတွေရဲ့ စိတ်ဓာတ်၊ ခြေစွမ်းနဲ့ ညီညွတ်မှုတွေအပေါ် သက်ရောက်မှု ရှိတာ အမှန်ပါပဲ။ ၂ရာသီဆက်တိုက် ပြည်တွင်းမှာ ဘာကာကို မကျော်ဖြတ်နိုင်ခဲ့တဲ့၊ ချန်ပီယံလိဂ်မှာ မတောက်ပခဲ့တဲ့ မက်ဒရစ်ဟာ ဒီရာသီမှာ မော်ရင်ဟိုရဲ့ပဲ့ကိုင်မှုနဲ့အတူ တဖန်ဦးမော့ဖို့ ရှိနေပါပြီ။




Want your business to be the top-listed Gym/sports Facility in London?

Click here to claim your Sponsored Listing.

Location

Website

Address


London