20/12/2023
Carabao Cup quarter final မှာ
ငှက်ကျားတို့ကို ဘောလုံးပိုင်ဆိုင်မှုအသာ
ခြေစွမ်းအသာ ကစားနိုင်ခဲ့ပေမယ့်
ဂိုးကံခေနေမှု ငှက်ကျားဂိုးသမားလက်စွမ်းပြနေမှုကြောင့် penalty ထိရောက်ရှိကာ
Penalty မှာတော့ ငှက်ကျားတို့ကို
4-2 ဆိုတဲ့ရလဒ်နဲ့ တီးထုတ်ပြနိုင်ခဲ့ပါတယ်
ဒီပွဲမှာ ချီးကျူးရမှာက
အသင်းခေါင်းဆောင် Conor Gallagher
အသင်းအတွက် အဖိုးတန်ခြေပဂိုးသွင်းယူပေးခဲ့တဲ့ Mykhaylo Mudryk နဲ့
ငှက်ကျားတို့ရဲ့ Penalty ကို အကောင်းဆုံးလက်စွမ်းပြကာကွယ်ပေးခဲ့တဲ့ ဂိုးသမား Petrovic တို့ပဲဖြစ်ပါတယ် 💙
Semi မှာလည်း အကောင်းဆုံးပုံစံတွေ စွမ်းဆောင်နေပါစေ ကို့ကောင်တို့ရေ 💙
20/12/2023
အချိန်တိုအတွင်းမှာ
ဥရောပ ချန်ပီယံတွေ အသင်းကနေ
ထွက်ခွါသွားရတာ ကျွန်တော်တို့ ချဲလ်ဆီး
ပရိတ်သတ်တွေအတွက်တော့ တကယ့်ကို
လွမ်းဆွတ်ဖွယ်ရာပါ💙
ရုရှား ယူကရိန်း အရေးဟာ ဘောလုံးလောကနဲ့
ဘောလုံးကစားသမားတွေကို အနည်းအများထိခိုက်ခဲ့ပြီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် လက်ထဲမှာ အကောင်းဆုံးပုံစံ အမြင့်ဆုံးအောင်မြင်မှုတွေထိရရှိနေခဲ့တဲ့ ကျွန်တော်တို့ချဲလ်ဆီးအသင်းဟာ
အများကြီးထိုးနှက်ခံခဲ့ရပြီး ယခုချိန်ထိ ဒီအကျိုးဆက်တွေကို ခံနေရတုန်းပဲ 🥺
အသင်းပိုင်ရှင်သစ် Todd Boehly လက်ထက်မှာ
ကစားသမား ၀ယ်ယူမှုအတွက် ငွေကို လိုသလောက်သုံးနိုင်အောင် ထောက်ပံ့ပေးနေပေမယ့်
အသင်းအတွက် တကယ် အကျိုးပြုနိုင်မယ့် ကစားသမားတွေကို ခေါ်ယူထားနိုင်ခြင်းမရှိသေးဘဲ
အသင်းဟာ အများကြီးလိုအပ်ချက်တွေရှိနေပါသေးတယ် 💙
အသင်းကို လူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဟာ ရေရှည်အတွက်ကောင်းတာ မှန်ပေမယ့်
တကယ်ဖြစ်သင့်တာက အသင်းမှာ ဝါရင့်ကစားသမား နဲ့ လူငယ်တွေကို တွဲကစားခိုင်းတာမျိုးက ပိုပြီးအကျိုးရှိမယ်လို ယူဆမိပါတယ် 💙
နောက်နှစ်တွေမှာတော့ ကို့ကောင်တွေအကောင်းဆုံးပုံစံ အမြင့်ဆုံးအောင်မြင်မှုတွေထိ ရရှိအောင်
စွမ်းဆောင်လာနိုင်ဖို့ မျှော်လင့်ရင်း
ဒီရာသီ ဥရောပ၀င်ခွင့်တစ်နေရာကို ရရှိမယ်လို့
ချဲလ်ဆီးပရိတ်သတ်တစ်ယောက်အနေနဲ့ ယုံကြည်စွာ အားပေးနေပါတယ်ဗျာ 💙
Once a blue , Always a blue 💙
Come on Chelsea, Come on Blue 💙
07/11/2023
Full Time
🔵Chelsea 4 - 1 Tottenham Hotspur⚪
C.Palmer ⚽
N.Jackson⚽⚽⚽
Kulusevski ⚽
လန်ဒန်ဒါဘီမှာ ရှုံးပွဲမရှိသေးတဲ့
Postecoglou ရဲ့ Spurs ကို
ဂိုးပြတ်ချေမုန်းလိုက်တဲ့
အပြာရောင်တပ်သားများ 🔵
London is always Blue 🔵💙