Emerald Valley သို့…
H&T’s Footprints
🌏Exploring Beautiful Places
🚘Travel. Nature. Experience
✨Let’s discover together
US ထဲက Guam ကျွန်းမှာရှိတဲ့ Gun beach ရဲ့အလှ…
21/03/2026
Gun beach က လူယဉ်တဲ့ လိပ်ပြာလေးတွေ 🦋
Guam မှာ ရှိတဲ့ ကမ်းခြေတွေထဲကမှ လှပသော ကမ်းခြေတစ်ခု🇬🇺🇺🇸
သဘာဝရဲ့ လှပတဲ့ အငွေ့အသက်တွေ ခံစားခြင်းကလည်း ကိုယ့်ရဲ့စိတ်ကို relax ဖြစ်စေတယ်။
Guam မှာရှိတဲ့ တောင်တန်းတွေနဲ့ ပင်လယ်ပြာကို မြင်တွေ့နိုင်မယ့် Sella Bay Overlook လို့ခေါ်တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ တောင်ကုန်းပေါ်ကနေရာလေးတစ်ခု….
တစ်ပတ်မှာ စနေ ၊ တနင်္ဂနွေ၂ ရက် ကို မနက် ၉နာရီထိပဲဖွင့်တဲ့ Guam Farmers’ Market(Dededo Flea Market)🌶️🥒🍆
လယ်သမားနဲ့ ငါးဖမ်းသမားတွေ ကိုယ်တိုင် လာရောက်ရောင်းချတဲ့ လတ်ဆတ်တဲ့ ဒေသထွက် အသီးအနှံနဲ့ ပင်လယ်ငါးတွေ၊ Guam Signature BBQ နဲ့ မနက်စာဆိုင်တွေ၊ Chamorro ကျွန်းသူကျွန်းသား အဝတ်အစားတွေ၊ လက်မှုပညာအမျိုးမျိုးနဲ့ အမျိုးစုံသော ပျိုးပင်လေးတွေကြောင့် ဒီစျေးလေးက ဒေသခံတွေကြားမှာရော tourists တွေကြားမှာရော လူသိများပြီး ပိတ်ရက်တိုင်းစည်ကားနေတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ လိုက်ကြည့်ကြပါဦးဗျာ 🇬🇺🇺🇸
🇬🇺Guam_Fish Eye Marine Park🇺🇸
Fish Eye Marine Park ဟာဆိုရင် Guam ရဲ့ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်ပြီး ပင်လယ်အောက်မှာရှိတဲ့ အလှအပတွေကို မျက်စိရှုမောဖွယ်ရာ ကြည့်ရှုနိုင်ပါတယ်။ ပင်လယ်ထဲကို တိုက်ရိုက်ဆင်းစရာမလိုဘဲ Underwater Observatory ကနေလည်း တိရစ္ဆာန်ငါးမျိုးစုံ၊ သန္တာကျောက်တန်း ရောင်စုံတွေကို အနီးကပ်ကြည့်ရှုလို့ရပါတယ်။
ပြီးတော့ Snorkeling, Sea Walk နဲ့ Dolphin Watching စတဲ့ Activity မျိုးစုံကိုလည်းအပြည့်အဝခံစားနိုင်ပါတယ်။ ညဘက်မှာဆိုရင်တော့ဖြင့် Polynesian Cultural Show နဲ့ Dinner Show တွေလည်း ရှိတာကြောင့် အပန်းဖြေမှုအပြည့်အဝ ရရှိနိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
ကျောက်စိမ်းတောင်ကြားရှိ ရေအောက်က လှပသော ငါးကလေးများ🐠🐠🐟🐟
ဒီနေရာကတော့ Guam မှာရှိတဲ့ Emerald Valley ဆိုတဲ့နေရာလေးပဲ ဖြစ်ပါတယ်…
ဒီလိုသဘာဝဆန်ဆန်ဖြစ်တည်နေတဲ့ အရာလေးတွေကို ကြည့်ခြင်းအားဖြင့် တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ စိတ်ခံစားမှုတစ်ချို့ကို ခဏတာ relax ဖြစ်စေမယ်လို့ထင်ပါတယ်...
ကျွန်တော်ကတော့ ဒီလိုသဘာဝအလှတရားတွေရဲ့ အနှစ်သာရတွေကြားထဲမှာ အလွန်ပင်ပျော်မွေ့နေပါပြီ…
🇬🇺🇺🇸
Fouha Point ကနေ မြင်ရတဲ့ လှပတဲ့ အပြာရောင်ပင်လယ်ပြင်နှင့် သဘာဝတောတောင်များ…
🇬🇺🇺🇸
05/01/2026
ခု ကျွန်တော် ရောက်ရှိနေတဲ့ Guam ဆိုတဲ့နိုင်ငံလေးအကြောင်းကို ကျွန်တော် လေ့လာထားသလောက် share ပေးချင်ပါတယ်...
Guam ဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း (Micronesia ဒေသ) မှာ တည်ရှိတဲ့ ကျွန်းစုလေးတစ်ခုဖြစ်ပါတယ်။ လူအများစု သိထားရမယ့် အချက်ကတော့ Guam ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေ (U.S. Territory) တစ်ခု ဖြစ်ပါတယ်။ အမေရိကန် အငွေ့အသက်တွေနဲ့ ဒေသခံ Chamorro ယဉ်ကျေးမှုတို့ ပေါင်းစပ်နေတဲ့ ထူးခြားတဲ့ နေရာတစ်ခုပါ။
Guam မှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေရှိသလဲ?
Guam ရဲ့စီးပွါးရေးဟာ အဓိကအားဖြင့်မဏ္ဍိုင်ကြီး နှစ်ခု ပေါ်မှာရပ်တည်နေပါတယ်။
1. ခရီးသွားလုပ်ငန်း (Tourism)
ခရီးသွားလုပ်ငန်းဟာဆိုရင် Guam ရဲ့ အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်ပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်နိုင်ငံတွေကနေ ခရီးသွားအများအပြား လာရောက်လည်ပတ်ကြပါတယ်။ ဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေအလွန်အများပြားရှိပါတယ်။
2. စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုများ (U.S. Military)
အမေရိကန်ရဲ့ အရေးပါတဲ့ စစ်အခြေစိုက်စခန်းတွေ ရှိတဲ့အတွက် စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေး၊ ထောက်ပံ့ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဒုတိယအကြီးဆုံး စီးပွားရေးကဏ္ဍ ဖြစ်ပါတယ်။
လည်ပတ်စရာ နေရာကောင်းများအနေနဲ့ကတော့
• Tumon Bay
အဖြူရောင်သဲသောင်ပြင်နဲ့ ကြည်လင်တဲ့ ရေပြာပြာရှိတဲ့ နေရာပါ။ ဟိုတယ်ကြီးတွေနဲ့ ဈေးဝယ်စင်တာတွေ အားလုံး ဒီ နားမှာပဲ ရှိပါတယ်။
• Two Lovers Point (Puntan Dos Amantes)
Guam ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး အလွန်လှပတဲ့ ပင်လယ်ရှုခင်းကို အပေါ်စီးကနေ ကြည့်နိုင်တဲ့ ချောက်ကမ်းပါးနေရာလေးပါ။ အချစ်ဇာတ်လမ်းလေးတစ်ခုကြောင့်လည်း ကျော်ကြားပါတယ်။
• Fish Eye Marine Park
ရေငုပ်စရာမလိုဘဲ ပင်လယ်အောက်က ငါးလေးတွေနဲ့ သန္တာကျောက်တန်းတွေကို ကြည့်နိုင်တဲ့ ရေအောက်မျှော်စင် (Underwater Observatory) ရှိပါတယ်။
• Chamorro Village
ဒေသခံတွေရဲ့ ရိုးရာအစားအစာ၊ လက်မှုပစ္စည်းတွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့နေရာပါ။
• Ritidian Point
သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ အလွန်သန့်ရှင်းတဲ့ ကမ်းခြေကို မြင်တွေ့နိုင်ပါတယ်။
• ဘာသာစကားကတော့ English နဲ့ Chamorro ဘာသာစကားကို သုံးပါတယ်။
• ငွေကြေးဆိုရင်အမေရိကန်ဒေါ်လာ (USD) ကို အသုံးပြုပါတယ်။
• ရာသီဥတုကတော့တစ်နှစ်ပတ်လုံး ပူနွေးစိုစွတ်တဲ့ အပူပိုင်းရာသီဥတုရှိပါတယ်။
Guam မှာရှိတဲ့ Fish eye Marine Park သို့ အလည်တစ်ခေါက်…
🇬🇺🇺🇸
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Address
27 Chichirica Street
Tamuning
96913