Myawaddy Yoga မြဝတီယောဂ

Directions

Myawaddy Yoga မြဝတီယောဂ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myawaddy Yoga မြဝတီယောဂ, Yoga studio, Rishikesh.

01/10/2026

(၁၀) လပိုင်းအတွက် သင်တန်းအပ်လက်ခံနေပါပီရှင်

ကျန်းမာလှပတယ့် နေ့ရက်များကိုပိုင်ဆိုင်နိုင်ဖို့ မိမိအတွက်က်ို အချိန်ပေးလိုက်ကြစို့နော်🥰🥰🥰

Myawaddy Yoga မြဝတီယောဂ

27/09/2026

(၉)လပိုင်းတစ်လလုံး အားပေးခဲ့ကြတယ့် ထမင်းရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်🙏

(၁၀) လပိုင်းအတွက် သင်တန်းအပ်လက်ခံပါပီရှင်🥰

#စိတ်ပင်ပန်းမှူများပြေပျောက်စေဖို့ Zumba အက 💃

#ကိုယ်ခန္ဓာကျစ်လစ်လှပစေဖို့ အားကစား Workout 🏋️‍♂️

#စိတ်တည်ငြိမ်အေးချမ်းမှူရရှိစေဖို့ Mat Yoga 🧘‍♀️

#မိမိကိုယ်ခန္ဓာပုံမှန်ထက်ပိုပြီး flexibility အားကောင်းလာစေဖို့ လေ့ကျင့်ရတာ Challenging ဖြစ်စေတယ့် Aerial

တစ်နေရာထဲမှာ ရသမျိူးစုံ ကစားနိုင်ဖို့ လေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်🥰

09774300009 📞

တောရကျောင်းလမ်း ဒေါ်လာတွင်ခုံလမ်းကြား မြဝတီမြို့

♦️Monday - Friday♦️

♦️သီးသန့်ကစားချင်တယ့် ကစားနည်းများအတွက် Private class စီစဉ်ပေးပါတယ်♦️

လိပ်စာ-တောရကျောင်းလမ်း/ဒေါ်လာတွင်ခုံလမ်းကြား/မြဝတီမြို့

Yoga with Hnin
Fitness by Hnin
#မြဝတီမြို့ရဲ့ပထမဦးဆုံးသောaerialyoga
#နုပျိုခြင်းရဲ့လျို့ဝှက်ချက်

18/09/2026

Aerial Class

သီးသန့် တက်ချင်သူများအတွက် အချိန်များရှိပါတယ်

Monday
4:00 - 5:00 Pm

Tuesday
6:30-8:00 Pm

Wednesday
7:00-8:00 Am
5:00-6:00 Pm

Thursday
5:00-6:00 Pm

Myawaddy Yoga မြဝတီယောဂ

16/09/2026

Aerial Yoga လေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးများ

ကျောရိုးနှင့် ခါးနာသက်သာခြင်း: ခန္ဓာကိုယ်ကို ဇောက်ထိုးဆွဲထားခြင်းဖြင့် ကျောရိုးပေါ်ကျရောက်နေသော ဖိအားများကို လျှော့ချပေးသည်။

Flexibility & Strength: ကြွက်သားများ၏ အပျော့အပြောင်းနှင့် သန်မာမှုကို မြှင့်တင်ပေးသည်။

Core Strength: ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အလယ်ပိုင်း ကြွက်သားများကို ပိုမို အားကောင်းစေသည်။

Mind Stress Relief: စိတ်ဖိစီးမှုများကို လျှော့ချပေးပြီး စိတ်ကို အေးချမ်းကြည်လင်စေသည်။

Myawaddy Yoga မြဝတီယောဂ

Yoga Wheel အသုံးပြုခြင်းဒါဟာ ကျောရိုးပြော့ပျောင်းမှုနဲ့ ခန္ဓာကိုယ်အထက်ပိုင်း သန်မာမှုကို အဓိကမြှင့်တင်ပေးတဲ့ ကျင့်စဉ်တစ်...
09/09/2026

Yoga Wheel အသုံးပြုခြင်း

ဒါဟာ ကျောရိုးပြော့ပျောင်းမှုနဲ့ ခန္ဓာကိုယ်အထက်ပိုင်း သန်မာမှုကို အဓိကမြှင့်တင်ပေးတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး အောက်ပါကောင်းကျိုးများကို ရရှိစေပါတယ်။

ကျန်းမာရေးနှင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများ
ကျောရိုးနှင့် ရင်ဘတ်ကို ပွင့်စေခြင်း (Chest & Shoulder Opener) - Yoga wheel က ကျောရိုးပုံစံအတိုင်း ပံ့ပိုးပေးတာကြောင့် ရင်ဘတ်၊ ပုခုံးနှင့် လည်ပင်းကြွက်သားတွေကို နက်နက်ရှိုင်းရှိုင်း ဆန့်ထုတ် (stretch) ပေးပြီး ပုံစံမှန် ထိုင်/မတ်တပ်ရပ်နိုင်အောင် ကူညီပေးပါတယ်။

ခါးနာခြင်းနှင့် ကျောအောင့်ခြင်းကို သက်သာစေခြင်း - တစ်နေ့လုံး ထိုင်အလုပ်လုပ်ရသူများအတွက် ကျောရိုးတလျှောက် တင်းကျပ်နေမှုများကို လျှော့ချပေးပြီး ကြွက်သားများကို ပြေလျော့စေပါတယ်။

လက်မောင်းနှင့် ပုခုံးအားကောင်းစေခြင်း - တံတောင်ဆစ်ဖြင့် ကြမ်းပြင်ကို ထောက်ထားရသည့်အတွက် လက်မောင်း၊ ပုခုံးနှင့် ကျောပြင်အထက်ပိုင်း ကြွက်သားများ သန်မာလာစေပါတယ်။

Core နှင့် တင်ပါးကြွက်သားများ ပိုမိုသန်မာခြင်း - ခန္ဓာကိုယ် ငြိမ်အောင် ထိန်းထားရသည့်အတွက် ဗိုက်ကြွက်သား (Core)၊ ပေါင်နှင့် တင်ပါးကြွက်သားများကို အားပြုရပြီး ပိုမို ကြံ့ခိုင်စေပါတယ်။

စိတ်ဖိစီးမှု လျော့ကျပြီး စွမ်းအင်တိုးတက်စေခြင်း - Backbend (ကျောကွေး) လေ့ကျင့်ခန်းများသည် အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေကာ စိတ်ကြည်လင်ဆန်းသစ်စေပါတယ်။

သင်တန်းစုံစမ်းလိုလျှင် 09774300009 📞

Myawaddy Yoga မြဝတီယောဂ

ပုံထဲမှာ ပြုလုပ်ထားတဲ့ ခါးကွေးပြီး ခြေထောက်ကို ကိုင်ထားတဲ့ Standing Forward Fold Variations / Backbend Stretch ကာယလေ့ကျင...
08/09/2026

ပုံထဲမှာ ပြုလုပ်ထားတဲ့ ခါးကွေးပြီး ခြေထောက်ကို ကိုင်ထားတဲ့ Standing Forward Fold Variations / Backbend Stretch ကာယလေ့ကျင့်ခန်းရဲ့ ကျန်းမာရေး ကောင်းကျိုးများမှာ...

ခါးနှင့် ကျောရိုး အကြောပြေခြင်း: ကျောရိုး ဆွဲဆန့်ခံရသည့်အတွက် ကျောရိုးဆစ်များ အကြား ဖိအားနည်းသွားပြီး ခါးနာ၊ ကျောနာခြင်းကို သက်သာစေပါသည်။

ခန္ဓာကိုယ် ပျော့ပျောင်းမှု (Flexibility) တိုးတက်ခြင်း: ပေါင်နောက်ကြော (Hamstrings)၊ တင်ပါးနှင့် ခါးကြွက်သားများကို ဆွဲဆန့်ပေးသဖြင့် Flexiblity အားကောင်းစေပါသည်။

ခေါင်းနှင့် မျက်နှာသို့ သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်း: ဦးခေါင်းကို အောက်စိုက်ထားသည့် ပို့စ်ဖြစ်၍ ဦးနှောက်နှင့် မျက်နှာဆီ သွေးစီးဆင်းမှု တိုးစေကာ အသားအရည် စိုပြေစေပြီး စိတ်ကြည်လင်စေပါသည်။

အစာချေစနစ် အားကောင်းခြင်း: ဝမ်းဗိုက်ပိုင်း ပရိဝုဏ်ရှိ အင်္ဂါများကို ဖိအားပေးရာရောက်၍ အစာချေစနစ်နှင့် ဇီဝရုပ်ဖြစ်ပျက်မှုကို အထောက်အကူပြုပါသည်။

ခန္ဓာကိုယ် အဆီပိုများ လောင်ကျွမ်းစေခြင်း: ခြေထောက်တစ်ဖက်တည်းဖြင့် ဟန်ချက်ထိန်းထားရသည့်အတွက် ပေါင်၊ တင်ပါးနှင့် ဗိုက်ကြွက်သား (Core Muscles) များကို ကျစ်လစ်စေပါသည်။

သင်တန်းစုံစမ်းလိုလျှင် - 09774300009 📞

Myawaddy Yoga မြဝတီယောဂ

05/09/2026

လေထဲမှာ ပျံသန်းရင်း စိတ်နဲ့ခန္ဓာကို အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်

မြေပြင်မှာ ပြုလုပ်ရတာထက် ပိုမိုဆန်းသစ်ပြီး လေထဲမှာ ပုခက်ကြိုး (Hammock) ၏ အကူအညီဖြင့် ခန္ဓာကိုယ် ပျော့ပျောင်း ကြံ့ခိုင်စေမည့် Aerial Yoga Class မှ ကြိုဆိုလိုက်ပါတယ်

Aerial Yoga လေ့ကျင့်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ -

ကျောရိုးတလျှောက် တင်းအားများကို လျှော့ချပေးခြင်း: ခန္ဓာကိုယ်ဆွဲအားကို သုံးပြီး ကျောရိုး ဆန့်ထုတ်ပေးသည့်အတွက် ခါးနာ၊ ဇာတ်ကြောတက်ခြင်းများကို သက်သာစေပါသည်။

ခန္ဓာကိုယ် ကြံ့ခိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း: ခေါင်းစိုက်လေ့ကျင့်ခန်းများ (Inversions) ကြောင့် ဦးနှောက်နှင့် မျက်နှာဆီ သွေးလည်ပတ်မှု အားကောင်းစေပါသည်။

စိတ်ဖိစီးမှု သက်သာစေခြင်း: လေထဲတွင် ခန္ဓာကိုယ်ကို လွှတ်ထားရင်း စိတ်ကို ငြိမ်သက်စေပြီး Relax ဖြစ်စေပါသည်။

ခန္ဓာကိုယ် အချိုးအစား ပြေပြစ်စေခြင်း: Core Muscle များကို အဓိက သုံးရသည့်အတွက် ဗိုက်ခေါက်နှင့် အဆီပိုများကို လျှော့ချပေးပါသည်

Myawaddy Yoga မြဝတီယောဂ

Address

Rishikesh
249304

Website

Alerts

Be the first to know and let us send you an email when Myawaddy Yoga မြဝတီယောဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category