27/09/2026
၁၀လပိုင်းမှာ ထပ်ဆုံကြရအောင် ညီကိုတို့🤝🤝🤝⚽️
အားလုံးပဲ မင်္ဂလာပါ…
ကျနော်တို့ MANDALAY FC(Osaka)အသင်းရဲ့ 7th CUP ရန်ပုံငွေဖူဆယ်ပြိုင်ပွဲနှင့်စျေးရောင်းပွဲကျင်းပဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ။
ဒီပြိုင်ပွဲကနေရရှိလာတဲ့ ရန်ပုံငွေအားလုံးကို အမိမြန်မာနိုင်ငံရဲ့ လိုအပ်တဲ့နေရာများကို ထောက်ပံ့ပေးပို့သွားမှာဖြစ်ပါတယ်။
မိမိဝါသနာပါတဲ့အားကစားကို ကစားရင်း အမိမြန်မာနိုင်ငံကိုထောက်ပံ့နိုင်ဖို့အတွက် ဂျပန်နိုင်ငံက ဘောလုံးကန်ဝါသနာပါတဲ့ညီကိုများနဲ့ ပရိသတ်များကို လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။
ပြိုင်ပွဲစည်းမျဉ်းများကိုတော့ နောက်ထပ်ပို့စ်တခု ထပ်တင်ပေးပါမယ်။
📌ပြိုင်ပွဲကျင်းပမည့် နေ့ရက် အချိန်
2026/ 10/ 18( Sunday) 8:30AM- 9:00PM
ပြိုင်ပွဲကျင်းပမည့်နေရာ
FUT-MESSE EBIE
8 Chome-16 Ebie, Fukushima Ward, Osaka, 553-0001
(Yodogawa ဘူတာမှ လမ်းလျှောက်(2)မိနစ်
https://maps.app.goo.gl/b6HzQqzVjuhVmunx5?g_st=ic
Mandalay FC Family