ဂိုးဖမ်းချင်း အနုပညာ
Aite Gyi Football and news
Aite Gyi Football And News
Esports သတင်းတွေကော Football သတင်းတွေကိုပါ တင်ဆက်သွားမှာဖြစ်ပါတယ်
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ၊ ကွန်မြူနဒီဒိုင်း ချန်ပီယံ၊ချန်ပီယံလိဂ်ဒုတိယလူ အာဆင်နယ်အသင်းဟာ ၂၀၂၆-၂၀၂၇ ပရီးမီးယာလိဂ်အဖွင့်ပွဲကို ယနေည မနက်ဖြန် မနက်ကြီး ၁:၃၀မှာဆိုရင် တန်းတက်အသင်းဖြစ်တဲ့ နည်းပြလမ်းပတ် ကိုင်တွယ်နေတဲ့ ကွန်ဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
21/08/2026
Done Deal
Barcelona အသင်းဟာ Fenerbahçe အသင်းကနေ Dominik Livaković ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိပါပြီ။ပြောင်းရွှေ့ကြေးမှာ ယူရို၂သန်း+ အပိုဆုကြေး ယူရို ၂သန်း ဖြစ်ပါတယ်။ Livaković ကို 2027 ခုနှစ် ဇွန်လမှာ Szczęsny ထွက်ခွာသွားတဲ့အချိန် Backup GK အဖြစ် ခေါ်ယူဖို့ စီစဉ်ထားတာပါ။ ဒီရာသီမှာတော့ Livaković ဟာ အငှားနဲ့ ထွက်ကစားသွားမှာ ဖြစ်ပါတယ်။
ဂေါင်းကြီး
21/08/2026
ညနေ ၅နာရီမတိုင်ခင် ရရှိထားသော ဘောလုံးသတင်းများ
ပုံက Ai နဲ့ ထုတ်ထားလို့ အဆင်မပြေသလိုဖြစ်သွားရငါ တောင်ပန်းပါတယ် ပုံတစ်ပုံစီမှာ သက်ဆိုင်ရာ သတင်းပါပါတယ်
ဂေါင်းကြီး
21/08/2026
Crystal Palace အသင်းဟာ Chelsea အသင်းကနေ Axel Disasi ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ Chelsea အသင်းဟာ အငှားပြောင်ရွှေ့ကြေးကို ရရှိမှာဖြစ်ပြီး၊ Disasi ရဲ့ လစာကိုလည်း Crystal Palace အသင်းဘက်က အပြည့်အဝ ကျခံပေးသွားမှာ ဖြစ်ပါတယ်။
ဂေါင်းကြီး
21/08/2026
BREAKING: RONALDINHO ပြန်လည်ကစားတော့မယ်!
Brazilian ဂန္ထဝင် Ronaldinho ဟာ အနားယူခဲ့ပြီး 11 နှစ်အကြာမှာ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာပါပြီ။
အီတလီ Serie C ကလပ် Ravenna ရဲ့ ကစားသမားသစ်အဖြစ် လက်မှတ်ထိုးဖို့ အီတလီနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
Ronaldinho is BACK!
ဘောလုံးမှော်ဆရာတစ်ယောက်ရဲ့ လှပတဲ့ကစားဟန်ကို ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဂေါင်းကြီး
21/08/2026
အပြောင်းအရွှေ့ပြီးမြောက်သွားသော နောက်ဆုံးရဘောလုံးသတင်းများ
Wigan အသင်းဟာ Chelsea အသင်းရဲ့ကွင်းလယ်ကစားသမား Reggie Walsh ကို အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
Manchester City အသင်းရဲ့ကွင်းလယ်ကစားသမား Charlie Gray ဟာ Wigan အသင်း ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
Stoke City အသင်းဟာ Ipswich Town အသင်းရဲ့ တိုက်စစ်မှူး George Hirst ကို 3 နှစ်စာချုပ် နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ပြောင်းရွှေ့ကြေးမှာ ပေါင်၁၀သန်းဝန်းကျင်ဖြစ်ပါတယ်။
Burnley အသင်းဟာ Feyenoord အသင်းကနေ Centre-back Anel Ahmedhodžić ကို 4 နှစ်စာချုပ် နဲ့ ခေါ်ယူလိုက်ပါပြီ။ပြောင်းရွှေ့ကြေးမှာ ပေါင်၆သန်းဝန်းကျင် ဖြစ်ပါတယ်။
Galatasaray အသင်းဟာ Lokomotiv Moscow အသင်းရဲ့ကွင်းလယ်ကစားသမား Aleksey Batrakov ကို ခေါ်ယူလိုက်ပါပြီ။ပြောင်းရွှေ့ကြေးမှာ ယူရို ၂၅ သန်းဝန်းကျင် ဖြစ်ပါတယ်။
ဂေါင်းကြီး
ဘဝမှာ မမေ့သင့်တဲ့အရာတေရှိတယ်
အဲ့တာက ဘာလည်းဆိုရင် အိမ်အပြန်လမ်းကိုပဲ🥺💔
20/08/2026
Bayern Munich အသင်းရဲ့ ကွင်းလယ်ကစားသမား João Palhinha ကတော့ Benfica အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြးမှာယူရို ၁၄သန်း+(အပိုဆုကြေးငွေ ယူရို ၅သန်း)ဖြစ်ပါတယ်
João Palhinhaဟာ Aston Villa အသင်းနဲ့ အပြောင်းရွှေ့ပျက်ပြယ်သွားပြီးနောက် Benfica အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
West Ham ဟာ Manchester Cityအသင်းရဲ့ အသက် 18 နှစ်အရွယ် လူငယ်ကစားသမား Divine Mukasa ကို အငှားနဲ့ခေါ်ယူဖို့သဘောတူညီမှု ရရှိပါပြီ။ အပြီးသတ်ဝယ်ယူခွင့်မပါဘဲ အငှားသီးသန့်ဖြစ်ပါတယ်။
Lazio အသင်း ဟာ Ajax အသင်းကနေ Josip Šutalo ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိပါပြီ။ အငှားပြောင်းရွှေ့ကြေး ယူရို ၃သန်း အပြင် အပြီးသတ် ဝယ်ယူခွင့် ယူရို ၇.၅သန်းနဲ့ အပိုဆုကြေးတွေလည်းပါဝင်ပါတယ်။ပြန်လည်ေရောင်ချပါက ၁၀%လည်းAjax အသင်းကို ပေးချရမှာဖြစ်ပါတယ်။
တင်ဆက်သူ ဂေါင်းကြီး
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
팔곡일동
Ansan