26/05/2026
🥊 ထိုင်းဖိုက်တာ YODLEKPET နဲ့ ပွဲဖြစ်သွားတဲ့ စောမင်းမင်း 6 လပိုင်း 5 ရက်နေ့မှာ ကျင်းပမယ့် ONE FRIDAY FIGHT 157 မှာ ကစားသွားမှာပါ။
MMA အားကစားသတင်းတွေကို နေ့စဥ်တင်ဆက်ပေးနေပါတယ်။ page ကို follow လုပ်ထားနော်
26/05/2026
🥊 ထိုင်းဖိုက်တာ YODLEKPET နဲ့ ပွဲဖြစ်သွားတဲ့ စောမင်းမင်း 6 လပိုင်း 5 ရက်နေ့မှာ ကျင်းပမယ့် ONE FRIDAY FIGHT 157 မှာ ကစားသွားမှာပါ။
25/05/2026
🥊 မလေးရှားရောက် မြန်မာများနဲ့ ဗန်တို့တွေ့ဆုံပွဲ ကြည့်ရတာ ပျော်စရာပါ ပရိတသတ်တွေလည်း တော်တော်များများ သွားရောက်ကြတာ တွေ့ရပါတယ်။ နိုင်ငံရေးကောင်းလို့ မြန်မာမှာသာ ကျင်းပခွင့်ရခဲ့ရင် လူပင်လယ်ကြီးဖြစ်မှာ သေချာတယ်။
25/05/2026
🥊 ချင်းဖိုက်တာလေး UFC ဖလိုင်းဝိတ် ချန်ပီယံ ဗန်ဟာ မလေးရှားကို ရောက်ရှိလာပါပြီ။ ဗန်နဲ့ တွေ့ချင်တဲ့လူတွေ သွားရောက်တွေ့ဆုံနိုင်ပါတယ်။
23/05/2026
🥊 ချင်းဖိုက်တာလေး ဗန်က အမေရိကနေ ထွက်ခွာလာပါပြီ။ မလေးရှားရောက် မြန်မာတွေနဲ့ မကြာခင်တွေ့ဆုံကြတော့မှာပါ။
22/05/2026
🥊 ဘရော်နီကာက ကာနာကို ဒိုင်အဆုံးဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
21/05/2026
🥊 ဒီနေ့ကတော့ အနားယူသွားတဲ့ မြန်မာတို့ရဲ့ Hero ကြီး Aung La Nsang(Burmese Python) ရဲ့ 41 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်နဲ့ မွေးနေ့အတူတူပါ ကျွန်တော်ကတော့ 31 နှစ်ပြည့်ပေါ့ဗျာ Idol ကြီးနဲ့ 10 နှစ်တိတိကွာတယ်။ ပျော်ရွှင်ပါစေ 👊👊👊
21/05/2026
🥊 မနက်ဖြန် 22 ရက်နေ့ ညနေပိုင်းမှာတော့ ဘရော်နီကာနဲ့ ဂျပန်ဖိုက်တာ ကာနာတို့ ကစ်ဘောက်ဆင်ပွဲကို ကြည့်ရမှာပါ။ မြန်မာအချိန် ညနေ 6:20 လောက်မှာ ကြည့်ရမှာပါ။ မနက်ဖြန်ညနေမှာ ဘရော်နီကာရဲ့ ကစ်ဘောက်ဆင် စကေးဘယ်လောက်ရှိလဲ စောင့်ကြည့်ရမှာပါ။
20/05/2026
🥊 ပွဲထိုးဖို့ လက်မှတ်ထိုးလိုက်ပြီဖြစ်တဲ့ ကျော်စွာဝင်း ဘယ်ဖိုက်တာနဲ့လည်း ဘယ်နေ့လည်းဆိုတာ ONE က မကြာခင်ချပြပါလိမ့်မယ်။
20/05/2026
🥊 မာလီခင် အနားယူခြင်းနဲ့အတူ ONE ရဲ့ MMA ဝိတ်တန်း 3 ခု ပြောက်ကွယ်သွားတော့မှာလား
ONE ရဲ့ မက်ဒယ်ဝိတ်၊လိုက်ဟဲပီးဝိတ်၊ဟဲပီးဝိတ် ရဲ့ ချန်ပီယံမာလီခင်ကြီးက အနားယူသွားပါပြီ။ဝိတ်တန်း 3 ရဲ့ ချန်ပီယံဖြစ်ပေမယ် ချန်ပီယံကာကွယ်ပွဲဆိုလို့ ဟဲပီးဝိတ်တန်းမှာပဲ ကစားဖူးပြီး မကာကွယ်နိုင်ခဲ့ပါဘူး။မကျေပွဲမှ ဟဲပီးဝိတ်ခါးပတ်ကို သိမ်းယူနိုင်ခဲ့တာပါ။ မာလီခင်လည်း အနားယူသွားပြီဖြစ်သလို ONE ရဲ့ MMA ဝိတ်တန်းကြီး 3 ခုမှာက ဖိုက်တာက မရှိသလောက်ဖြစ်နေပါပြီ။ ONE ကလည်း MMA ပွဲတွေ သိပ်ပြီး အရေးပေးမကျင်းပနိုင်တော့ပါဘူး။ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်လောက်ပဲ ဦးစားပေးတော့တယ်။ မာလီခင်အနားယူခြင်းနဲ့ အတူ MMA ဝိတ်တန်းကြီး 3 ခုလည်း ငြိမ်သက်သွားတော့မယ်ထင်ပါတယ်။
19/05/2026
🥊 သမ္မတအိမ်ဖြူတော်ပွဲမှာ ဧည့်သည်ဖိုက်တာအဖြစ်ပွဲတက်မယ့် ဗန်
6 လပိုင်း 15 ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ့် UFC FREEDOM 250 ပြိုင်ပွဲမှာ ဧည့်သည်ဖိုက်တာအဖြစ်တက်ရောက်ဖို့ ဗန်က ဖိတ်ကြားခံထားပါတယ်။ ဒီပွဲက အမေရိကန် သမ္မတအိမ်ဖြူတော် ကွင်းထဲမှာ ကျင်းသွားမှာဖြစ်ပါတယ်။ ဒီလိုခမ်းနားတဲ့ ပွဲကြီးမှာ တက်ရောက်ဖို့ ဖိတ်ကြားခံရတာလည်း ဗန်အတွက်တော့ ဂုဏ်ယူစရာပါ။
17/05/2026
🥊 UFC 329 မှာ ကော်နာနဲ့ မစ်ဟော်လိုဝေးပွဲတည်ပေးလိုက်ပါပြီ